ဘ၀သည်ကား


လေထန်တိုင်းသာ ပွင့်ကြွေပါမူ
ဘယ်မှာ ပန်းများကျန်မည်နည်း။

လှိုင်းပုတ်တိုင်းသာ ကမ်းပြိုပါမူ
ဘယ်မှာ မြေကြီးကျန်မည်နည်း။

ကျရှုံးတိုင်းသာ ငိုရပါမူ
ဘယ်မှာ မျက်ရည်ကျန်မည်နည်း။

အမှောင်တ၀က် လင်းတ၀က်သည်
တရက်တခါ ကြုံမြဲသာတည့်။

အရှုံးတစ်လှည့် နိုင်တစ်လှည့်မှာ
မျက်လှည့်ပမာ တွေ့မြဲသာတည်း။

ဘ၀သည်ကား တိုက်ပွဲများပင်
လှုပ်ရှားရသော လူ့ရွာတောဝယ်
လင်းသောမှောင်သော အောင်သောရှုံးသော
မုန်းသောချစ်သော သစ်သောဟောင်းသော
ကောင်းသောဆိုးသော ညှိုးသောလန်းသော
ကြမ်းသောနုသော ပူသောအေးသော
စောကြောစိတ်ဖြာ မနေသာပေ
လဲရာကထ ကျရာကတက်
ပျက်ရာကဆောက် ရှေ့သို့လျှောက်၍
ရောက်ရာဘ၀ အားမာန်ပြရင်း
ရုန်းရကန်ရ မည်တကား။

ကောင်မလေးတွေကြွေတဲ့ တကယ့်ယောကျာ်းကောင်း


မနက်နိုးလာတော့ ခေါင်းက အရမ်းကိုက်နေသည်။ ညက သူငယ်ချင်းတွေ
နှင့်အလွန်အကျွံ သောက်ထားသည်ကိုသာ သူမှတ်မိပြီး အိမ်ကိုမည်သို့ မည်
ပုံ ပြန်ရောက်လာခဲ့သည်ကို သူ မမှတ်မိတော့။ အိပ်ရာပေါ်က အားယူပြီး သူ
ထလိုက်သည်။ ကုတင်ပေါ်မှ ဆင်းမည်အလုပ် ခေါင်းရင်း ခုံပေါ်တွင် စာရွက်
တရွက်ကို ဖိထားသော ရေတခွက်နှင့် အကိုက်အခဲ ပျောက်ဆေး တချို့ကို
တွေ့လိုက်သည်။ ဘေးဘီကို သူ ကြည့်လိုက်မိတော့ ကုတင်ဘေးတွင် မီးပူ
တိုက်ပြီးသား အသင့်ဝတ်ရန် အ၀တ်အစားများကို တွေ့လိုက်ပြန်သည်။ ဒီနေ့
က ခါတိုင်းနေ့တွေနှင့် မတူ……..သူ့အတွက် နည်းနည်းတော့ ထူးဆန်းနေမိ
သည်။ ဆေးကို သောက်လိုက်ပြီး ရေခွက်အောက်က စာရွက်ကို သူယူကြည့်
လိုက်သည်။ စာရွက်ပေါ်တွင်. . .
love Smiley
မောင်…
ခင် ဈေးသွားလိုက်ပြီ
မောင့် အတွက် မနက်စာကို စားပွဲပေါ်မှာ အဆင်သင့် ပြင်ထားပေးခဲ့တယ်။
နွေးနေတုန်း စားလိုက်ပါနော်…
မောင့်ရဲ့
ခင်
aloof-and-bored Smiley
တခုခုတော့ တခုခုပဲ.. ညက မှုးမှုးနှင့် သူဘာတွေပြောမိ လုပ်မိလိုက်ပါလိမ့်..
လူမှန်းမသိ မှုးနေတော့ သူ ဘာကိုမှ စဉ်းစားလို့ မရခဲ့။ မေးခွန်းပေါင်းများစွာ
နှင့် စားပွဲပေါ်က အုပ်ဆောင်းကို သူ မ ကြည့်လိုက်သည်။မနက်စာက အငွေ့
တထောင်းထောင်းနှင့် တကယ့် စားချင်စဖွယ်………..ဘေးတွင် မနက်ပိုင်း
သတင်းစာကို တင်ထားသေးသည်။ မနက်စာကို စားရန် သူထိုင်လိုက်စဉ်
အခန်းထဲမှ သား ထွက်လာသည်ကို သူမြင်လိုက်တော့…
aloof-and-bored Smiley
“သား…မနေ့ညက ဘာတွေ ဖြစ်သေးလဲ”
“အင်း…..မနေ့ညက ညဥ့်နက်မှ ဖေဖေမှုးပြီး ပြန်လာတယ်လေ..အိမ်ရောက်
တော့ မေမေကို အော်ငေါက်တယ်…နောက်ပြီး တွေ့ရာပစ္စည်းတွေကို ရိုက်ခွဲ
တယ်…”
aloof-and-bored Smiley
သား၏ စကားကို သူကောင်းကောင်း သဘော မပေါက်နိုင်သေးဘဲ ထပ်မေး
လိုက်မိသည်။
ဒါဆို ဖေဖေထလာတော့ တအိမ်လုံး သန့်ရှင်းနေတာပဲ.ရိုက်ခွဲထားတဲ့ အရာ
တွေလဲ မတွေ့ပါလား…..ဒါကို သား မေမေက စိတ်မဆိုးတဲ့ အပြင် ဖေဖေအ
တွက် အင်္ကျီတွေ မနက်စာတွေ အဆင်သင့် ပြင်ထားသေးတယ်”
aloof-and-bored Smiley
“အော် အဲဒါလား…မနေ့ညက ဖေဖေမှုးပြီး ပြန်လာတော့..မေမေက စိတ်ဆိုး
တာပေါ့။ ဖေဖေ အော်ငေါက်နေတဲ့ ကြားထဲ မေမေက ဖေဖေ့ကို အခန်းထဲ
ဆွဲခေါ်ပြီး အ၀တ်လဲမလို့ ဖေဖေ့ အင်္ကျီကို ချွတ်တော့ ဖေဖေက မေမေ့ကို
တွန်းထုတ်ပြီး အော်လိုက်သေးတယ်”
“ဖေဖေ ဘယ်လို အော်လိုက်သေးတာလဲ…သား”

“ကလေးမ…သွား..ငါ့အနားမလာနဲ့ ..ဝေးဝေးသွား..ငါ့မှာ အိမ်ထောင်
ရှိတယ် တဲ့”
laughing Smiley
သူ ကျေကျေနပ်နပ်ကြီး ပြုံးလိုက်မိသည်။
နောက် အငွေ့ တထောင်းထောင်း ထနေသော မနက်စာကို မြိုန်ရည်ယှက်
ရည် သူစားလိုက်သည်။

