(မိုးယုစံ)


မိုးယုစံ

မိုးယုစံ

Q. ယခုတစ်ပတ် 8 DAYS Corver အတွက် ဓာတ်ပုံရိုက်ရင်းနဲ့ ကျွန်တော် သတိထားမိတာက မိုးယုမျက်လုံးတစ်ဖက် အရမ်း ရောင်နေသလိုပဲနော်။ ဘယ်လိုဖြစ်တာလဲ။
A. အခု မိုးယုရဲ့ မျက်လုံးမှာ မျက်ကြည်လွှာ ရောင်နေလို့ပါ။ ထိခိုက်ဒဏ်ရာရတာတော့ မဟုတ်ဘူး။ မိုးယုက အစကတည်းက မျက်လုံးအားနည်းတယ်လေ။ အမြဲ မျက်ကပ်မှန်တပ်တယ်။ မျက်ကပ်မှန်ကြောင့်လားတော့ မသိဘူး။ မျက်လုံးရောင်ပြီး နီလာတာ။ အမြဲတမ်းလည်း ဖြစ်တယ်။ တစ်ခါတလေလည်း နီတယ်။ တစ်ခါတလေလည်း ပျောက်သွားတတ်တယ်။ အခုဖြစ်တာကျတော့ မျက်လုံးက နီပြီး မျက်ကြည်လွှာမှာ အဖုလိုဖြစ်လာတာပါ။

Q. မျက်စိအထူးကု ဆရာဝန်နဲ့ ပြကြည့်တော့ရော ဘာထူးခြားချက်ရှိလဲ မိုးယု..။
A. ဆရာဝန်တွေနဲ့ ပြဖြစ်တယ်။ ဆရာဝန်ကတော့ မျက်ကြည်လွှာရောင်တာတဲ့။ အဲဒီတော့ ဆေးထည့်ဖို့ မျက်စဉ်းဆေးပဲ ပေးထားတယ်။

Q. အလန်းဇယား ၂ ဇာတ်ကားအတွက် တော်တော် ပင်ပန်းခဲ့မှာပဲနော်။
A. ဖူးခက် ကမ်းခြေမှာ အလန်းဇယား ၂ ဇာတ်ကား သွားရိုက်တာ အောက်တိုဘာလ ၁၈ရက်နေ့က ပြန်ရောက်တယ်။ ဟိုမှာ ၁၈ ရက်လောက်ကြာခဲ့တယ်။ ဟိုမှာ သိပ်ပြီးအခက်အခဲ ကြုံတွေ့ရတာမျိုးတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ စီစဉ်ထားတဲ့ သူတွေရှိတော့လေ။ ရိုက်တဲ့အခါမှာ အေးအေးဆေးဆေး ရှိပေမယ့် Outdoor ထွက်တဲ့အခါမှာ ပင်ပန်းမှုတော့ ရှိတာပေါ့။ အဖွဲ့နဲ့ဆိုတော့ မြန်မြန်ဆန်ဆန် လုပ်ခဲ့ရတာလေ။ အဝတ်အစား လဲတဲ့အခါမှာ အခက်အခဲ အနည်းအပါးလောက်ပဲ ရှိတာပါ။

Q. အခုလို ဇာတ်ကားတွေ စိပ်နေတော့ အနုပညာ အားထုတ်မှုတွေ လျော့လာသေးလား။
A. မိုးယုက ဇာတ်ကားရိုက်လို့ပြီးတဲ့အခါ အိမ်မှာ အခွေ ကြည့်ဖြစ်တယ်။ အဓိကကတော့ ရိုက်ကွင်းရောက်မှပဲ ကိုယ့်စိတ်မှာ ဖြစ်တဲ့အတိုင်း ကိုယ်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကို စိတ်သွင်းပြီး ဒါရိုက်တာ သင်ပြတဲ့အတိုင်း တတ်နိုင်သလောက် သရုပ်ဆောင်ဖြစ်ပါတယ်။

Q. ဒါနဲ့ မိုးယု သရုပ်ဆောင်တဲ့အခါ၊ အပြင်မှာ စကားပြောတဲ့အခါကျရင် အသံတိမ်တာ ဘာကြောင့်လဲ။ အဆုတ်များ အားနည်းလို့လား။
A. (ရယ်လျက်) မိုးယုက အသံတိမ်တာ မဟုတ်ပါဘူး။ အသံကို တိုးတိုးပြောတတ်လို့ပါ။ စတိုင်လ်ရယ်တော့ မဟုတ်ပါဘူး။ အဆုတ် အားနည်းတာမျိုးလည်း မရှိပါဘူး။

Q. မိုးယု မျက်နာက Sexy မဖြစ်ဘဲ sweet ဖြစ်တဲ့အပေါ် ဂုဏ်ယူမိတာမျိုး ရှိလား။
A. တကယ်တမ်းကျတော့ Sexy ကျတယ်ဆိုတာ ကြည့်ကောင်းတယ်ပေါ့နော်။ အခုလိုမိုးယုက sweet ဖြစ်တယ်လို့ ပြောလာတဲ့အတွက် သဘောကျပါတယ်။ မိုးယုက ပူလောင်တဲ့ အလှတရားကိုတော့ သဘောမကျဘူး။

