လုံးဝ မချစ်သင့်သောသူများ


တစ်စုံတစ်ယောက်ကို ကြိတ်ပြီးချစ်မိ၊ ကြိုက်မိတာ သဘာဝပါ။ ဒါပေမဲ့ သင် တိတ်တခိုး ချစ်မိကြိုက်မိသူဟာ ဘယ်လိုမှ မဖြစ်နိုင်တဲ့သူ၊ ဘယ်လိုမှ မသင့်တော်တဲ့သူ ဖြစ်နေတာမျိုး ဖြစ်နေရင် ရှေ့တိုးရအခက် နောက်ဆုတ်ရအခက်နဲ့ တစ်ယောက်တည်း ကြိတ်ခံ စားနေရမှာပါ။ ကိုယ်ဘယ်လိုမှ ချစ်ဖို့ မသင့်တော်တဲ့သူကို စိတ်ကူးယဉ်နေမိတာတွေ ရပ်တန့်ကရပ်အောင် ဒီဆောင်းပါးက အကူအညီ ပေးနိုင်လောက်ပါတယ်။

ကိုယ့်ထက် သက်ကြီးဝါကြီးသူများ

-ဆရာ

-သူငယ်ချင်းအဖေ

-ကိုယ့်အလုပ်ရှင်သူဌေး

ဘာကြောင့် ချစ်မိရသလဲ

-အထင်ကြီးလို့ပါ။

-ကိုယ်နဲ့ ရွယ်တူတွေနဲ့ မတူဘဲ ရင့်ကျက် တယ်လေ။

-သူက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှု အပြည့်ရှိပြီး အားကိုးရမှာ။

ဘာကြောင့် မသင့်တော်ရသလဲ

-အသက်ကွာလွန်းလို့ပါ။

-ပတ်ဝန်းကျင်ဝေဖန်တာ လှိမ့်ခံရလိမ့် မယ်။

-သင်ခံစားရသလို သူခံစားရမှာ မဟုတ် ဘူး။ အကယ်၍ ဟုတ်ခဲ့ရင်တောင် သူက မ စဉ်းစားမဆင်ခြင်တတ်သူပဲ။

သင့်ထက် အသက်ကြီးသူတွေကို ကြိုက်မိရင် သူတို့ရဲ့ သက်တမ်းတစ်လျှောက် ဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကိုလည်း ထည့်စဉ်းစားရမှာပါ။ သူတို့က အတွေ့အကြုံ များတာကြောင့် ရင့်ကျက်ပြီး အားကိုးဖို့ ကောင်းနေတာပါ။ အထင်ကြီးတာနဲ့ အားကိုးတာကိုရောပြီး သင်က သူ့ကိုချစ်နေတယ်လို့ ထင်ပြီး စိတ်ကူးယဉ်မိနေတာပါ။ မဖြစ်နိုင်တာကို စိတ်ကူးယဉ်မနေနဲ့တော့။ ကိုယ် ယုံကြည်ရတဲ့၊ နှုတ်လုံတဲ့ သူတစ်ယောက်ကို ခံစားချက်တွေ ရင်ဖွင့်ပြောဆိုပြီး ကိုယ် စိတ်ကူး ယဉ်မိသူကို မေ့နိုင်အောင် ကြိုးစားပါ။

ဆွေမျိုးတော်သူများ

ဥပမာ –

-တစ်ဝမ်းကွဲ၊ နှစ်ဝမ်းကွဲ

-ဖအေတူ၊ မအေကွဲမောင်နှမ

-ခဲအို၊ မတ်

ဘာကြောင့်ချစ်မိရသလဲ

-တစ်ယောက်နဲ့တစ်ယောက် ကောင်း ကောင်းသိတယ်။

-နီးစပ်တယ်။

-သူဟာ သင့်ဆွေမျိုးဖြစ်နေတာကြောင့် သင့်ဘ၀ရဲ့ တစ်စိတ်တစ်ပိုင်းလို ဖြစ် နေတယ်။

ဘာကြောင့် မသင့်တော်ရသလဲ

-ဆွေမျိုးတော်နေတယ်လေ။

-ဖအေတူ၊ မအေကွဲ ဒါမှမဟုတ် မအေ တူဖအေကွဲ မောင်နှမအချင်းချင်း မကြိုက် ကောင်းပါဘူး။ အထူးသဖြင့် တစ်အိမ် တည်းမှာ တူတူနေနေရရင်ပေါ့။

