ကျန်းမာရေး
တရုတ်ရုပ်သံလိုင်းဖြစ်တဲ့CCTVက အသက်(၇၆)နှစ်ရှိပြီဖြစ်တဲ့ တရုတ်ကျန်းမာရေးပညာရှင် ပါမောက္ခWan Cheng Kuiနဲ့ အစီအစဉ်တစ်ခု တင်ဆက်သွားခဲ့တယ်။ အစီအစဉ်မှာ Wan Cheng Kuiက သူ့ရဲ့ကျန်းမာရေး၊ ပျော်ရွှင်ရေး၊ အသက်ရှည်ရေး လျှို့ဝှက်ချက်တွေကို ပြောသွားခဲ့တယ်။
(၁) ကျန်းမာဖို့အတွက် သင့်ကိုယ်ပေါ်မှာ မူတည်တယ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ သတ်မှတ်ချက်အရ လူတစ်ယောက်ရဲ့ အသက်ရှည်ရေးနဲ့ကျန်းမာရေးဟာ ၁၅%က မျိုးရိုးကြောင့်၊ ၁ဝ%က လူမှုပေါင်းသင်းရေးကြောင့်၊ ၈%က ရောဂါဘယကြောင့်၊ ၇%က ရာသီဥတုကြောင့်နဲ့ ၆ဝ%က ကိုယ့်ကိုယ်ပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။
လူအများသိပြီးကြတဲ့အတိုင်း မနက်စာကို ကောင်းကောင်းစား၊ နေ့လယ်စာကို ဝအောင်စား၊ ညစားကိုလျော့စားလို့ ဆိုကြပေမယ့် အခုခေတ်မှာတော့ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။ အခုခေတ်လူတွေက မနက်စာကို ဖြစ်သလိုစား၊ နေ့လည်စာကို ကြုံရာစား၊ ညစားကို အဝအပြဲစားကြတယ်။ ဒါဟာ ရောဂါရဲ့ရင်းမြစ်ဖြစ်တယ်။ မနက်စာဟာ အားဆေးနဲ့တူတယ်။ တစ်နေ့လုံးရဲ့အရေးပါတဲ့တစ်နပ်မို့ အာဟာရဖြစ်တာတွေ စားရပါတယ်။
မနက်ပိုင်းအာဟာရတွဲဖက်စာအဖြစ် ပဲနို့ရည်၊ ကွေကာအုပ်နဲ့ ပန်းသီးတွေကို တွဲစားနိုင်ပါတယ်။ အဓိကအစာမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးပါရပါမယ်။ အခုခေတ်လူတွေက့ ၂ဝ% မနက်စာ မစားကြသလို ၅ဝ%-၆ဝ% က မနက်စာ မစားတတ်ကြဘူး။ မနက်စားအာဟာရအတွက် နေ့လယ်၊ ညနေစာတွေနဲ့ ပြန်အစားထိုးလို့ မရနိုင်ပါဘူး။
(၂) လောကမှာ မကောင်းဆုံးအကျင့်က ဆေးလိပ်သောက်တာပဲ
လောကမှာ မကောင်းတဲ့အကျင့်(၅)ခုရှိတယ်။ ပထမတစ်ခုက ဆေးလိပ်သောက်တာပဲဖြစ်တယ်။ တစ်သက်လုံး ဆေးလိပ်သောက်သူဟာ နှစ်(၂ဝ)-(၂၅) စောသေကြတယ်။ ဆေးလိပ်တစ်ခါသောက်ရင် (၁၁)မိနစ် အသက်တိုတယ်။ ကျွန်တော်ဘာလို့ အရွယ်တင်နေသလဲ? ကျန်းမာနေသလဲဆိုတာ ကျွန်တော်တစ်သက်မှာ ဆေးလိပ်မသောက်ဖူးဘူး။ ကျွန်တော့်ရှေ့မှာ ဆေးလိပ်လာသောက်ရင် ဆောရီးပဲ တခြားနေရာမှာ သွားသောက်ပါ။ သင့်ကိုယ်သင် သေကြောင်းကြံလို့ရတယ်။ တခြားလူကိုတော့ သင်မသတ်ပါနဲ့။ မနက်ထလာတာနဲ့ ဆေးလိပ်သောက်တာ ပိုအန္တရာယ်ရှိတယ်။ ဆေးလိပ်သောက်သူတွေဟာ လေပြွန်နာ၊ အဆုတ်လေနာ၊ အဆုတ်အတွင်းနာ၊ အဆုတ်ကင်ဆာစတဲ့ရောဂါတွေကို ရနိုင်ပါတယ်။
(၃) အာဟာရများရင်လည်း အဆိပ်ဖြစ်တယ်
နေ့တစ်နေ့တာရဲ့ အစားအစာတွေကက အရွက်စိမ်း (၈)အောင်စ သို့မဟုတ် (၅ဝဝ)ဂရမ်၊ အသီး (၂)လုံး၊ ဟင်းရွက်ဆီ (၃)ဇွန်း၊ (၂၅)ဂရမ်ထက်မပိုရ။ ထမင်း(၄)အောင်စ သို့မဟုတ် ပေါက်စီအသားလွတ်(၄)လုံးနဲ့ ပရိုတင်းအပြည့်အဝပါတဲ့ အစားအစာတွေဖြစ်တယ်။
တစ်နေ့ကို ရေ(၈)ခွက်သောက်ရတယ်။ ရေက လူတွေရဲ့အသက်ပဲ။ ဒါပေမဲ့ အခုခေတ်လူတွေက ရေအသောက်နည်းကြတယ်။ ဆာမှ သောက်ကြတယ်။ တကယ်ဆို ဆာမှသောက်တာမဟုတ်ဘဲ အားတာနဲ့သောက်နေရမယ်။ ရေအစား ရေနွေးကြမ်းရော ရသလားမေးရင် မရဘူး။ ကော်ဖီ၊ အချိုရည်၊ ဘီယာနဲ့အစားထိုးရင်ရော ရသလားမေးရင် မရဘူး။ ရေနွေးကြမ်းသောက်မယ်ဆိုရင်လည်း အခါးခြောက်နည်းရမယ်။ သေချာမှတ်ထားပါ…. ရေက လူတွေရဲ့အသက်ပါ။
(၄) လူတွေက အို၊ နာသေတာမဟုတ်ဘူး၊ စိတ်ကြောင့်သေတာ
လူတွေ စိတ်မတိုဘဲနေနိုင်လား? လူဆိုတာ ခံစားချက်ရှိတဲ့သတ္တဝါတွေ။၊ ငိုမယ်၊ ရယ်မယ်၊ တိုမယ်၊ လွမ်းမယ်၊ ကြောက်မယ်၊ လန့်မယ်။ ပျော်ရင်ရယ်တယ်၊ မပျော်ရင် ငိုတယ်။ စိတ်တိုတဲ့အခါ နှစ်ခွန်းလောက်ဆဲလိုက်ရမှ … ဒါဟာ လူတွေရဲ့ခံစားချက်ဖြစ်တယ်။ တကယ်လို့ ခံစားချက်တစ်မျိုးပဲရှိရင် ဒီလူ မကျန်းမာတော့ဘူး။
ခံစားချက်ပြည့်ဝတဲ့ လူတွေက ဘာလုပ်ချင်ရင် ဘာလုပ်ကြတယ်။ ဒါပေမဲ့ တစ်ခုမှတ်ထားရမှာက အလွန်အကျွံမဖြစ်ရဘူး။ အလွန်အကျွံဖြစ်ခဲ့ရင်လည်း အချိန်မကြာရဘူး။ ခံစားချက်ကို ခပ်မြန်မြန်လေး ပြန်ထိန်းညှိရမယ်။ ဒါမှ ကျန်းမာတယ်။
ဘုရင့်ကျမ်းစာမှာ ရှင်းရှင်းလင်းလင်းရေးထားပြီးသားပါ။ “စိတ်တိုရင် အသဲကိုထိတယ်၊ ပျော်ရင် နှလုံးကိုထိတယ်၊ စိုးရိမ်ကြောင့်ကြရင် အဆုတ်ကိုထိတယ်၊ လွမ်းဆွေးရင် သရက်ရွက်ထိတယ်၊ ကြောက်ရင် ကျောက်ကပ်ကိုထိတယ်၊ စိတ်ကြောင့်ရောဂါရတယ်”။ တကယ်တမ်းပြောရရင် လူအများက အိုသေ၊ နာသေတာမဟုတ်ဘူး။ စိတ်ကြောင့်သေကြတယ်။ အကြီးအကဲမလုပ်ရလို့ စိတ်ကြောင့်သေသွားတယ်၊ ဆရာမလုပ်ရလို့ စိတ်ကြောင့်သေသွားတယ်၊ ပိုက်ဆံရှာမရလို့ စိတ်ကြောင့်သေသွားတယ်။ လူအိုတချို့ ကိစ္စသေးသေးမွှားမွှားနဲ့ စိတ်ညစ်၊ စိတ်တိုပြီးသေသွားတယ်။ ဒီလိုလူမျိုးတွေ တော်တော်များများ ကျွန်တော်ကြုံဖူးတယ်။
ဒါကြောင့် ကျွန်တော်ပြောချင်ပါတယ်။ “စိတ်တိုဒေါသထွက်လို့ရတယ်။ ဒါပေမဲ့ ထွက်တတ်ရတယ်။ ခံစားချက်ရဲ့ဓားစာခံတော့ မလုပ်ရဘူး။ ခံစားချက်ရဲ့အရှင်သခင်ပဲလုပ်ရမယ်။ ခံစားချက်ကို မောင်းနှင်သူဖြစ်ရမယ်၊ ခံစားချက်ရဲ့ အမောင်းနှင်ခံရသူတော့ မဟုတ်နဲ့”
(၅) လမ်းလျှောက်တာဟာ အကောင်းဆုံးအားကစားပါ
ဘယ်အရာမဆို အတိုင်းအတာတစ်ခုတော့ရှိတယ်။ စားတာလည်း အတိုင်းအတာ၊ အိပ်တာလည်း အတိုင်းအတာ၊ အားကစားလုပ်တာလဲ အတိုင်းအတာရှိတယ်။ အားကစားမလုပ်ရင် မကောင်းသလို လွန်လွန်ကျွံကျွံလုပ်ရင်လည်း ရောဂါခုခံနိုင်အားကို ကျဆင်းစေတယ်။ နေ့တိုင်း နာရီဝက်က တစ်နာရီထိ အားကစားလုပ်နိုင်တယ်။ လုပ်တဲ့နည်းကလည်း ရိုးရှင်းတဲ့နည်းကို အသုံးပြုလို့ရတယ်။ နာရီဝက်လောက် လမ်းလျှောက်ရုံပါပဲ။ ရိုးရှင်းပြီး ငွေကုန်ကြေးကျစရာလည်း မလိုဘူး။ အကျိုးလည်း အရမ်းရှိတယ်။
ဒါပေမဲ့ လမ်းလျှောက်ရာမှာ သတိပြုရမယ့်အချက်တွေရှိတယ်။ လူငယ်တွေက မြန်မြန်လျှောက်ရတယ်။ တစ်မိနစ်ကို ခြေလှမ်း(၁၃ဝ)ထိ၊ နှလုံးခုန်နှုန်း တစ်မိနစ်ကို (၁၂ဝ)ကြိမ်ထိ ခပ်မြန်မြန်လေးလျှောက်ရတယ်။ ဒါမှ နှလုံးကို လေ့ကျင့်ပေးရာရောက်တယ်။ တစ်မိနစ်ကို ခြေလှမ်း(၁၃ဝ)၊ နှလုံးခုန်နှုန်း(၁၂ဝ) ရောက်ဖို့က ခဏလေးနဲ့တော့ လုပ်လို့မရဘူး။ ခြေလှမ်းမှန်မှန် မြန်မြန်လှမ်းနိုင်မှရတယ်။ ဒါကို နှစ်ဝက်လောက် သင်လုပ်နိုင်ရင် သင့်နှလုံး၊ အဆုတ်ရဲ့အကျိုးကို ၃ဝ% က ၅ဝ%ထိ မြင့်တင်ပေးနိုင်ပါတယ်။
လူတစ်ယောက်ဟာ လူငယ်အရွယ်ကစ စံသတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားရမယ်။ ကျွန်တော်ဆိုရင် အသက်(၃ဝ)ကတည်းက ဒီခန္ဓာအလေးချိန်ပဲ။ ဝလာပြီဆိုတာနဲ့ အလေးချိန်လျော့ဖို့က ခက်သွားပြီ။ အဓိက,က ပါးစပ်ကိုထိန်းမယ်၊ ခြေများများလှုပ်ရှားမယ်။ လူတွေက ပါးစပ်ကသာပြောတယ်။ ခြေကတော့ မလှုပ်ဘူး။
(၆) အရက်အလွန်အကျွံ တစ်ခါမူးရင် အသဲရောင်ရောဂါဖြစ်ဖို့ နီးပြီ
ကမ္ဘာကထုတ်ပြန်တဲ့ မကျန်းမာတဲ့နေထိုင်မှု(၆)မျိုးထဲမှာ – (၁) ဆေးလိပ်သောက်တာ (၂) အရက်သောက်တာပါတယ်။ အရက်ကို အလွန်အကျွံသောက်တာဖြစ်တယ်။ အရက်ကို နည်းနည်းသောက်ရင် ကောင်းကျိုးရှိနိုင်သေးတယ်။ ဥပမာ– နေ့တိုင်းအရက်ဖြူကို တစ်အောင်စသောက်မယ်၊ ဝိုင် အထူးသဖြင့် စပျစ်ဝိုင်နီကို ၂အောင်စသောက်မယ်၊ ဘီယာကို ၂၅ဝဂရမ် ဒါမှမဟုတ် ၅ဝဝဂရမ်လောက် သောက်နိုင်ပါတယ်။ အလွန်အကျွံသောက်တာက ခန္ဓာကိုယ်ကို ထိခိုက်စေတယ်။ အသဲ၊ ဦးနှောက်၊ နှလုံး စတဲ့ ကိုယ်အင်္ဂါတွေကို ထိခိုက်စေပါတယ်။
အရက်အလွန်အကျွံ တစ်ခါမူးရင် အသဲရောင်ရောဂါဖြစ်ဖို့ နီးပြီ။ ဒါကို မှတ်ထားပါ။ အရက်သောက်တာက အသဲကိုထိခိုက်စေတဲ့အပြင် မှတ်ဉာဏ်ကိုလည်း ကျဆင်းစေတယ်။ အရက်ကြောင့် ဦးနှောက်ဆဲလ်တွေ သေသွားလို့ဖြစ်တယ်။ တစ်နေ့ကို ၁အောင်စလောက်သောက်တာက လုံခြုံစိတ်ချရတဲ့ အနေအထားပါ။
(၇) မိသားစု မသင့်မြတ်ရင်လည်း ကျန်းမာရေးကို ထိခိုက်စေတယ်
လူတွေကိုရောဂါဖြစ်စေတဲ့နှုန်း ၇ဝ%က မိသားစုကလာတယ်လို့ တတ်ကျွမ်းသူအချို့က ဆိုပါတယ်။ ကင်ဆာရောဂါဖြစ်နှုန်း ၅ဝ%က မိသားစုကလို့ဆိုတယ်။ မိသားစုဟာ အရေးကြီးသလား မကြီးဘူးလား?
