သူလည်းသိချင်နေတာပဲ
ကလေးတစ်ယောက်က လမ်းပေါ်မှာ ငိုနေသတဲ့။
အဲဒါ ..တွေ့တဲ့လူကြီးတစ်ယောက်က မေးတာပေါ့
`ဘာဖြစ်လို့ ငိုနေတာလဲ ကလေး ?´
`အိမ်မှာ သားဖေဖေနဲ့ မေမေ ရန်ဖြစ်နေလို့ပါ ´လို့ ကလေးက ပြန်ဖြေတယ်တဲ့ .. ။
ဒါနဲ့ အဲဒီလူကြီးက ….`သြော်… မငိုပါနဲ့ကွ မင်းအိမ်ကို
ဦးဦးပြန်လိုက်ပို့ပေးမယ်..မင်းဖေဖေက ဘယ်သူတုန်း´-လို့လဲမေးလိုက်ရော
ကလေးလေးက ပြန်ဖြေရှာတယ် …
` သားဖေဖေကလဲ အဲဒါကိုပဲ မေးမေးပြီး မေမေ့ကို ရိုက်နေတာ´……တဲ့
==========
လက်ပူးလက်ကျပ် မမိစေနဲ့
သားငယ်သည် အမေဖြစ်သူအား ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက်
ဘေးတိုက်ကြည့်လိုက်နှင့်
အပြန်ပြန် အလှန်လှန် ကြည့်သည်။ကြာသော် အမေဖြစ်သူ
စိတ်မရှည်တော့သည်နှင့်
ဒေါသသံဖြင့် ပြောသည်။
“ဟဲ့ ကောင်လေး ဘာဖြစ်လို့ ငါ့ကို ဒီလောက်ကြည့်နေတာလဲ။´´
“ဖေဖေ ပြောတာမှန် မမှန်သိချင်လို့ပါ။မေမေ၊ ဖေဖေက အိမ်က အစေခံ
မကျော့ကိုပြောတယ်၊
`ငါတို့ နှစ်ယောက် နေတာထိုင်တာ သတိထားရမယ်၊ငါ့မိန်းမရဲ့
နောက်စေ့မှာလည်း
မျက်စိပါတယ်`တဲ့။´´
=============
ဖျားနေပါဦးမယ်
.အစ်ကိုဖြစ်သူက ညီဖြစ်သူကို ကွန်ပြူတာသင်ပေးရင်း စိတ်မရှည်တော့သဖြင့်
အော်၍…
“ဟေ့ကောင် Cancel လုပ်ဖို့ပြောနေတာ Cancel Cancel !!!!…”
ထိုစဉ် အိမ်ရှေ့ခန်းတွင် သတင်းစာဖတ်နေသော အဖေဖြစ်သူက…
“သားကြီးရေ ညီလေးကို အဲ့ဒီလောက်ထိ မခိုင်းပါနဲ့ကွာ မနေ့ကဘဲ မောင်ပုကို
ကန်ထဲကနွံတွေရော အကုန်ဆယ်ပြီး ဆေးခိုင်းလိုက်ပြီးပြီ။”
================
ကျန်းမာရေးအသိပညာ
ကွန်ပြူတာတက်နေသော ကျောင်းသားကို သူ့အမေကစိတ်ပူသော အသံဖြင့်…
“သားရေ ကွန်ပြူတာသုံးရင် နှာခေါင်းအုပ်လေးဘာလေး အုပ်ပြီးသုံးနော်
ကွန်ပြူတာပိုးတွေ သောင်းကျန်းနေတယ်ဆိုလားဘဲ အမေဈေးထဲကကြားခဲ့လို့။”
============
တူပဲတူနိုင်လွန်းတယ်
အမွှာလေးနှစ်ယောက်ကို ရေချိုးပေးပြီး အမေလှည့်ထွက်မယ်အပြုမှာ
ကလေးနှစ်ယောက်ဆီက ရီသံကို ကြားလိုက်တယ်။
အမေ “ဘာလို့ ရီတာလဲ”
အမွှာထဲကတစ်ယောက် “ကိုကို့ကို မေမေ ရေနှစ်ခါချိုးပေးပြီး သားကိုတော့
ချိုးမပေးဘူး”
=================
ဘာရမလဲ…အမေ့ကိုလည်းလျှော့မတွက်နဲ့
