ခဲတံနဲ့ လူ့ဘဝ


ပညာရှိတွေက ခဲတံကို အချက်(၅)ချက်နဲ့ ဖွဲ့ဆိုတယ်။

(၁) လူတွေရဲ့ဆုပ်ကိုင်ခြင်းကို သင်ခံနိုင်ရည်ရှိမှ သင့်ရဲ့တာဝန်ကို သင်ပြီးမြောက်နိုင်မှာဖြစ်တယ်။

(၂) ချွန်မြအောင် အချွန်ခံရတဲ့နာကျင်ဒဏ်ကို သင်ခံနိုင်မှ သင့်အရည်အချင်းကို သင်ထုတ်ပြနိုင်မှာဖြစ်တယ်။

(၃) သင်တစ်သက်မှာ အမှားမလုပ်မိဘူးဆိုတာ မရှိဘူး။ အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ ခဲဖျက်ရဲ့အကူအညီကိုယူပါ။ ဒါမှ လှပတဲ့အရာတွေကို သင်အရာထင်ဖန်တီးနိုင်မှာဖြစ်တယ်။

(၄) ချောမွတ်တဲ့အရာပေါ်ရောက်လေ သင့်အားကို ပိုစိုက်ထုတ်ရလေပါ။ ဒါမှ သင့်ဘဝ အရာထင် ကျန်ရစ်နိုင်ခဲ့မှာဖြစ်တယ်။

(၅) သင့်ရဲ့အရေးပါဆုံးအရာဟာ သင့်အပြင်ပန်းသဏ္ဌာန်မဟုတ်ဘူး.. သင့်ရဲ့အတွင်း “အဆံ”ဆိုတာကို အမြဲမှတ်ထားပါ။

လူ့ဘဝဟာလည်း ခဲတံတစ်ချောင်းနဲ့တူပါတယ်။ အောင်မြင်တဲ့ဘဝတစ်ခုကို ပိုင်ဆိုင်ချင်ရင် အောက်ကအချက်(၅)ချက်ကို မှတ်သားရပါတယ်။

(၁) သူတစ်ပါးလက်အောက်မှာ အလုပ်လုပ်ဖို့ ခံနိုင်ရည်ရှိမှ သင့်စိတ်ကူးအိပ်မက်ကို သင်အကောင်အထည် ဖော်ဖြစ်နိုင်မှာဖြစ်တယ်။

(၂) ဘဝရဲ့အခက်အခဲ၊ ပြဿနာတွေကို ခါးစီးခံနိုင်မှ စိတ်ဓာတ်ကြံ့ခိုင်အား၊ လုပ်နိုင်အားစွမ်းရည်တွေက သင်ပိုင်ဆိုင်မှာဖြစ်တယ်။

(၃) သင့်ဘဝမှာ အမှားမလုပ်မိဘူးဆိုတာ မရှိနိုင်ဘူး။ အမှားလုပ်မိတဲ့အခါ ရိုးရိုးသားသား၊ ပွင့်ပွင့်လင်းလင်းနဲ့ တခြားသူရဲ့အကူအညီကို ယူပါ။ ဒါမှ လှပတဲ့ဘဝကို သင်ဖန်ဆင်းနိုင်မှာဖြစ်တယ်။

(၄) ဆင်းရဲဒုက္ခများတဲ့ ပတ်ဝန်းကျင်ရောက်လေ သင်အားစိုက်ထုတ် ကြိုးစားရလေပါ။ ဒါမှ သင့်ဘဝ အောင်မြင်မှုတွေ ရမှာဖြစ်တယ်။

(၅) သင့်ဘဝရဲ့ အရေးပါဆုံးအရာက သင့်ပြင်ပအရာဝတ္ထုတွေ မဟုတ်ဘူး.. သင့် အတွင်းစိတ်ဆိုတာကို မြဲမြဲမှတ်ထားပါ။