အိမ်မှာက “ရန်ပွဲအသေး နေ့တိုင်းရှိတယ်၊ ရန်ပွဲအကြီး တစ်ရက်ခြားရှိတယ်”ဆိုတာမျိုး မဖြစ်ပါစေနဲ့။ ရေသေအိုင်လိုလည်း မိသားစုအိုင်မဖြစ်စေနဲ့။ အငြင်းမပွား၊ စကားမပြောဘဲ လဝက်လောက်နေကြည့်ပါလား! ပျင်းရိခြောက်သွေ့ပြီး သေသွားနိုင်တယ်။
လင်မယားကွာရှင်းထားတဲ့လူ၊ အိမ်ထောင်ဖက်သေဆုံးသွားတဲ့လူတွေရဲ့ အသက်ဟာ ပိုတိုကြောင်း အစီအစဉ်မှာ ကျွန်တော်ကြည့်ခဲ့ရဖူးတယ်။ သိပ္ပံပညာမှာလည်း ဒါကိုအသိအမှတ်ပြုထားတယ်။ အထီးကျန်တာဟာ ဆင်းရဲတာထက် ပိုကြောက်ဖို့ကောင်းတယ်။ အချင်းချင်းချစ်ကြတဲ့ လင်မယားတွေက အသက်ပိုရှည်တယ်။ တစ်ယောက်ထဲ ထီးထီးနေသူတွေက အသက်ပိုတိုပြီး ရောဂါပိုများတယ်။ ဒီလိုဆိုရင် သင့်မြတ်တဲ့ မိသားစုတစ်စုဖြစ်အောင် ဘယ်လိုလုပ်မလဲ? ဒါလည်း ပညာသားပါပါတယ်။
သင့်မြတ်တဲ့မိသားစုဖြစ်ဖို့ (၁) အသက်ကြီးသူကို လေးစားပါ၊ (၂) ကလေးတွေကို ပြုပြင်ထိန်းကျောင်းပါ၊ (၃) ယောက္ခမ_ချွေးမကြားကဆက်ဆံရေးကို ကောင်းမွန်အောင်လုပ်ပါ၊ (၄) လင်မယားအချင်းချင်း ချစ်ခင်နှစ်သက်ပါ.. ဒါဟာ အရေးအကြီးဆုံးအချက်ဖြစ်တယ်။
လင်မယားအချင်းချင်း ချစ်ခင်နှစ်သက်ဖို့ အချက်(၈)ချက်ကို လုပ်နိုင်ရပါမယ်။ အချင်းချင်းလေးစားမှု၊ အချင်းချင်း ချစ်ခင်မှု၊ အချင်းချင်းယုံကြည်မှု၊ အချင်းချင်း ရိုင်းပင်းမှု၊ အချင်းချင်းနှစ်သိမ့်မှု၊ အချင်းချင်းအားပေးမှု၊ အချင်းချင်း အလျော့ပေးမှု၊ အချင်းချင်း ခွင့်လွှတ်မှုတွေဖြစ်တယ်။ လူတိုင်းမှာ အကျင့်စရိုက်ကိုယ်စီရှိကြပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုအမြဲ အသိပေးရပါတယ်။ ထားလိုက်တော့… သူ(သူမ) ဝမ်းသာပျော်ရွှင်ရင် ပြီးတာပါပဲ။
ကိုယ်ချစ်တဲ့လူကို ငယ်ရွယ်စဉ်အချိန်အခါမှာ ချစ်ရုံတင်မက၊ သူ(သူမ) အိုမင်းသွားတဲ့အခါလည်း ချစ်မယ်၊ သူ(သူမ) ကျန်းမာတဲ့အခါလည်း ချစ်မယ်၊ မကျန်းမာတဲ့အခါ ပိုချစ်မယ်၊ သူ(သူမ)ရဲ့ ကောင်းကွက်ကိုချစ်ရုံတင်မက ဆိုးကွက်ကိုလည်း ချစ်ရပါမယ်။ ဒါဟာ ကျွန်တော့်ရဲ့ သတိပေးစကားပါ။ သေချာမှတ်ထားပေးပါ။
(၈) ဦးနှောက်နဲ့ထမင်းစားပြီး ကျန်းမာရေးကိုထိန်းပါ
နေ့တိုင်းကျန်းမာတဲ့ဘဝကိုရဖို့ အချက်(၇)ချက်ကို လုပ်ရပါမယ်။
(၁) တစ်နေ့ထမင်းသုံးနပ် မှန်မှန်စားရပါမယ်
(၂) တစ်နေ့(၈)နာရီ မှန်မှန်အိပ်ရပါမယ်
(၃) တစ်နေ့ အားကစားနာရီဝက် မှန်မှန်လုပ်ရပါမယ်
(၄) စိတ်နှလုံးကျန်းမာဖို့ တစ်နေ့ နာရီဝက် ပြုံးရယ်ရပါမယ်
(၅) ဒါက ထူးခြားချက်ပါ။ နေ့တိုင်း အိမ်သာတက်ရပါမယ်။ လူတွေက အပေါ်ပေါက်အဝင်ခံပြီး အောက်ပေါက်က မထွက်ကြဘူး။ ဒါဟာ သဘာဝဖြစ်စဉ်ပါ။ အိမ်သာတက်ကိုတက်ရပါမယ်။
(၆)ကိုယ်ချစ်တဲ့လူနဲ့ ပေါင်းသင်းဆက်ဆံရေးသင့်မြတ်ရပါမယ်။ သူ(သူမ)နှစ်သက်တဲ့ စကားသုံးခွန်းကိုပြောပေးပါ။ ယောက္ခမနဲ့လည်း ဆက်ဆံရေးကောင်းမွန်ရပါမယ်။
(၇) အရက်၊ ဆေးလိပ် ဝေးဝေးရှောင်ရပါမယ်
ကျန်းမာဖို့ နေ့တစ်နေ့တာကစရပါတယ်။ နေ့တိုင်းကျန်းမာမှ တစ်သက်ကျန်းမာနိုင်မှာပါ။ “စားနိုင်သောက်နိုင်တိုင်း မကျန်းမာဘူး၊ စားတတ်သောက်တာမှ ကျန်းမာတယ်။ လျှောက်စားလျှောက်သောက်ရင် ပိုဆိုးတယ်”၊ “ဗိုက်နဲ့အစားစားတာ ပြည့်ဝဖို့၊ ပါးစပ်နဲ့အစားစားတာ အရသာခံဖို့၊ ဦးနှောက်နဲ့အစားစာတာ ကျန်းမာဖို့”၊ “မနက်စာ ဘုရင်လိုစားပါ၊ နေ့လယ်စာ မှူးမတ်လိုစားပါ၊ ညစာ သူတောင်းစားလိုစားပါ” ကျွန်တော့်ရဲ့ဒီစကားတွေကို မှတ်ထားပေးပါ။
(၉) ကန်စွန်းဥက ကမ္ဘာပေါ်မှာ အကောင်းဆုံးအစားအစာပါ
အသီးအရွက်စားနှုန်းက ၇ဝ%-၈ဝ% ရှိရပါမယ်။ အသားစားနှုန်းက ၂ဝ%- ၃ဝ%ရှိရပါမယ်။ ဒါကို မှတ်ထားပါ။ ဒါပေမဲ့ အခုခေတ်က ပြောင်းပြန်ဖြစ်နေတယ်။ ဒါကြောင့် ရောဂါပေါင်းစုံဖြစ်ကြရတယ်။ အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ရောဂါ။ အသီးအရွက်တွေမစားလို့ မရပါဘူး။ အခုခေတ်ကလေးတွေက ဟင်းသီးဟင်းရွက်တွေ မစားကြဘူး။ အသီးစားတာလည်း နည်းသွားတယ်။ တစ်နေ့ကို အသီး ၃,၄မျိုး၊ အရွက် ၄,၅မျိုး စားရပါမယ်။ ဒါတွေဟာ ကင်ဆာကိုကာကွယ်သလို နှလုံးကိုလည်း ကာကွယ်ပါတယ်။ ဒါဟာ ၂၁ ရာစုရဲ့အာဟာရအစာတွေပါ။
ကန်စွန်းဥကတော့ အကောင်းဆုံးအစားအစာပေါ့။ အရင်ဂျပန်က ကင်ဆာရောဂါအဖြစ်ဆုံးနိုင်ငံပါ။ ကင်ဆာရောဂါဖြစ်နှုန်းကျအောင်ဆိုပြီး ဂျပန်လူမျိုးတွေက နည်းအမျိုးမျိုး တွေးတောခဲ့ကြတယ်။ ဒါပေမဲ့ အကျိုးမရှိခဲ့ဘူး။ နောက်တော့ သူတို့က အသီးအနှံအမျိုး(၂ဝ)နဲ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ အဲဒီအထဲမှာ ကန်စွန်းဥက အကောင်းဆုံးဆိုတာကို တွေ့လိုက်တယ်။ ကန်စွန်းဥအစိမ်း၊ အကျက်က ကင်ဆာကိုကာကွယ်ပေးတယ်၊ နှလုံးကိုကာကွယ်ပေးတယ်၊ သွေးကြောကို ပျော့ပြောင်းစေတယ်၊ ဝမ်းပျော့စေတယ်။
တကယ်လို့ ကျန်းမာရေးက ၁ ဆိုရင် ကျန်တဲ့အရာတွေအားလုံးက သုညပါ။
ကောင်းတဲ့ကျန်းမာရေးက ၁ ဆိုရင် ကျန်တဲ့အလုပ်အကိုင်၊ စီးပွားရေး… စတာတွေက သုညဖြစ်တယ်။ ကျန်းမာရေးကောင်းရင် ကျန်းမာရေး(၁)နောက်မှာ တခြားအရာ(သုည)တွေ လိုက်လာလိမ့်မယ်။ ဒီလိုဆိုရင် ၁ဝဝ, ၁ဝဝဝ, ၁ဝဝဝဝ တွေနဲ့ ဆတိုးဖြစ်လာမှာဖြစ်တယ်။ ကျန်းမာတဲ့ ၁ကိုပိုင်ဆိုင်ထားရင် တခြားအရာတွေ နောက်ကလိုက်လာပါတယ်။ ဒီလိုဆိုရင် ပျော်ရွှင်ကျန်းမာတဲ့ဘဝကို သင်ပိုင်ဆိုင်နိုင်ပါပြီ။
24 comments on “ကျန်းမာရေး
  1. ၁။ ခေါင်းကို လှည့်ပေးခြင်း။
    မတ်တတ်ရပ်အနေအထားနဲ့ မျက်စိကို မှေးထား၍ ရင်ကော့ပြီး ဗိုက်ကိုရှပ်ထားပါ။ ဦးခေါင်းကို လက်ယာရစ် ၁၀-ကြိမ် လှည့်ပေးပြီး၊ လက်ဝဲရစ် ၁၀-ကြိမ် လှည့်ပေးပါ။
    ဇက်ကြောညောင်းသည့်အခါတိုင်း ထိုနည်းဖြင့် လှည့်၍လေ့ကျင့်ပေးပါ။
    ဤလေ့ကျင့်ခန်းနည်းဖြင့် ဦးခေါင်းကို အစဉ်အမြဲ လှည့်ပေးလျှင် လည်ပင်းကြွက်သား လည်ပင်းအရိုးအဆစ်ကို သန်မာစေနိုင်မည်။
    ထို့ပြင် ဦးခေါင်းကိုက်ခြင်း၊ အိပ်ရေးပျက်ခြင်း၊ လည်ဆစ်ရိုး ကျီးပေါင်းတက်ခြင်း အစရှိသည့် ဝေဒနာတို့ကို ကြိုတင်ကာကွယ်နိုင်သည်။ ကုသနိုင်သည်။
    ၂။ ခါးကိုလှည့်ပေးခြင်း။
    ပေါင်နှစ်ဖက်ကို ခွါ၍ရပ်ပြီး လက်နှစ်ဖက်ကို ခါးစောင်းနှစ်ဖက်တွင် တင်ထား၍ ခါးကို ရှေ့သို့ အနည်းငယ် ကိုင်းညွတ်ကာ လက်ယာရစ်၍ ၁၀-ကြိမ်လှည့်ပေးပါ။ ထို့နောက် လက်ဝဲရစ်၍ ၁၀-ကြိမ် လှည့်ပေးပါ။
    ခါးညောင်းတိုင်း ထိုနည်းဖြင့် လှည့်၍ လေ့ကျင့်ပါ။ ဤကျန်းမာရေး လေ့ကျင့်ခန်းကို အစဉ်အမြဲ လေ့ကျင့်ပေးလျှင် ခါးကြွက်သားနှင့် ခါးရိုးဆစ်ကို သန်မာလာစေနိုင်သည်။
    နာတာရှည် ခါးအကြောတင်ခြင်း၊ ခါးအရိုးအဆစ် ကျီးပေါင်းတက်ခြင်း၊ ခါးရိုးဆစ်ကြား ချပ်ပိုင်း ငေါထွက်ခြင်း၊ ရိုမက်တစ် ခါးကိုက်နာ၊ တင်ခံရိုး နာ့ဗ်ကြော ကိုက်ခဲခြင်း စသည်တို့ကို ကြိုတင် ကာကွယ်နိုင်သည်။ အကိုက်အခဲသက်သာအောင် ကုသနိုင်မည် ဖြစ်သည်။
    ၃။ ပေါင်ကို လှည့်ပေးခြင်း။
    မတ်တတ်ရပ်အနေအထားနဲ့ ပေါင်နှင့်ခြေနှစ်ဖက်ကို စေ့ထားပါ။ ထို့နောက် လက်နှစ်ဖက်ကို ဒူးဆစ်နှစ်ဖက်ပေါ် တင်ထား၍ ခြေတံကို ကွေးပြီး လက်ယာရစ်၍ ၁၀-ကြိမ် လှည့်ပေးပါ။ ထို့နောက် လက်ဝဲရစ်၍ ၁၀-ကြိမ် လှည့်ပေးပါ။
    ဤလေ့ကျင့်ခန်းကို အစဉ်အမြဲ လေ့ကျင့်ပေးလျှင် ပေါင်ကြွက်သားကို သန်မာလာစေနိုင်မည်။
    ဒူးဆစ်ရောင်နာ၊ ကိုယ်အောက်ပိုင်း သွေးပြန်ကြော ဖောင်းကြွ တွန့်လိမ်ခြင်း၊ တင်ခံရိုး နာ့ဗ်ကြော ကိုက်ခဲခြင်း အစရှိသည့် ဝေဒနာတို့ကို ကြိုတင်ကာကွယ်နိုင်မည်။ ကုသနိုင်မည် ဖြစ်လေသည်။
  2. nfertility ကလေးမရနိုင်ခြင်း
    “သာဝတ္တိပြည်တွင် သူကြွယ်လင်မယား ရှိကြ၏။ သူကြွယ်ယောက်ျားကား စေတနာသဒ္ဓါတရားနှင့် ပြည့်စုံသလောက် သူကြွယ်၏ ဇနီးကား စေတနာ သဒ္ဓါတရားမရှိ။ မာန်မာနကြီး၏ အမျက်မာန်စောင်းကြီး၍ ဣသာမစ္ဆရိယစိတ် များ၏။ ထိုမယားကား သားသမီးလည်း မထွန်းကား၊ အမြုံမ ဖြစ်၏။”
    လူတယောက်မှာ ဆီးချိုရှိနေတာ၊ (လူကီးမီးယား) ဖြစ်နေတာ တွေ့ရင် ဘယ်သူ့သွား အပြစ်တင်မလဲ။ အတူတူပါဘဲ၊ စုံတွဲတတွဲ ကလေး မရတာကိုလဲ၊ အပြစ်တင်လို့ မရပါ။ ဗမာတွေက “အမြုံမ” လို့ခေါ်တာ သိပ်နှိမ်လွန်းရာကျတယ်။ သူများတွေ ဆီမှာတော့ I Married a Monster from Outer space, Village of the Damned, Inseminoid (စပေ့စ်) ထဲက ဂြိုဟ်သားနဲ့ မိတ်ဖက်ပြီး၊ ဆူပါကလေး မွေးတဲ့ ရုပ်ရှင်ကားတွေ ပေါ်ပြူလာဖြစ်နေတယ်။ လူနဲ့မှ ကလေး မရရင် ဒါလုပ်မယ်လို့ သင်ပေးရာ ကျနေတယ်။ လူနဲ့ဘဲ ကလေးရစေဘို့ ဒီစာကလေး ရေးပါတယ်။
    တကမ္ဘာလုံးမှာ ကျား-မ ၇ တွဲရှိရင်၊ ၁ တွဲက၊ ကလေးမရဖြစ်နေတယ်လို့ ခန့်မှန်းပါတယ်။ Reproductive Endocrinologists ဆိုတဲ့ မျိုးပွါးပညာ အထူးကု ဆရာဝန်များကတော့ ၃၄ နှစ် အောက် အမျိုးသမီးများ၊ ၁၂ လတိတိ၊ ပဋိသန္ဓေတားနည်း တခုမှ မသုံးဘဲ၊ ၆ အထိ အတူနေလို့မှ ကိုယ်ဝန်မဆောင်နိုင်တာကို Infertility ကလေးမရနိုင်ခြင်း လို့ သတ်မှတ်ပါသတဲ့။ Subfertility, Primary infertility, Secondary infertility ဆိုတဲ့ အမျိုးအစားခွဲတွေလဲ ရှိသေးတယ်။
