ပိုးဖလံ


ပိုးဖလံ တွေ။ သူတို့ကိုဘယ်သူမှ မီးထဲမ၀င်ခိုင်းဘဲဝင်တဲ့ ပိုးဖလံတွေ။ ဟိုးအရင်က လယ်သမားတွေဆီမှာ ဖြန်းစရာ ပိုးသတ်ဆေးဖြန်းမရှိချေ။ ဒါ့ကြောင့် ပိုးဖလံနှိမ်နှင်းချင်လျင် လယ်ကွက် အလယ်မှာ ကောက်ရိုးတွေပုံပြီး မီးရှို့လိုက်သည်။ တစ်ညလုံးမီးမညိမ်းအောင်သစ်သားချောင်းတွေပါ ရောထည့်ထား လိုက်သည်။ ထိုမီးပုံထဲတွင် တစ်ညလုံးသေခဲ့တဲ့ပိုးဖလံဆိုတာ ရေတွက်၍ပင်မရချေ။
ဇီဝဗေဒပညာရှင်တွေပြောတာကတော့ `ပိုးဖလံတွေ ပျံသန်းတဲ့အချိန်ကျရင်၊နေရောင်ခြည်အလင်းတန်း နဲ့ ဒီဂရီတစ်ခုကို ထိန်းထားပြီးပျံသန်းတတ်ကြတယ် ´။ နေရောင်ခြည်က တည်ငြိမ်တဲ့အလင်းနှုန်းထားနဲ့ထိုးလင်းထားတာပါ။ဒါ့ကြောင့် ပိုးဖလံတွေက နေ့ဘက်မှာ ကောင်းမွန်စွာပျံသန်းနိုင်ကြတယ်။ ဒါပေမယ့် မီးရောင်ကတော့ မတည်ငြိမ်တဲ့အလင်းနှုန်းနဲ့ တောက်ပနေ တဲ့အတွက် ပိုးဖလံတွေဟာ ညဘက်မှာ တည့်မတ်စွာမပျံသန်းနိုင်ကြတော့ဘဲ၊ မီးရောင်လား နေရောင်လား မခွဲခြားတတ်တော့ဘဲ၊ မီးထဲကိုတိုးလို့ဝင်သွားကြတယ်။
ပိုးဖလံ နေရဲ့အလင်းကိုပဲ့ကိုင်ပြီးပျံသန်းနိုင်တဲ့ အစွမ်းဟာ မသေးလှတဲ့အစွမ်းပါ၊ ပိုးဖလံမျိုး မီးကိုတိုး ဆိုတာ ဟိုးရှေးလူကြီးများစွာကတည်းကတည်ရှိလာတဲ့စကားသုံးတစ်ခုပါ။ ဒါပေမယ့် ဒီလောက် နှစ်တွေကြာကြာ ပိုးဖလံတွေ မီးရောင်နေရောင် မခွဲတတ်ဘဲ သေကြရတဲ့အရေအတွက်ဆိုနည်းမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့အခုထိသူတို့မှာ အဲလိုခွဲခြားတတ်တဲ့ဥာဏ်မပါလာရသေးတာလဲ။ ကိုယ့်ရှေ့ မှာ အကောင်တစ်ကောင်စတေးသွားတာတောင်မှ နောက်ပြန်လှည့်ဖို့ ဥာဏ်မရှိရတာလဲ။ ဒါဆို ဘယ်အချိန် ကျမှ နေအရောင်နဲ့ မီးအလင်း ခွဲခြားတတ်မှာလဲ။ နောက်နှစ်ပေါင်း ထောင်ပေါင်း သောင်းပေါင်းကြာမှလား ။ ဒါမှမဟုတ် ကမ္ဘာပျက်သည်ထိ မခွဲခြားနိုင်တော့ဘူးလား
ကျနော် အဲဒီဖြစ်ရပ်လေးကို သိတော့မှ ကိုယ့်ကိုယ်ကို တော်တော်ကံကောင်းမှန်းသိလိုက်ရတယ်။ လူတွေကပိုးဖလံတွေလိုမဟုတ်ဘူး၊ လူတွေမှာ အမှားပြန်ပြင်ဆင်ခွင့်ရှိတယ်၊ အသိဥာဏ်ရှိတယ်၊ သူများ လျှောက်ခဲ့တဲ့ လမ်းမှားရင် ရှောင်ရှားလို့ရတယ်၊ ဒါ့တင်မကဘူး၊ အသိဥာဏ်ရှိရှိ ကြိုတင်ခန့်မှန်း တွက်ချက်လို့ရ နေသေးတယ်။အမှားသိရင် အမှန်ပြင်နိုင်တယ်၊ တစ်ခါခံပြီးရင် တစ်သက်မှတ်သွားတယ်၊ ဒါတွေက အရာအားလုံးကို မှတ်နိုင်တဲ့ ထူးခြားလက္ခဏာပါလား၊ ဒါ့ကြောင့် အားလုံးပဲ အမှားသိရင် ပြင်ပါ၊ အမှားပြင်လာတဲ့ သူကိုလည်းခွင့်လွှတ်ပေးပါ၊ ကိုယ့်ကိုယ်ကိုကလည်း နောင်မလုပ်မိဖို့ဆင်ခြင်ပါ၊ ကိုယ့်နောင်လာနောင်သားတွေ ကိုယ့်လို မမှားမိအောင် သင်ကြားပေးရင်၊ လူ့ပိုးဖလံမျိုးမဟုတ်တော့ဘဲ၊ လူစင်စစ် ဖြစ်မှာ မလွဲမသေပါပဲ. .. .။

ပြောချင်တဲ့စကားလေးတွေ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s