.ရွှာတစ်ရွာမှာ ဦးခန့်၊ ဒေါ်ချော နဲ့ သားမောင်လူလှတို့ ရှိသတဲ့။
ဦးလှဟာ တခြားကိစ္စတွေ မကြွားဝါတတ်ပေမဲ့ သူငယ်ငယ်က ဘယ်လိုစွံတာ၊
မိန်းကလေးတွေ သူ့ကိုဘယ်လိုကြိုက်ကြတာ၊ ဘယ်သူဘယ်ဝါနဲ့ ဘယ်လို
မလွတ်မကင်းဖြစ်ခဲ့တာတွေကို အရသာခံပြီး ကြွားလေ့ရှိလို့
သူ့မိန်းမဒေါ်ချောက
အမြင်ကပ်သတဲ့။
သူတို့ရဲ့သားလေး မောင်လူလှက လူပျိုအရွယ်ရောက်လာတော့
တောင်ဘက်ရွာကို
လူပျိုလှည့်သွားဖို့ အဖေကို ခွင့်တောင်းတယ်။
အဖေ။ ။ – ဟေ့ ငါ့သား တောင်ဘက်ရွာဆို အဖေနဲ့ကင်းတဲ့သူမရှိတော့
အကုန်လုံးက
မင့်နှမတွေဖြစ်တယ်ကွ … ငရဲတွေကြီးကုန်ပါ့မယ်ကွာ –
သား ။ ။ – ဒါဆို မြောက်ဘက်ရွာကို သွားမယ်အဖေ –
အဖေ ။ ။မြောက်ရွာလဲ အဖေနဲ့မလွတ်ဘူးငါ့သား … အိုကွာ .. ပြောရရင်
အရှေ့ရွာ အနောက်ရွာတွေအကုန်လုံး .. အဖေ့ကိုကြိုက်ခဲ့ကြတဲ့
မိန်းမတွေချည်းပဲဆိုတော့ … သူတို့ရဲ့ သမီးတွေက.. .. မင်းနဲ့ဆို
မောင်နှမတော်တယ်ကွ ..မိုးကြိုးပစ်ပါ့မယ် ငါ့သားရယ် –
… အဲဒီလိုကြားရတာတွေ နားကြားပြင်းကပ်လာတဲ့ ဒေါ်ချောက..သူ့သားကို
လှမ်းအော်ပြောလိုက်တာကတော့ …
– သွားသာသွား ငါ့သားရေ .. သားကြိုက်တဲ့ရွာကိုသာ လူပျိုလှည့် …
မင်းအဖေပြောတာနားထောင်မနေနဲ့ ..မင်းကို သူနဲ့ရပြီးမွေးခဲ့တာမဟုတ်ဘူး –
==================
လုပ်သင့်တာကတော့ လုပ်ရမှာပဲ
.တစ်ခါက လူသားစားတဲ့တောက လူရိုင်းသားအဖဟာ အိမ်မှာချက်ဖို့
အသားမရှိတော့တာနဲ့ မြီု့အစွန်နားအထိတက်လာကြတယ်။
တွေ့တဲ့သူကိုဖမ်းခေါ်လာပြီး ချက်စားဖို့ပေါ့။ ဒီလိုနဲ့
လူအရိပ်အခြေစောင့်နေတုန်း သူတို့နားကိုမိန်းမ ပိန်ပိန်တစ်ယောက်
ဖြတ်လာတယ်။
သားကမေးတယ်။
အဖေ ၊ အဲဒီမိန်းမကို ချက်စားရအောင် ဖမ်းသွားမလားဆိုတော့ အဖေက –
နေဦး ဒီမိန်းမက ပိန်လွန်းတယ်။ အရိုးကြီးပဲ။ စားလို့မကောင်းဘူး။
နောက်မိန်းမ၀၀တစ်ယောက်ဖြတ်လာတော့
့ သားကမေးတယ်။
အဖေ ၊ ဒီတစ်ယောက်က ၀၀တုတ်တုတ်ကြီး စားလို့ကောင်းမယ်။
ဖမ်းသွားရအောင်။
အဖေကလည်း – ဒီတစ်ယောက်က ၀လွန်းတယ်။ ငါတို့စားလို့ကုန်မှာမဟုတ်ဘူးတဲ့။
ဒီလိုနဲ့ စောင့်ကြည့်နေရင်း ကိုယ်လုံးကိုယ်ထည် လှလှပပ
မိန်းမတစ်ယောက်ဖြတ်လာတယ်။