ဘယ်သူ ရေရှည်ပေါင်းပါ့မလည်း


ဘယ်သူ ရေရှည်ပေါင်းပါ့မလည်း
for everyone

“မောင်မောင်”နဲ့ “မမ” စတွေခဲ့တာ တစ်နှစ်ကျော် မောင် ပြောင်းလဲလာသည်
“မမ”..”မောင်” ချစ်တယ်နော်တဲ့ နောက်တတ် ပြောင်တတ် စတတ်သည့်
´”မမ.”. ကို “မောင်” စနေတယ် နောက်ပြောင်ကျီစယ်နေတာ ထင်မိသည်.. ချစ်တာများ လွယ် မှ လွယ် ပေးနင့်လက်ကို .. “မမ”
ခြစ်တာ သက်သေပြမယ်နော်…ပြောပြောဆိုဆို.. မောင့်လက်ကိုဆွဲ၍ လက်သည်းရှည်နှင့် ကုတ်ခြစ်မိသည်.. အားးးးနာလိုက်တာ…မမရာမောင့်ကို
တကယ်လုပ်ရက်တယ်နော် အေးလေ မောင်ရယ် ဒါအစပဲရှိသေးတယ်လေ နောက်ဆို…….
.””မမ””ကို ချစ်ရင်ဒီထက်နာမှာ သိလား.. ဒါ မောင့်ကို နမူနာပြတာပါ …ဒါနောက်တာမဟုတ်ဘူးနော်.. မောင်.. မချစ်နဲ့နော် ဘယ်မိန်းမလေးမှ မချစ်နဲ့နော်သိလားနော်…
ဟောဗျာ………
“မမ.”.ကို “မောင်ချစ်တာ ဒီထက်နာကျင်ရင်လည်း မောင်
အဲ့ဒီနာတာလေးပဲ ခံလိုက်တော့မယ်နော်.. မမရယ်ပြန်ချစ်ပါနော်..”
ရော့ မကြေနပ်သေးရင် နောက်လက်တစ်ဖက်
“မမ”စိတ်ချမ်းသာသလို ကုတ်ခြစ်ပေတော့နော်…..”မမ” ကို မှ”မောင် “ချစ်ပဲ
မနေနိုင်တာ .တကယ်ဆို အချစ်ပဲလိုတယ်လေနော်….. “မမ” ကိုချစ်မိသွားတာ
မောင့် စိတ်ပြောင်းလဲသွားတာ.”မမ”ရဲ့ ပွင်းလင်းဖော်ရွှေတာကို
ချစ်လို့ပါ မမ နော် နည်းနည်းလေးဖြစ်ဖြစ် မောင့် ကို စိတ်ချမ်းသာအောင်
ပြန်ချစ်နော်………

“မောင်၏ ညူကလီးယားတိုက်စစ်ကို မမ ..အတတ်နိုင်ဆုံးဝှေ့ပတ်၍
ရှောင်တိန်းနေရသည် ရင်ထဲမှာတော့ မောင့် ကို
စတွေ့သိတည်းက ချစ်မိနေတာလေ”….
မောင်ကတော့ သိမှာမဟုတ် ခုမှ ဘာစိတ်ကူးပေါက်ပြီး ချစ်ရေး ဆိုတာလည်း နားမလည်ခဲ့ မောင်နဲ့ စကားပြောဆို ရယ်မော နောက်ပြောင်နေရတာကို “မမ”.စိတ်ချမ်းသာခြင်းဖြစ်နေမိသည်။
အင်းပါမောင်ရယ်… ခဏစောင့်ကြည့်မယ်နော်…ချစ်တယ် ပြောတဲ့လူတိုင်း.. “မမ.”.ပြန်မချစ်တတ်ဘူးမောင်ရဲ့နော်.. မောင်လည်းသိသားနဲ့
“မမ”အကြောင်းကိုနော်…….
အင်းပါ…..မမသဘော.. မမ စိတ်ချမ်းသာပြီးရော မောင့်ကိုတော့ပြန်ချစ်နော်….
မမရဲ့ ပုံစံက ရဲရဲတင်းတင်းနေထိုင်၍…ပြောစရာရှိ အားမနာတတ် ဆံပင်ကလည်းအတိုနဲ့ ဆံပင်ရှည်လာရင် စိတ်ရှုပ်တတ်တယ်ဆိုပြီး ဆံပင်ကိုအရှည်မထားတတ် ပုခုန်းထက် ဘယ်တော့မှ မကျော်ပေ .အလုပ်မရှိ ဒီံဆံပင်တိုတိုလေးကို ၃ရက်တစ်ခါ ခေါင်းလျှော်လာတတ်သည်…
“မမ”ရာခေါင်းခဏခဏမလျှော်ပါနဲ့ ခဏခဏ ဖျားနာနေတာ
ပြောမိလျှင် မောင်ရာ….ဒီဆံပင်က.တိုတိုလေး ရေ
ချက်ချင်းခြောက်ပါတယ်နော်.အနံအသက် ကို” မမ”မ ကြိက်ဘူး လူလူခြင်း ကပ်ထိုင်လို့ အနံ့ရရင် “မမ “အော်ဂလီဆန်တတ်တယ်
ကိုယ့် ကို ကိုယ် လည်း “မမ”သန့်ရှင်းနေမှ မွှေးနေ မှ “မမ” စိတ်ထဲ
အနံကို ထူးထူးခြားခြား အာရုံခံတတ်သလားပဲစိတ်ထဲလည်း ရွံရှာတတ်သည် “မမ” အင်္ကျီလက်ပြတ်ဝတ်တာ သဘောကျတယ်..လက်ရှည်ကစိတ်ရှုပ်တယ်
“မမ”.. စိတ်ထဲမှာ တော်တော်ကသိကအောင့်နိုင်တယ်..ဟန်ဆောင်ရတာမှန်သမျှကို
ဟန်ဆောင်ပီးပြောခဲ့ တာ မှန်သမျှ ကို ပြောသာပြောခဲ့ တာ
ရင်ထဲက စိတ်က လက်မခံဘူး ..ကိုယ့် ဘာသာ ကိုယ်ပြန်ချဉ်နေတတ်တယ်
စိတ်ကအဲ့လို “မမ”ကို မြင်ရင် စကားပြောမိရင်
ပြောချင်တာ ပြောတတ်လို့  တော်တော်တန်တန် လူတွေက
သွေးပျက်တယ်… အထင်သေးတယ် ဒါပေမဲ့”မမ “ပြောတာ ဖြစ်နေတာတွေကိုပဲ ပြောတာလေ အဖြစ်မှန်တွေလေနော် “မမ”က ဘ၀ကို ရိုးရှင်းစွာ ဖြတ်သန်း ရှင်သန်နေထိုင်ချင်တာ

မောင်…”.မမ”ကိုချစ်တာ တော်တော် သည်းခံနေရတယ်ထင်တယ်.မိန်းမပေါပါတယ်ဟာ
သွား ဘယ်သူ့ဖြစ်ဖြစ် ချစ်လိုက်နော်……
“မမ” ပြောမိတယ်…..။စိတ်ထဲကတော့ ဘယ်ပါ ပါ့မလည်း

“မမ”ကို မောင် တန်ဖိုးထားစေ့ချင်တာလေ ချစ်တယ်ဆိုတာ နီးတာ ဝေးတာ
မဆိုင်ဘူးထင်မိလို့ပြောမိတယ.်..
..
အတူတူ နေနေထိုင်နေမှ မဟုတ်ဘူးလေနော်…..တကယ်လို့အတူတူမရှိချိန်ကြရင်
မောင်..”မမ”ကို အနေဝေးလို့ သွေးအေးပြီး မချစ်ရင်ဆိုတဲ့ အတွေး
ဖြန့်ကြက်မိတော့ ချက်ချင်း အဖြေမပေးဖြစ်တာပါ။