-ဇာတ်ရှုပ်တွေဖြစ်ပြီး မိဘတွေ စိတ်ဆင်း ရဲရပါလိမ့်မယ်။

ဘာလုပ်သင့်လဲ

ဆွေမျိုးတော်သူအချင်းချင်း လုံးဝ မကြိုက်သင့်ပါဘူး။ အမျိုးတော်နေတာကြောင့် မကြာခဏ တွေ့နေ၊ မြင်နေရမယ်လေ။ တစ်ရင်းတစ်နှီး ပြောဆိုဆက်ဆံဖြစ်မယ်။ မိသားစုဝင် တစ်စိတ်တစ်ပိုင်း ဖြစ်နေတာကြောင့် ချစ်ခင်တွယ်တာပြီး အရမ်း နီးစပ်သလို ခံစားရမယ်။ အဲဒီလို ခံစားချက်တွေကြောင့် တစ်ခါတစ်ရံ ချစ်သူရည်းစားလိုများ ချစ်နေမိသလားဆိုပြီး ကိုယ့်ဟာကိုယ် ဇဝေဇ၀ါ ဖြစ်သွားတတ်တာပါ။ ခံစားချက်တွေ ရောထွေး မနေပါစေနဲ့။ မောင်နှမချစ်ကို သမီး ရည်းစားချစ်လို့ ထင်ပြီး စိတ်ကူး မယဉ်မိပါစေနဲ့။ ကိုယ့်ကိုယ်ကိုယ် ဆုံးမပြီး ရပ်တန်းက ရပ်လိုက်ပါတော့။ ဆွေမျိုးတွေ သိသွားရင် တစ်သက်လုံး ပြောစရာ ဖြစ်သွားပါလိမ့်မယ်။ အပြောခံရတာနဲ့ စိတ်ကူးယဉ်ရတာ တစ်စက်ကလေးမှ မတန်ပါဘူး။

အနုပညာရှင်များ

ဥပမာ –

-ရုပ်ရှင်မင်းသား၊ မင်းသမီး

-အဆိုတော်

-စာရေးဆရာ

ဘာကြောင့်ချစ်မိရသလဲ

-သူတို့က တကယ်ကို အရည်အချင်းရှိ ပြီး ထင်ပေါ်တယ်လေ။

-အနုပညာရှင်ဖြစ်တဲ့အလျောက် သင့်ပတ်ဝန်းကျင်မှာ သူ့ပုံရိပ်၊ သူ့အသံ၊ သူ့ အပြောတွေ လွှမ်းမိုးနေတယ်။

-သူ့ သရုပ်ဆောင်ချက်၊ သူ့ သီချင်းဆိုသံ၊ သူ့ ရင်ဖွင့်စာသားတွေက ပီပြင်လွန်းလို့ သင့်ကို ပြောနေသယောင်၊ သင့်ကို ရည်စူးနေသယောင် ထင်မှတ်မှားစေနိုင်လို့ပါ။

ဘာကြောင့် မသင့်တော်ရသလဲ

-အနုပညာရှင်ကို သဘောကျတာ သဘာဝပါပဲ။ ဒါပေမဲ့ အဲဒီထက် ချွန်ပြီး ဘာမှ မလုပ်နိုင်မကိုင်နိုင်တော့ဘဲ စိတ်ကူးယဉ်ဆန်စွာ တစ်ယောက်ကိုတစ်ယောက် တမ်းတမ်းစွဲ ရူးသွပ်တာမျိုးကျတော့ မကောင်းပါဘူး။

-သူ့အပြင်ပုံစံကို သင်မသိသလို သူကလည်း လောကကြီးမှာ သင်ရှိနေမှန်းတောင် သတိထားမိမှာ မဟုတ်ပါဘူး။

-ဒီလို စိတ်ကူးယဉ်ဇာတ်လမ်းမျိုးက ဖြစ်မလာနိုင်ပါဘူး။ (ပြောရမှာတော့ အားနာပါတယ်။)

ဘာလုပ်သင့်လဲ

အနုပညာရှင်တွေရဲ့ အနုပညာကို လေးစားလို့ရတယ်။ သဘောကျလို့ ရတယ်။ ဒီ ထက်ပိုပြီး ချစ်လို့လည်း ရတယ်။ ဒါပေမဲ့ အနုပညာရှင်ရဲ့ ပရိသတ်နဲ့ တိတ်တခိုးစွဲလမ်းသူ နှစ်မျိုးက ကွဲပြားလွန်းလှပါတယ်။ သူ့ အကြောင်းပဲတွေး၊ သူ့ပုံရိပ်တွေပဲ လွှမ်းမိုးနေပြီး ဘာမှကို မလုပ်နိုင်၊ မကိုင်နိုင် ဖြစ်နေပါ က အခြေအနေ ဆိုးနေပါပြီ။ မဖြစ်နိုင်တာတွေ စိတ်ကူးယဉ်မနေဘဲ လက်တွေ့ ဆန်လိုက်စမ်းပါ။ သူ့ကို မကြိုက်နဲ့တော့လို့ ပြောတာ မဟုတ်ဘူးနော်။ ကြိုက်လို့ရတယ်။ ဒါပေမဲ့ စွဲလမ်းမနေပါနဲ့။ သူ့ ဇာတ်ကောင်စရိုက်တွေက သူ့အပြင်စရိုက် အစစ်အမှန် မဟုတ်ဘူး ဆိုတာလည်း သိထားဖို့ လိုမယ်နော်။ မဖြစ်နိုင်သူကို စိတ်ကူးယဉ်လွန်းနေရင် ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ဖြစ်နိုင်တဲ့သူ အကောင်းစားလေးတွေ လက်လွတ်သွားလိမ့် မယ်ဆိုတာ သတိထား။