သားကလည်း – အဖေ ၊ ဒီတစ်ယောက်ဆို အနေတော်ပဲ။ ပိန်လည်းမပိန်
ဝလည်းမ၀ဘူး။
ဖမ်းသွားရအောင် လို့မေးတယ်။
အဖေကလည်း – ဟုတ်တယ်၊ ဒီတစ်ယောက်ကအတော်ပဲ။ ဖမ်းသွားရအောင်။
အိမ်ရောက်ရင်
မင်းအမေကိုချက်စားကြတာပေါ့ သားရယ်။ တဲ့ …
==================
သားကိုသာ စာရင်းထဲက လျှော့လိုက်ပါတော့…
အထူးစည်းကမ်းတင်းကြပ်သည်ဟု နာမည်ကြီးသော လန်ဒန်မြို့ရှိ
ကျောင်းအိပ်ကျောင်းစားကျောင်း တစ်ခုသို့ တွမ်.. ဆိုသူ
ကျောင်းသားအသစ်တစ်ယောက်ရောက်ရှိလာသည်။
ဤကျောင်းသည် စည်းကမ်းကြီးလှကြောင်း မိဘများသို့ စာရေးလျှင်
မလိုအပ်သည်များကို
မရေးသင့်ကြောင်း ကျောင်းသားကြီးများက တွမ် ကိုသတိပေးသည်။
အချိန်အနည်းငယ်အကြာတွင် တွမ်.. ထံမှ ပထမဆုံးစာကို တွမ်၏ မိဘများ
လက်ခံရရှိကြသည်။
စာမှာတိုတိုလေးဖြစ်သည်။
“ဖေဖေ.. မေမေတို့ခင်ဗျား… ကျွန်တော်တို့၏ ကျောင်းတွင် ကျောင်းသားပေါင်း
၃၈၇ ယောက်ရှိပါသည်။
ကျောင်းသားဦးရေ ၃၈၆ ယောက်သာဖြစ်စေလိုသော ဆန္ဒ ကျွန်တော့်တွင်
ပြင်းပြလျက်ရှိပါသည်”
ချစ်တဲ့သား.. တွမ်”
==================
အဆင်ပြေသားပဲ
သို့ …………
အချစ်လေးရေ
ကိုယ်ဒီလ အသုံးများသွားလို့ ပိုက်ဆံမပို့ နိုင်တော့ဘူးကွာ
ဒါပေမယ့် မင်းအတွက် ကိုယ် အနမ်းပေါင်း ၁၀၀ ပို့လိုက်တယ်နော်။ကြည်.ပြီးတော့
သာသုံးပေတော့
အချစ်လေး
မင်းရဲ့
ကိုကို …………..
~ ~ ~ ~ ~ ~
နောက်ရက် အနည်းငယ် အကြာမှာတော့ သူ့မိန်းမ ဆီက စာပြန်လာပါတယ်
သို့ ………..
ယောက်ကျားရေ
ကိုကို့ရဲ့ အနမ်းပေါင်း ၁၀၀ အတွက်ကျေးဇူး
တင်ပါတယ်။လောက်လဲလောက်ငှပါတယ်။
ဒီလ အသုံးစရိတ် ကို ပြောပြမယ်နော်။
၁။ နွားနို့ ပို့သမား ကို တစ်လစာ နွားနို့ အတွက် အနမ်း (၂) ပွင့်
၂။ လျှပ်စစ် ဌာန က လူကို တစ်လစာ အနမ်း (၇) ပွင့်
၃။ အိမ်ပိုင်ရှင် ကတော့ အိမ်ငှားခ မယူ ပဲ တစ်နေ့ ကို အနမ်း ၂ ပွင့် ၃ ပွင့်
လာယူတယ်
၎။ super market က တော့ အနမ်းနဲ့တင်မရလို့ တစ်ခြားဟာပါ
ထပ်ပေးလိုက်ရတယ်။
၅။ တစ်ခြားအထွေထွေ က အနမ်း ပွင့် ၄၀
သူတို.အားလုံးကသဘောကောင်းကြပါတယ်။လိုလိုလားလားနဲ.အနမ်းတွေကိုယူ
ူသွားပါတယ်။
ဒါပေမယ့် မပူပါနဲ့နော် ချစ်မှာ အနမ်း ၃၅ ပွင့်ကျန်သေးတယ်။ ဒီလ တော့သုံးဖို.