“မမ” အဖြေ မပေးဖြစ်လိုက်တာမှန်တယ် ခု ကောင်မလေး တစ်ယောက်နဲ့ ချစ်သူ
ဖြစ်နေတယ်ဆိုပြီး မောင်နဲ့ မမတို့ သူငယ်ချင်း စိုင်းနောင် “မမ”ကိုလာပြောတယ်
တော်တော်ကို မိန်းမပီသတယ် သိမ်မွေ့တယ် အက်ျီဝတ်တာကလည်း
လက်ရှည်လေး လက်စကလေးတွေပဲဝတ်တာ ဆံပင်အရှည် ကြီး
သနတ်ခါးပါးကွက်ကြားလေးနဲ့ ချစ်စရာလေး “မမ”ရာ “မောင်မောင်”တော့
ကံကောင်းတယ်သိလားးး
“မမ “ချစ်ရဲ့သားနဲ့ အချိန်ဆွဲနေတော့ ဟိုကောင် “မောင်မောင်”
သူများနောက်ပါသွားတာပေါ့တဲ့ ခု မောင်မောင်တွဲနေတဲ့ ကောင်မလေးက
အေးဆေးတည်ညိမ်တယ် သူ့ ကို မြင်ရင် သူနဲ့  စကားပြောမိရင်
အထင်ကြီးလေးစားဖို့ကောင်းတယ် စကားပြောလည်း နူးညံတယ် ချိုသာ
ပြေပြစ်တယ် မြင်သူတိုင်းကလည်း သူ့ကိုချစ်တယ် ။
“မမ”ရေ “မောင်မောင်”တော့ ခုတွဲနေတဲ့ ကောင်မလေးနဲ့ ယူဖြစ်မယ်ကြားတယ်။
စိုင်းနောင် တစ်ယောက် မောင်မောင့် ကောင်မလေးအကြောင်း ပြောဆိုနေတာကို
နားထောင်နေရင်း
“မမ” …ဟန်ဆောင်ပြုံးနေရပါတယ် အေးပါ စိုင်းနောင်ရယ် နင့်တောင်သူ့ကို
ကြိုက်မိနေဦးမယ်ဟာနော် သတိထားနေပေါ့နော် တော်ကြာ မောင်မောင့်ရည်းစား
စိုင်းနောင်နဲ့ညားဆိုပြီး ငါ အော်ဆိုနေရမယ်နော် သူကံကောင်းတာပေါ့
ငါတို့သူငယ်ချင်း မောင်မောင်နဲ့ သူ့
ကောင်မလေးလိုက်တာပေါ့….နင်နဲ့တော့လိုက်ဘူးနော်
“မမ” ….စနောက်လိုက်တာကို စိုင်းနောင်တစ်ယောက် စိတ်ဆိုးပြီး
မျက်နှာကြီးက ဒေါသတွေထွက်လို့
“မမ” နော်… ငါ့ကို နင် ပေါက်ကရတွေ တအားပြောတာ ဒါကြောင့် ကျန်ရစ်တာ
တော်သေးတယ် ဟိုကောင် မောင်မောင် ကံကောင်းတယ် သိလား မမ နင်နဲ့လွဲလို့
နော် ပြောပြောဆိုဆို စိုင်းနောင် ဒေါသထွက်ပြီး ပြန်သွားတယ်…..
“မမ” …
ရယ်မောကျန်ခဲ့တယ် သူ့ကိုစနောက်နေပေမဲ့ မမရင်ထဲမှာ…. နင့်နင့် သည်းသည်း
တစ်စုံတခုက ရင်ဝကိုထိုးချလိုက်သလို ” မမ” ရင်ဘတ်တွေအောင့်ပြီး
စူးရှနာကျင်နေတယ်..
“မမ” စိုင်းနောင်ပြန်သွားမှ နှတ်ခမ်းကိုက် ကျနေ တဲ့ မျက်ရည်ကို
မညာမတာ ပွတ်သုတ်ပြစ်တယ် နောက်ထပ် မကျနဲ့နော် ဒီမျက်ရည် ဒါနောက်ဆုံးနော်
လုံးဝထပ်မကျရဘူးဆိုပြီး ကိုယ်ကိုကိုယ် သတိပေးပြီး
စိတ်ကို ခက်ထန်အာင် မွေးမြူရင်း အံ တင်းတင်းကြိတ်လိုက်မိပါတယ်။
“မောင်မောင်”ရေ နင်က ငါ့ရင်ထဲမှာ ချစ်သူအဖြစ်ကနေ
သူငယ်ချင်းအဖြစ်ပြောင်းလိုက်ပြီနော် ငါ နင့်အတွက် နေရာလေးတစ်နေရာ
တိတ်တိတ်လေးပေးထားတာ ခုတော့ ငါ ဖျက်လိုက်ပြီ သူငယ်ချင်းရေ။

မောင်မောင်နဲ့ မတွေဖြစ်တော့တဲ့နောက်ပိုင်း အေးဆေးငြိမ်သက်နေတဲ့ “မမ”
အခု “မောင်မောင့်”အကြောင်းပြန်ကြားရပြန်တယ် စိုင်းနောင် နဲ့ တွေ့တော့
“မမ”ကိုပြောစရာ ပါလာတယ်…. ဟိုကောင်”မောင်မောင် “သူ့”မိန်းမ”
သူ့ကို အခု ပြစ်ထားခဲ့ပီ နောက် တစ်ယောက် နောက်လိုက်သွားတယ် ခုဒီကောင်
တော်တော်စိတ်ထိခိုက်နေတယ်။
“မမ”…. ကြားကြားခြင်း တော်တော်စိတ်မကောင်းဖြစ်သွားတယ် ပြီးတော့မှ
ဟက်ဟက် ပက်ပက် ရယ်မော လိုက်မိတယ်………
စိတ်မကောင်းပါဘူး သူငယ်ချင်းးးး မိန်းမလေး တစ်ယောက်ကို
အပြောအဆို သိမ်မွေ့ နူးညံ အ၀တ်အစား လုံလုံခြုံခြုံ ၀တ်တိုင်း
အေးဆေးတည်ငြိမ်တယ် ထင်နေတဲ့ နင့်ကိုလေ ငါ မပြောဖြစ်လိုက်တဲ့ စကားလေး
ပြောပြလိုက်ချင်တာ သိလား လူတစ်ယောက်မှာ အတွင်းစိတ်ထားက အဓိကပေါ့
“မောင်မောင်ရယ် “ဘယ်လိုဝတ်စား နေထိုင်နေထိုင် သူ့ရဲ့ စိတ်ထား
အတွင်းဖောက်ပြန်နေရင် ဘယ်လိုလုပ်မလည်း ဆိုတာ အစထဲက
နင်သိသင့်တာပေါ့ “မောင်မောင်ရယ်”…နင် နဲ့ငါ အတူတူ အိမ်ထောင်တစ်ခု
ထူထောင်ရင် ဒီလိုအဖြစ်မျိုးတွေ ငါတွေ့နေ မြင်နေကြားနေရတော့ ချက်ခြင်း
ချစ်သူဆိုတဲ့ဘ၀ကို အိမ်ထောင်ဆိုတဲ့ လောကကို မပြောင်းလဲမိတာပါ
ငါကဘ၀ကို ပေါ့ပေါ့ပါးပါး ရိုးရှင်းစွာ နေထိုင်ချင်ယုံ သက်သက်ပါဟာ
ခုတစ်ကြိမ်လည်းးး ငါ စိတ်မကောင်းစွာနဲ နင့်အတွက့်  ရင်ထဲ
နင့်နင့်သည်းသည်း ခံစားရင်း
မျက်ရည်တစ်ပေါက် ငါ မသိလိုက်တဲ့အချိန်မှာပဲ ငါ့မျက်ဝန်းကနေ တဆင့် ငါ့
ပါးပေါ်ကို ခုန်ဆင်းလိမ့်ကျလာတယ် ………..
ငါလေနင့်အတွက် စိတ်မကောင်းပါ ဘူး မောင်မောင်။

♥♥ငါ မပြောဖြစ်လိုက်တဲ့ စကားလေး တစ်ခွန်းက စိတ်အတွင်း မဖောက်ပြန်တာ
အဓိကပါ မောင်မောင်ရယ်. ရုပ်ရေ အ၀တ်အစား အနွဲ့အမြူ ခယာတာ
အပေါ်ယံ ဟန်ဆောင်ထားမှု့ဆိုတာကို နင်သိသင့်ပါတယ်…မောင်မောင်ရယ်♥♥♥………