မူရင်း– http://www.rs66.com/a/1/86/qianbiyurensheng_78753.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု


ပတ်ဝန်းကျင်ရဲ့ သက်ရောက်မှု

ပုံပြင်လေးတစ်ပုဒ်က ဒီလိုဆိုပါတယ်။

တစ်ခါက ဘဲအုပ်စုနှစ်စုရှိသတဲ့။ အုပ်စုတစ်စုက ဥအရမ်းဥတတ်ပြီး နေ့တိုင်းဥလုံးကြီးတွေ ဥတယ်။ ကျန်တဲ့အုပ်စုက ဥ ဥရမှာအရမ်းပျင်းပြီး ၃,၄ရက်နေမှာ ဥသေးသေးလေးတစ်လုံး ဥတယ်။ ဒီဘဲအုပ်စုနှစ်စုဟာ သီးသန့်နေကြပြီး ဘယ်သူကမှ ဘယ်သူ့ကို မနှောက်ယှက်ကြဘူး။ ကိုယ်ပိုင် သီးသန့်ရေကန်၊ မြက်ခင်းတွေနဲ့ ကိုယ့်ဥကို ဥကြတယ်။

ဒီလိုနဲ့ နေ့တစ်နေ့မှာ ပျင်းတဲ့အုပ်စုထဲက ဘဲတစ်ကောင်ဟာ ဥ,ဥတတ်တဲ့ ဘဲအုပ်စုထဲ မျက်စိလည်ရောက်လာခဲ့တယ်။ ဒီအုပ်စုထဲမှာ ဘဲငပျင်းအတွက်မြင်မြင်သမျှ ထူးဆန်းလို့နေတယ်။ ဘဲတွေဟာ သူ့ထက်ငါအလုအယက် ဥ,ဥကြတယ်။ ဥ,ဥဖို့ကို စိတ်အားထက်သန်ကြတယ်။ သွက်လက်နိုးကြားကြတယ်။ ဥတွေကြီးနိုင်သမျှကြီးအောင် ကြိုးစားဥကြသလို ဥအမွှာလေးတောင် ဥလိုက်ချင်ကြတယ်။ ဘဲငပျင်းအတွက် ဒါဟာအထူးအဆန်းဖြစ်လို့ နောက်ဆုံးမှာ ဒီအုပ်စုထဲ သူနေခဲ့ဖို့ ဆုံးဖြတ်လိုက်ပြီး တခြားဘဲတွေလို နေ့တိုင်းဥ,ဥဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ တစ်လအကြာမှာ သူလုပ်နိုင်ခဲ့ပါတယ်။ နေ့တိုင်း ဥလုံးကြီးတွေကို သူဥနိုင်ခဲ့တယ်။

