**ဟိုးရှေးရှေးတုန်းကပေါ့ကွယ်…**


ဟိုးရှေးရှေးတုန်းကပေါ့ကွယ်…

ဘုန်းတော်ကြီးတစ်ပါးက တပည့်ကိုရင်လေးနှစ်ပါးကိုတစ်ဘက်ရွာကဘုန်းတော်ကြီးကို

ဆွမ်းစားဖိတ်ခိုင်းတယ်တဲ့လေ..

ဒီလိုနဲ့ကိုရင်လေးနှစ်ပါးလည်း ကျောင်းထိုင်ဆရာတော်ကြီးရဲ့အမိန့်ကိုနာခံတာကြောင့်

တစ်ဘက်ရွာကိုသွားခဲ့ပါတယ်တဲ့…

တစ်ရွာနဲ့တစ်ရွာကူးနဲ့လမ်းခုလတ်မှာ…တံတားလေးတစ်စီးရှိတယ်လေ..

ကံဆိုးချင်တော့…အဲဒီတံတားလေးက ကျိုးနေတယ်လေ…

ချောင်းကိုဖြတ်ကူးမှရတော့မှာပေါ့…။

တံတားအနီးလည်းရောက်ရော…ငိုနေတဲ့မိန်းမငယ်လေးတစ်ယောက်ကိုကိုရင်လေးနှစ်ပါး

တွေ့ခဲ့တယ်လေ…

အကျိုးအကြောင်းလည်းမေးကြည့်ရော…ချောင်းကိုဖြတ်မကူးရဲလို့ငိုနေမိကြောင်း

မမှောင်ခင် တစ်ဘက်ရွာကဆေးဆရာကိုသွားပင့်ရမှာဖြစ်ကြောင်း

ပြောပြတယ်တဲ့လေ…

ကိုရင်လေးနှစ်ပါးထဲက တစ်ပါးက ခါးတောင်းကျိုက်ပြီးစောနက မိန်းကလေးကိုကျောပိုးပြီး

ကူးသွားသတဲ့…။

ကျန်နေတဲ့ကိုရင်လေးက အံ့သြတကြီးကြည့်ပြီးစိတ်ထဲမှာ…ကျောင်းထိုင်ဆရာတော်ကြီးနဲ့

တိုင်ပြောမယ်လို့တွေးထားသတဲ့လေ..။

ဒီလိုနဲ့ကျောင်းလည်းပြန်ရောက်ရော…သူတွေးထားတဲ့အတိုင်းပြန်တိုင်ပြောသတဲ့..။

ဆရာတော်ကြီးကကူညီပေးတဲ့ကိုရင်လေးကိုမေးမြန်းကြည့်တော့…

**တင်ပါ့ဘုရား….တပည့်တော်မိန်းကလေးတစ်ယောက်ကိုခုလိုမကူညီသင့်ဘူးဆိုတာ

သိပါတယ်ဘုရား..ဒါပေမယ့်…တပည့်တော်မှာအဲဒီလိုကူညီလို့ဝိနည်းမလွတ်တဲ့အပြစ်မရှိပါဘူးဘုရား

ဘာလို့လဲဆိုတော့ တပည့်တော်စိတ်ထဲမှာ..ဒုက္ခရောက်တာကိုကူညီချင်တဲ့စိတ်ပဲရှိလို့ပါဘူရား

တကယ်တမ်းအပြစ်ရှိတာက တစ်ချိန်လုံးတစ်လမ်းလုံး…သူတပါးကို မကောင်းစိတ်မွေးပြီး

သူတစ်ပါးဆူခံရပါစေလို့တွေးတောကြံစည်လာတဲ့ ဟိုကိုယ်တော်ကသာ အပြစ်ရှိတာပါဘုရား**

ဆုံးမမလို့ကြိမ်ကိုင်ထားတဲ့ဆရာတော်ကြီး ဘယ်သူ့ကိုရိုက်မယ်ထင်သလဲသူငယ်ချင်းတို့ရေ…

ဒါကတော့…သေသေချာချာလေးတွေးကြည့်ုပြီး…အဖြေညှိကြည့်နော်…းP

(ဒီပုံပြင်လေးကနေ..လက်ရှိလူ့ဘ၀ရဲ့ဖြစ်ရပ်လေးတွေနဲ့ ချိန်ဆလို့ ညှိယူတတ်ကြပါစေနော်…)

ပြောချင်တဲ့စကားလေးတွေ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s