ချစ်သူ ရည်းစားဘ၀မှာ လူတိုင်း ချစ်သူ၏ စိတ် အတွင်းအကျင့်စရိုက်
မခန့်မှန်းနိုင်ပါဘူးနော် ဒါကြောင့် ငါ စောင့်ကြည့်မိတာပါ မောင်မောင်
…နင်ကို ချက်ချင်း အဖြေမပေးတာကလည်း
အိမ်ထောင်ရေးဆိုတာ မမြင်ရဘူး ဘ၀မှာ ထင်သလောက် မလွယ်ဘူး
ဘယ်သူ ရေရှည်ပေါင်းပါ့မလည်း သိနိုင်လား မထင်မှတ်တာတွေ ဖြစ်တတ်ပါတယ်
“မောင်မောင်”….………..
ငါလေနင့်အတွက် စိတ်မကောင်းပါ ဘူး မောင်မောင်။

မိမိချစ်သူအပေါ်မိမိမှထားရှီသောစိတ်ထား


လူတိုင်းက ချစ်သူအပေါ်မှာထားတဲ့ ကိုယ်ရဲ.စိတ်ကလေးကို သိချင်ကြမှာပါ။
သိချင်ရင် အခုမေးမဲ့မေးခွန်းလေးတွေကို မလိမ်ညာပဲ ဖြေကြည့်နော်။
အရေးကြီးတာက ကိုယ့်ချစ်သူပုံကို စိတ်ထဲမှာ မြင်ယောင်နေဖို.ပါပဲ။
မှန်မမှန်ကတော့ မိတ်ဆွေတို.ဖြေကြည့်ပြီးမှဆုံးဖြတ်ပေးပေါ့နော်။ ဘာပဲပြောပြော အပျင်းတော့ပြေမှာပါ။
အိုကေတယ်ဆို စပြီနော်။အော်…မေ့လို့ ကိုယ်ဖြေလိုက်တဲ.အဖြေဘေးက အမှတ်လေးတွေကို ပေါင်းပေးသွားနော်……

၁။ သင်က သင့်ချစ်သူကို…
(၁) ဘယ်တော့မှ လိမ်မပြောဘူး(၀)မှ တ်
(၂) သူ မသိသင့်တာကလွဲရင် အားလုံး အမှန်အတိုင်းပြောတယ်(၁)မှတ်
(၃) လိမ်သင့်ရင် လိမ်ရမှာပဲ(၂မှတ်)
(၄) တော်တော်များများ လိမ်ပြောတယ်(၃မှတ်)

၂။ သင်နဲ့သင့်ချစ်သူ အကြိုက်ခြင်းတူမှုက…
(၁) 100% (၀)မှ တ်
(၂) 80% (၁)မှတ်
(၃) 50% (၂မှတ်)
(၄) 20% (၃မှတ်)

၃။ ချစ်သူများနေ့လို နေ့မျိုးမှာ…
(၁) သူ လိုအပ်သမျှ ဖြည့်ဆည်းပေးချင်တယ် (၀)မှ တ်
(၂) ချစ်သူနားမှာ ရှိပေးမယ်(၁)မှတ်
(၃ သူလိုတာဝယ်ပေးမယ်(၂မှတ်)
(၄) သူဘာဖြစ်ချင်မှန်းမသိဘူးလေ(၃မှတ်)

၎။ ကိုယ် လုံးဝမကြိုက်တဲ.မုန့် သူအတင်းကျွေးနေရင်…
(၁) သူကြိုက်ရင် ကိုယ်ကကြိုက်ပြီးသားပဲ(၀)မှ တ်
(၂) မကြိုက်လဲ သီးခံစားမှာပေါ့(၁)မှတ်
(၃) ငြင်းကြည့်မယ်(၂မှတ်)
(၄) လုံးဝ မစားဘူး(၃မှတ်)

၅။ သင် သင့်ချစ်သူရဲ.မွေးနေ့ကို…
(၁) အမြဲ အလွတ်ရနေတယ်(၀)မှ တ်
(၂) မှတ်မိတယ်(၁)မှတ်
(၃) မှတ်မိသလိုလိုပါပဲ(၂မှတ်)
(၄) မေးမကြည့်မိဘူး(၃မှတ်)

၆။ သူကိုယ်ရှေ့မှာ ချော်လဲခဲ့ရင်…
(၁) အဲလို မဖြစ်စေရဘူး(၀)မှ တ်
(၂) ချက်ချင်း ပြေးထူမှာပေါ့(၁)မှတ်
(၃) ထူရမှာပဲလေ(၂မှတ်)
(၄) ရယ်မိမယ်(၃မှတ်)

၇။ ချစ်သူကို အရောင်နဲ့ တင်စားမယ်ဆိုရင်…
(၁) အ၀ါရောင်(၀)မှ တ်
(၂) အဖြူရောင်(၁)မှတ်
(၃) ပန်းရောင်(၂မှတ်)
(၄) မစဉ်းစားတတ်ဘူး(၃မှတ်)

၈။ ကိုယ့်ချစ်သူကို အိမ်မက်ထဲမှာ…
(၁) ညတိုင်းမက်တယ်(၀)မှ တ်
(၂) မကြာခဏပေါ့(၁)မှတ်
(၃) အမြဲတော့ မဟုတ်ဘူး(၂မှတ်)
(၄) မှတ် မထားမိဘူး(၃မှတ်)

၉။ စိတ်ရှုပ်နေတဲ.အချိန်ချစ်သူနဲ့ ရှိတယ်ဆိုရင်…
(၁) လောကကိုတောင်မေ့သွားတယ်(၀)မှ တ်
(၂) စိတ်ချမ်းသာမှာပါ(၁)မှတ်
(၃) စိတ်က အခြားမှာပဲ(၂မှတ်)
(၄) စိတ်ညစ်မိမယ်(၃မှတ်)

၁၀။ သင့်အတွက် အရေးအကြီးဆုံးက…
(၁) အချစ် (၀)မှ တ်
(၂)ပျော်ရွှင်မှု (၁)မှတ်
(၃)မှန်ကန်မှု (၂မှတ်)
(၄)ငွေကြေး (၃မှတ်)

၁၁။ ချစ်သူ အဝေးသွားရင်…
(၁) လိုက်သွားမှာပေါ့ (၀)မှ တ်
(၂) နေတက်မှာ မဟုတ်ဘူး (၁)မှတ်
(၃) သတိရမယ် (၂မှတ်)
(၄) ပြန်လာမှာပဲဘာမှမဖြစ်ဘူး (၃မှတ်)

၁၂။ သူကပဲမှားပြီး သူကပဲစိတ်ဆိုးရင်…
(၁) သူမှားလဲပြန်ချော့မယ်(၀)မှ တ်
(၂) သူနားလညိလက်ခံအောင်ပြောပြမယ်(၁)မှတ်
(၃) သူစိတ်ပြေမှ ပြန်ခေါ်လိုက်မယ်(၂မှတ်)
(၄) လုံးဝ မချော့ဘူး(၃မှတ်)

၁၃။ သူသာ သေသွားခဲ့ရင်…
(၁) ကိုယ်ပါလိုက်သေမယ်(၀)မှ တ်
(၂) အရမ်းခံစားရမယ်(၁)မှတ်
(၃) ၀မ်းနည်းမှာပေါ့(၂မှတ်)
(၄) သေသောသူ ကြာရင်မေ့မှာပါ(၃မှတ်)

၁၄။ ချစ်သူအကြောင်းကို…
(၁) အမြဲစဉ်းစားတယ်(၀)မှတ်
(၂) မကြာခဏ(၁)မှတ်
(၃) တိုက်ဆိုင်ရင်(၂မှတ်)
(၄) သီးသန့် မစဉ်းစားမိပါဘူး(၃မှတ်)

၁၅။ ကိုယ့်ချစ်သူရဲ့ အစွဲဆောင်နိုင်ဆုံးက…
(၁) အရာအားလုံးပဲ(၀)မှ တ်
(၂) အပြုံး(၁)မှတ်
(၃) မျက်လုံး(၂မှတ်)
(၄) ဒီလိုပါပဲ(၃မှတ်)