ကောင်းကောင်းလောက်ပါတယ်။
နောက်လလည်း ဒါမျိုးလုပ် ရမှာပဲလားဟင်။
ကိုကို့ရဲ့
ချစ်လေး ………..
====================
သြော်….ဂလိုကိုး…..
အဖေက ကျွန်တော့်ကို နိုက်ကလပ်တွေ မသွားဖို့၊ မလုံတလုံ ၀တ်ထားတဲ့
ဖက်ရှင်ရှိုးတွေ သွားမကြည့်ဖို့ အမြဲပြောတယ်။ အဖေ့စကားနားမထောင်ဘဲ
အဲဒီလို နေရာမျိုးတွေ သွားရင် မမြင်သင့်တာတွေ မြင်တတ်တယ်လို့ အဖေ
က ပြောပါတယ်။ အဖေက မသွားနဲ့ ပြောမှ တခါမှ မရောက်ဖူးတဲ့ကျွန်တော်
သွားချင်လာမိတယ်။ တရက်မှာ အဖေမသိအောင် တိတ်တိတ်လေး လက်မှတ်
ဝယ်ပြီး ကျွန်တော်သွားခဲ့တယ်။ ၀င်ဝင်ချင်းပဲ မမြင်သင့်တာကို ကျွန်တော်မြင်
သွားတယ်။ ဘာမြင်ခဲ့လဲ သိလား…ကျွန်တော့် “အဖေ” ကိုလေ….
===================
စမ်းရဲစမ်းကြည့်လေ
သွားဆရာဝန်ဆီသို့ လူနာတစ်ဦး ရောက်လာလေသည်။
“ဆရာ ကျွန်တော်သွားနှုတ်ချင်လို့..ဒါပေမယ့် အရမ်းနာမှာကိုကြောက်တယ်ဗျ..´´
“ဟာ..ဒီအတွက်တော့ မပူနဲ့…ကျွန်တော့မှ ရဲဆေးရှိတယ်ဗျ…´´
ဟုဆိုကာ ၀ီစကီတစ်ခွက်တိုက်လိုက်လေသည်..
“ကဲ… ဘယ့်နဲ့လဲ.. ခင်ဗျားမှာ သတ္တိတွေရှိသွားပြီးမလား..´´
“ဟုတ်ကဲ့… ကျွန်တော်သတ္တိတွေရှိသွားပြီဗျ….
ကျွန်တော်သွားကို ထိရဲတဲ့ကောင် ထိကြည့်စမ်း..´´
===================
မကြောက်နဲ့နော်
စိတ်ရောဂါကုပါရဂူကြီးသည် လူနာအခြေအနေကြည့်ရှုစစ်ဆေးရန်
ဆေးရုံသို့ရောက်ရှိလာသည်။
ဆေးရုံအုပ်ကြီးရုံးခန်းသို့လျှောက်လာစဉ် လူထွားကြီးတစ်ဦးသည်
သူ့အား တောက်လျှောက် စိုက်ကြည့်နေလေသည်..
လူထွားကြီးအနားရောက်ခါနီးတွင် လူထွားကြီးမှာ သူ၏ဘေးရှိထိုင်ခုံအား
ကောက်ကိုင်ပြီး သူဆီသို့ ပြေးလာသည်..
ပါရဂူကြီးမှာလည်း ဘာမှစဉ်းစားမနေတော့ပဲ ပြေးနိုင်မှလွတ်နိုင်မည်ဟုဆြို ပီး
အသားကုန်သာလှိမ့်ပြေးလေတော့သည်..
ပြေးရင်းပြေးရင်းဖြင့် ပါရဂူကြီးသည်လမ်းမှားပြီး
အုတ်တံတိုင်ကြီးဆီသို့ ရောက်ရှိ၍လမ်းပိတ်သွားလေသည်
ပါရဂူကြီးလည်း မထူးတော့ပါဘူးကွာ..ဟုဆိုကာ
ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းငုံထားလိုက်လေသည်…
လူထွားကြီးမှာ ပါရဂူအနားသို့ရောက်လာပြီး ဤသို့ပြောလိုက်လေသည်.
