ပုံပြင်လေးရဲ့သင်္ခန်းစာ


တစ်နေ့မှာ မူလတန်းအရွယ် ကောင်လေးနဲ့ ကောင်မလေးတို့ဟာ အတူတူ ပျော်ပျော်ရွှင်ရွှင် ပြေးလွှား ဆော့ကစားနေကြပါတယ်။ ကောင်မလေးဆီမှာတော့ သကြားလုံးလေးတွေ ပါလာပြီး ကောင်လေးဆီမှာတော့ ဂေါ်လီလုံးတွေ ရှိပါတယ်။ အဲဒီမှာ ကောင်လေးက ကောင်မလေးကို မင်းလက်ထဲမှာရှိတဲ့ သကြားလုံး အားလုံး ငါ့ကိုပေးမယ်ဆိုရင် ငါမှာရှိတဲ့ ဂေါ်လီလုံး အားလုံး အပြန်အလှန်အဖြစ် မင်းကို ငါပေးမယ်လို့ ပြောပါတယ်။ ကောင်မလေးကလဲ သဘောတူ လက်ခံလိုက်ပါတယ်။ ဒါပေမယ့် ကောင်လေးက အကြီးဆုံး အလှဆုံး ဆိုတဲ့ ဂေါ်လီလေးကို ကောင်မလေး မသိအောင် ဖွက်ထားပြီး ကျန်တဲ့ ဂေါ်လီအားလုံးကို ကောင်မလေးကို ပေးလိုက်ပါတယ်။ ကောင်မလေး ကတော့ ကနဦး သူတို့ သဘောတူ ကတိ ပြုထားခဲ့တဲ့အတိုင်းပဲ သကြားလုံး အားလုံးကို ကောင်လေးကို ပေးလိုက်ပါတယ်…

အဲဒီညမှာတော့ ကောင်မလေးဟာ ငြိမ်းငြိမ်းချမ်းချမ်း နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ခဲ့ပြီး ကောင်လေးကတော့ အိပ်လို့ မပျော်ခဲ့ပါဘူးတဲ့ သူ့စိတ်ထဲမှာ ကောင်မလေးဟာ သကြားလုံးကို အကုန်မပေးဘဲ ငါ့လိုပဲ အကောင်းဆုံး အကြီးဆုံး သကြားလုံးကိုများ ချန်ထားခဲ့လေမလား ရယ်လို့ တွေးနေမိပါတယ်တဲ့

ဒီပုံပြင်လေးက ပြောတဲ့ သင်ခန်းစာလေးကတော့ ဘယ်လို ပေါင်းသင်း ဆက်ဆံရေး မှာပဲဖြစ်ဖြစ် တကယ်လို့ သင်ဟာ ၁၀၀ရာခိုင်နှုန်း အပြည့်ပေးသူ မဟုတ်ခဲ့ဘူးဆိုရင် တစ်ဖက်လူက ၁၀၀ရာခိုင်နှုန်း အပြည့် ပြန်ပေးသော်လည်း မငြိမ်းချမ်းနိုင်တဲ့ သံသယ စိတ်တွေနဲ့ ပူလောင်နေတတ်ပါတယ်တဲ့။ ဒီသင်ခန်းစာလေးကို နမူနာယူပြီး လူမှုရေး နယ်ပယ်မှာရှိတဲ့ လူတိုင်း အတုယူ ကျင့်သုံးသင့်ပါတယ်။ ချစ်သူနှစ်ဦးကြားမှာ သော်လည်းကောင်း အလုပ်ရှင်နဲ့ အလုပ်သမားကြား အပြန်အလှန် ဆက်ဆံရေးကြားမှာ သော်လည်းကောင်း သူငယ်ချင်း အချင်းချင်း အစရှိတဲ့ ဆက်ဆံရေးတွေမှာ သော်လည်းကောင်း သင်တတ်စွမ်းနိုင်သမျှ ၁၀၀ ရာခိုင်နှုန်း အပြည့်သာပေးပြီး ငြိမ်းချမ်းစွာ
အိပ်စက်လိုက်ပါ။ သံသယတွေနဲ့ ပူလောင်နေခြင်းကနေ ကင်းဝေးမှု ရလာပါလိမ့်မယ်

ပြောချင်တဲ့စကားလေးတွေ