၁၆။ ကိုယ့်ချစ်သူ ၀မ်းနည်းနေရင်…
(၁) ကိုယ်ကသူ့ ထက် ပိုဝမ်းနည်းမယ်(၀)မှတ်
(၂) ထပ်တူထပ်မျှပေါ့(၁)မှတ်
(၃) နှစ်သိမ့်ရမှာပေါ့(၂မှတ်)
(၄) ထိုင်ကြည့်နေရမှာပဲ(၃မှတ်)

ကဲဖြေပြီးရင်…အမှတ်လေးတွေ ပေါင်းလိုက်ပါ။
အမှတ်နဲ့ ကိုက်တဲ့ အဖြေလွှာကို ကြည့်လို.ရပါပြီ

♥♥♥၁မှတ်မှ ၁၀မှတ်♥♥♥
သင်ဟာ အချစ်လွန်ကဲသူတစ်ယောက်ဖြစ်ပါတယ်။ ချစ်သူကို အသက်တမျှ တန်ဖိုးထားသူပေါ့။
သင်ဟာ သင်ချစ်သူကို ဖူးဖူးမှုတ်ထားချင်သူပါ။ တရားလွန်ဆိုတော့ သိပ်တော့မကောင်းပါဘူး။

♥♥♥၁၀မှတ်မှ ၂၅မှတ်♥♥♥
သင့်ရဲ့ အချစ်က အကောင်းဆုံးအချစ်ပါပဲ။ တရားလွန်ကြီးမဟုတ်ပေမယ့် တကယ့်အချစ်စစ်ပါပဲ။
ချစ်သူကောင်းဖို့ အတွက် အများကြီး အထောက်အကူပြုနိုင်သူပါ။
ဘာပဲပြောပြော အကောင်းဆုံးအချစ်မို့ ဂုဏ်ယူပါတယ်။

♥♥♥၂၅မှတ်မှ ၃၈မှတ်♥♥♥
သင်ကတော့ ချစ်တော့ချစ်ပါတယ်၊ အချစ်စစ်တော့ မဟုတ်သေးဘူး၊ နဲနဲတော့လိုသေးတယ်ပေါ့။
သင်က သင်မှန်တယ်ထင်ရင် ချစ်သူကို အရှုံးပေးဖို့ စိတ်ကူးရှိမှာ မဟုတ်ပါဘူး။

♥♥♥၃၈မှတ်မှ ၄၈မှတ်♥♥♥
သင်ကတော့ တော်တော်ဆိုးတဲ့လူပဲ။ ကိုယ့်ချစ်သူကို တကယ်လဲမချစ်ဘူး။
ကွဲသွားလဲ ဂရုစိုကိမယ့်ပုံ မပေါ်ဘူး။ မာနကတော့ အတော်ကြီးမှာပဲ။ သူအတွက်ကိုယ့်မှာဖီလင်မရှိဘူး။
ဒါကြောင့် အကောင်းဆုံးက တကယ်ချစ်နိုင်မယ့်လူကို ပြောင်းရှာသင့်ပါပြီ။

စိတ်အာဟာရလေးတွေပါ..


စာကလေးသည် အမြီးကို ၀န်ထုတ်ဝန်ပိုးသဖွယ် သယ်ပိုးထားရသည့် ဒေါင်းကိုကြည့်ပြီး သနားနေလေ၏….တဲ့။ ဒေါင်းဟာသူ့ရဲ့အမြီးလှပမှုအပေါ် ဂုဏ်ယူစရာလို့ ထင်မြင်ယူဆနေပေမယ့် စာကလေးကတော့ ၀န်ထုတ်ဝန်ပိုးလို့ မြင်ပြီး ဒေါင်းကိုသနားလေရဲ့…. ကိုယ်ဟာဒေါင်းနေရာမှာရောက်နေရင် စာကလေးရဲ့အတွေးအမြင်ကို သတိရရမယ်…..။
မျှော်လင့်ချက်နဲ့ အဖြစ်မှန် အခြေအနေမှန်ကို မျှအောင်လုပ်ပြီးနေသွားရတာဟာ လောကမှာ ဥာဏ်အမြော်အမြင်ရှိတဲ့ တစ်ခုတည်းသောနေနည်းပဲ….။
မှန်မှန်ကန်ကန်နည်းနဲ့ပြဿနာကိုဖြေရှင်းပါ။ ပြဿနာကိုမဆိုင်တဲ့ဘက်ကို လွှဲရင် ပြဿနာ တိုးလာတယ်။ စိတ်ကို အာရုံလွှဲတာ ကောင်းတဲ့ပြဿနာ ဖြေရှင်းနည်း မဟုတ်ဘူး။
ကိုယ့်အကြောင်းကိုယ်တောင် ရာနှုန်းပြည့်သိဖို့ မလွယ်ဘူး။ ဒါကြောင့်သူတစ်ပါးအကြောင်း လည်း ရာနှုန်းပြည့်မသိနိုင်ဘူး။ မသိဘဲနဲ့တော့ တစ်ဖက်သတ်ကြီး မထင်ထားပါနဲ့။ မစွပ်စွဲပါနဲ့။ မသိသေးရင် အကောင်းဆုံးကတော့ အကောင်းကိုပဲ တွေးထားလိုက်ပါ။
ဒေါသဖြစ်တာဟာ အဆိပ်ကိုမြိုတာနဲ့တူတယ်။ ဒေါသဖြစ်လာရင် စနစ်မရှိတော့ဘူး။ တစ်နာရီပြင်းပြင်းထန်ထန် ဒေါသဖြစ်ရတာက ဆယ့်နှစ်နာရီအလုပ် ပင်ပင်ပန်းပန်းလုပ်ရတာ ထက ပိုပြီးအားကုန်ပါတယ်။
ပစ္စည်းဥစ္စာ ဘယ်လောက်ရှိရှိ ၊ ဘွဲ့ထူး ရာထူး ဘယ်လောက်ရှိရှိ ကိုယ့်ကိုယ်ကို လေးစားမှု မရှိတဲ့သူဟာ အောင်မြင်တဲ့သူလို့မဆိုနိုင်ဘူး။
အရင့်ကျက်ဆုံးလူဟာ အခြိုးခြံဆုံးလူ၊ ငဲ့ညှာတဲ့စိတ်ဟာ မြင့်မြတ်တဲ့စိတ်၊ ပေးနိုင်တဲ့စိတ်ဟာ အင်အားကြီးတဲ့စိတ်။
ကိုယ့်ဘ၀ရဲ့စစ်မှန်တဲ့ အောင်မြင်မှုကို ပြင်ပကနေ တိုင်းတာပေးလို့မရဘူးနိုင်ဘူး ဆိုတာကို သဘောပေါက်ဖို့လိုတယ်။
အဆိုးတွေ ဘယ်လောက်ပဲကြုံရကြုံရ အကောင်းကို မျှော်လင့်ချက်ထားပြီး လုပ်သင့်တာကို ဆက်လုပ်နိုင်ရမယ်။
သူများထက်သာအောင်လုပ်နိုင်မှ ငါဟာတန်ဘိုးရှိတဲ့သူမဟုတ်ဘူး။ စိတ်ကောင်းရှိတဲ့၊ လူသားပီသတဲ့ လူတစ်ယောက် ဖြစ်နေရင်ကိုပဲ အင်မတန် တန်ဘိုးရှိနေပြီလေ။
အဆင်မပြေမှုတွေ၊ မမျှတမှုတွေရှိတိုင်း၊ မြင်ရတိုင်း၊ ကြားရတိုင်း အမြဲတမ်း ဒေါသဖြစ်ရမယ် ဆိုရင် အေးချမ်းဖို့ရာ အလားအလာ လုံးဝမရှိတော့ဘူး။ အဆင်မပြေမှုတွေက ပျောက်သွားမှာ မဟုတ်ဘူး။
စိတ်ဆိုး စိတ်တို နေတဲ့အခါ ကိုယ့်ကိုယ်ကိုမေးပါ။ ငါ…ဒေါသဖြစ်ချင်နေသလား။ ဒေါသ..ဆိုတဲ့ ခံစားမှု ဖြစ်ချင်နေသလား။
ချစ်စရာကောင်းတယ် မကောင်းဘူးဆိုတာ ဘယ်သူဘယ်ဝါက ကိုယ့်ကိုချစ်တာမချစ်တာနဲ့ မဆိုင်ပါဘူး။ ကိုယ့်ကို သူကချစ်စရာမကောင်းဘူးလို့ ထင်ရင်တောင်မှ ဒါသူ့အထင်ပဲ။ တခြားတစ်ယောက်ယောက်က ကိုယ့်ကို ချစ်စရာကောင်းတယ်လို့ထင်မှာပဲ။ အရေးကြီးတာက ကိုယ့်ကိုယ်ကို တကယ်ချစ်တတ်ဖို့ပါ။
တခြားကိစ္စတွေမှာ မအောင်မြင်ရင်ရှိပါစေတော့။စိတ်ချမ်းသာအောင်နေတတ်တယ် ဆိုရင် အောင်မြင် တယ်လို့မှတ်ပါ။ စိတ်ချမ်းသာမှုဟာ အကြီးမားဆုံး အောင်မြင်မှုပဲ။