နှစ်လရက်တွေ အလီလီပြောင်းခဲ့တယ်။ အလုပ်ကြိုးစားတဲ့ဘဲအုပ်စုနဲ့ ပျင်းတဲ့ဘဲအုပ်စုရဲ့ဘဝက မပြောင်းခဲ့ဘူး။ ဒီလိုနဲ့ တစ်နေ့မှာ အလုပ်ကြိုးစားတဲ့ဘဲအုပ်စုထဲက ဘဲတစ်ကောင်ဟာ လမ်းမှားပြီး ဘဲငပျင်းအုပ်စုနား ရောက်သွားခဲ့တယ်။ ဒီအုပ်စုရဲ့ဘဝဟာ ဘာတိုးတက်မှုမှမရှိခဲ့ဘူး။ အစာတွေ သွားမရှာချင်ခဲ့ဘူး။ ဥ,ဥဖို့ကိုလည်း သူတို့စိတ်မဝင်စားကြဘူး။ အစားကောင်းမစားရရင် ဒါမှမဟုတ် အစာရှာမရရင် သူတို့ဟာ ဥ မဥကြဘူး။ ပျင်းပျင်းရိရိနဲ့ ဥ,ဥချင်တဲ့အခါမှ ဥပြီး မဥချင်တဲ့အခါ ၃,၄ရက်နေတာတောင် တစ်လုံးမဥကြဘူး။ ဒါကြောင့် ဒီအုပ်စုရဲ့ ဥ,ဥနှုန်းက အရမ်းကျဆင်းခဲ့တယ်။ ဥ,ဥတတ်တဲ့ဘဲက ဒါတွေကိုကြည့်ပြီး အရမ်းတုန်လှုပ်သွားခဲ့တယ်။ ဒါပေမဲ့ သူ့အုပ်စုထဲ သူချက်ချင်းမပြန်နိုင်ခဲ့တော့ ဒီဘဲငပျင်းအုပ်စုထဲမှာပဲ ခဏတာနေဖို့ ဆုံးဖြတ်လိုက်တယ်။ ဘဲငပျင်းတွေနဲ့ နေရင်းနေရင်း အချိန်ကြာလာတာနဲ့အမျှ သူ့ရဲ့အကျင့်ဟာလည်း တဖြေးဖြေးပြောင်းလဲလာခဲ့တော့တယ်။ တစ်လအကြာမှာ နေ့တိုင်း ဥတစ်လုံးကျ ဥတတ်တဲ့သူဟာ နေ့တိုင်းဥမဥတတ်ခဲ့တော့ဘူး။

လူတွေလည်း ဒီလိုပါပဲ။ ဒါပေမဲ့ ပတ်ဝန်းကျင်က လူတစ်ယောက်ရဲ့အကျိုးဖြစ်ထွန်းမှုကို ပြောင်းလဲနိုင်ပါတယ်။ တကယ်လို့ နှိုးကြားတက်ကြွတဲ့အုပ်စုထဲ သူနေရင် သူ့ဘေးပတ်ဝန်းကျင်ကလူတွေရဲ့ ကူးစက်မှုကြောင့် သူဟာ ကြိုးစားတက်ကြွစိတ်တွေ ဝင်လာတယ်။ ကိုယ့်အကောင်းဆုံးကို သူလုပ်လာနိုင်တယ်။ အောင်မြင်သူ ဒါမှမဟုတ် ဦးဆောင်သူ ဒါမှမဟုတ် ကိုယ်ပိုင်လုပ်ငန်းတွေကို သူတည်ထောင်လာနိုင်ပါတယ်။ တကယ်လို့ ပျင်းရိတဲ့အုပ်စုထဲ ရောက်သွားရင်တော့ တော်ထက်တဲ့လူတစ်ယောက်ကိုတောင် လူပျင်းတစ်ယောက် ဖြစ်သွားစေနိုင်ပါတယ်။ တကယ်လို့ ဒီအုပ်စုကို သူ မပြောင်းလဲနိုင်ရင် အုပ်စုနောက် သူလိုက်ပြောင်းသွားပါတယ်။ လူဆိုတာ ပျင်းရိတတ်တဲ့အမျိုးပါ။ ကိုယ့်ဘေးပတ်ဝန်းကျင်က တိုးတက်လိုစိတ်မရှိဘူး၊ အပျော်အပါးထဲမှာပဲ နစ်နေမယ်၊ အလုပ်လုပ်ရာမှာလည်း ပြီးရင်ပြီးရော သဘောထားမယ်။ ဘာစီမံကိန်းမှ မရှိဘူး။ အကောင်အထည်မရှိဘူး။ ဖွဲ့စည်းမှုတွေကလည်း လျော့ရဲနေတယ်ဆိုရင် ဒီလိုဝန်းကျင်ရဲ့ကူးစက်မှုအောက်မှာ အလုပ်ကြိုးစားတဲ့လူတစ်ယောက်ဟာလည်း ကြာလာတော့ သာမန်နဲ့ပဲ ပြီးသွားနိုင်ပါတယ်။

