IDM မှာ Downloading


ကျွန်တော် အပေါ်ကပုံမှာပြထားသလိုပါပဲ။ ဒါကို အစ်ကိုတစ်ယောက်မေးထားတာပါ။ အများစုကတော့ သိပ်မဖြစ်ပါဘူး။ CDMA နဲ့ သုံးနေတဲ့သူတွေမှာမှ ဖြစ်တာများပါတယ်။ အခု အဲဒါကို ဖြေရှင်းဖို့အတွက် သိပ်မခက်ပါဘူး။ နည်းပညာဆိုတော့ သိထားတာ အကောင်းဆုံးပါပဲ။ ကြုံရင် လုပ်လို့ရအောင်ပေါ့။ ကဲ…… စလိုက်ရအောင်…….

ကျွန်တော် အပေါ်မှာ ပြထားတဲ့အတိုင်းပဲ ကိုယ်ဖြစ်နေတဲ့ File ပေါ် Right Click နှိပ်ပြီး Properties ထဲဝင် ဒါမှမဟုတ် ကိုယ်ဖြစ်နေတဲ့ File ပေါ် Click နှစ်ချက်နှိပ်လိုက်ပါ။
ဒါဆို အပေါ်ကအတိုင်း ပေါ်လာပါလိမ့်မယ်။ ဒီနည်းက ကိုယ် Download ဆွဲနေတဲ့ နေရာကို ပြောင်းပေးလိုက် တဲ့ သဘောပါပဲ။ ပြောင်းဖို့အတွက် Browse ကို နှိပ်ပြီး ပြောင်းလိုက်ပါ။ ဥပမာ – ကိုယ်က C;/ Download / ထဲမှာ ဆိုရင် ကိုယ်က Desktop ပေါ် ဒါမှမဟုတ် အခြား တစ်နေရာကို ပြောင်းလိုက်ပါ။ ဒါဆို အဆင်ပြေသွားပါပြီ။
ကျွန်တော့်ဘလော့(ဂ်)ကို ဒီကသူငယ်ချင်းများ အားလုံးကို လာလည်ဖို့ဖိတ်ခေါ်အပ်ပါတယ်။ ဘာမှတော့ ကြီးကြီးမားမားမဟုတ်ပါဘူး။ ကိုယ်သိတာလေးတွေပဲ ပြန်လည် မျှဝေထားပါတယ်။ အမှားပါရင်လည်း ခွင့်လွှတ်ပေးပါ။
အဆင်မပြေတာများရှိရင်လည်း C-Box မှာဖြစ်ဖြစ် itmanaungkhinemoe@gmail.com ကို Mail ပို့ပြီးဖြစ်ဖြစ် တောင်းနိုင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ……

အောင်ခိုင်မိုး

www.itmanaungkhinemoe.blogspot.com

ပြောချင်တဲ့စကားလေးတွေ