*အချစ် ဥာဏ်စမ်းလေးပါ


မေး။ ။ ဟိုးရှေးရှေးတုန်းက အရှေ့ရွာ၊ အလည်ရွာ နဲ့ အနောက်ရွာဆိုပြီး ရွာ(၃)ရွာရှိပါတယ်။ အဲဒီရွာ ၃ရွာအနက်က အလည်ရွာမှာ အရမ်းကိုချမ်းသာတဲ့ သူဌေးကြီးတစ်ဦးရှိပါတယ်။ သူ့မှာအလွန်ချောမောလှပတဲ့ သမီးလေးတစ်ယောက်လဲရှိပါတယ်။ သူဌေးကြီးကချမ်းသာတော့ သူအိမ်မှာလာပြီးအလုပ်လုပ်တဲ့သူတွေဟာ အလွန်များပြားလှပါတယ်။ မနက်လာအလုပ်လုပ်ပြီး ညနေအလုပ်ပြီးမှာပြန်ကြတာပေါ့ဗျာ။ အဲဒီ့အလုပ်လုပ်တဲ့ သူတွေထဲမှာ အရှေ့ရွာက ကောင်လေးတစ်ယောက်နဲ့ အနောက်ရွာက ကောင်လေးတစ်ယောက်လဲ ပါပါတယ်။ သူတို့နှစ်ယောက်စလုံးဟာ ထူးခြားမှုရှိပါတယ်။ ဘာလဲဆိုတော့ ရုပ်ချင်းခွဲမရအောင်တူတာပါပဲ။ ရုပ်တင်မဟုတ်ပါဘူး နေပုံထိုင်ပုံ၊ ပြောပုံဆိုပုံကအစ စိတ်ဓါတ်ချင်းတောင် တူနေတာပါ။ နောက်ဆုံးကုန်ကုန်ပြောရရင် သူတို့နှစ်ယောက်ရဲ့ အသံပင်လျှင် ခွဲမရအောင်တူတာပါပဲ။ အဲဒီ့ကောင်လေးနှစ်ယောက်ဟာ သူဌေးကြီးရဲ့သမီးလေးကို ချစ်မြတ်နိုးနေကြတဲ့သူတွေလဲ ဖြစ်ပါတယ်။ တစ်နေ့တော့ သူဌေးကြီးရဲ့သမီးလေးကို သူတို့နှစ်ယောက်စလုံးက ချစ်တယ်ဆိုပြီး ချစ်ရေးဆိုကြပါတယ်။ သူဌေးသမီးလေးကလဲ သူတို့နှစ်ယောက်စလုံးကို ပြန်ပြီးချစ်ခဲ့ပါတယ်။ ဒီလိုနဲ့သူဌေးသမီးလေးမှာ လက်ထပ်ဖို့ရွေးချယ်ရတော့မယ်လို့ ဖြစ်လာတဲ့အချိန်မှာတော့ သူဆုံးဖြတ်ဖို့တော်တော်လေးကို ခက်ခဲနေပါတော့တယ်။ ဘယ်သူ့ကိုရွေးချယ်ရင် ကောင်းမလဲပေါ့နော်။ အဲဒါနဲ့သူက သူဌေးကြီးကိုအကြောင်းစုံဖွင့်ပြောပြလိုက်တော့ သူဌေးကြီးက သူတို့နှစ်ယောက်မှာ ပိုပြီးပင်ပန်းဆင်းရဲမှုဒါဏ်ကိုခံရတဲ့သူကို ရွေးပါလို့ပြောလိုက်တယ်။ အဲဒါနဲ့ သူဌေးသမီးလေးကလဲ သူတို့နှစ်ယောက်ထဲက တစ်ယောက်ကိုရွေးလိုက်ပါတယ်။ မျိုးလေးမေးချင်တာက သူဌေးသမီးလေးဟာ ဘယ်သူ့ကိုရွေးချယ်လိုက်တယ် ဆိုတာကိုပါ။
ဖြေကြည့်ကြပါနော်…အဖြေရရင် အောက်ကအဖြေနဲ့တိုက်လိုက်ပါနော်… ဝေဖန်ချက်လေးလဲ ချန်ဖို့မမေ့ပါနဲ့အုံးနော်…

အဖြေ။ ။ (သူဌေးသမီးလေးဟာ အနောက်ရွာက ကောင်လေးကိုရွေးချယ်လိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီကောင်လေးနှစ်ယောက်မှာ အားလုံးဟာလုံးဝခွဲမရအောင်တူနေတာပါ ဒါပေမဲ့ ခြားနားချက်တစ်ခုတော့ရှိပါတယ် အဲဒါကတော့ အရှေ့ရွာနဲ့ အနောက်ရွာပါ။ အဲဒီတော့ အနောက်ရွာကကောင်လေးဟာ မနက်အလုပ်လုပ်ဖို့ အလည်ရွာကိုလာတဲ့အခါမှာ အရှေ့ဘက်က နေထွက်တာမို့သူဟာနေကိုမျက်နှာမူပြီးလာရပါတယ် ညနေအလုပ်ပြီးလို့ပြန်တဲ့ အခါမှာကျတော့လဲ နေဟာအနောက်ဘက်ကို ဆင်းတာမို့လို့သူဟာ နေကိုမျက်နှာမူပြီးပဲ ပြန်ရပါတယ်။ အရှေ့ရွာက ကောင်လေးကတော့ မနက်အလုပ်လာတဲ့အခါ ကျတော့လဲ နေကိုကျောခိုင်းပြီးလာရသလို ညနေပြန်တဲ့ အခါကျတော့လဲ နေကိုကျောခိုင်းပြီးပြန်ရပါတယ်။ ဒီတော့သူတို့နှစ်ယောက်ကို သေချာကြည့်မယ်ဆိုရင် အနောက်ရွာက ကောင်လေးဟာ အရှေ့ရွာက ကောင်လေးထက်ပိုပြီး ပင်ပန်းဆင်းရဲမှုဒါဏ်ကို ခံရပါတယ်။ ဒါကြောင့် သဌေးသမီးလေးဟာ အနောက်ရွာက ကောင်လေးကိုရွေးချယ်လိုက်ခြင်းဖြစ်ပါတယ်။