    အပျိုဖေါ် ဝင်ကတည်းကစပြီး၊ သွေးမဆုံးမချင်း အမျိုးသမီးတိုင်းဟာ လူ့မျိုးဆက်ပြန့်ပွါးဘို့ ဖြစ်နိုင်ရပါတယ်။ ရာသီလ အလည်ရက်မှာ မျိုးဥအိမ်ကနေ မျိုးပွါးစေနိုင်တဲ့ မ-မျိုးဥ ၁ ဥ ထွက်ပေးနေတယ်။ အဲဒီ သန်စွမ်းတဲ့ ဥနဲ့ ကျား-သုတ်ပိုး အကောင်း ၁ ခု ထိတွေ့ရ၊ ပေါင်းစပ်ကြရရင် ကိုယ်ဝန်ရစေပါတယ်။
    အမျိုးသမီးများ အသက်ကြီးတာနဲ့ ကလေးရနိုင်စွမ်း နည်းလာတယ်ဆိုတာ ဆရာဝန်မဟုတ်လဲ သိကြတယ်။ ယောက်ျားတွေလဲ အိုလာရင် ကလေးရဘို့လမ်း နည်းလာတာပါဘဲ။ အသက်ကြီးတာအပြင် ဘာ့လို့ ကလေးမရကြသလဲ။ ခင်ပွန်းဘက်က ချို့ယွင်းချက် ၂ဝ%၊ ဇနီးဘက်က ၄ဝ-၅ဝ% နဲ့ ၂ ယောက်လုံးနဲ့ ဆိုင်တာ ၃ဝ-၄ဝ% ရှိတယ်လို့ ဆိုပါတယ်။ ရှင်းမပြနိုင်တဲ့ အခြေအနေတွေကလဲ ၁၅% ရှိပါတယ်။
    ကျားသုတ်ပိုး အရေအတွက် နည်းတာနဲ့ Endometriosis ဆိုတဲ့ သားအိမ်ရောဂါ၊ သားအိမ်ပြွန်မှာ ပြဿနာရှိတာတွေက အများဆုံး တရားခံတွေပါ။ မျိုးဗီဇကိုလဲ ထည့်သွင်း စဉ်းစားရပါတယ်။ DNA defects on the Y chromosome ဖအေမှာ ရှိရင် သားကို အမွေပေးတယ်။ ဆီးချို၊ လည်ပင်ကြီး၊ Adrenal နဲ့ Hypopituitary ဆိုတဲ့ ဟော်မုန်း ထွက်တဲ့ (ဂလင်း) တွေမှာ ရောဂါရှိတာလဲပါတယ်။ နောက်ပြီး ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကိုပါ စဉ်းစားတယ်။ ဂျာမန် ဆရာဝန် တွေကတော့ (ဗိုင်းရပ်စ်) တမျိုးကို လက်ညှိုးထိုးပါတယ်။
    ဒီရောဂါကုဘို့ ဆရာဝန်တွေက အပြစ်ရှာတာနဲ့ စရတယ်။ ယောက်ျားကို အပြစ်ရှာရရင် သုတ်ပိုး နည်းတာ၊ ပုံမမှန်တာ၊ သုတ်ရည်က နောက်ပြန်ထွက်တာ၊ သုတ်ရည်လမ်း ပိတ်နေတာ၊ Varicocele အကြောထုံးရောဂါ၊ Testosterone ကျား ဟော်မုန်းနည်းတာ၊ မျိုးဗီဇ ချွတ်ယွင်းတာ၊ ရောဂါပိုးဝင်တာ၊ မွေးကတည်းက ကျားအစေ့ အောက်မကျဘဲရှိနေတာ၊ Hypospadias ဆီးထွက်ပေါက် မွေးရာပါ နေရာမမှန်တာ၊ Cystic fibrosis ရောဂါရှိတာ၊ စိတ်သောက များတာ၊ အာဟာရ နည်းလွန်းတာ၊ အဝလွန်တာ၊ ကင်ဆာ ဖြစ်တာနဲ့ ကုသမှု ခံနေတာ၊ ဇိုးသမား၊ ဆေးသမား၊ အသက်ကြီးတာတွေ ပါတယ်။
    အမျိုးသမီးများမှာ အပြစ်ရှာရရင်၊ သားအိမ်ပြွန် ပိတ်နေတာ နဲ့ မကောင်းတာ၊ အကုရခက်တဲ့ Endometriosis သားအိမ် ရောဂါ၊ ခွဲထုတ်လို့ လွယ်တဲ့ Fibroids သားအိမ်အလုံးရှိတာ၊ မျိုးဥအိမ်ရောဂါ၊ Hyperprolactinemia, Polycystic ovary syndrome ရောဂါတွေ၊ သွေးဆုံးချိန်စောတာ၊ အဖြူဆင်းပြီး ဆီးစပ်နာရာကနေ တင်ပဆုံတွင်းရောဂါ ရလာတာ၊ လည်ပင်ကြီးရောဂါ၊ ကင်ဆာဖြစ်တာနဲ့ ကုသမှု ခံနေရတာ၊ အသက်ကြီးသွားတာ၊ ကော်ဖီ၊ အရက်၊ ဆေးလိပ်သောက်တာ၊ စည်ပိုင်းလို အဝလွန်တာ နဲ့ ငါးဖေါင်ရိုးခြောက်လို ပိန်တာတွေ ပါတယ်။
    အပြစ်ရှာပြီးပါပြီ၊ ကုဘို့ ကြိုးစားပါမယ်။ ကုသနည်းတွေထဲမှာ ဆေးပေးနည်း၊ ကရိယာသုံးနည်း၊ ခွဲစိတ်နည်းတွေ ရှိတယ်။ လိုအပ်ရင် နည်းတခုမက တွဲလုပ်ပေးရတယ်။ ၂ဝဝ၇ ခုနှစ်မျာ FDA အတည်ပြုပေးတဲ့ Conception device ဆိုတာက ခင်ပွန်းရဲ့ Semen ထဲက သုတ်ပိုးအားလုံး ဇနီးရဲ့ သားအိမ်အဝထဲ အကုန်အစင် ဝင်စေအောင် ကူပေးနည်းပါ။ အိမ်မှာတင် ကိုယ့်ဖါသာ လုပ်ရတာမို့ အပန်းမကြီးပါ။ ၂ဝဝဝ ခုနှစ်မှာ Harvard Medical School ကနေ Group psychological intervention အုပ်စုလိုက် စိတ်ပိုင်းဆိုင်ရာ ဝင်ရောက် ကူညီခြင်းဆိုတာ လုပ်ပေးတော့ တိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။
    ဆရာဝန်ပါမှရတာ လာပါမယ်။ ကျားသုတ်ရည် အပြင်က ထည့်ပေးခြင်းနည်း Artificial Insemination ဆိုတာက ၁၉၇ဝ ကတည်းက စတယ်။ Intracervical insemination (ICI) နဲ့ Intrauterine Insemination (IUI) ၂ နည်းရှိတယ်။ (IUI) ကပို ခေတ်စားတယ်။ 5% to 25% အောင်မြင်လမ်း ရှိတယ်။ အကူညီပေးတဲ့ဆေးပါ တွဲပေးရင် အခွင့်အလမ်း ပိုများတယ်။ ဆေးတွေကတော့ Progesterone, Gonadotropins, GnRH Agonists, GnRH Antagonists, Clomiphene Citrate, Human Menopausal Gonadotropin ဆိုတာတွေပါ။ ဒီနည်းမှာ ခင်ပွန်းရဲ့သုတ်ရည်ကိုသာ သုံးပါတယ်။
    Artificial Insemination by Donor Sperm ဆိုတာက ခင်ပွန်းမဟုတ်သူ အလှူရှင်ဆီက သုတ်ပိုးကို ထည့်ပေးနည်းပါ။ အသက် ၁၈-၃၅ နှစ်အတွင်း၊ အားကောင်း၊ မောင်းသန်၊ အမျိုးမျိုး ဆေးစစ်တာ အောင်သူတွေ၊ ခေတ်သစ် အလှူရှင် ဖြစ်နိုင်တယ်။ ဝေဿန္တရာမင်းကြီး မလုပ်နိုင်ခဲ့တဲ့ ဒါနပါရမီပေါ့။ Intracytoplasmic Sperm Injection (ICSI) ကတော့ ပိုပြီး လက်ဝင်သလို၊ အကုန်အကျလဲ များတယ်။ အနုကြည့် မှန်ဘီလူး သုံးပြီး၊ တခုတည်းသော ကျားသုတ်ပိုးကို မ-မျိုးဥ အတွင်းထဲ ထိုးထည့်ပေး။ ပြီးတော့ သားအိမ်ထဲ ပြန်ထည့်ပေးတယ်။ အမျိုးသမီးကို ဆေးပေး၊ ကျန်းမာသန်စွမ်းတဲ့ မျိုးဥ ထွက်စေအောင် လုပ်ပြီး၊ Vaginal ultrasound နည်းသုံးရတယ်။ ကျားသုတ်ပိုးကိုလဲ အမှုံအမွှားတွေနဲ့ ခွဲထုတ်ဘို့ Embryology laboratory ထဲမှာ Centrifuge လုပ်ပေးရသေးတယ်။ အင်မတန်တော်တဲ့ ပန်းတိမ်ဆရာလို Micromanipulation specialist အနုစိတ်ပညာရှင်က Glass needle ဆိုတာ သုံးရတယ်။
    Assisted reproductive technology (ART) မျိုးပွါး အထောက်အကူပြုနည်း ဆိုတာရှိပါတယ်။ Fertility medication ဆိုတဲ့ ဆေးကူပေးတာပါ။ လိုအပ်ရင် In vitro fertilization (IVF) ဆိုတဲ့ သားအိမ်ပြင်ပနည်းကိုပါ တွဲလုပ်တယ်။ (IVF) ကို ထပ်ချဲ့လုပ်ပေးနည်းတွေကတော့ (OCR, AZH, ICSI, ZIFT) နဲ့ (PGD, GIFT, SSR) အမျိုးမျိုးရှိတယ်။ အရင်ဆုံး မ-မျိုးဥ ထွက်လာအောင် ဆွပေးရတယ်။ ထွက်လာတဲ့ ဥကို ထုတ်ယူ၊ ဓါတ်ခွဲခမ်းထဲမှာ ကျားသုတ်ပိုးနဲ့ ပေါင်စပ်ခိုင်းပြီး၊ ၄ဝ နာရီ စောင့်၊ နောက် ပေါင်းစပ်ပြီးတဲ့ ဥကို သားအိမ်ထဲ ထည့်ပေးတယ်။ မဒီဒေဝီလို ပါရမီဖြည့်မဲ့ သားအိမ်အငှား လုပ်သူကိုလဲ သုံးနိုင်တယ်။ AIDS ရှိသူတွေ မွေးလာမဲ့ ကလေးကို မကူးအောင်လဲ ဒီနည်း သုံးတယ်။ Embryo transfer လို့ခေါ်တယ်။ ၁၉၇၈ ကတည်းက စသုံးပါတယ်။ ၂ဝဝ၆ အကုန်အထိ US မှာ ဒီနည်းနဲ့ မွေးတဲ့ ကလေးပေါင်း ၅ သိန်းရှိပြီတဲ့။
    ၂ဝဝ၂ တုံးက IVF နည်း လုပ်ပြီးနောက်၊ အပ်စိုက်နည်းနဲ့ ကူပေးတာလဲ ပိုကောင်းစေတယ်လို့ ဆိုတယ်။ Floatation therapy ဆိုတာက ကမ္ဘာ့ဆွဲအား မဲ့အောင် ဖန်တီးပြီး၊ စိတ်တင်းအား လျော့စေတဲ့နည်း။ ၂ဝဝ၄ ခုနှစ်မှာ Manual physical therapy မ-မျိုးပွါးလမ်းမှာ တွယ်ကပ်နေတာ မှန်သမျှ ဖယ်ရှင်း ထုတ်ပေးပြီး၊ သဘာဝအတိုင်း သန္ဓေရစေအာင်လုပ်နည်း။ ၂ဝဝ၉ ခုနှစ်မှာ ပေါ်တဲ့ နည်းသစ်တခုကတော့ Hormone-antioxidant combination therapy ခေါ်တယ်။ ကျားသုတ်ပိုးကို ပိုများအောင် နဲ့ ပိုလှုတ်ရှားမှု ရှိအောင် လုပ်ပေးနည်း ဖြစ်ပါတယ်။
    သဘာဝမဟုတ်ဘဲ ကလေးရအောင်လုပ်ရတာမှာ Ethics ကျင့်ဝတ်ပိုင်းကိုလည်း ထည့်တွက်ရမှာပါ။ အောင်မြင်တာ မအောင်မြင်တာ နောက်ထား စမ်းသပ်မှုတွေ လုပ်ရတာကိုက ကုန်ကျစရိတ် အလွန်မတန် ကြီးတယ်။ သူတို့ဆီမှာ ၁၂၄ဝဝ ဒေါ်လာ ကုန်ကျတယ်။ အပြင်မှာ တည်အောင် လုပ်ပေးတဲ့သန္ဓေကို ဥပဒေအရလဲ စကားပြောစရာတွေ ရှိသလို၊ ဘာသာ အမျိုးမျိုးတွေကနေ တမျိုးတမျိုး ဆိုကြတယ်။
    စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကလဲ အတော် ကြီးမားလှတယ်။ ကလေး မရလေ၊ ရချင်လေစိတ်က တနေ့တခြား၊ ပြင်းပြလာတယ်။ အိမ်ထောင်ကွဲရတာလဲ မနည်းဘူး။ ဇနီးဘက်က ချို့ယွင်းတာ သေခြာသိလို့ နောက်အိမ်ထောင် ပြုသွားတဲ့ ယောက်ျားကို အပြစ်တင်ရမှာလား။ မတင်သင့်ဘူးလား။ စောစောက ဖေါ်ပြခဲ့တဲ့ပုံပြင်မှာ “သူကြွယ်သည် အနွယ်ကို လိုသဖြင့် မျိုးဆက်မပြတ်ရန် အလို့ငှာ အမျိုးနွယ်တူသည့် အမျိုးသမီးတစ်ဦးကို လက်ထပ်ယူလိုက်သည်။”
    ဘေးထွက်ဆိုးကျိုးတွေလဲ ရှိပါတယ်။ မလုပ်စေချင်လို့တော့ မဟုတ်ပါ သိထားဘို့လိုလို့ အကုန်အစင် ရေးရရင် – ကလေး တယောက်မကဖြစ်ခြင်း၊ Ovarian hyperstimulation syndrome မ-မျိုးဥအိမ် ရောဂါတမျိုးရခြင်း၊ သွေးယိုခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အလေးချိန် နည်းလွန်းတဲ့ကလေး မွေးခြင်း၊ ကလေးမှာ မွေးရာပါချို့ယွင်းချက် ပါခြင်း။
