ပျော်ရွှင်ခြင်းဆိုတာ


Nine Nine Sanay @ နိုင်းနိုင်းစနေ

ပျော်ရွှင်ခြင်းဆိုတာ သင့်အိမ်ဘယ်လောက်ကြီးတာ မဟုတ်ဘူး၊
အိမ်ထဲက ရယ်မောသံ ဘယ်လောက်သာယာတယ်ဆိုတာပဲဖြစ်တယ်။

ပျော်ရွှင်ခြင်းဆိုတာ တန်ဖိုးကြီးကားတွေကို သင်စီးနိုင်လို့မဟုတ်ဘူး၊
အိမ်ဆီ သင်ချောချောမောမော မောင်းပြန်နိုင်တယ်ဆိုတာပဲဖြစ်တယ်။

ပျော်ရွှင်ခြင်းဆိုတာ သင့်ချစ်သူ ဘယ်လောက်ချောမောလှပတာမဟုတ်ဘူး၊
သူ့အပြုံး ဘယ်လောက်တောက်ပ စိတ်ချမ်းသာတယ်ဆိုတာပဲဖြစ်တယ်။

ပျော်ရွှင်ခြင်းဆိုတာ သင်အောင်မြင်ချိန် သင့်ဘေးမှာ စားကောင်းသောက်ဖော်တွေ ပေါများတာမဟုတ်ဘူး၊ သင်ရှုံးနိမ့်ချိန် “လဲကျမသွားနဲ့ သူငယ်ချင်း”လို့
ဖေးမသူရှိတာပဲဖြစ်တယ်။

ပျော်ရွှင်ခြင်းဆိုတာ နားဝင်ချိုသာတဲ့စကားတွေ သင်အများကြီး နားထောင်ရလို့မဟုတ်ဘူး၊ သင်နာကျင်ဝမ်းနည်းချိန်မှာ “နင့်ဘေးမှာ ငါရှိတယ်”လို့ ပြောသူရှိတာပဲဖြစ်တယ်။

ပြောချင်တဲ့စကားလေးတွေ