စိတ်ဓါတ်ခွန်အား


စိတ်ဓါတ်ခွန်အား

တစ်ခါတုန်းက နာမည်ကြီး ဟောပြောသူတစ်ယောက်ဟာ ဒေါ်လာ ၂၀ တန် ငွေစက္ကူလေးကိုကိုင်ပြီးတက်လာပါတယ် ။ ဟောပြောမယ့်အခန်းထဲမှာ လူ ၂၀၀ လောက်ထိုင်နေတယ် ။ သူကမေးလိုက်တယ် “ ဒီ ဒေါ်လာ ၂၀ ကို ဘယ်သူတွေလိုချင်ပါသလဲ ”

လက်တွေ လေထဲကို မြောက်တက်သွားကြတယ် ။ အကုန်လုံးလိုလို လက်ထောင်လိုက်ကြတယ် ။

သူကဆက်ပြောတယ် ။ “ ကျွန်တော်ခင်ဗျားတို့ ထဲကတစ်ယောက်ကို ဒီငွေပေးဖို့ပါပဲ ဒါပေမယ့်ခဏစောင့်ပါဦး ” အဲဒီလိုပြောပြီး သူဟာ ဒေါ်လာ ၂၀ ကို တွန့်ခြေလိုက်တယ် ။ ပြီးတော့သူ ဆက်မေးတယ် ။ “ ဘယ်သူလိုချင်ပါသေးလဲ ”

လက်တွေ လေထဲကို မြောက်တက်သွားကြတုန်းပါပဲ ။ “ ကောင်းပြီ ” သူက ဆက်ပြောတယ် “ ကဲ ဒီလိုဆိုရင်ရော ” သူကပြောပြောဆိုဆို ဒေါ်လာ ၂၀ ကို အောက်ကိုပစ်ချလိုက်တယ် ။ ပြီးတော့ ကြမ်းပြင်မှာ သူ့ခြေထောက်က ဖိနပ်နဲ့ နင်းခြေလိုက်တယ် ။ ဒေါ်လာ ၂၀ တန်စက္ကူဟာ ညစ်ပတ်ပြီး အတော်လေးကို ရုပ်ဆိုးသွားတယ် ။ သူက ပြန်ကောက်လိုက်တယ် ။

“ ကဲ အခု ဘယ်သူလိုချင်ပါသေးလဲ ” စကားသံဆုံးဆုံးချင်းမှာပဲ လက်တွေ အတော်များများ လေထဲမှာ မြောက်သွားကြတယ် ။

“ ကဲ ခင်ဗျားတို့အားလုံး အခုဆိုရင် အရမ်းကို တန်ဖိုးရှိတဲ့ သင်ခန်းစာတစ်ခုကိုရသွားကြပါပြီ ။ ကျွန်တော်ငွေစက္ကူကို ဘယ်လိုပဲလုပ်လုပ် ခင်ဗျားတို့ လိုချင်နေကြတုန်း ။ ဘာကြောင့်လည်းဆိုတော့ ငွေစက္ကူရဲ့တန်ဖိုးမပြောင်းလဲသွားလို့ပါ ဒေါ်လာ ၂၀ တန်နေတုန်းပါပဲ ”

##########################################

ကျွန်တော်တို့ ဘ၀တွေမှာ အကြိမ်များစွာ ကျဆုံးခဲ့ခြင်း ၊ နင်းခြေခံရခြင်း နဲ့ ကျွန်တော်တို့ ကိုယ့်ဘာသာချခဲ့တဲ့ ဆုံးဖြတ်ချက်တွေကြောင့် စိတ်ဓါတ်နဲ့ တန်ဖိုးတွေဟာ မြေကြီးပေါ်မှာလို ညစ်ပတ်နေခဲ့ရတယ် ။

တခါတရံမှာ ကျွန်တော်တို့ဟာ ဘ၀ဟာ တန်ဖိုးမရှိဘူး ငါဟာ ဘာမှအသုံးမကျဘူး စသဖြင့် အမျိုးမျိုးတွေးတတ်ကြတယ် ။ ဘာတွေဘယ်လိုပဲဖြစ်ခဲ့ပါစေ ဘာတွေဘယ်လိုပဲဖြစ်နေပါစေ — သင့်ရဲ့တန်ဖိုးကို သင် ဘယ်တော့မှ မဆုံးရှုံးပါစေနဲ့ ။ သင်ဟာ တကယ်တော့ သိပ်အဖိုးတန်တဲ့ လူသားပါ ဒါကို ဘယ်တော့မှ မမေ့ပါနဲ့ ။