Q. ကိုယ့်မျက်နာ အစိတ်အပိုင်းမှာ မလှဘူးလို့ ထင်တဲ့နေရာကို ပြုပြင်ချင်တာမျိုးရော ရှိလား။
A. ဘယ်အရာပဲဖြစ်ဖြစ် သဘာဝအတိုင်းပဲ ကောင်းပါတယ်။ လူတွေ အကုန်လုံးသာ ခွဲစိတ်ပြုပြင်မယ်ဆိုရင် ပုံစံတူတွေ ဖြစ်ကုန်မယ်လေ။ သဘာဝက ပေးထားတဲ့အတိုင်းမှာ ကောင်းတာရှိသလို မကောင်းတာလည်း ရှိမှာပဲလေ။ ကောင်းတာပဲဖြစ်ဖြစ် မကောင်းတာပဲဖြစ်ဖြစ် ကိုယ့် ရုပ်ရည်က သဘာဝ ပေးထားတဲ့အတိုင်းပဲ ကောင်းပါတယ်။

Q. အပျော်မေးခွန်းလေး နှစ်ခုလောက် မေးချင်တယ်။ တကယ်လို့များ နာဆာအဖွဲ့က မိုးယုကို လကမ္ဘာထဲသွားဖို့ ဖိတ်ခေါ်ခဲ့ရင် လိုက်မှာလား။
A. လကမ္ဘာပေါ်ကိုတော့ မလိုက်ချင်ဘူး (ရယ်လျက်)။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ်က လူဖြစ်တဲ့အတွက် လူ့ပြည်မှာပဲ နေချင်တယ်။ လကမ္ဘာပေါ်ကိုတော့ မသွားချင်ဘူး။

Q. နောက်တစ်ခုက အရက်စွဲနေတဲ့ ကောင်လေးတစ်ယောက်က မိုးယုစံသာ အရက်ဖြတ်ခိုင်းရင်ဖြတ်မယ်လို့ ပြောလာခဲ့ရင် မိုးယုစံဘယ်လို ဆောင်ရွက်ပေးမှာလဲ။
A. ဒါကတော့ မကောင်းမှုကို တားမြစ်တဲ့ အရာတစ်ခုဆိုတော့ မိုးယုဘက်ကလည်း အတတ်နိုင်ဆုံးသူ့ကို မကောင်းတဲ့အရာကို မပြုလုပ်ဖို့ ပြောပြမယ်။ နားဝင်အောင် ရှင်းပြမယ်။ ကိုယ်ပြောတဲ့စကားကို နာခံနိုင်ရင်တော့ အကောင်းဆုံးပေါ့။ အဲဒီအခါကျရင် စိတ်ထဲမှာ ဝမ်းသာမိမှာပေါ့။

Q. ဟုတ်ကဲ့ပါ။ ဆက်ပြီး မိုးယုရဲ့ အနုပညာနဲ့ ပတ်သက်ပြီး မေးရအောင်၊ မိုးယုက ဘယ်လိုဇာတ်ရုပ်မျိုးတွေ ကြိုက်လဲ။ တကယ်လို့ Fightingချခိုင်းရင် ချမှာလား။
A. သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့အတွက် မိုးယုက ကိုယ်မလုပ်ဖူးတဲ့ ကာရိုက်တာ မှန်သမျှကို သရုပ်ဆောင်ချင်ပါတယ်။

Q. ဒီနှစ်အတွက် အကယ်ဒမီ မှန်းထားတဲ့ ကားရောပါသေးလား။
A. ဒီနှစ်အတွက် မိုးယုအနေနဲ့ အကယ်ဒမီ မှန်းထားတဲ့ ဇာတ်ကား မပါသေးပါဘူး။

Q. ကိုယ်အကြိုက်ဆုံး ဝတ္ထုနဲ့ဇာတ်ကား တစ်ကား ရိုက်ချင်တာမျိုး ရောရှိလား။
A.
ဘယ်လို ဇာတ်ကားမျိုး ရိုက်ချင်တာထက်စာရင် ကိုယ်မလုပ်ဖူးတဲ့ ကာရိုက်တာမျိုးကို ပိုလုပ်ချင်ပါတယ်။ ကိုယ်မလုပ်ဖူးတဲ့ ကာရိုက်တာတွေထဲကဆိုရင် နည်းနည်းအေးတဲ့ ဟာမျိုးမဟုတ်ဘဲနဲ့ စွာစွာလန်းလန်း ဇာတ်ရုပ်မျိုးတွေ ပိုလုပ်ချင်တယ်။ အခုလည်း အဲဒီလို ဇာတ်ရုပ်မျိုးတွေ ရိုက်ဖြစ်တာများတယ်။ ဝတ္ထုတွေတော့ အမှန် အတိုင်းပြောရရင် မဖတ်ဖြစ်ဘူး။ ကိုယ်ရိုက်မယ့် ဇာတ်ကားကို ကြိုတင်ပြီး ဝတ္ထုလာပေးထားရင်တော့ ဖတ်ဖြစ်ပါတယ်။ အဲဒီအခါကျမှသာ ဖတ်ဖြစ်တယ်။