    သိပ်မကြာသေးပါဘူး။ Fertility tourism ဆိုတဲ့ဝေါဟာရ ပေါ်လာရတယ်။ ကလေးရဘို့ ခရီးသွားရတာတဲ့။ ကျွန်တော်တို့ တိုင်းပြည်မှာ ကြာပြီလို့ ကြွားချင်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စာရေးဆရာ၊ ထုတ်ဝေသူ စွယ်စုံရ “ဝင်းဦး” ကို ငယ်သူတွေ သိချင်မှ သိကြမယ်။ သူ့ခေတ်မှာတော့ တယောက်ဆို တယောက်ပါ။ “ပရက်စလေ” ခေတ်ကပေါ့။ သူရေးတဲ့ ဝတ္တုရှည်တပုဒ် ရှိတယ်။ ဇာတ်လိုက်မင်းသား သြစတေးလျ သွားပြီး၊ (မဲလ်ဘွမ်း) မှာနေတဲ့ အင်မတန် ချောလှတဲ့ အမျိုးသမီးနဲ့ “တညတာ” ကြုံရဆုံရတယ်။ တညပြီးတဲ့နောက် ဆက်ဆံရေး ကန့်လန့်ကာ အပြီးချ လိုက်လို့ မင်းသားခမြာ လွမ်းရ၊ ဆွေးရတာပေါ့။ လွမ်းခန်း ကောင်းနေတုံး၊ မင်းသမီးက အိမ်ထောင်သည် ဆိုတာကို ဖေါ်ပြလိုက်တယ်။ အိမ်ထောင်သက် ကြာပေမဲ့၊ ကလေးမရဘူးတဲ့။ ကျေကွဲရမှာလား၊ ကျေနပ်ရမှာလား မသိပါ။ ဇာတ်လမ်း အဆုံးမှာ မင်းသားနဲ့ တညတာ ဖူးဇာဆုံအပြီး၊ ဇာတ်လိုက်သမီးက သားလေးတယောက် ထွန်းပေါက်ပါသတဲ့။
    မှန်းကြည့်တာကတော့ ခင်ပွန်းသည်မှာ ချို့ယွင်းနေတယ်။ အခုရေးတဲ့စာမျိုးလဲ ဖတ်ဖူးပုံရတယ်။ လင်ရော မယားပါ တညတာဇာတ်လမ်ကို အကွက်ချခဲ့တာနေမယ်။ ဝတ္တုကို Dee S. Knight ရဲ့ စာအုပ်အတိုင်း If Only For a Night ဆိုပြီး နာမယ်ပေးလိုက်ရင် မကောင်းလား။
    Dr. တင့်ဆွေ
    ၇-၁-၂ဝ၁ဝ
  3. WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်
    အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်
    WiFi အင်တာနက် သုံးစွဲသည့် အမျိုးသားများ သတိထားဖွယ်
    WiFi အင်တာနက် သုံးစွဲခြင်းသည် အမျိုးသားများ၏ လိင်ပိုင်းဆိုင်ရာ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ကြောင်း သုတေသီများက သတိပေးလိုက်သည်။ ကွန်ပျူတာနှင့် Laptopများမှ ထွက်ပေါ်လာသည့် Wirelessဖမ်းယူမှု လှိုင်းများသည် သုက်ကောင်များကို ပျက်စီးစေတတ်ကြောင်း သိရသည်။ ထို့ကြောင့် အမျိုးသားများအနေနှင့် Laptopများကို ပေါင်ပေါ်တင်ကာ သုံးစွဲပါက သုက်ပိုးများကို ပျက်စီးစေနိုင်ကြောင်း သုတေသီများက ထောက်ပြခဲ့သည်။
    အသက်(၂၆)နှစ်မှ (၄၅)နှစ်ကြား အမျိုးသား (၂၉)ဦး၏ သုက်သွေးကို စမ်းသပ်လေ့လာမှုအရ ယခုသုတေသန ရလဒ်ကို ပညာရှင်များက အတည်ပြုခဲ့ခြင်းဖြစ်သည်။ Wi-Fiလှိုင်းများသည် DNAကို အနည်းဆုံး (၃)ရာခိုင်နှုန်းမျှ ပျက်စီးထိခိုက်စေပြီး (၄)နာရီမျှ ပေါင်ပေါ်တင်သုံးပါက သုက်ကောင်များ သေဆုံးမှု ဖြစ်ပေးစေရန် (၂၅)ရာခိုင်နှုန်းမျှထိ ဖြစ်လာနိုင်ကြောင်း Fertility and Sterility ဆေးပညာ စာတမ်းတွင် ဖော်ပြထားသည်။
    အဆိုပါ ဖြစ်စဉ်သည် အမျိုးသား တစ်ဦး၏ မျိုးဆက်ပျံ့ပွားရေး စွမ်းဆောင်မှုကို အကန့်အသတ် ဖြစ်စေမည်ဖြစ်သည်။ အမေရိကန်နှင် အာဂျင်တီးနားမှ ပူးပေါင်း သုတေသီ အဖွဲ့တစ်ခုသည် ပရော်ဖက်ဆာ ကွန်ရာဒို အဗန်ဒါနို ဦးဆောင်မှုဖြင့် WiFiစနစ်နှင့် သုက်ပိုးများ ထိခိုက်မှုကြား ဆက်နွယ်နေခြင်းကို အဖြေရှာခဲ့သည်။ “ကျွန်တော်တို့ တွေ့ရှိတဲ့ အချက်အလက်တွေအရ WiFiကို သုံးတဲ့အခါ ထိခိုက်မှုတွေ ရှိနိုင်ပါတယ်။ ဆင်ခြင်သင့်တာက ပေါင်ပေါ်တင်ပြီး အချိန်ကြာကြာ Laptopသုံးတာမျိုး မလုပ်ဖို့ပါ။ ဒါဟာ သုက်သွေး DNAတွေကို ပျက်စီးစေနိုင်ပါတယ်”ဟု အဗန်ဒါနိုက ရှင်းပြခဲ့သည်။ ယခင် သုတေသန ရလဒ်များအရ ပေါင်ပေါ်တင်သုံးသော Laptopများမှ ထွက်ပေါ်သော အပူသည် အမျိုးသားများ၏ သုက်ပိုးများကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း ဖော်ထုတ်တွေ့ရှိထားပြီးဖြစ်သည်။
    http://www.planet.com.mm/news/read.cfm/id/18195
  4. အရေးပေါ်တားဆေးကို လွဲမှားစွာအသုံးပြု နေသောကြောင့် အရေးပေါ်လူငယ်များလာ
    အရေးပေါ်သုံး ကိုယ်ဝန်တားဆေးများအား ဈေးကွက်အတွင်း ကျယ်ပြန့်စွာရောင်းချလာမှုနှင့်အတူ လူငယ်များ၏ လွဲမှားစွာအသုံးပြုမှုကြောင့် ဆေး ယဉ်ပါးမှုဖြစ်ကာ မလိုချင်ဘဲ ကိုယ်ဝန်ရရှိမှုနှုန်း မြင့်မားလာ သည့်နည်းတူ တရားမဝင် ကိုယ်ဝန်ဖျက်ချမှုနှုန်းမှာလည်း မြင့်မားလာသည်ဟု သားဖွား မီးယပ်အထူးကု ဆရာဝန်ကြီးတစ်ဦးက ပြောသည်။
    တားဆေးအများစုတွင် ဘေးထွက်ဆိုးကျိုးများ ရှိတတ် ပြီး သားသမီးမလိုချင်၍ သောက်သုံးမည်ဆိုပါက တတ်ကျွမ်းနားလည်သော ဆရာဝန်များနှင့် တိုင်ပင်ကာ သောက် သုံးရန် လိုအပ်ကြောင်း၊ ပဋိသန္ဓေတားဆေးများကို သားဆက်ခြားလိုသည့် မိခင်လောင်းများ၊ နှလုံးရောဂါ၊ ဆီးချို ရောဂါနှင့် သွေးတိုးရောဂါရှိသည့် အမျိုးသမီးများ၊ ကလေးရယူလိုခြင်း မရှိသေးသည့် အမျိုးသမီးများအတွက်သာ ရည်ရွယ်၍ ဆေးဝါးကျွမ်းကျင်သူများက ထုတ်လုပ် ရောင်းချခြင်းဖြစ် သော်လည်း လူငယ်ထုအတွင်း အရေးပေါ်သုံးတားဆေးများအား လွဲမှားစွာအသုံးပြုနေခြင်းများကြောင့် ဆေးယဉ်ပါးကာ မလိုချင်ဘဲ ကိုယ်ဝန်ရ ရှိခြင်းနှင့် ကိုယ်ဝန် ရရှိလာသည့်အခါ တရားမဝင် ကိုယ်ဝန်ဖျက်ချခြင်းတို့ကြောင့် မသေဆုံးသင့်ဘဲ သေဆုံးရသည့် လူငယ်နှင့် ဆယ်ကျော်သက် အရွယ် အမျိုးသမီး ဦးရေပိုများလာကြောင်းဆိုသည်။
    ”အရေးပေါ်သုံးဆိုတဲ့အတိုင်း တကယ်အရေးပေါ်ဖြစ်နေတဲ့အချိန်မှ တစ်ခါတစ်ရံပဲ သုံးလို့ရတယ်ဆို တာကို လူငယ်တွေက နားလည် မှုနည်းနေတယ်။ လူငယ်တွေ တော် တော်များများမသိတဲ့အချက်က ဒီအရေးပေါ်သုံးတားဆေးမှာ Failere rate ဆိုတာရှိတယ်။ သူက ၁ဝခါ သုံးရင် တစ်ခါနှစ်ခါ လောက်မှာ ဆေးက မထိရောက်တတ်ဘူး။ အဲဒီအခါကျရင် မလိုချင်တဲ့ကလေး ရသွားတတ်တယ်။ ဒီဆေးတွေကို ယုံကြည်လို့မရဘူး။ ဒီဆေးတွေ ရှိ နေတာပဲဆိုပြီး ကိုယ်လုပ်ချင်ရာ လျှောက်လုပ်နေလို့ မရဘူး။ ဆရာ့ဆီကိုလာတဲ့ လူနာတစ်ယောက်ဆိုရင် ဒီဆေးတွေသောက်ပေမယ့် ကလေး ရလာ တယ်။ ဆေးရဲ့အညွှန်းမှာကတော့ ရာနှုန်းပြည့် ကိုယ်ဝန်မရနိုင်ဘူးဆိုပြီး ရေးထားတယ်။ တကယ်ကတော့ ဒီဆေးတွေက ရာနှုန်း ပြည့် စိတ်မချရဘူး။ နောက်ပြီး တစ်လအတွင်းမှာ ဒီဆေးကို ခဏ ခဏသောက်နေရင်လည်း ဆေး ယဉ်ပါးပြီး တစ်ချိန်မဟုတ်တစ်ချိန်မှာ မလိုချင်ဘဲ ကလေးရမှာပဲ။ ဒီဆေး မျိုးက တစ်ခါတစ်ရံ အရမ်းအရေး ပေါ် ဖြစ်နေတဲ့အချိန်မှာပဲ သုံးရတာ။ ပုံမှန်သုံးရင် သေချာပေါက်ဆိုးကျိုး တွေရမှာပဲ။ တချို့လူငယ်တွေကျ တော့လည်း ဒီဆေးတွေ မကြာခဏ သောက်မိလို့ ဆေးယဉ်ပြီး ကိုယ်ဝန် ရလာတဲ့အခါ လူကြီးမိဘတွေ အသိမပေးဘဲ တိတ်တိတ်လေး တရားမဝင် ကိုယ်ဝန်ဖျက်ချလို့ သေသွားရတာတွေလည်း အများ ကြီးရှိလာတယ်။ အများအားဖြင့် တော့ ဆယ်ကျော်သက်လူငယ် တွေပိုများတယ်။ နောက်ပြီး ဒီ ဆေးက ဘေးထွက် ဆိုးကျိုးတွေ အများကြီးရှိတဲ့အတွက် ရောဂါ အခံရှိတဲ့ အမျိုးသမီးတွေဆို ရုတ်တရက်အသက်သေဆုံးနိုင်တဲ့ အထိဖြစ်နိုင်တယ်။ ပုံမှန်တားဆေး တွေလည်း သူ့ဟာနဲ့သူ ဘေး ထွက်ဆိုးကျိုးတွေရှိကြတာပဲလေ” ဟု ၄င်းကထပ်လောင်းပြောသည်။
    ထိုဆေးများမှာ တန်ဖိုးနည်းပြီး အလွယ်တကူဝယ်ယူ ရနိုင်သည့်အတွက် လူငယ်အများစုမှ လာရောက် ဝယ်ယူလေ့ရှိကြောင်း၊ ထိုဆေးမှာ လိင်ဆက် ဆံပြီး ၂၄ နာရီသို့မဟုတ် ၇၂ နာရီအတွင်း သောက်သုံး ပါက ကိုယ်ဝန်မရနိုင်ဟုသာ သိရှိကြပြီး ဆေးယဉ်ပါးမှုနှင့် ဆေးကြောင့်ဖြစ်ပေါ်တတ်သော ဘေးထွက်ဆိုးကျိုးများအကြောင်းကို ပြောပြလိုသော်လည်း အများစုမှာ လက်ခံနားထောင်လိုခြင်း မရှိကြောင်း ဆေးဆိုင်ပိုင်ရှင်တစ်ဦးထံမှ သိရ သည်။
    သူရထွန်း
  5. လိင်အင်္ဂါ ကြီးထွားသည့် အမျိုးသားများ ကိုယ်ရေကိုယ်သွေး
    လိင်အင်္ဂါ ကြီးထွားသည့် အမျိုးသားများ ကိုယ်ရေကိုယ်သွေး ပိုမို မြင့်မားသည်
    လိင်အင်္ဂါ် အရွယ်အစား သာမန်ထက် ကြီးထွား ဖွံ့ဖြိုးသော အမျိုးသား များသည် လိင်အင်္ဂါ သေးငယ်သည့် အမျိုးသား များထက် ယျေဘူယျ အားဖြင့် ကိုယ်ရည်ကိုယ်သွေး ပိုမို မြင့်မားခြင်း၊
    မိမိ ကိုယ်ကိုယ် ပိုမို အထင်ကြီး ဂုဏ်ယူ တတ်ခြင်း၊ ကျန်းမာရေး ပိုကောင်းခြင်း၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု ပိုမို မြန်ဆန်ခြင်း စသည့် ကောင်းကျိုးများ ရရှိစေကြောင်း ဩစတြေးလျ နိုင်ငံမှ ပညာရှင် တဦးက ပြောကြားခဲ့သည်။
    ဩစတြေးလျ နိုင်ငံ၊ ဗစ်တိုးရီးယား တက္ကသိုလ်မှ အသက်(၂၉)နှစ် အရွယ် ပညာရှင် အမျိုးသမီး အန်နာဘယ်ချန် က အမှန်အားဖြင့် လိင်တံ ကြီးထွားမှုသည် အိပ်ခန်း ထဲတွင်ထက် အဝတ်လဲခန်း အတွင်း တွင်သာ ပိုမို အဓိပ္ပါယ်ရှိမည်ဟု ဆိုသည်။
    အဘယ်ကြောင့် ဆိုသော် အမျိုးသား အများစု ထင်မှတ် သကဲ့သို့ လိင်တံ ကြီးထွားခြင်းသည် ကာမ ဆက်ဆံမှုတွင် များစွာ အကျိုးမရှိလှဘဲ ခန္ဓာကိုယ် အချိုးအစား လှပ ကျနမှုကိုသာ ဖြစ်ပေါ် စေသောကြောင့်ဟု ချန်က ရှင်းပြခဲ့သည်။ သူမက အမျိုးသား များသည် ၎င်းတို့၏ လိင်အင်္ဂါ အရွယ်အစား သေးငယ်နေပါက ကာမ ဆက်ဆံမှုတွင် ယုတ်လျော့ အားနည်း သွားမည်ကို စိုးရိမ် တတ်ကြကြောင်း၊ ယင်း အယူအဆသည် အခြေအမြစ် လုံးဝ မရှိကြောင်း ပြောကြားခဲ့သည်။