တကယ်လို့ လူတစ်ယောက်ဟာ ကိုယ်တိုင်တိုးတက်လိုစိတ်လဲ မရှိဘူးဆိုရင် ပတ်ဝန်းကျင်ကြောင့် အထူးသဖြင့် ပျင်းရိတဲ့ပတ်ဝန်းကျင်ရဲ့ကူးစက်ခြင်းကို အလွယ်တကူခံရတတ်ပါတယ်။ ကိုယ်တိုင်လည်းပြောင်းလဲဖို့ မကြိုးစားတော့ဘဲ ရေလိုက်ငါးလိုက်ပဲ နေလိုက်တတ်ကြတယ်။

လူတွေက ပတ်ဝန်းကျင်ကို မပြောင်းလဲနိုင်ဘူး။ ဒါပေမဲ့ ပတ်ဝန်းကျင်က လူကိုပြောင်းလဲနိုင်တယ်။ ပတ်ဝန်းကျင်ကို ကိုယ်မပြောင်းလဲနိုင်တဲ့အခါ ကိုယ်ကိုယ်တိုင် ပြောင်းလဲကြရတယ်။ လူတွေမှာ အဆုံးအစမဲ့ လုပ်နိုင်စွမ်းတွေရှိပါတယ်။ ကြိုးစားတိုးတက်လိုစိတ်ရှိသူတွေက တက်တက်ကြွကြွနဲ့ ကိုယ့်ဘေးပတ်လည်က ပတ်ဝန်းကျင်ကို အသုံးပြုပြီး အကျိုးဖြစ်ထွန်းစေမယ့် ကိုယ့်စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ကြတယ်။ ကိုယ့်လုပ်နိုင်စွမ်းကို တူးဆွကြတယ်။ တင့်သင့်တဲ့အခွင့်အရေးကြားမှာ လုပ်နိုင်စွမ်းကို တကယ့်ခွန်အားအဖြစ် ပြောင်းလဲကြတယ်။ တကယ်လို့ လူတစ်ယောက်ဟာ အလုပ်တစ်ခုမှာ သာမန်အဆင့်လောက်ပဲရှိတယ်။ အခြေအနေ တိုးတက်မှုမရှိဘူးဆိုရင် သူ့ကိုတခြားအလုပ်အတွက် အခွင့်အရေးတစ်ခု ပေးလိုက်ကြည့်ပါ။ အဲဒီအလုပ်မှာ သူ့ရဲ့လုပ်နိုင်စွမ်းတွေ တွေ့ကောင်းတွေ့နိုင်ပြီး အရင်ကထက် ပိုကောင်းမွန်အောင်၊ ပိုတိုးတက်အောင် သူလုပ်ဆောင်ကောင်း လုပ်ဆောင်နိုင်ပါလိမ့်မယ်။

လူတိုင်းရဲ့ လုပ်နိုင်စွမ်းက အဆုံးအစမဲ့ပါတယ်။ တူးဆွနိုင်ဖို့ပဲ လိုပါတယ်။

မူရင်း– http://www.rs66.com/a/1/87/huanjingduirendeyingxiang_78803.html

နိုင်းနိုင်းစနေ ဘာသာပြန်သည်။

ငယ်ငယ်ကပေါ့


အနော်ကရေချိုးပြီး သန့်သန့်လေးနေတာနော်……..
သူငယ်ချင်းနဲပျော်ပျော်နေတယ်……..
ပျော်စရာသူငယ်ချင်းများစွာနဲ………
ဒီလိုလေးခြင်းထဲတည့်ထားခြင်တယ်…..

မင်းအတွက်……….ပန်းပွင့်လေးကိုယ်ဈေးက၀ယ်ထားတယ်………..