ဘယ်လိုမှ မဖြစ်နိုင်သူများ

ဥပမာ –

-သူငယ်ချင်းရည်းစား

-ချစ်သူရည်းစားရှိသူ

-လိင်တူစိတ်ဝင်စားသူ

ဘာကြောင့်ချစ်မိရသလဲ

-ရှေ့ဆက်မတိုးသင့်ကြောင်း သိနေရတာကိုက ရှေ့ဆက်တိုးချင်စေတယ်။

-သင့်သူငယ်ချင်း ပိုင်ဆိုင်တာကို သင်လည်း လိုချင်မိတယ်။

-သူက ချစ်ဖို့ကောင်းမှန်း တွေ့နေ၊ မြင်နေရတာကြောင့် သင်လည်း အဲလို အချစ်ခံချင်နေမိတယ်။

ဘာကြောင့်မသင့်တော်ရသလဲ

-သူငယ်ချင်းအချင်းချင်း သစ္စာမဖောက်သင့်ဘူး။ ကိုယ်ချင်းစာပါ။

-အကယ်၍ သင့်ကြောင့် သူက တစ်ယောက်ယောက်ကို သစ္စာဖောက်ကာ ထားသွားခဲ့ရင် သင့်အလှည့်ကျရင်လည်း နောက်အသစ် တစ်ယောက်နောက်ပါကာ သင့်ကို ထားသွားဖို့ များပါတယ်။

-သင့်အပေါ် သူငယ်ချင်းတွေ အမြင် စောင်းသွားပါမယ်။ သူနဲ့ ဘာမှမဖြစ် သေးဘဲတောင် သူ့ကို ကြိတ်ချစ်နေမှန်း သင့်သူငယ်ချင်းတွေ သိသွားခဲ့ရင် သင့်ကို နားလည်ပေးလိမ့်မယ် မထင်ပါနဲ့။ တခြားသူငယ်ချင်းတွေရဲ့ ရည်းစားကိုပါ ပြစ်မှားမှာ စိုးတာကြောင့် သင့်ကို ဝေးဝေးရှောင်ကာ သူငယ်ချင်းအဖြစ်ကနေ ကြဉ်ထားကြမှာပါ။

ဘာလုပ်သင့်သလဲ

သူငယ်ချင်းရဲ့ချစ်သူကို ကြိတ်ကြိုက်နေ၊ ကြိတ်ကြံနေတာဟာ သူငယ်ချင်းကျင့်ဝတ်နဲ့ မညီသလို တခြားသူငယ်ချင်းတွေလည်း သင့်ဘက်က ပါမှမဟုတ်ပါဘူး။ သင် ချစ်နေသူက လူလွတ်မဟုတ်တာကြောင့် သင့်အနေနဲ့ လက်ခံဖို့ လိုသလို စိတ်လျှော့ လိုက်ဖို့လည်း လိုပါတယ်။ သင်ချစ်နေသူက သူငယ်ချင်းရဲ့ ချစ်သူဖြစ်နေရင် ပိုဆိုးပါ တယ်။ သူငယ်ချင်းကောင်းရဖို့ဆိုတာ မလွယ်ပါဘူး။ ကောင်လေး တစ်ယောက်အတွက်နဲ့ သူငယ်ချင်း အချင်းချင်း စိတ်ဝမ်းမကွဲသင့်ပါဘူး။ သူငယ်ချင်းက ချစ်သူကောင်းရထားလို့ သူ့ကို မုဒိတာပွားကာ သင့်အနေနဲ့ သူ့ကို မပြစ်မှားဘဲ တခြားတစ်ယောက် ရှာပါ။ သင် နဲ့ သင့်တော်တဲ့ ချစ်သူကောင်း တွေ့လာမှာပါ။ သူငယ်ချင်းရဲ့ ချစ်သူကို စိတ်ကူး ယဉ်မိတာကလည်း သူငယ်ချင်းအပေါ် သူ့ချစ်သူ က ဂရုစိုက်တာလေးတွေ၊ ကြင်နာတာလေး တွေတွေ့ပြီး ကိုယ်လည်း အဲလို အချစ်ခံချင် တာကြောင့်ပါ။ အကယ်၍ သင်ကြိတ်ချစ်နေသူက လိင်တူ စိတ်ဝင်စားသူ ဖြစ်နေခဲ့ရင် သင် ဘာမှ မတတ်နိုင်ပါဘူး။ သင်ဟာ သူကြိုက်တဲ့ပုံစံမျိုး မဟုတ်တာ သင့်အမှားမှ မဟုတ်တာပဲလေ။

ဒေါက်တာ နုမြတ် (ဆေး-၁)

ပြောချင်တဲ့စကားလေးတွေ