ဘယ်သူ ပြောပြော


၁ ။။ ကိုယ့်ကို စကားပြောရင် ဘယ်သူ ပြောပြော ဆုံးအောင်တော့ နားထောင်ပေးးးးးးးးးးးးး
သူ့ရဲ့စကားထဲမှ မိမိပညာရတယ် စကားဆုံးလည်း သူ့အတွက်လား ကိုယ့်အတွက်လား အများအတွက်လား ယူစရာပါလား ကိုယ့်ကို ပြောကြားတဲ့ စကားထဲမှာ တန်ဖိုးရှိတာပါလား ပြန်ပြီး ဝေဖန်ပိုင်းခြားတတ်ရတယ် ။

၂။။ဘုန်းကြီးရှေ့ကနေ အရင်မကြွရဘူး စနည်းနာတတ်ရတယ်။

လူမျိုးပေါင်းစုံထံက နည်းပညာမျိုးစုံ အတတ်ပညာမျိုးစုံ လေ့လာသင်ယူတတ်ရတယ်။
ဆရာလည်းမလုပ်နဲ့တပည့်လည်းမဖြစ်စေနဲ့ဒါအောင်မြင်သူတွေရဲ့အရည်အခြင်း
ကိုယ်ရည် မသွေးရဘူး သူ တပါးအထင် မသေးရဘူး
၃။။။ခေတ်မှီပါ ခေတ်ဆန်ပါ မကလက်ပါစေနဲ့ အရှက်တရားရှိပါ
အခြင်းခြင်း စကားပြောဆိုတာ မိုက်ရိုင်းခြင်းမှ ရှောင်ကျဉ်ပါ
အမျိုးသားများကလည်း အမ ညီမ မရှိလည်း မိခင်လိုမြင်ပြီး နှစ်မသားခြင်းစာနာပါ ။

၎။။။ပြောချင်တယ်ဆိုပေမယ့် ပြောသင့်လား ပြောသင့်တဲ့လူ ဟုတ်လားစဉ်းစား
တိုင်ပင်တယ်ဆိုရင် လည်းတိုင်ပင်သင့်တဲ့ လူလား တိုင်ပင်သင့်တဲ့အချိန် ဟုတ်လားလေ့လာပါ။
၅။။။သူတစ်ပါးမအားတဲ့အချိန် ဒေါသထွက်ချိန် အိပ်ရာနိုးခါစအချိန် အိပ်ချင်နေတဲ့အချိန် ရှောင်ကျဉ်ပါ.။

၆။။။အရက်သောက်ချင်လည်း မူးအောင်သောက် မမှောက်စေနဲ့ ဆိုသလိုပေါ့ လူသောက်သောက်ပါ ။
ခွေးသောက် နွားသောက် မသောက်ပါနဲ့ခွေးစိတ် နွားစိတ်ပေါက်ရင် အမေမသိ အဖေမသိ ဆွေမသိ မျိုးမသိ ကျေးဇူးရှင်မသိ စော်ကား ပြစ်မှားတတ်ကြတယ် ။

ဒါကြောင့်ဘယ်အရာမဆို ထိမ်းထိမ်းသိမ်းသိမ်းနဲ့ ချင့်ချိန်ပါ စဉ်းစားပါ
သူနေရာ သူဒေသ နေထိုင်တတ်ပါစေ ။

၇။။။။ခင်မင်မှုကို အလွဲသုံးစား မလုပ်မိပါစေနဲ့နွားရှေ့ထွန်မကျူးမိစေနဲ့
ရောမရောက် ရောမလိုကျင့်တတ်ပါစေ ။

၈။။။။ခွေးလေး အရောဝင်သလိုလည်းမလုပ်မိစေနဲ့
ပေါင်းတာကြည့်ပေါင်း ကိုယ့်အတွက်လားသူ့အတွက်လား
ယူသူလား ပေးသူလား လှုမျှဝေနေသူလား
ကြည့်ပြီး ပေါင်းသင်းတတ်ပါစေ ။
၉။။။လူတစ်ယောက်ကြောင့် ဂုဏ်တက်သလို လူတစ်ယောက်ကြောင့်
ဂုဏ်ပျက်တတ်ပါတယ် ။

၁၀။။။။။စိတ်ထားဖြူစင် သန်ရှင်းလှပအောင် မွေးမြူနိုင်ပါစေ။
စိတ်ထားမွန်မြတ်အောင် ကျင့်ကြံနိုင်ပါစေ။
အရောင်စွန်းလာရင်လည်း မြန်မြန်လျှော်ဖွတ်ဆေးကြောနိုင်ပါစေ။

၁၁။။။။။ လောကတွင်းမှလူသားများ အေးချမ်းသာယာရှိစေလို
မိမိတို့စိတ်ကလေး ဖြူဖြူဖွေး စင်ကြယ်နိုင်ပါစေ။

ညစ်လာသမျှ ဟစ်ကာသာ ပြရရင် ငါလည်းညစ်မယ်ထင်
အော်နေမယ့်စား ဖြူအောင်ထား ဟင်းးးးချကာလေ စေတနာထား
သူလမ်းသူသာသွားပါစေ ။

သူနောက်ကိုယ့်စိတ်လိုက်မိရင် ကိုယ်ပါညစ်မယ်ထင် ဘယ်သူလာလာ ကြည်ဖြူတရားမေတ္တာထားမှပြည့်မည်ထင် ဘောင်ဘင်ခတ်ထားရေအိုးများ
ဘေးချထားမှ တော်မည်ထင် ရေအိုးလေးလိုပြည့်စေလို
မေတ္တာဘ၀နာပွားများကာ စိတ်ထားနဲ့သာနေလိုက်ပါ
အောင်မြင်သည်များသင့်ရှေ့မှာ ပွားများလာမှာ အမှန်ပင်…………….။

ပြောချင်တဲ့စကားလေးတွေ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s