ငယ်ကတည်းကချစ်ခဲရတာပါ ကွယ်……….
ပျော်ပျော်နေသေခဲ………………
အေးဆေးသီချင်းနားတောင်နေတောမယ်…….ဇိမ်ပဲ

ထူးဆန်းသောနည်းများဖြင့် သေဆုံးသူများ


– ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ရုပ်တူပန်းချီကိုကြည့်ပြီး တအားရယ်မောရာကနေ သွေးကြောပြတ်သေသွားပါတယ်။

– ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။

– ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ ဖျားပြီးသေပါတယ်။

– အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီးသေဆုံးပါတယ်။

– ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီဝါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး ၀ံ့ကြွားစွာပြန်လာပါတယ်။ ရွံ့နွံတစ်ခုရောက်တဲ့အခါ ၀တ်ထားတဲ့သံချပ်ကာအကျီ င်္ရဲ့အလေးချိန်ကြောင့် မြင်းရောလူရော မြုပ်ပြီးသေပါတယ်။

– ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။

– စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့တဲ့ ခေါင်းဖြတ်စက်နဲ့ သူကိုယ်တိုင်အသတ်ခံရပါတယ်။

– ဗြိတိသျှစာရေးဆရာ ဖရန့်ဆစ်ဘေကွန်ဟာ ဆီးနှင်းက အသေကောင်တစ်ခုကို မပုပ်ပွအောင်တားဆီးနိုင်စွမ်းရှိမရှိဆိုတာကို စမ်းသပ်တဲ့အနေနဲ့ ကြက်တစ်ကောင်ကိုသတ်ပြီး ဗိုက်ကိုခွဲလို့ နှင်းခဲတွေဖြည့်လိုက်ပါတယ်။

အဲဒီလိုလုပ်နေရင်းနဲ့ပဲ သူ အအေးပတ်ပြီးသေသွားပါတယ်။

– ဗြိတိသျှစာရေးဆရာ သောမတ်မေဆိုသူဟာ အသက်ကြီးပြီး တဖြည်းဖြည်းဝလာတဲ့အတွက် မေးစေ့ကို အ၀တ်နဲ့ပတ်ပြီး ဦးခေါင်းကသိုင်းထားရပါတယ်။ အဲဒီသိုင်းထားတဲ့ အ၀တ်ကြောင့် အသက်ရှုကြပ်ပြီးသေပါတယ်။

– ဗြိတိသျှစာရေးဆရာ သောမတ်အုတ်ဝေး ဆိုတဲ့လူဟာ ၁၆၈၅ ခုနှစ်မှာ အလွန်ဆင်းရဲသွားပါတယ်။ အစာမရှိဘဲ ရက်ပေါင်းများစွာနေခဲ့ရတဲ့အတွက် သူတပါးထံက လက်ဖြန့်တောင်းရာက ငွေတစ်ဂီနီရပါတယ်။ ပေါင်မုန့်တစ်လုံးဝယ်စားပါတယ်။

တစ်လုတ်တည်းနဲ့ နင်ပြီး သေသွားပါတယ်။

– ပြင်သစ်စာရေးဆရာ ဂျီရပ်ဒီနာ့ဗယ့် ဟာ ၁၈၅၅ ခုနှစ်မှာ လမ်းဘေးမီးတိုင်တစ်တိုင်မှာ ဂါဝန်တစ်ထည်နဲ့ ကြိုးဆွဲချသေသွားပါတယ်။

– ၁၈၈၄ ခုနှစ်မှာ အမေရိကန်စုံထောက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အယ်လင်မင်ကာတင်ဟာ ကိုယ့်လျှာကိုယ်ကိုက်မိရာကနေ အနာရှိန်တက်ပြီး သေဆုံးသွားပါတယ်။

– ဗြိတိသျှစာရေးဆရာ မြို့စားကြီး ဟယ်ရီစတင်းဘော့ဟာ ၁၉၀၅ မှာ မိတ်ဆွေတစ်ယောက်ကို အရက်မူးပြီး မီးထိုးတဲ့သံချောင်းနဲ့ ရိုက်နှက်မယ်ပြုရင်းပဲ မီးပုံထဲလဲကျသေပါတယ်။