    သူမ၏ လေ့လာမှုများအရ ကြုံလှီးချိနဲ့သော အမျိုးသားများ၏ လိင်အင်္ဂါ အရွယ်အစားသည် ပျမ်းမျှ ၃.၄ လက်မ မျှသာ ရှိတတ် သော်လည်း အားကောင်းမောင်းသန် အမျိုးသား များမှာမူ ပျမ်းမျှအရွယ် ၆.၃ လက်မ ရှိကြောင်း ချန်က ဆိုသည်။ သူမသည် အမျိုးသား လိင်အင်္ဂါ အရွယ်အစားသည် ခန္ဓာကိုယ်နှင့် စိတ်ကျန်းမာရေးကို မည်သို့မည်ပုံ ဆက်စပ်နေကြောင်း အထူးပြု လေ့လာနေသည့် ပညာရှင်လည်း ဖြစ်သည်။
    ချန်သည် သူမ၏ သုတေသန လုပ်ငန်းများအား စင်္ကာပူနှင့် ဗြိတိန် တို့တွင်လည်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သေးပြီး နိုင်ငံပေါင်း (၄၃)ခုမှ အသက် (၁၈)နှစ်နှင့် (၇၆)နှစ်ကြား အမျိုးသား (၇ဝ၀)ကျော် တို့ကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။ သူမ၏ တွေ့ရှိချက်များ အရ အမျိုးသားထု၏ (၆၇.၃) ရာခိုင်နှုန်းသည် ၎င်းတို့၏ လိင်အင်္ဂါ အရွယ်အစား ရှိရင်းစွဲထက် ပိုပြီး ကြီးစေလိုသော ဆန္ဒရှိကြောင်း ချန်က ထုတ်ဖော် ပြောဆိုသွားခဲ့သည်။
    ကမ္ဘာ့ အဆိုးနှင့်အကောင်း လိင် ဆက်ဆံဖက် ရလဒ်များ ထွက်ပေါ်လာ
    တကမ္ဘာလုံး ဆိုင်ရာ သုတေသန ဝဘ်ဆိုဒ်တခု ဖြစ်သည့် Onepoll.com က ကမ္ဘာပေါ်တွင် အညံဖျင်းဆုံး ချစ်ဖော် ချစ်ဖက်များ အဖြစ် ဂျာမန် အမျိုးသား များအား ဖော်ပြ လိုက်သည်။
    ယင်း ဝဘ်ဆိုဒ်သည် ကမ္ဘာ့နိုင်ငံ အခု(၂၀)မှ အတွေ့အကြုံ များသော အမျိုးသမီး (၁၅၀၀၀) ကို မေးမြန်းစုံစမ်း သဘောထား ကောက်ခံပြီး နောက် ယခု စစ်တမ်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။
    ဂျာမန် လူမျိုးများသည် ရေချိုးရန် ပျင်းရိလေ့ရှိပြီး အနံ့အသက် မကောင်းတတ်ကြောင်း အမျိုးသမီးများက ဆိုသည်။ အင်္ဂလိပ် များကမူ အညံ့ဆုံး အိပ်ခန်းဖော် စာရင်းတွင် ဒုတိယနေရာမှ ရပ်တည်နေပြီး အများအားဖြင့် ၎င်းတို့သည် ချစ်တင်း နှီးနှောရာတွင် ထိုင်းထိုင်းမှိုင်းမှိုင်း နှင့် လေးကန်လေ့ ရှိကြောင်း သိရှိရသည်။
    ဆွီဒင်များမှာ တတိယအဖြစ် ရပ်တည်နေပြီး ၎င်းတို့၏ အားနည်းချက်မှာ ကိစ္စပြီးမှု မြန်လွန်းသဖြင့် အမျိုးသမီးများ မကျေနပ်စရာ ဖြစ်ရခြင်းဟု ဆိုသည်။ ဒတ်ခ်ျ များမှာမူ မိမိ၏ အဖော်အပေါ် အသာစီးယူရန် ဆန္ဒပြင်းပြလေ့ ရှိကြောင်း အမျိုးသမီး အများစုက မဲပေး ခဲ့ကြသည်။
    နံပါတ်(၅)တွင် ရှိနေသည့် အမေရိကန်များ ကမူ အကြမ်းပတမ်း နိုင်လွန်းသည်ဟု သိရှိရပြီး၊ ဂရိများကမူ တဖွဲ့တနွဲ့ နိုင်လွန်းပြီး စိတ်မရှည်စရာ ကောင်းနေပြန်သည်။ ဝေလ် နယ်သားများ ကမူ မိမိအတွက်သာ ကြည့်တတ်သော တကိုယ်ကောင်း သမားများဟု အမျိုးသမီးများက မှတ်ယူနေပြီး စကော့တ် များကမူ မလိုအပ်ဘဲ အသံကျယ်လွန်းကြောင်း သိရှိရသည်။
    နံပါတ်(၉) ချိတ်သည့် တူရကီများကမူ အလွန်အမင်း အားကြိုးမာန်တက် ရှိလွန်း၍လား မသိ၊ ချွေးထွက် လွန်းသည်ဟု အမျိုးသမီးများက နှာခေါင်းရှုံ့ ပြန်သည်။ ရုရှားများ ကမူ နံပါတ်(၁၀)တွင် အဆင့်ချိတ်သည်။ ၎င်းတို့ နာမည်ပျက်ပုံမှာ တမျိုး တဘာသာဖြစ်ပြီး အမွေးအမြှင် ထူလွန်းသဖြင့် အမျိုးသမီးများ မနှစ်ခြိုက်ကြောင်း သိရှိရသည်။
    အိပ်ခန်းဆောင် အချစ် ဇာတ်လမ်းများ အတွက် အကောင်းဆုံး အဖော်အဖြစ် မဲပေးခံရသည်မှာ စပိန် လူမျိုးများဖြစ်ပြီး ၎င်းတို့ နောက်တွင် ဘရာဇီး၊ အီတလီ၊ ပြင်သစ်၊ အိုင်းရစ်၊ တောင်အာဖရိက၊ ဩစတြေးလျ၊ နယူးဇီလန်၊ ဒိန်းမတ် နှင့် ကနေဒါ အမျိုးသားများက ဂုဏ်ယူ ဝံ့ကြွားဖွယ် အစဉ်လိုက် ရပ်တည်နေကြောင်း သိရှိရသည်။
    http://www.myanmarfriendconnect.com/_-/blog/1717042/67853.html
  6. Here are some correct postures which should be used while using a computer to reduce stress and other ill effects.
    Please take good care of your wrist while using the keyboard and mouse of your computer.
    Long term repetitive action stress can lead to Carpal Tunnel.
    You could end up going under a surgery that looks like this:
    Plz don’t Ignore this mail
    Follow the simple exercises in this email
  7. လိင်စိတ် လွန်ကဲသူများ(+၁၈နှစ်အောက်မဖက်ရ)
    ယောက်ျားများတွင်ရော မိန်းမများတွင်ပါ လိင်စိတ်ကျုးလွန်းသော စိတ်ရှိတက်ကြသည်၊ အချို့ဆိုလျှင် သူတို၏ဖို၊မဆန္ဒမှသောင်းကျန်းလွန်းသဖြင့်  အခြားအလုပ်လုပ်စရာမရှိပဲ ဒီကိစ္စနှင့် သာ ကုန်ဆုံးပြီးနေတက်သည်။
    အချို့ သောယောက်ျားဆိုလျှင်စူပါမင်းဟု ခေါ်ရလောက်အောင်လိင်စိတ်တွေနှင့် သာလုပ်ရင်း၊ကိုင်းရင်ဖြင့် သာနေ
    တက်သည်။သမိုင်းပုံပြင်ကို ပြန်ကြည့် လျှင် ဟာကြူလီသည် တညတည်းနှင့် အမျိုးသမီး(၅၀)နှင့် အိပ်ခဲ့ သည်ဟု
    အဆိုရှိသည်၊ နီးရိုကာ လီဂိုးလား စသည် ဘုရင်များသည်လည်ရက်အနည်းငယ်တွင်းအမျိုးသမီးတရာနှင့် အိပ်နိင်
    စွမ်းရှိသည်ဟု အဆိုရှိသည်။
    ဤလိုသောယောက်ျားတို့ သည် သာမန်လူသားအကြားတွင်နေလို့ မရအောင်ဖြစ်နေတက်သည်၊အလားတူပင်
    အမျိုးသမီးတွေလည်း သောက်လေသောက်လေ ငတ်မပြေအောင်ဖြစ်နေတက်သည်။
    အချို့ သောယောက်ျားတို့ ၏ လိင်တန်ဆာသည်အစဉ်လိုလို တင်မာနေတက်သည်၊ ဖို၊မ ဆက်ဆံပြီးတာတောင်
    သေးငယ်သွားခြင်းမရှိချေ၊ဒီလိုဖြစ်ရခြင်းမှာ အာရုံကြော(သို့ မဟုတ်)ဆီးလမ်းကြောင်တွင် ရောဂါဖြစ်နေသောကြောင့် 
    ဖြစ်သည်၊ ဒီလိုလူမျိုးများကို တဏှာအားကြီးသူတွေဟု မဆိုထိုင်ချေ။အချို့ ကြပြန်တော့  နည်းနည်းလေးတွေ့ ရတာနှင့်  စိတ်ထဲတွင်များများဆန္ဒဖြစ်သွားတက်သည်၊ဒါမျိုးတွေက လည်း ဘ၀တွင်အန္တရာယ်ဖြစ်စေတက်သည်။
    အလားတူစိတ်ဝေဒနာဖြစ်နေသော အမျိုးသမီးတွေလည်ရှိသည်။ အချို့ ဆိုလျှင် အရွယ်ရောက်ချိန်မှ အသက်(၇၀)ပြည့် သည်ထိ မည်သည်ယောက်ျားကိုမှ အရှုံးမပေး။ ဘယ်တော့ မှ အလံမလှဲသူဟု ခေါ်တွင်လောက်သည်၊ဤ
    သူမျိုးမှာလည်း စိတ်ဝေဒနာကြောင့် ဖြစ်ရသည်။
    အချို့ အမျိုးသမီးတွေကျပြန်တော့  ယောက်ျားများကိုရေလဲနှင့် ပေါင်းသင်း၏၊တစ်ယောက်သွားလိုက်၊နောက်တစ်ယောက်
    ကိုယူလိုက်လုပ်နေတက်သည်၊သိုသော် အချိန်ကျတော့  ရုတ်တရက် စိတ်ငြိမ်သွားပြီ တကယ်အိမ်ရှင်မကောင်း
    ဘ၀ကိုပြောင်းသွာတက်သူ မျိုးတွေလည်ရှိသည်၊ ဤလို့ ဖြစ်ရခြင်းမှာ သူဘ၀ကိုကျေနပ်မှုရအောင် ပေးနိင်စွမ်း
    ရှိသူကို မတွေ့ ရသောကြောင့် ဖြစ်၏။တကယ်ကျေနပ်စရာလူကိုတွေ့ သောအခါ ငြိမ်သွား၏။
    အချို့ ကြတော့  ရည်စားတွေမှိုလိုပေါက်အောင်ထား၏ ၊ဒါက ရာဂစိတ်ဟုမခေါ်နိင် လူရွေးချယ်ခြင်းသာဖြစ်၏။
    ဒီလို အမျိုးသမီးများက တကယ်တမ်း သူမနှစ်သက်သူနှင့် တွေ့ သောအခါ သစ္စာရှိသောအိမ်ထောင်ရှင်မများဖြစ်သွား၏။
    ဤဓလေ့ မျိုးသည် ယခုခေတ်ကြီးမှ ပေါ်ပေါက်လာခြင်းမဟုတ်၊ ရှေးရောမခေတ်ကတည်းကအထင်အရှားရှိခဲ့ ၏။
    ရောမသူဋ္ဌေးဟူကြွယ်သမီးအချို့ သည် ပြည်တန်ဆာဘ၀ကို ခေတ္တသက်ဆင်းကြသူတွေမနည်းလှချေ၊အချို့ ဆိုလျှင်သူတို့ ကြိုက်သော ယောက်ျားများကို အိမ်တွင်း သိသန့် ထား၏၊ပြီတော သူတို့ သဘောရှိ။ ရှေးခေတ် ခရူးဆိတ်စစ်ပွဲသွား တပ်မတော်သားများက သူတို့ ဇနီးမယားတို့ ကို သံလှောင်အိမ်ဖြင့် သောခတ်ပြီး ထားကြသလို ယောက်ျားများကို လည်း သူတို့ လိုသလိုလှောင်ထားတက်ကြသည်ဟုဆို ပါသည်။
    အချို့ ဆိုလျှင် ခြေထောက်တွေဘာတွေညောင်းကုန်သည်.စိတ်ကတော့ မကျေနပ်သေးချေဟုဆိုတက်ကြသည်။ဒီလိုဝေဒနာမျိုး ခံစားနေရသူတွေ ယခုခေတ်တွင်အတော်ပေါပေါများများရှိ၏၊ လူသားတို့ ကို အန္ဒရာယ်ပြုလောက်အောင်
    သောင်းကျန်းသဖြင့်  သူတို့ လူစားမျိုးကို ဇနီး(သို့ )ယောက်ျားအဖြင့် ရွေးထားဖို့ ကြောက်စရာကောင်းလှပါသည်။
    (ဆရာဝန်တင်ရွှေ၏ လက်တွေ့ အသုံးချ အဆင့် မြင့် ဖို၊မ ပညာစာအုပ်မှကောက်နှုတ်တင်ပြပါသည်)
  8. ကာမတဏှာ ကြောက်စရာ
    စိတ်ဝင်စားအောင်ခါင်စဉ်ပေးပြီ ကျွန်တော်ရေးမဲ့  အကြောင်းအရာက စာအုပ်တွေထဲမှာဖက်ခဲဖူတာတွေ၊ လူကြီး
    တွေပြောပြတာတွေ ပြန်ရေးထားတာပါ၊ ကျွန်တော်ကိုယ်တိုင် ကိလေသာကုန်ခန်းနေတဲ့  သူတော်စင်မဟုတ်ပါဘူး၊
    ကောက်ကြောင်းတွေများတဲ့  မိန်ကလေးတွေကို မသိမသာ ငန်းတက်ပါတယ်..ဘာကြောင့် လည်ဆိုတော့ 
    ကျွန်တော်ဟာ ယောင်္ကျားစင်စစ် ဧကန်ဖြစ်နေလို့ ပါ….:P
    မှတ်မှတ်ရရ ဖက်ခဲ့ ဖူသော စာအုပ်လေးက ကာလီဒါသ ပညာရှိအမတ်တယောက်အကြောင်းပါ၊ မူမတ်တွေ အစုံ
    အလင်နဲ့ ညီလာခံထဲမှာ ဘုရင်က ကာလီဒါသ အမတ်ကိုမေးခွန်ထုတ်ပါတယ်၊ “အမှောင်တကာ အမှောင်ထဲမှာ
    အဘယ်အမှောင်က အမှောင်ဆုံးလဲ”ဟု မေးခွန်ထုတ်ပါတယ်….