” ထိုင်ပါခင်ဗျား…ကျွန်တော်က ဧည့်ကြိုပါ” .. တဲ့
====================
မလိုတစ်မျိုး လိုတစ်မျိုးပါကွာ…
စိတ်ရောဂါအထူးကုဆေးရုံကြီးတွင် ဖြစ်သည်။
ပါရဂူကြီးမှ လူနာ၏အခြေအနေများကို စစ်ဆေးရန်အတွက် မိတ်ဆုံစားပွဲတစ်ခု
ပြုလုပ်ပေးသည်။ စားပွဲတန်းကြီးတွင် လူနာအားလုံးစုထိုင်စေပြီး
ပန်းကန်အလွတ်နှင့်ဇွန်း ကိုယ်စီချထားပေးလေသည်..
ဆရာဝန်ကြီးမှ ” ကဲ..မင်းတို့အားလုံးကြက်သားဆန်ပြုတ်ကို
စားနိုင်ကြပြီး”ဟုအားလုံးကိုအမိန့်ပေးလိုက်လေသည်.
လူနာများမှာ ကိုယ်စီကိုယ်စီ ခေါင်းငုံလျက် ဘာမှမပါသည့် ပန်းကန်အား
အသားကုန် လွေးပါတော့သည်..
ဆရာဝန်ကြီးမှ တပည့်များကို စားကောင်းလားဟုလိုက်မေးရာ
သူတို့ကလည်း အရမ်းကိုကောင်းကြောင်း ပြောကြသည်။
တစ်နေရာအရောက်တွင် လူနာတစ်ဦးမှာ မစားဘဲပန်းကန်အား
ကြည့်နေလေသည်။
ဆရာဝန်ကြီး ဒီလူနာတော့ စိတ်ပုံမှန်ပြန်ဖြစ်သွားပြီဟုဆိုကာ
အနားသို့သွား၍ မေးလိုက်လေသည်.
” တပည့် ဘာဖြစ်လို့မစားတာလဲ ”
“ဟာဗျာ.. ဒီလောက်ပူနေတာကို ဘယ်လိုလုပ်ပြီးစားလို့ရမှာလဲ”
နောက်တစ်နေ့တွင် လူနာသုံးဦးကို အိမ်သာခွက်(၃)ခုတွင် တန်းစီစေပြီး
ငါးမျှားတံကိုင်ကာ
ငါးမျှားခိုင်းလေသည်.. ဆရာဝန်ကြီးမှာ လူနာ၏စိတ်အခြေအနေကို မေးလေသည်။
ဆရာဝန်.. ” တပည့်. ငါးရရဲ့လား ”
ပထမလူနာ…” အရူးရဲ့ တိုးတိုးပြော.. ဟိုမှာ ငါးပွက်နေပြီ..မမြင်ဘူးလား”
ဆရာဝန်…” တပည့်.. မင်းရော ငါးမျှားလို့ရလား..”
ဒုတိယလူနာ..” ဒီမှာ ဆွဲနေပြီ.. ဘေးဖယ် ငါးကကြီးတယ် “..
ဆရာဝန်…” တပည့်.. ငါးရရဲ့လား”
တတိယလူနာ..” ဟာခင်ဗျား ရူးနေလား… ဒီလိုနေရာမှာ ဘယ်လိုလုပ်ပြီး
ငါးရှိမှာလဲ ”
ဆရာဝန်ကြီးမှာ တတိယလူနာကို ပုံမှန်စိတ်ဖြစ်သွားပြီ ဖြစ်သဖြင့်..
ဆေးရုံက ပေးဆင်းလိုက်သည်။
သူ၏သူငယ်ချင်းနှစ်ယောက်မှာ ဘာကြောင့်ပေးဆင်းသည်ကိုသိချင်၍
သူငယ်ချင်း မင်းဘာကြောင့် ဒီကထွက်သွားရတာလဲကွာ
ဟိုလူငရူးပေါ့… ငါ့ကိုလာမေးတယ်.. ငါးရလားတဲ့..
ငါ့နေရာဒီလောက်အထိ ငါးပွက်တာ
ငါက အရူးမှမဟုတ်တာ…
ပြောပြလိုက်ရင် ဒီကောင် ငါ့နေရာကို လာမျှားမှာပေါ့ကွ…
အဲဒါမပြောရကောင်းမလားဆိုပြီးတော့ဒီကထွက်ခိုင်းတာနေမှာပေါ့ကွာ..
လို့ပြောလိုက်သတဲ့. ။ ။