– ဗြိတိသျှစာရေးဆရာ အားနောကင်းနက်ဟာ ပြင်သစ်ကသောက်ရေဟာ စိတ်ချရပါတယ်လို့ ဟောပြောပြီး ရေကို လက်တွေ့သောက်ပြပါတယ်။ အဲဒီရေကနေ တွိုက်ဖိုက်ရောဂါရပြီး သူသေသွားပါတယ်။

– ဗြိတိသျှကဗျာဆရာ လိုယိုနယ်ဂျွန်ဆင်ဟာ ၁၉၀၂ မှာ အရက်ဆိုင်ကုလားထိုင်ပေါ်က လိမ့်ကျပြီး သေသွားပါတယ်။

– ရုရှားဘာသာရေးဆရာကြီး ရပ်စပြူတင်ကို ၁၉၁၆ ခုနှစ်မှာ အဆိတ်ခတ်ထားတဲ့ကိတ်မုန့်၊ ၀ိုင်အရက်တွေနဲ့ လုပ်ကြံပေမယ့်မသေပါဘူး။ သေနတ်နဲ့ နှစ်ကြိမ်တိတိ ပစ်ခတ်လုပ်ကြံပေမယ့်လည်း မသေပါဘူး။ နောက်ဆုံး ကြိုးတုပ်ပြီး မြစ်ထဲတွန်းချလိုက်တော့မှ သေပါတယ်။

– အမေရိကန်မှာနေတဲ့ နပိုလီယန်ရဲ့အနွယ်တော် ဂျာရိုဗီနပိုလီယန်ဟာ သူ့ဇနီးမွေးထားတဲ့ ခွေးက ကိုက်လို့သေသွားပါတယ်။

– အမေရိကန်က ကောလိပ်တော်အရာရှိ လန်ဂလီတော်လီယားဟာ သူ့ရဲ့ အိမ်ထဲကို သူခိုးဝင်ရင် ဖမ်းမိအောင်လို့ ထောင်ချောက်ဆင်ထားပါတယ်။ ၁၉၄၇ မှာ သူ့ထောင်ချောက်ကို သူပြန်မိသွားပြီး အပ်ချုပ်စက်နဲ့ စာအုပ်တွေ ခေါင်းပေါ်ပြုတ်ကျသေပါတယ်။

– ဂရိဘုရင် အလက်ဇန်းဒါးနောက်တစ်ယောက်ဟာ သူမွေးထားတဲ့ မျောက်က သူ့ပြန်ကိုက်လိုက်လို့ သွားဆိပ်တက်ပြီး သေသွားပါတယ်။

ကိုးကား – ကမ္ဘာ့မှတ်တမ်းဝင် ဖြစ်၇ပ်ဆန်းများ ( ဆရာဝန် တင်ရွှေ )

Elite-Tech မှ ၁ နှစ် အရစ်ကျ ပေးချေ စနစ်ဖြင့် ကျပ် ၅ သိန်းတန် GSM ဖုန်းများ ရောင်းချပေးမည်


: Elite-Tech မှ ၁ နှစ် အရစ်ကျ ပေးချေ စနစ်ဖြင့် ကျပ် ၅ သိန်းတန် GSM ဖုန်းများ ရောင်းချပေးမည်
Updated : 6 Dec, 2011
<!–Tags : music, celebrity, entertainment –>

Elite-Tech IT Service Co.Ltd အနေနဲ့ AGD Banks နဲ့ ပူးပေါင်းပြီး ကျပ် ၅ သိန်းတန် GSM ဖုန်းတွေကို ၁၂လတာ အရစ်ကျ ပေးချေမှု စနစ်နဲ့ ရောင်းချပေးဖို့ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလို ရောင်းချ ပေးမှု ကိုတော့ ဒီဇင်ဘာလ ၅ ရက်နေ့မှ စတင်ကာ ရောင်းချပေးမှာ ဖြစ်ပါတယ်။