    ကာလီဒါသအမတ်အတွက် အဖြေရကြပ်စေတဲ့  မေးခွန်းဖြစ်သလို တပတ်အတွင်း အဖြေမပေးနိင်ရင် အသတ်သေ
    စေနိင်တဲ့  မေးခွန်းလည်ဖြစ်ပါတယ်၊ ကာလီဒါသ အမတ်လည် မစားနိင်၊မသောက်နိင် တမှိုင်မှိုင် တတွေတွေနဲ့ 
    စဉ်းစာနေရတာပေါ့ ၊ဒါကို သမီဖြစ်သူက မေးပါတယ်.အဘယ်ကြောင်းကြောင့်  ယခုကဲသို့  ဖြစ်နေရသနည်းပေါ့ ။
    ကာလီဒါသအမတ်လည်း ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တော့  သမီဖြစ်သူက သူကူညီမည်ဆိုတဲ့ အကြောင်း
    ယနေ့ ညအချိန် သူမအခန်းထဲသို့  လာခဲ့ ရန် မှာကြားခဲ့ ပါတယ်.။
    ညဉ်အချိန်ရောက်တော့  ကာလီဒါသအမတ်လည် သမီတော်မှာကြာခဲ့ တဲ့ အတိုင်း သမီတော်အခန်းထဲသို့ ဝင်
    သွာပါတယ်၊ အဲဒီအချိန်မှာ လရောင်အောက်သလွန်ထက်မှာ အိပ်စက်နေတဲ့ သမီတော်ဟာ ၀တ်လစ်စလစ်
    ဖြစ်နိင်သလို၊မပေါ်တပေါ်လည် ဖြစ်နိင်ပါတယ်…
    ကာလီဒါသအမတ်လည် ရှေ့ တိုးရအခက်၊နောက်ဆုတ်ရအခက်နဲ့  မင်သတ်ပြီ သမီးတော်ရဲ့  ခန္ဒာကိုယ်အလှအပ
    ပေါ်မှာ တွေဝေယစ်မူသွားပါတယ်..တချိန်ထဲမှာပဲ သမီတော်ကရုတ်တရက်ထပြီ ” ဖခင် အမှောင်တကာအမှောင်
    ထဲမှာ ယခုလို ကာမမှောင် အမှောင်ဆုံးပါ”ဟု ပြောလိုက်ပါတယ်……..
    ကာလီဒါသအမတ်လည် သဘောပေါက် နားလည်သွာပြီ ညီလာခံထဲမှာ သမီတော်တော်ပြောတဲ့ အတိုင်း”အမှောင်
    တကာ အမှောင်ထဲမှာ ကာမမှောင် အမှောင်ဆုံး”ပါဟုလျောက်တင်လိုက်ပါတယ်……
    ဘုရင်မင်းမြတ်လည်း သဘောတော်ကြ၍ ဆုလဒ်များ ချီးမြှင့် လိုက်ပါတယ်………
    ကာမတဏှာများကြောင့်  သားနှင့် အမေ၊ အဖေနှင့် သမီး တို့ ကိုမှောက်မှားစေနိင်ပါတယ်.ကျွန်တော် ဘာကြောင့် 
    ပြောနိင်တာလဲဆိုတော့  ပြီခဲ့ သောလအနည်းငယ်ကပဲ စင်္ကာပူမှာ အဖေနှင့် သမီး ဇတ်လမ်းတဗိုဒ်ဖြစ်သွာပါတယ်။
    ပြီနောက် မလေးရှား၊ပြင်သစ်၊ဘရာဇီ စသည့် နိင်ငံတွင်းသတင်းတွေမှာ အဖေနှင့် သမီး၊သားနှင့် အမေ၊မြေးနှင့် 
    အဖွား ဇတ်လမ်းများကို မဖက်ချင်ပဲ တအံတသြနဲ့ ဖက်ခဲ့ ရလို့ ပါ………
    ကျွန်တော်တို့  မြန်မာနိင်ငံဗုဒ္ဒဘာသာတွေထဲမှာ ထိုကဲသို့ အကြောင်းများ မကြားရ၊မမြင်ရ မတွေရချေ ၊ဒါကလည်း
    ယဉ်ကျေးသိမ်မွေ့ သော ဘာသာတရားကြောင့် ဖြစ်မည်ထင်ပါသည်…
    သို့ သော်…………..
    မြတ်မင်္ဂလာစာစောင်တခုတွင် ရေးသာထာသောဇတ်နိပတ်တော်တခုမှ တဏှာကာမကြောင့်  မိမိ၏သားဖြစ်
    သူ ဒိသာပါမောက္ခ ကိုသတ်သော မျက်မမြင်အဖွားအိုကြီးအကြောင်ကိ
ု ယနေ့ လူငယ်များဗဟုသုတအနေဖြင့် 
    ပြန်လည်ရေးပြရလျှင်……………၊
    အခါတပါးမြို့ တမြို ၏အကြီးအကဲ သဋ္ဌေသားတဦးကို ယောင်္ကျားတို့  တပ်အပ်သောအဋ္ဌာသရပ်(၁၈)ရပ်အကြောင်း
    ကို သင်စေဖို့ ငှာ အခြာမြို့ ရှိ ဒိသာပါမောက္ခဆရာတယောက်ဆီသို့  စေလွတ်လိုက်ပါတယ်၊ ဒိသာပါမောက္ခဆရာ
    ဟာ မျက်မမြင်အမေကို လုပ်ကြွေးပြုစုရင်း တဖက်ကလည် မင်းညီမင်းသာ၊သူဋ္ဌေသူကြွယ်သားများကို အဋ္ဌာသရပ်
    (၁၈)ရပ်ကိုသင်ကြားပို့ ချပါတယ်.
    ဒီလိုနဲ့ သင်ကြာပိုချမှုများကုန်ဆုံးသွာသော ဌာနေရပ်အသီသီကိုပြန်ခဲ့ ကြပါတယ်၊ဒါပေမယ့်  မြို့ ရဲ့ အကြီးအကဲ
    သူဋ္ဌေသာပြန်ရောက်လာတော့  သူ၏မိခင်က မေးပါတယ်၊ သားတော်ပညာရပ်များကုန်ဆုံးပါရဲ့ လာဟု..
    သာတော်ကလည် ဓာခုတ်၊လှံထိုး၊ဗေဒင် အတပ်များ အားလုံးကိုသင်ကြားပေးပါတယ်ဟု ပြောပါတယ်။
    နောက်သူဋ္ဌေးကတော်က ပါပရအတက်ပညာကို သင်၏ဆရာက သင်ကြားပေးရဲ့လာဟု မေးမြန်ပါတယ်၊ သူဋ္ဌေး
    သား လည် ပါပရအတပ်ပညာ ဆိုသည်မှာ အဘယ်နည်းဟု ပြန်လည်မေးမြန်သောအခါ ..
    မိခင်က ဘာမှမပြောပဲ သင်၏ဆရာထံသို့  တခေါက်ပြန်၍ သင်ကြာပါလေဟု ပြောပါတယ်….
    ဒိသာပါမောက္ခဆီသို့  ပြန်ရောက်သောအခါ ဆရာက အဘယ်ကြောင့် ပြန်ရောက်လာရသနည်းဟုမေးမြန်သော
    အခါ တပည့် ဖြစ်သူ သူဋ္ဌေးသာကလည် သူ၏ မိခင်ပြောသော ပါပရအတပ်ပညာကို သင်ကြာဖို့ ရန် ပြန်ရောက်
    လာကြောင်း ပြောပါတယ် ။
    ဆရာက ခေတ္တစဉ်းစားပြီနောက် ကောင်းပြီ ယနေမှစ၍ အမယ်အိုကြီးကို သူ၏ကိုယ်စာ ပြုစုရမည်ဖြစ်ကြောင်း
    သဋ္ဌေသားကလည် ကောင်ပါပြီဟု ပြောပြီအဖွာအိုကြီးကို နေ့ စဉ်နေတိုင်း ပြုစုစောင့် ရှောက်ပါတယ်၊
    ပြုစုစောင့် ရှောက်ချိန်တွင် ဆရာသင်ကြားပေးသိအတိုင်း ပြောဆိုဆက်ဆံရပါတယ်။
    မျက်မမြင်အဖွားအိုကြီး ရေချိုလျှင် ရေပတ်ဖြင့် ပွတ်သပ်တိုက်ပေးပြီး နှုတ်မှလည် အဖွားငယ်ငယ်က အလွန်လှပ
    မည်ဖြစ်ကြောင်း၊ ယခုအချိန်ထိ အသားအရည်မှာ ၀င်းဝါပြီးလှပနေကြောင်း၊အဖွား၏ အသံမှာအလွန်နားထောင်
    ရသည်မှာ သာယာနာပျော်ဖွယ်ကောင်းကြောင်း၊ဆံပင်များမှာ ယခုထိ နက်မှောင်နေကြောင်း စသည်ဖြင့်  အမျိုး
    သမီးများ သဘောကြသော စကားကိုသာ နေစဉ်ရက်စက် တွင်တွင်ပြောလေသည်။း
    ထိုအခါအဖွားအိုမှာ လူငယ်၏ အယုအယ၊အမြှောက်အပင့် များကို နေစဉ်ကြား၍ စိတ်ထဲတွင် သဘောကြနှစ်ခြိုက်
    လာပြီ ထိုလူငယ်ကိုလည် မိမိအားကြိုက်နှစ်သက်လာသည်ဟုထင်လာသည်။
    တနေ့ တွင် မျက်မမြင်အဖွားအိုက လူငယ်အား မိမိအားကြိုက်နှစ်သက်၍ အတူနေချင်လျှင် မင်းရဲ့ ဆရာမရှိမှ
    ဖြစ်နိင်မည် ထိုကြောင့်  မင်းရဲ့ ဆရာအားလုပ်ကြံ သတ်ဖြတ်ပါဟု အကြံပေးပါတယ်…၊
    လူငယ်သူဋ္ဌေသားက လည် သူမလုပ်ကြံဝံ့ ကြောင်းပြန်ပြောသောအခါ အဖွာအိုက ဒါဆိုလျှင် မင်းရဲ့ ဆရာအိပ်
    သောနေရာသို့  ကြိုးသွယ်တန်းပေးပါဟု စေခိုင်လိုက်ပါတယ်။
    ညဉ့် အချိန်သို့ ရောက်သောအခါ မျက်မမြင်အဖွာအိုဟာ ရဲတင်းတချောင်း ကိုင်၍ သူ၏သားရှိသော အခန်းတွင်း
    သို့  တရွှေ့ ရွှေ့ တိုးကပ်သွားပြီ နောက် ဦခေါင်းရှိရာကို အနည်ငယ်စမ်းအာ အားကုန်လွဲခုတ်လိုက်ပါတယ်။
    သိုသော ဒိသာပါမောက္ခဆရာမှာ သူ၏ မိခင်မှာ ဒီနေ့ ၊ဒီရက် ၊ဒီအချိန်တွင်သေဆုံးမည်ကို ကြိုတင်သိရှိသောကြောင့် 
    ရာ မျက်မမြင်အဖွားအိုမှာ အံသြထိတ်လန့်  ရှက်ရွှံစွာဖြင့်  ကြောက်လန့် တကြား အပြင်သို့  ထွက်ပြေးသွာသော
    အခါ ရေတွင်ထဲသို့  ကျ၍ သေဆုံးသွာလေသည်။
    ဤတွင် ဒိသာပါမောက္ခဆရာက တပည်ဖြစ်သူကို ခေါ်၍ ပါပရအတပ်ပညာဆိုသည်မှာ တဏှာကာမနှင့် ပတ်သတ်၍
    မိန်မတို့ ၏ ဖောက်ပြန်ကောက်ကျစ်တက်သော အတွင်းသဘောဟု ပြောဆိုပြီ ပြန်လည်စေလွတ်လိုက်ပါတယ်။
    ဒိသာပါမောက္ခဆရာလည် ရသေ့ အသွင်းပြောင်း၍ တရားဘာဝနာပွားများပါတော့ တယ်။
    နောက်ဆုံးအနေနဲ့ ပြောရလျှင် လူယောက်ျား၊လူမိန်းမတို့ သည် ကာမတဏှာကြောင့်  မိမိတို့ ၏အဆင့် အတန်း
    ဂုဏ်သိက္ခာများကို မေ့ လျော့ ကြပြီ မိုက်တွင်းနက်ကြကုန်သည်ဆိုသည့် အကြောင်းဖြစ်သည်။
    ထိုကြောင့် ကာမတဏှာဆိုသည်မှာ ကြောက်စရာဖြစ်သည် ၊ကျွန်တော်တို့  မြန်မာနိင်ငံတွင် ထောက်လှန်းရေး
    ပေါသော ခရီသည်ယာဉ်အချို့ တွင် ရေးသာထာသောစာတန်းလေးတကြောင်းကို ပြန်လည်သတိရမိပါသည်။
    “မိတ်ဆွေ ဆန္ဒကို သိက္ခာဖြင့်  ထိန်းပါ” ဆိုသောစာတမ်းလေးဖြစ်ပါတယ်……..