ဝေးနေလဲ ချစ်နေမယ်


ချစ်သူ…
လွယ်လွယ်နဲ့ချစ်ခဲ့တာမဟုတ်ခဲ့တော့
လွယ်လွယ်နဲ့မေ့ပစ်ဖို့ခက်ပါတယ်
ရင်ထဲမှာချည်နှောင်ထားတဲ့
သံယောဇဉ်ကြိုးတွေ
အချိန်တိုင်းတွေးနေမိတဲ့
မင်းရဲ့အကြောင်းတွေ
မင်းစိတ်နဲ့နေ
မင်းစိတ်နဲ့သွား
မင်းစိတ်နဲ့စား
မင်းကိုချစ်ခဲ့မိတဲ့ ကိုယ် ဆိုတဲ့
ကောင်လေးတစ်ယောက်ရဲ့ရင်ထဲမှာရှိနေခဲ့တာ
မင်းတစ်ယောက်တည်းပါချစ်သူလေး
နေ့ရက်ဆက်တိုင်း
အချိန်တိုင်း
စက္ကန့်တိုင်း
နီးနေလဲချစ်နေမယ်
ဝေးနေလဲ ချစ်နေမယ်
ထာဝစဉ်မပြောင်းလဲမဲ့
ချစ်ခြင်းတစ်စုံဟာမင်းတွက်
ဖြစ်တည်နေမယ်
တည်ရှိနေမယ်။

ယောကျာင်္းနှင့်မိန်းမ


အိုဘယ့်ယောင်္ကျား

၁။ အရည်ချင်းရှိရင်ရုပ်ဆိုးမယ်။
၂။ ရုပ်ချောရင်ငွေမရှာတတ်ဘူး။
၃။ ပိုက်ဆံရှာတတ်ရင် အိမ်ထောင်ရေးကိုအလေးမထားပြန်ဘူး။
၎။ အိမ်ထောင်ရေးအပိုင်း ဖိစီးမှု့များပြန်ရင်အခြားကိစ္စမဖြစ်ထွန်းဘူး။
၅။ အရာရာဖြစ်ထွန်း အောင်မြင်တဲ့လူကျတော့ အနုအရွ Romantic မဆန်တတ်ပြန်ဘူး။
၆။ အီစီကလီကျွမ်းပြီး Romantic ဆန်ပြန်တော့လည်း စိတ်ချလို့မရ။
၇။ အားကိုးရပြန်တော့လည်း ခိုင်းစားရရုံကလွဲပြီး ဖိုသီဘတ်သီအပေအတေလိုနေမယ်။

အိုဘယ့်မိန်းမ

၁။ ရုပ်အဆင်းလှရင် အချက်အပြုတ်မကျွမ်း။
၂။ ချက်တာ ပြုတ်တာ ကျွမ်းပြန်တော့မနုညံ့။
၃။ နုညံ့နွှဲ့နှောင်းပြန်တော့ ကိုယ်ပိုင် အတွေး အခေါ်မရှိ။
၎။ ကိုယ်ပိုင်အတွေးအခေါ်ရှိတော့ယောကျာင်္းဆန်။
၅။ မိန်းမပီသပြန်တော့့အသုံးအဖြုံးကကြီိး။
၆။ ချွေတာစုဆောင်းတတ်ပြန်တော့ခေတ်ရေစီးကိုလိုက်မမှီ။
၇။ ခေတ်မှီပြန်တော့စိတ်မချရ။
၈။ စိတ်ချရပြန်တော့ဘယ်လိုမှကြည့်မလှ။

ဒါ့ကြောင့် ပါးနပ်သောယောကျာင်္းနဲ့ဥာဏ်ရှိတဲ့မိန်းမတွေ့ရင်
ရိုမန့်တစ် ဆန်တဲ့အချစ်မျိုးဖြစ်လာနိုင်တယ်
ပါးနပ်တဲ့ယောကျာင်္းနဲ့ နုံအတဲ့မိန်းမဆိုရင်
တိတ် တိတ်ပုန်းအချစ်ဖြစ်လာနိုင်တယ်။
ဥာဏ်ရှိတဲ့မိန်းမနဲ့ တုံးအတဲ့ယောကျာင်္းဆိုရင်
အိမ်ထောင်ပြုသွားနိုင်တယ်။

အဒီနောက်
မိန်းမတွေဟာ
အနာဂါတ်အတွက်စိတ်ပူကျတာ ယောင်္ကျားရတဲ့အထိပါ ပဲ။
ယောင်္ကျားတွေကတော့
မိန်းမ မရမချင်းအနာဂါတ်ဆိုတာခေါင်းထဲမထည့်ကျဘူး။
အောင်မြင်တဲ့ယောကျာင်္းဆိုတာ
သူမိန်းမသုံးဖြုန်းတာထက်ပိုရှာနိုင်တဲ့သူကိုခေါ်တာပါ။
အောင်မြင်တဲ့မိန်းမဆိုတာ
အလိုယောကျာင်္းမျိုးကို ရှာနိုင်တဲ့လူကိုခေါ်တာပါတဲ့………………။

ချစ်မိသူတစ်ယောက်အကြောင်းပေါ့..


Love story of a young man:

ချစ်မိသူတစ်ယောက်အကြောင်းပေါ့ ….


 

I used to be like this ?
ကိုယ်ငယ်စဉ် ကလေးဘ၀ …
အပြစ်ကင်းစင်သပေါ့ …
 
 


 

I met a girl ….
မထင်မှတ်ပဲ…
ကိုယ်မင်းကို တွေ့ ခဲ့ တယ်…
 
 

She was like this…
ရင်ခုန်ညွတ်နူးဖွယ် မင်းပုံရိပ်ပဲပေါ့ ….

ဒီဇိုင်းအလန်းလေးနဲ့ လေ….

Together, we were like this ?
ကိုယ့် ရဲ့ အတွေးပုံရိပ်များထဲက မင်းနဲ့ ကိုယ်…

I gave her gift like this ….
မင်းအတွက် ကိုယ့် နှလုံးသားလက်ဆောင်….

When she accepted my proposal , I was like this…
မင်းပြုံးပြီးတော့ ခေါင်းငြိမ့် လိုက်တဲ့ အခါ….
ကိုယ်အရမ်းပျော်ရွှင်ခဲ့ ရတယ်ပေါ့ …

I used to talk to her all night like this ….
ကိုယ်မင်းကို တစ်ညလုံး ….ဒီလို အလွမ်းပုံပြင်တွေပြောခဲ့ တယ်လေ…

တွယ်တာစရာမင်းပုံရိပ် လေ….

and at office , I used to be like this…
နောက်နေ့ …အလုပ်ထဲမှာဆိုယင်တော့ ….
ကိုယ့် အဖြစ်က ဒီလို ….

When my friends saw my girlfriend , they stared like this?….
သူငယ်ချင်းတွေ …ချစ်သူ မင်းကိုတွေ့ တဲ့ အခါ …သူတို့ ဒီလို မနာလိုဖြစ်တယ်လေ

and I used to react like this ….
ကိုယ့် ရဲ့ ကြည်နူးပီတိ ….
တုံ့ ပြန်အပြုံး….

But on Valentine Day ….She gave roses to someone else like this….
ဒါပေမယ့်  ချစ်သူများနေ့ ရောက်တော့  မင်းက တစ်ခြားသူတစ်ယောက်ကို

နှင်းဆီပန်းလေး …ဒီလိုပေးခဲ့ လိုက်တော့ …..

And I was Like this ….
ကိုယ် ဒီလို စိတ်ဆိုးခဲ့ ရတယ်လေ…

Which later led to this….
နောက်တော့ ကိုယ် ဒီလို ခံစားခဲ့ ရပါတယ်…

I felt like doing like this….
ကိုယ်က စိတ်ကြီးသူတစ်ယောက်မို့ ….
ဒီလိုပေါက်ကွဲလိုက်ချင်ပေမယ့် …

But rather did this ….
ကိုယ့် ကိုယ်ကို လူကြီးလူကောင်းတစ်ယောက်လို့ ခံယူထားတာမို့ …
ဒီလိုလေးပဲ တုံ့ ပြန်နိုင်ခဲ့ တယ်နော်…

 

I started doing this….
ကြေကွဲနေခဲ့ တဲ့  ကိုယ်….