အရစ်ကျ ပေးချေရာမှာတော့ ၅ သိန်းတန် GSM ကို ၀ယ်ယူလိုတဲ့ သူဟာ ပထမဆုံး အနေနဲ့ လိုင်းကဒ် တန်ဖိုး ၂၀ ရာခိုင်နှုန်းနဲ့ ဘဏ် ရဲ့ဝန်ဆောင်မှု အတိုးနှုန်း ဖြစ်တဲ့ ၈ ရာခိုင်နှုန်းနဲ့ စုစုပေါင်း ကျပ် တစ်သိန်းလေးသောင်းကို အရင် ပေးချေရမှာ ဖြစ်ပါတယ်။ နောက်ပိုင်း ၁၂ လမှာတော့ ၁လလျှင် သုံးသောင်းသုံးထောင့်ငါးရာ ကျပ်နှုန်းနဲ့ အရစ်ကျ ပေးချေရမှာ ဖြစ်ပြီး နောက်ဆုံး ၁လကို သုံးသောင်း တစ်ထောင့်ငါးရာကျပ် နှုန်းသာ ပေးချေရမှာ ဖြစ်ပါတယ်။

ဒီလို အရစ်ကျ စနစ်နဲ့ ၀ယ်ယူရာမှာ ဖုန်းလိုင်းကို ပထမဆုံးေ ပးချေတဲ့ ကျပ် တစ်သိန်း လေးသောင်း ပေးချေပြီးတာနဲ့ ချထားပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို အရစ်ကျ စနစ်နဲ့ ၀ယ်ယူလိုသူတွေ အနေနဲ့ AGD Banks မှာ Bank Account  ရှိရမှာ ဖြစ်ပြီး အာမခံပေးမယ့် သူဟာလည်းေ ငွ လေးသိန်း ရှိတဲ့ ဘဏ်အကောင့် ရှိရမှာ ဖြစ်တယ်လို့ သိရပါတယ်။

 ဒါပေမယ့် ကုမ္ပဏီမှ ၀န်ထမ်းများ ၀ယ်ယူလိုပါက ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးရဲ့ အာမခံချက် ပါရမှာ ဖြစ်ပြီး အာမခံသူရဲ့ Banks Account မလိုဘဲ ၀ယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Elite-Tech IT Service Co.Ltd အနေနဲ့ ယခုလို စီစဉ်ပေးရာမှာ အရစ်ကျ စနစ်နဲ့ ဖုန်းများ ရောင်းချပေးမှုကို ကုမ္ပဏီ ၀န်ထမ်းများ အစု အတွက် အဓိက ရောင်းချ ပေးနိုင်ဖို့ စီစဉ် ပြုလုပ်ပေးခြင်း ဖြစ်တယ်လို့လည်း သိရပါတယ်။