  9. လှချင်ပါလျှက် . . .(Hirsutism)
    ကမ္ဘာပေါ်မှာ ရှိတဲ့ အမျိုးသမီးထုကြီးကို စစ်တမ်းကောက်ကြည့်မယ်ဆိုရင် မလှချင်တဲ့ အမျိုးသမီးရယ်လို့ တစ်ဦး တစ်ယောက်မှ ရှိမယ်မထင်ပါဘူး ။ အမျိုးသမီးတွေဟာ လှချင်ပါလျှက် တချို့ကလည်း မီးယပ်ရောဂါတွေကြောင့် အခက် ကြုံရသလို တချို့ကလည်း ဟော်မုန်းပြောင်းလဲမှုတွေ ဓမ္မတာ မမှန်မှုတွေေ ကြာင့် သွေးသား ခမ်းခြောက်ပြီး နွမ်းနေတဲ့ ပန်းကလေးတွေလို ဖြစ်နေတတ်ပါတယ်။ ယခုတင်ဆက်ပေး မယ့်အကြောင်း အရာကတော့ လှနေပါလျှက် ခန္ဓာကိုယ်မှာ အမွှေးအမျှင် ထူထပ်တဲ့အခြေအနေတစ်မျိုးဖြစ်တဲ့ Hirsutism အကြောင်း ပဲဖြစ်ပါတယ်။ ဆေးပညာရှုထောင့်ကနေကြည့်မယ်ဆိုရင် ယောင်္ကျားလေးစစ်စစ် မိန်းကလေး စစ်စစ်ရယ် ဆိုပြီး တိတိကျကျ သတ်မှတ်လို့မရတဲ့အခြေအနေ ယူဆလို့မရတဲ့အခြေအနေတွေရှိပါတယ် ။ Sex ဆိုတဲ့ လိင်ကိုသတ်မှတ်ဖို့အတွက် အမျိုးမျိုး standard စံကို သုံးကြတာရှိပါတယ် ။ ဥပမာ ခရိုမိုဆုန်း ( chromosone ) မျိုးပွား အဂါင်္ ( Genital Organ Sex ) ကိုယ်ခန္ဓာအနေအထား ( Body appearance ) ပြီးတော့ စိတ်ဓါတ်ရေး ရာအခြေအနေ ( Pychological sex ) ဆိုပြီး အကြမ်းဖျင်းခွဲကြတာရှိပါတယ် ။ ထူးဆန်းတာတွေ ကမ္ဘာအနှံ့ဖြစ် ပျက်နေတာနဲ့အမျှ တချို့သောသူတွေမှာ က်ားအဂါၤေရာ မအဂါၤေရာ တြဲၿပီး မွေးဖွား လာကြတာတွေရှိပါတယ် ။ တချို့ကတော့ကျား သို့မဟုတ် မ ဖြစ်ပါတယ်လို့ တိတိကျကျ သတ်မှတ်ဖို့ရာ ခက်ခဲတဲ့ အခြေအနေတွေလည်းရှိပါတယ် ။ ဒီလိုမျိုးမှာဆိုရင်တော့ ခရိုမိုဇုန်း တွေကသာလျှင် တရားဝင် တိတိ ကျကျသတ်မှတ်ပေးနိုင်ပါတယ် ။
    ကျွန်တော်တို့ ကျား နဲ့ မမှာ ရှိတဲ့ ဟော်မုန်းတွေကို အကြမ်းဖျင်းလည်း ပြန်လည်လေ့လာကြည့်ရအောင် ။ ယောင်္ကျားလေးတွေမှာ ကျားဟော်မုန်း Testorterone နဲ့ မိန်းကလေးတွေမှာ မဟော်မုန်း Estrogen ဆိုပြီး ရှိပါ တယ် ။ အမျိုးသားတွေမှာ ကျားဟော်မုန်းတွေက အများစုရှိနေသော်လည်း မဟော်မုန်း အနည်း ငယ်က လည်း သွေးသားထဲမှာ ရှိနေတတ်ပါတယ် ။ အဲဒီလိုပဲ မိန်းကလေးတွေမှာ မ ဟော်မုန်းက အများစုနေ ရာယူထားပေမယ့်လည်း ကျားဟော်မုန်းတွေကလည်း သွေးသားထဲမှာ အနည်းငယ်ရှိနေပြန်ပါတယ် ။ အကြောင်း အမျိုးမျိုးကြောင့် ဟော်မုန်းဓါတ်ပြောင်းလဲမှုတွေဖြစ်လာတဲ့အခါ ခန္ဓာကိုယ်မှာ မလိုလားအပ်တဲ့ မရှိအပ် တဲ့ ဟော်မုန်းအချိုးအစားဟာ လွန်ကဲစွာ ဖြစ်ပေါ်လာတတ်ပါတယ် ။ ဒီလိုမျိုး မလိုရာ အမွှေးအမျှင် ထူထပ်တဲ့အခြေအနေကြောင့် Hirsutism ဟာ ဟော်မုန်းပြောင်းလဲမှုတွေနဲ့ ဆက်စပ်နေတယ်ဆိုတာကို သိထားဖို့လို ပါတယ် ။ အမျိုးသားတွေအတွက် ကျားဟော်မုန်းကို ဝှေးစေ့ ( Testis ) နဲ့ ကျောက် ကပ်ရဲ့ထိပ်ပိုင်းမှာရှိတဲ့ အကျိတ် ( Adrenal glands ) ကနေ ထုတ်လုပ်ပေးပါတယ် ။ အဲဒီဟော် မုန်းတွေကြောင့် သာ ယောင်္ကျားပီပီသသ ခန့်ခန့်ညားညား နဲ့ကျားကျားယားယား အသွင်း သဏ္ဍာန်တွေ ဖြစ်ပေါ်လာရပါ့တယ် ။ အကြောင်းအမျိုးမျိုးကြောင့် အမျိုးသမီးတွေမှာ ကျားဟော်မုန်းဓါတ် တွေ ပိုမိုများပြား လာတဲ့အခါ အဲဒီအမျိုးသမီးရဲ့ အသွင်သဏ္ဍာန်နဲ့ စိတ်နေသဘောထားအချို့ကလည်း ပြောင်းလဲလာရပါတယ် ။
    အမျိုးသမီး တွေရဲ့ မူလစွမ်းရည်တွေဖြစ်တဲ့ မီးယပ်သွေးပေါ်ခြင်းနဲ့ ရင်သားကြီးထွားလာခြင်း စတဲ့ အရာတွေကို အနှောက် အယှက်ပေးလာပါတယ် ။ ချိုချိုသာသာလေးနဲ့ ဆွဲဆောင်မှု ရှိတဲ့ ဥသြ သံလေး ကနေ ယောင်္ကျား ဆန်တဲ့ အသံသြသြကြီးတွေ ဖြစ်လာရပါတယ် ။ ပခုံးသား သွယ်သွယ်လေးနေရာမှာ ပခုံးကြွက် သားတွေကြီး လာပြီး မူမှန်မဟုတ်တဲ့နေရာတွေ ဥပမာ (ခြေသလုံး ၊ နှုတ်ခမ်း မွှေး ၊ မေးစေ့ ) စတာတွေမှာ အမွှေးအမျှင် တွေ ပေါက်လာပါတယ် ။ ဒီလို ကျားဆန်ခြင်း ကျားအသွင် အပြင်ဖြစ်နေ တဲ့အခြေ အနေကို ဆေးပညာလိုဆိုရင်တော့ Virilism လို့ခေါ်ပါတယ် ။ အမျိုးသမီးရဲ့ အသွင်းအပြင် ၊ အရည် အသွေးတွေမပျောက်သွားပဲနဲ့လည်း အမွှေးအမျှင် အနည်းငယ်များလာခြင်းမျိုးလည်း ကြုံရတတ်ပါတယ် ။
    ယနေ့ခေတ်ကြီးမှာ အမျိုးသမီးငယ်လေးတွေ သတ်လက်အရွယ်တွေမှာ နှုတ်ခမ်းမွှေး ရေးရေးပေါ်ခြင်း လက်မွှေး ခြေသလုံးမွှေး ရေးရေးပေါ်လာခြင်း စတဲ့ပြောင်းလဲမှုတွေကြောင့် စိတ်အနှောက်အယှက်များစွာ ဖြစ်နေ ပြီး ပြဿနာတစ်ခုလို တွေ့ကြုံနေရပါတယ် ။ ဘယ်လို အထူးကုနဲ့ပြသပြီး ဘယ်လို နေရာမှာ ကုသရမှန်း တိုင်ပင်ရမှန်းမသိပဲဖြစ်နေတတ်ပါတယ် ။ နဂိုကတည်းက ကျားဆန်ဆန်နေချင်သူတွေအဖို့ က အခက်အခဲ သိပ်မရှိလှသော်လည်း မိန်းကလေးပီပီသသ နေချင်သူတွေအဖို့တော့အခက်ကြုံရလေ့ရှိပါတယ် ။
    အမျိုးသမီးတွေမှာ အရွယ်ရောက်ပြီဆိုတာနဲ့ သားဥ အိမ် ( Ovaries ) တွေကနေ မဟော်မုန်း estrogen တွေ ထွက်လာပါတယ် ။ ဒါပေမယ့်အကြောင်းအမျိုးမျိုး ရောဂါမျိုးမျိုးကြောင့် သားဥအိမ်မှလည်း ကျားဟော် မုန်းတွေ ထွက်နိုင်ပါတယ် ။ ကျောက်ကပ်ထိပ်ပိုင်း adreanl gland တွေကနေလည်း ကျားဟော်မုန်းတွေ ထွက်နိုင်ပါတယ် ။ တခါတရံမှာ ဟော်မုန်းထုတ်တဲံ ဇီဝကမ္မလမ်းကြောင်း Steroid pathway ဖောက် ပြန်တဲ့အ တွက် မဟော် မုန်းဖြစ်လုနီးနီး တစ်ဆင့်နှစ်ဆင့်လောက်အလိုမှာ မဟော်မုန်းမဖြစ်ပဲနဲ့ ကျားဟော် မုန်းပြောင်း သွားတာတွေ လည်း ရှိပါတယ် ။ ဒီလိုမျိုး မူမမှန်သော ထုတ်လုပ်မှု အနည်းအများအပေါ်မူတည်ပြီး ကျားအသွင် အနည်းအ များပြောင်းလဲလာကြခြင်းဖြစ်ပါတယ် ။
    ဒီလို အမွှေးထူတဲ့ မလိုလားအပ်တဲ့ အမွေးတွေကို ဖယ်ရှားတဲ့နေရာမှာ မှားယွင်းတဲ့နည်းလမ်းတွေကို မသုံးမပြု မိကြဖို့ကလည်း အလွန်ပဲ အရေးကြီးပါတယ် ။ အထူးသဖြင့် ဓါးနဲ့ ရိတ်ခြင်းကို ရှောင်စေချင်ပါတယ် ။ နှုတ်ခမ်းမွှေးပေါက်တဲ့နေရာနဲ့မေးစေ့လိုနေရာမျိုးမှာ ထိမိရှမိသွားခဲ့ရင် ပိုးဝင် အနာ ရင်းပြီး နောက် ဆက် တွဲပြဿနာတွေပေါ်လာတတ်ပါတယ် ။ ဦးနှောက်သွေးကြောတွေ နဲ့ဆက်သွယ်မှုကာ ပိုးဝင်ပြီး ပျံ့နှံ့သွားခဲ့ရင် ပြင်းထန်တဲ့ဝေဒနာတွေခံစားရနိုင်ပါတယ် ။ ပိုးဝင်ဝင်ခြင်း အနာရင်းတာ မဖြစ်တဲ့အ တိုင်အောင် အမွေးတွေ ချက်ချင်းပြောင် သွားသော်လည်း အမြန်ပြန်ပေါက်စေပါတယ် ။ ရိတ်လေပေါက်လေ သန်လေ နဲ့ သံသရာလည်နေ တတ်ပါတယ် ။
    ဘာကြောင့်ဖြစ်ရတာလဲ
    ၁ ။ သားဥရောဂါများ
    - သားဥအရေအိတ်များ ( Polycysitic Ovarian Syndrome)
    - သားဥအလုံးများ( Ovarian mass , cyst)
    - ကျားဟော်မုန်းထုတ်သော သားဥအလုံးများ
    - ကိုယ်ဝန်ဆောင်စဉ်ဖြစ်သော သားဥအလုံး ( Pregnancy Lactomas)
    ၂ ။ ကျောက်ကပ်ထိပ်ပိုင်း အကျိတ်
    - မွေးရာပါအကျိတ် ( CAH)
    - အလုံးဖြစ်ခြင်း
    - ကျားဟော်မုန်း လွဲကဲစွာထုတ်ခြင်း ( Cushing’s syndrome)
    ၃ ။ အချို့သော ဆေးဝါးများ
    - Anabolic steroids
    - Danazole
    - Phenytoin
    - Androgenic Progestrones
    ၄ ။ မျိုးရိုးစဉ်ဆက်ဖြစ်ပွားခြင်း ( အမွှေးများသည့်မျိုးနွယ်) စတာတွေကြောင့်ဖြစ်ပါတယ် ။ ဒီလိုဖြစ်ရပ် ကို ရောဂါ တစ်ခုဟာ မယူဆပါ ။
    ဘယ်လိုစစ်ဆေးမှု တွေပြုလုပ်ရမလဲ
    ထုံးစံအတိုင်းပဲ ဆေးမကုသခင်မှာ ဆရာဝန်တွေက လူနာကို ရောဂါရာဇ၀င်အသေးစိတ်မေးခြင်း ၊ စမ်းသပ်ခြင်း ၊ ဆီး ၀မ်း သွေးနဲ့ လိုအပ်တဲ့ စစ်ဆေးမှုတွေပြုလုပ်ပါလိမ့်မယ် ။ အထူးသဖြင့် သွေးထဲမှာ ကျားဟော်မုန်း testosterone ပမာဏ ကျောက်ကပ်ထိပ်ပိုင်း အကျိတ်မှ ဓါတ်ပေါင်း DEHA ထုတ်လုပ်မှုနဲ့ သား ဥတွေကျောက်ကပ်ထိပ်ပိုင်း တွေမှာ အလုံးအကျိတ်တွေရှိမရှိ Ultrasound ရိုက်တာတွေလုပ်ဖို့လိုပါတယ် ။ လိုအပ် ရင်တော့ CT နဲ့ MRI ပါလုပ်နိုင်ပါတယ် ။
    ဘယ်လိုကုသမလဲ
    ၁ ။ သောက်ဆေးမပါပဲကုသနည်းများ
    - ကိုယ်အလေးချိန်များပြီး ၀ နေတဲ့သူတွေကတော့ ကိုယ်အလေးချိန်လျော့ခြင်း
    - အမွှေးအမှင်တွေကို ဆေးဆိုးခြင်း ဖယောင်းလိမ်း၍ နှုတ်ခြင်း လျှပ်စစ်ဓါတ် သုံးခြင်း နဲ့ လေဆာရောင်ခြည်ဖြင့် ကုသခြင်းတွေဖြစ်ပါတယ် ။
    ၂ ။ သောက်ဆေးများဖြင့် ကုသခြင်း
    - Non-androgenic progestrones ခြောက်လကနေ ၁၈ လအထိ သောက်ဖို့လိုပါတယ် ။
    - ကျားဟော်မုန်း ဆန့်ကျင်သောဆေးများ ( Anti-androgen ) ဥပမာ Cyproterone acetate (CPA)
    - CPA နှင့် မဟော်မုန်းပေါင်းစပ်ဆေး ( CPA + Ethinyl estradiol ) များ
    - Flutamide
    - Sprionolactone စတဲ့ဆေးတွေဖြစ်ပါတယ် ။
    ၃ ။ ခွဲစိတ်ကုသခြင်း
    အချို့အမျိုးသမီးတွေမှာ အမွေးများယံသာမကပဲ သားဥအလုံး ကျောက်ကပ်ထိပ်ပိုင်း အလုံးတွေရှိနေပါက လိုအပ်တဲ့ခွဲစိတ်ကုသမှုတွေပြုလုပ်နိုင်ပါတယ် ။