Q. အခု လူငယ်တွေကြားထဲမှာ fashion သဘောအရ Gothic, punk, Alter, Emo ပုံစံတွေ ကြိုက်နှစ်သက်လား။ မိုးယုအနေနဲ့ ဘယ်လို ပုံစံ လိုက်မယ်လို့ထင်လဲ။
A.
မိုးယုက သရုပ်ဆောင်ဖြစ်တဲ့အတွက် ကျရာဇာတ်ရုပ်ကို ရိုက်ရမှာပဲလေ။ မိုးယုကို Punk ပုံစံလာပေးရင်လည်း ရိုက်ရမှာပဲ။ ဘယ်ဟာအကြိုက်ဆုံးရယ် ဘယ်ဟာမှ ရိုက်ရမယ်၊ လိုက်မယ်ဆိုတာမျိုးတော့ မရှိပါဘူး။ စိတ်ထဲမှာတော့ အားလုံးကြိုက်တယ်ဆိုပြီး နှစ်ထားပြီး သရုပ်ဆောင်လိုက်တယ်။ ဒါပေမဲ့ Punk, Gothic, punk, Alter, Emo ပုံစံမျိုးတွေက တစ်ခုနဲ့ တစ်ခုမတူဘူး။ Punk ဆိုရင်အပြင်မှာ ကောင်လေးတွေ ဆံပင် အရမ်းထောင်တာမျိုးဆိုရင် မိုးယု မကြိုက်ဘူး။ Punk ပုံစံမှာဆိုရင် မျက်လုံးအမည်း ခြယ်ပြီးတော့ ရိုးရိုးအမည်းဝမ်းဆက် ဝတ်တာဆိုရင်ကြိုက်တယ်။ အရမ်း Over ဖြစ်တာ မကြိုက်ဘူး။

Q. အနုပညာ Fashion ဖက်ကိုမေးပြီးပြီဆိုတော့ အခုလတ်တလော မိုးယုရဲ့ နှလုံးသားရင်ခုန်သံ အမည်ပေါက်ကရော ဘယ်သူဖြစ်မလဲ။
A.
အင်း ဒါကတော့ တဖြည်းဖြည်းချင်းနဲ့ သိမှာပေါ့။

Q. မိုးယုရဲ့ ရင်ခုန်သံက အနုပညာရပ်ဝန်းထဲမှာ ကြားနိုင်မှာလား၊ ဒါမှမဟုတ် အပြင်တစ်ယောက်သော သူအတွက်ပဲ ဖြစ်နိုင်မလား။
A.
အဲဒီလိုမျိုး တစ်ယူသန်စွဲလို့တော့ မရဘူးလေ။ မိုးယုကတော့ ကံကိုပဲယုံတယ်။ ဖူးစာရှင်ဆိုတာ လူတစ်ယောက်မှာ သတ်မှတ်ပြီးသားလေ။ ဖူးစာရှင်မှ မဟုတ်ပါဘူး။ ဘယ်အချိန်မှာ ဘာဖြစ်မယ်ဆိုတာ ကံကြမ္မာက သတ်မှတ်ပြီးသား။ အဲဒီအတွက် ဘယ်လိုပုံစံမှ၊ ဘယ်ဟာမှ၊ ဘယ်ထဲကမှဆိုပြီး စိတ်ကူးထဲမှာတောင်မရှိသေးပါဘူး

Q. အနုပညာ၊ ဖက်ရှင်၊ အချစ်ရေးနဲ့ ပတ်သက်ပြီး သိသင့်သလောက်လည်း သိပြီးခဲ့ပြီဆိုတော့ အခုနောက်ဆုံး 8 DAYS Cover Star Interview ကနေ မိုးယုအနေနဲ့ ပရိသတ်ကို နှုတ်ဆက်ပေးပါဦး။
A.
အားပေးတဲ့ ပရိသတ်ကြီးကိုလည်း အများကြီး ကျေးဇူးတင်ပါတယ်လို့၊ နောက်ပိုင်းလည်း ကိုယ်သရုပ်မဆောင်သေးတဲ့ ကာရိုက်တာကိုရွေးပြီး သရုပ်ဆောင်သွားပါ့မယ်လို့၊ မိုးယုလိုအပ်တာရှိရင်လည်း ဝေဖန်ပါ။ မိုးယုလည်းအတတ်နိုင်ဆုံး ကြိုးစားသွားပါမယ်။ ပရိသတ်ကြီးကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်။ 8 DAYS ကလည်း မိုးယုကို မျက်နှာဖုံး Cover အတော်များများ တင်တဲ့အတွက် 8 DAYS ကိုလည်း ကျေးဇူးတင်ပါတယ်လို့ Cover Star Interview ကနေ နှုတ်ဆက်ချင်ပါတယ်။

မိုးယုစံ
About these ads

ပြောချင်တဲ့စကားလေးတွေ

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s