သက်တန့်ချို
Feb 17-2012See More

စိတ်နှလုံးသားအာဟာရဖြည့်စာစုအပိုင်းအစများ

သင့်မှာ ကံကောင်းခြင်းတွေရှိတယ်ဆိုတာကို ယုံပါ။ ဒါပေမဲ့ တမင်တကာ မစောင့်မျှော်ပါနဲ့
သင့်မှာ ကြံ့ခိုင်မှုတွေရှိတယ်ဆိုတာကို ယုံပါ။ ဒါပေမဲ့ မျက်ရည်ကျဖို့ မငြင်းဆန်ပါနဲ့။
လောကမှာ သူတော်ကောင်းရှိတယ်ဆိုတာကို ယုံပါ။
ဒါပေမဲ့ သူတော်ကောင်းဟန်ဆောင်သူကို ကာကွယ်ဖို့ မမေ့ပါနဲ့။
ငွေကြေးက ပျော်ရွှင်ခြင်းတွေကို သယ်လာနိုင်တယ်ဆိုတာကို ယုံပါ။
ဒါပေမဲ့ တစ်ဘဝစာအတွက် မတောင့်တပါနဲ့။
ရိုးသားခြင်းကို ယုံပါ။ ဒါပေမဲ့ စေတနာကောင်းထားဟန်ဆောင်ခြင်းကို အပြစ်မဆိုပါနဲ့။
အောင်မြင်ခြင်းကို ယုံပါ။ ဒါပေမဲ့ ကျရှုံးခြင်းကို မျက်ကွယ်မပြုပါနဲ့။
ဖူးစာကို ယုံပါ။ ဒါပေမဲ့ ရူးရူးမိုက်မိုက် မစောင့်စားပါနဲ့။
အချစ်ကို ယုံပါ။ ဒါပေမဲ့ အပြစ်အနာအဆာကင်းဖို့ မတောင်းဆိုပါနဲ့။
လူ့ဘဝမှာ တန်ဖိုးအရှိဆုံးက မိမိကိုယ်ကိုယုံကြည်တာပဲဖြစ်တယ်
.
See More

ဘဝတစ်ခု ကျန်းကျန်းမာမာ ကြီးထွားရှင်သန်ဖို့ စိတ်ဓာတ်၊ ခွန်အားဟာလည်း အဓိကလိုအပ်ချက်ဆိုရင် မှားမယ်မထင်ပါဘူး…
By: Nine Nine Sanay @ နိုင်းနိုင်းစနေ

တစ်ယောက်ထဲရဲ့ကမ္ဘာက ငြိမ်သက်အေးဆေးလွန်းတယ်။
ငြိမ်သက်လွန်းလို့ ကိုယ့်အသံရှုသံ၊ ကိုယ့်နှလုံးခုန်သံကို ကိုယ်ပြန်ကြားနေရတယ်။

အေးပြီဆို ကိုယ့်ကိုယ်ကို အနွေးထည်ထပ်ဖို့မမေ့ပါနဲ့
ဆာပြီဆို ကိုယ့်အတွက် ပေါင်မုန့်တစ်လုံးဝယ်ဖို့မမေ့ပါနဲ့
ဖျားပြီဆို ကိုယ့်ကိုယ်ကို ဆေးသောက်ဖို့မမေ့ပါနဲ့
ဆုံးရှုံးပြီဆို ကိုယ့်ကိုယ်ကို အားပေးဖို့မမေ့ပါနဲ့
စိတ်ဓာတ်ကျပြီဆို ကိုယ့်ကိုယ်ကို ကြံ့ခိုင်ဖို့မမေ့ပါနဲ့
လဲကျပြီဆို နာကျင်မှုထဲကနေရုန်းထပြီး ကိုယ့်ကိုယ်ကို အပြုံးတစ်ပွင့်ပေးဖို့ မမေ့ပါနဲ့….
တစ်ယောက်ထဲဆိုပေမယ့်လည်း တစ်ယောက်ထဲရဲ့လွတ်လပ် ငြိမ်းချမ်းမှုတွေရှိခဲ့ပါတယ်။
.See More

ဘဝတစ်ခု ကျန်းကျန်းမာမာ ကြီးထွားရှင်သန်ဖို့ စိတ်ဓာတ်၊ ခွန်အားဟာလည်း အဓိကလိုအပ်ချက်ဆိုရင် မှားမယ်မထင်ပါဘူး…

ပြောချင်တဲ့စကားလေးတွေ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s