လောကကြီးကကြောက်စရာကောင်းပါသည်


လောကကြီးကကြောက်စရာကောင်းပါသည်

by Hnin Thazin Aung on Sunday, November 6, 2011 at 9:06pm

တရုတ်ပြည်၊ Si chuan (စီချွမ်)ပြည်နယ်မှာဖြစ်ပွားခဲ့တာပါ။ မူးနေတဲ့ တက္ကသိုလ်ကျောင်းသူမိန်းကလေးတစ်ယောက်က ကပွဲမှာယောကျာင်္းလေးတစ်ယောက်နဲ့တွေ့ခဲ့ရကာနေ ဟိုတယ်ကိုသွားဖို့သဘောတူကာလိုက်သွားခဲ့ပါတယ်။ ဟိုတယ်ရောက်တော့လဲ အရက်ထပ်သောက်ခဲ့ပြီး အိပ်ပျော်သွားခဲ့တယ်။ နှိုးလာတဲ့အချိန်မှာတော့ သူမဟာရေခဲတွေအပြည့်ထည့်ထားတဲ့ကန်ထဲကိုရောက်နေခဲ့တယ်။ “ နံပတ်၁၂၀ ကိုဖုန်းဆက်ပါ၊ မဟုတ်ရင်နင်သေလိမ့်မယ်” လို့ရေးထားတဲ့စာတစ်စောင်ကို ကန်ရဲ့ဘေးနားမှာတွေ့ခဲ့တယ်။ သူမရဲ့ဖုန်းကိုလဲ အဲ့စာရဲ့ဘေးနားမှာပဲတွေ့ခဲ့တယ်။ ဒါနဲ့သူမကဖုန်းဆက်ပီးအခုအဖြစ်အပျက်ကိုပြောပြတော့ ဆရာဝန်က သူမရဲ့နောက်ကျောဘက်ကိုစစ်ဆေးကြည့်ဖို့ အကြံပေးခဲ့တယ်။ စစ်ဆေးကြည့်တဲ့အခါကျတော့ နောက်ကျောဘက်အောက်ဘက်နားလောက်မှာ ၉လက်မရှည်တဲ့ဒါဏ်ရာအပေါက်၂ခုကိုတွေ့ခဲ့တယ်။ ဆရာဝန်က သူမကိုချက်ချင်းပဲ ရေခဲကန်ထဲကိုပြန်သွားပြီး မလှုပ်ရှားပဲနေဖို့ပြောလိုက်ပြီး၊ ကယ်ဆယ်ရေးအဖွဲ့ကိုလွှတ်ပေးခဲ့တယ်။ တကယ်တော့ သူမက ကျောက်ကပ်အခိုးခံလိုက်ရတာပါ။ ဒါဏ်ရာအပေါက်၂ခုကတော့ ကျောက်ကပ်ထုတ်ယူတုန်းက ဖြစ်ခဲ့တဲ့ဒါဏ်ရာပါ။ မှောင်ခိုဈေး(တရားမ၀င်ဈေး) မှာ ကျောက်ကပ်တစ်လုံးဟာ ယွမ်၃သိန်းတန်ပါတယ်

မှု့ခင်းဆရာဝန်ပြောပြချက်အရ၊ ကျောက်ကပ်အခိုးခံရတဲ့ မိန်းကလေးသောက်ခဲ့တဲ့ အရက်ထဲမှာ မူးယစ်ဆေးတင်မကပဲ ထုံဆေးတစ်မျိုးပါ ပါဝင်နေပါတယ်လို့ဆိုပါတယ်။ ပြီးတော့ ရေခဲဟာလဲအသားကိုထုံကျင်စေထားတဲ့အတွက် အခိုးခံရတဲ့သူဟာ ကျောက်ကပ်အခိုးခံနေရစဉ်မှာ နာကျင်မှု့မခံစားရတာပဲဖြစ်ပါတယ်။ ကျောက်ကပ်အခိုးခံရတဲ့မိန်းကလေးကတော့ ဆေးရုံပေါ်မှာပဲကျောက်ကပ်အလှူရှင်ကိုစောင့်ရင်း ကွယ်လွန်သွားခဲ့ပါတယ်။ ဒီလိုမျိုးကျောက်ကပ်ခိုးယူမှု့ဟာ ခုမှပေါ်လာတဲ့ပြစ်မှု့ကျူးလွန်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ လူငယ်တွေ၊ ခရီးသွားတွေ၊ ကျောင်းသူကျောင်းသားတွေဟာ အဓိကပစ်မှတ်ဖြစ်နိုင်ပါတယ်လို့ ရဲတွေကသတိပေးထားပါတယ်။ ပြီးတော့ ဒီလိုမျိုး အမှု့အခင်းတွေဟာ မြို့ကြီးများမှာပိုဖြစ်လေ့ရှိပါတယ်လို့လဲ ရဲတွေကသတိပေးထားပါတယ်။

 

 

 

Share