And this…
ဒီလို တွေ ထင်ရာစိုင်းခဲ့ တယ်လေ…

ကိုယ့် မေမေလည်း ကိုယ့် ကို မဆုံးမ နိုင်တော့ ဘူးပေါ့ ….

And I ended up like this…
အဆုံးတော့  ကိုယ် ဒီလို ဖြစ်ခဲ့ ရတယ်ပေါ့ ….
ဘာပဲဖြစ်ဖြစ် ချစ်တဲ့ မင်းအတွက်မို့ 
ကိုယ်ကျေနပ်ပါတယ်…..
ပျော်ပါစေ
ချစ်သော

အချစ်နဲ့အိမ်ထောင်ရေး


အချစ်နဲ့အိမ်ထောင်ရေး

(၁) စောင့်မျှော်ခြင်းဆိုတာ မမြင်ရတဲ့လက်မည်းကြီးတစ်စုံပါ။ အထူးသဖြင့် အချစ်ကိုသတ်ဖြတ်ပြီး ပျော်ရွှင်နေတဲ့ လက်မည်းကြီးဖြစ်တယ်။

(၂) မြက်ရိုင်းတွေကြားမှာ ကျောက်စိုင်ကျောက်ခဲ မကြီးမားနိုင်ဘူး။ သေနတ်ဖျားမှာ ခြင်္သေ့ မသန်စွမ်းနိုင်ဘူး။ ရေခဲတောင်ရှေ့မှာ တိုင်တန်းနစ်သဘောင်္ မခိုင်ခံ့နိုင်ဘူး။ ကမ္ဘာပတ်သူရဲ့ရှေ့မှာ ကမ္ဘာကြီး မကျယ်ဝန်းနိုင်ဘူး။

ဘယ်အရာက ကြီးမား၊ သန်စွမ်း၊ ခိုင်ခံ့၊ ကျယ်ဝန်းနိုင်သလဲ?

အခက်အခဲရှေ့မှာ အပြုံး ကြီးမားသန်စွမ်းနိုင်တယ်။

ဘေးအန္တရာယ်ရှေ့မှာ ယုံကြည်မှု ခိုင်မြဲနိုင်တယ်။

ထိခိုက်နာကျင်ခြင်းရဲ့ရှေ့မှာ မေ့လျော့ခြင်း ကျယ်ဝန်းနိုင်တယ်။

(၃) လင်ယောက်ျားအပေါ် ပါးစပ်ချိုတဲ့မိန်းမ ဘယ်တော့မှမနစ်နာဘူး။ ဒီစကားကို မှတ်ထားပါ!

(၄) သူ့”အမှား”ကို အပြစ်ရှာချင်ရင် သင့်ဖက်က”မှန်”ရပါမယ်။ စိတ်ခံစားချက်မှာ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်ဆိုတာ ဝေခွဲရခက်ပါတယ်။

(၅) အိမ်ထောင်ရေးမှာ အချစ်ကို မပျောက်ပျက်စေနဲ့။ အချစ်ရေးမှာ ကိုယ့်ကိုယ်ကို မပျောက်ပျက်စေနဲ့။

(၆) ခံစားချက်ဖိုရမ်မှာ ခံစားချက်အကြောင်း ဆွေးနွေးတဲ့လူ နှစ်မျိုးနှစ်စားရှိတယ်။ ပထမလူစားက မိသားစု”ပျော်ရွှင်ခြင်း” အကြောင်းပဲပြောတယ်။ ဒုတိယလူစားက မိသားစု”စိတ်ဆင်းရဲခြင်း”အကြောင်းပဲ ပြောတယ်။ အချိန်ကြာလာတာနဲ့အမျှ ပျော်ရွှင်ခြင်းအကြောင်းပြောတဲ့လူရဲ့ မိသားစုက ပိုပိုပျော်ရွှင်လာတယ်။ စိတ်ဆင်းရဲခြင်းအကြောင်းပြောတဲ့လူရဲ့ မိသားစုက ပိုပိုစိတ်ဆင်းရဲလာတယ်။ တချို့က လမ်းခွဲပြတ်စဲတဲ့အထိပါပဲ။

(၇) ဆွေးနွေးကြတဲ့အရာက တစ်ခုတည်း၊ ကြုံတွေ့ရတဲ့ ပြဿနာကလည်း အတူတူပဲ။ ဒါပေမဲ့ တချို့က အကောင်းမြင်စိတ်၊ နှစ်မြို့တဲ့စိတ်နဲ့ ဖြေရှင်းကြတယ်။ တချို့က တသတ်မှတ်အတွေး၊ မကောင်းမြင်စိတ်နဲ့ ဖြေရှင်းတယ်။ ဒါဟာ လူလူချင်းကြား၊ မိသားစုကြားက ပျော်ရွှင်ခြင်းရဲ့ခြားနားချက်ဖြစ်တယ်။

(၈) “‘ဒိုးတူပေါင်ဖက်”ဆိုတဲ့အဆင့်ကိုရောက်ဖို့ အိမ်ထောင်ကျတဲ့ ယောက်ျားမိန်းမတိုင်း မျှော်လင့်ကြတယ်။ “မိန်းမက ယောက်ျားကို ပိုနှစ်သက်မယ်၊ ပိုချီးကျူးမယ်၊ ယောက်ျားကို စနောက်မယ်ဆိုရင် ယောက်ျားတွေက ကျိုးနွံသိမ့်မွေ့ပါတယ်တဲ့” ယောက်ျားတွေက ပြောပါတယ်။ “ယောက်ျားက သဘောထားနည်းနည်းကြီးမယ်၊ အိမ်ထောင့်တာဝန်ကို နည်းနည်းပိုထမ်းရွက်မယ်ဆိုရင် မိန်းမတွေက ယောက်ျားစကားကို ပိုနားထောင်ပါတယ်တဲ့” မိန်းမတွေက ပြောပါတယ်။

(၉) အိမ်ထောင်ရေးမှာ ခံစားချက်တစ်မျိုးကို အချင်းချင်းချစ်မြတ်နိုးခြင်းလို့ခေါ်တယ်။ နောက်ခံစားချက်တစ်မျိုးကို ဒိုးတူပေါင်ဖက်လို့ခေါ်တယ်။ နောက်ခံစားချက်တစ်မျိုးကို ခွင့်လွှတ်နားလည်ခြင်းလို့ခေါ်တယ်။ အိမ်ထောင်ရေးဆိုတာ ပင်လယ်ပြင်မှာ ရွက်လွှင့်နေတဲ့ လှေငယ်တစ်စီးနဲ့တူတယ်။ တစ်ခါတလေမှာ လေငြိမ်လှိုင်းငြိမ်ပြီး လိုရာခရီးရောက်တယ်။ တစ်ခါတလေမှာ လေထန်လှိုင်းထန်တယ်၊ ကျောက်ဆောင်တွေပေါတယ်။ နားလည်ခြင်းဆိုတဲ့ရွက်ကိုလွှင့်ပြီး ခွင့်လွှတ်ဆိုတဲ့ပဲ့နဲ့ စုပေါင်းညီညာလှော်မှ ပျော်ရွှင်ခြင်းကမ်းကို ကပ်နိုင်မှာဖြစ်တယ်။

(၁ဝ) ကိုယ့်အမြင်ကို ကိုယ်တိုင်ဖွင့်ဆိုပေးပါ….

အင်တာနက်ပေါ်ဖတ်မိသမျှ ဘာသာပြန်သည်။

နိုင်းနိုင်းစနေ ဘာသာပြန်သည်။