    အများစုဟာ ကျားဆန်ခြင်း နဲ့အမွေးထူခြင်း Virilism မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ် ။ မျိုးပွားဆိုင်ရာ ဇီဝကမ္မဖြစ်စဉ်တွေ နဲ့ မီးယပ်သွေးမမှန်ခြင်း သွေးထိမ်ခြင်းနဲ့ သားသမီး ရနိုင်တဲ့စွမ်းရည်တွေကိုပါ ထိခိုက်စေနိုင် ပါတယ် ။ မျိုးရိုးအလိုက် အမွေးများခြင်းအတွက် လိုအပ်သရွေ့ကုသဖို့လိုပါတယ် ။ ခေတ်နဲ့ အမီတိုးတက် လာတဲ့ဆေးတွေပေါ်လာတာနဲ့အမျှ ယနေ့ခေတ် အမျိုးသမီးတွေအတွက် ကံကောင်းတဲ့အချက် တစ်ချက်ဖြစ် ပါတယ် ။ သင့်လျှော်တဲ့အထူးကုထံမှာ စိတ်ရှည်ရှည်နဲ့ကုသမှုခံယူစေချင်ပါတယ် ။ ကမ္ဘာပေါ်ရှိ ရှိရှိသမျှ အမျိုးသမီး ထုကြီးအားလုံး အစွမ်းကုန် ပွင့်လန်း လှပနိုင်ကြပါစေ ။
    သက်တန့်ချို
    Ref : Wikipedia / HE on Reproductive Health bye Prof Myint Mg Mg
  10. မေတို့ သိသင့်သော တစ်ကိုယ်ရေသန့်ရှင်းရေး
    မေတို့ သိသင့်သော တစ်ကိုယ်ရေသန့်ရှင်းရေး
    ပျိုမေတို့ရဲ့ ကျန်းမာရေးနဲ့ အလှအပအတွက် တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးပါပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး ကောင်းမွန်နေမှသာ ခန္ဓာကိုယ်က သန့်စင်ပြီး ပိုးမွှားတွေ ကင်းဝေးနေမှာ ဖြစ်ပါတယ်။ တစ်ကိုယ်ရေ သန့်ရှင်းရေး လုပ်သင့်တဲ့ အချက် နှစ်ချက် ရှိပါတယ်။ တစ်ခုက လူတွေနဲ့ ပေါင်းဖော်ဆက်ဆံနေရတဲ့ အချိန် လူကြားထဲမှာ သွားလာလှုပ်ရှားတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေစေဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေးက အရေးကြီးတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က အန္တရာယ်ပေးတတ်တဲ့ ပိုးမွှားတွေကင်းစင်ဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်သင့်တာ ဖြစ်ပါတယ်။ နောက်တစ်ချက်က အန္တရာယ်ပေးတတ်တဲ့ ပိုးမွှားတွေ ကင်းစင်ဖို့အတွက် တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်သင့်တယ်ဆိုတာ ပျိုမေတို့ သိစေဖို့ အကြံဥာဏ်တချို့ ပေးလိုပါတယ်။
    ခံတွင်းသန့်ရှင်းရေး
    ခံတွင်းသန့်ရှင်းရေး
    ခံတွင်းသန့်ရှင်းရေး
    ခံတွင်းသန့်ရှင်းရေးကို ကောင်းကောင်း ဂရုစိုက်ပေးတာက နာမကျန်းမှု မြောက်မြားစွာကို ကာကွယ်ပေးနိုင်ပါတယ်။ သွားတိုက်တာက ခံတွင်းအနံ့ ဆိုးစေတဲ့ ဘက်တီးရီးယားတွေကို ကင်းစေပါတယ်။ ဘက်တီးရီးယားတွေ ကင်းဝေးသွားတဲ့အခါ သွားဖုံးရောင်ရမ်းမှုကနေ သွားပိုးစားတာလို သွားနဲ့ ခံတွင်းဆိုင်ရာ ရောဂါတွေရဲ့ အန္တရာယ်ကို လျော့ကျစေနိုင်ပါတယ်။
    - တစ်နေ့နှစ်ကြိမ် သွားတိုက်ပါ။ နံနက်အိပ်ရာထ၊ ထမင်းစားပြီးချိန်မှာ တစ်ကြိမ်နဲ့ ညအိပ်ရာဝင်ခါနီးအချိန်မှာ တစ်ကြိမ် သွားတိုက်ပေးပါ။
    - ညဘက်မှာ သွားကြားပွတ်ကြိုးသုံးပြီး သွားကြားထဲက စားကြွင်းစားကျန်တွေကို ကင်းစင်သွားအောင် ဖယ်ထုတ်ပါ။ သွားကြားပွတ်ကြိုးသုံးတာက သွားတွေကြားမှာ ကပ်ငြိနေတဲ့ အညစ်အကြေးနဲ့ ဘက်တီးရီးယားပိုးမွှားတွေကို ကင်းဝေးစေပါတယ်။ ဒီဘက်တီးရီးယားတွေက သွေးထဲကို ရောက်ရှိသွားရင် နှလုံးရောဂါကိုတောင် ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သွားကြားပွက်ကြိုးသုံးတာက လူ့ဘ၀သက်တမ်းကို ရှည်အောင် ပံ့ပိုးပေးနိုင်ပါတယ်။ အကြောင်းကတော့ အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေကို ကင်းဝေးစေနိုင်လို့ပါ။
    - အစာစားပြီးတိုင်း ရေနဲ့ ပလုတ်ကျင်းပေးပါ။ ခံတွင်းထဲမှာ ကပ်ညိကျန်ခဲ့နိုင်တဲ့ စားကြွင်းစားကျန်တွေကို ကင်းဝေးစေပါတယ်။
    မျက်နှာသန့်ရှင်းရေး
    မျက်နှာသန့်ရှင်းရေး
    မျက်နှာသန့်ရှင်းရေး
    အသက်ကြီးတဲ့ အထိ နုပျိုလှပ ကြည့်ကောင်းနေစေဖို့ မျက်နှာ သန့်ရှင်းစင်ကြယ်ဖို့ လိုပါတယ်။ မျက်နှာ သန့်ရှင်းရေးနဲ့ ပတ်သက်ပြီး အောက်ပါအချက်တွေကို လုပ်ဆောင်ပေးပါ။
    - မျက်နှာကို တစ်နေ့နှစ်ကြိမ် သန့်စင်ပါ။ နံနက်အိပ်ရာထ တစ်ကြိမ်ကို အပျော့စား မျက်နှာသစ်ဆေးနဲ့ ဆေးကြောပေးရုံနဲ့ အဆင်ပြေပေမယ့် တစ်နေကုန် မိတ်ကပ်လိမ်းထားတဲ့ မျက်နှာကို ပြန်လည် သန့်စင်ရာမှာတော့ မျက်နှာသန့်စင်ဆေးရည် (Cleansing Cream) လိမ်းပြီး စက်ဝိုင်းပုံအတိုင်း ပွက်တိုက်ကာ နူးညံ့တဲ့ ဂွမ်းစနဲ့ သုတ်ပေးပါ။ ပြီးမှ ရေနဲ့ ဆေးကြောပေးပါ။
    - မျက်လုံး မျက်တောင်တွေကို အလှပြင်တတ်သူဖြစ်ရင် မျက်လုံးနဲ့ မျက်တောင်တွေမှာ ကပ်ငြိနေတဲ့ မျက်တောင်ကော့ဆေး၊ အိုင်းလိုင်နာရည်၊ အိုင်းရှဲဒိုး စတာတွေကို သန့်ရှင်းစင်ကြယ်သွားတဲ့အထိ သန့်စင်ဆေးကြောပေးဖို့ လိုပါတယ်။ မျက်ဝန်းတစ်ဝိုက်က အရေးပြားက နူးညံ့တာကြောင့် ခပ်ကြမ်းကြမ်း ပွတ်တိက်သန့်စင်တာမျိုး မလုပ်ပါနဲ့။ သွားမတိုက်ဘဲ၊ မျက်နှာမသစ်ဘဲ အိပ်ပစ်လိုက်တာမျိုးကို လုံးဝ မလုပ်သင့်ပါ။
    ခန္ဓာကိုယ်သန့်ရှင်းရေး
    ခန္ဓာကိုယ်သန့်ရှင်းရေး
    ခန္ဓာကိုယ်သန့်ရှင်းရေး
    မိန်းကလေးတစ်ယောက်ရဲ့ အလှအပနဲ့ ကျန်းမာရေးအတွက် အရေးကြီးတဲ့ ခန္ဓာကိုယ်သန့်ရှင်းရေး နည်းလမ်းတွေကို လမ်းညွှန်ပေးလိုက်ပါတယ်။
    - နေ့စဉ် ရေချိုးပါ။ တကယ်လို့ သင်က ချွေးထွက်များသူဖြစ်ရင် နံနက်တစ်ကြိမ်၊ ညတစ်ကြိမ် ရေချိုးပါ။ ရေချိုးတဲ့အခါမှာ ဆပ်ပြာမတိုက်ခင် ခန္ဓာကိုယ်အရေပြားကို ကြေးချွတ် ပွတ်တိုက်ပေးပါ။ အရင် ကြေးမချွတ်ဘဲ ဆပ်ပြာတိုက်လိုက်ပါက ဆပ်ပြာအဆီနဲ့ ကြေးတို့ ရောသွားပြီး ကြေးကျွတ်ဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ကို သပွတ်အူ ဒါမှမဟုတ် ကြေးချွတ်ဘရပ်ရှ် (စူပါမားကတ်တွေမှာ ၀ယ်ယူရရှိနိုင်) နဲ့ အရင်ဆုံး ပွတ်တိုက်ပေးလိုက်ပါ။ အရေးပြားပေါ်က ကြေးတွေ၊ ဖုန်တွေအပြင် ဆဲလ်သေတွေပါ ကွာကျသွားကာ အရေပြားကို ချောမွေ့သန့်စင်တောက်ပြောင် လှပစေပါတယ်။
    - အားကစားလုပ်ပြီးချိန်မှာနဲ့ ပြင်းထန်တဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ပြီးချိန်တွေမှာ ရေချိုးပေးပါ။
    - ရေချိုးတဲ့အခါမှာ ချိုင်း၊ ပေါင်ခြံ၊ ခြေဖ၀ါး၊ တံကောက်ကွေး စတဲ့ ချွေးထွက်များပြီး အနံဆိုးထွက်တတ်တဲ့ နေရာတွေကို ဆပ်ပြာနဲ့ ရေသုံးပြီး သန့်စင်အောင် ပွတ်တိုက်ဆေးကြောပေးပါ။
    - ရေချိုးပြီး စိုနေတဲ့ ခန္ဓာကိုယ်ကို တဘက်နဲ့ သုတ်ပြီးချိန်မှာ ခန္ဓာကိုယ်အရေပြားတွေကို အစိုဓာတ်ထိန်း ခရင်မ် လိမ်းပေးပါ။
    - ချိုင်းကို ချွေးနံထိန်းတောင့် ဒါမှမဟုတ် ချွေးထွက်နည်းစေတဲ့ ဆေးကို လိမ်းပေးပါ။
    - ဖြစ်နိုင်ရင် ချွေးစုပ်နိုင်တဲ့ ချည်သားဝတ်စုံတွေကို ၀တ်ဆင်ပေးပါ။
    - တစ်ရက်ခြားတစ်ကြိမ် ခေါင်းလျှော်ပေးပါ။
    - ဦးခေါင်းမှာ သန်းနဲ့ ဗောက်တို့ ကင်းဝေးစေဖို့ အထူးဂရုစိုက်ပါ။
    မိန်းမကိုယ် သန့်ရှင်းရေး
    မိန်းမကိုယ်သန့်ရှင်းရေးဟာ မိန်းကလေးတိုင်း သိသင့်ပါတယ်။ ရေချိုးတာအပြင် ရာသီလာစဉ် အတောအတွင်းမှာ မိန်းမကိုယ် သန့်ရှင်း စင်ကြယ်ရေးအတွက် ဘယ်လို နည်းလမ်းတွေကို လိုက်နာသင့်တယ်ဆိုတာ သိထားဖို့ အရေးကြီးပါတယ်။
    - အိမ်သာသွားပြီးတဲ့အခါတိုင်း ဆေးကြောသန့်ရှင်းရေး လုပ်ပါ။ အဲဒီအခါ အရှေ့ဘက်ကနေ အနောက်ဘက်ဆီသို့ သုတ်ပေးပါ။ စအိုတစ်ဝိုက်က မစင်နဲ့ အညစ်အကြေးတွေ မိန်းမကိုယ်ထဲကို မ၀င်စေဖို့ ကာကွယ်တဲ့ အနေနဲ့ လုပ်ဆောင်သင့်တာ ဖြစ်ပါတယ်။ ပြီးရင် တစ်သျှူးကိုသုံးပြီး ခြောက်သွေ့အောင် သုတ်ပေးသင့်ပါတယ်။
    - အတွင်းခံဘောင်းဘီ ၀တ်ဆင်တဲ့အခါ ချည်သားဘောင်းဘီကို ရွေးချယ် ၀တ်ဆင်ပါ။
    - ညဘက်မှာ အတွင်းခံဘောင်းဘီကျပ်ကျပ်ကို ၀တ်မထားသင့်ပါ။ နိုင်လွန်သားနဲ့ လုပ်ထားတဲ့ အတွင်းခံ ဘောင်းဘီကို ဘယ်တော့မှ မ၀တ်သင့်ပါ။ ချွေးထွက်တဲ့အခါ ချွေးနဲ့ အစိုဓာတ်ကို စုတ်ယူနိုင်စွမ်းအား နည်းတာကြောင့် အနံဆိုးထွက်တာ၊ အပူလောင်တာနဲ့ အရေပြားကျန်းမာရေး ထိခိုက်တာတွေကို ဖြစ်စေနိုင်လို့ပါ။
    - မိန်းမကိုယ်ကို သန့်ရှင်းရေးလုပ်တဲ့အခါ အပေါ်ယံကိုပဲ ဆေးကြောသန့်စင်ပါ။ မိန်းမကိုယ် အတွင်းပိုင်းထဲကို ဆေးကြောပေးဖို့ မလိုအပ်ပါ။ မိန်းမကိုယ်မှာ သဘာဝအတိုင်း ရှိနေတဲ့ ပိုးမွှားတွေရဲ့ ဟန်ချက်ညီမှုကို ပြောင်းလဲစေနိုင်လို့ပဲ ဖြစ်ပါတယ်။
    - မိန်းမကိုယ်က စိုစွက်နေရင် ဘက်တီးရီးယား ပေါက်ဖွားမှုကို များစေပြီး အနံ့ဆိုး ထွက်လာတတ်ပါတယ်။ ဒါကြောင့် မိန်းမကိုယ်ကို ခြောက်သွေ့ သန့်စင်နေအောင် ထားပေးသင့်ပါတယ်။
    - ဆီးသွားပြီးတိုင်း မိန်းမကိုယ်ကို ရေနဲ့ ဆေးပြီး တစ်သျှူးနဲ့ သုတ်ပေးပါ။
    - ရာသီလာစဉ် အတောအတွင်းမှာ မိန်းကလေးအများစုက ရေမချိုးဘဲ၊ ခေါင်းမလျှော်ဘဲ နေတတ်ကြပါတယ်။ ဒါက မလုပ်သင့်တဲ့ အယူအဆအမှား ဖြစ်ပါတယ်။ ရာသီလာစဉ် အတောအတွင်းမှာ တစ်ကိုယ်ရေ သန့်ရှင်းရေးကို အလေးထားပြီး ပိုမို ဆောင်ရွက်သင့်ပါတယ်။
    - ရာသီလာစဉ် အတောအတွင်းမှာ လစဉ် အမျိုးသမီးသုံး ဂွမ်းထုပ်ကို သုံးပါက တစ်နေ့ကြာမှ တစ်ခုပဲ လဲတာမျိုး မလုပ်သင့်ပါ။ တကယ်လို့ ရာသီသွေးဆင်းတာ များသူဖြစ်ရင် အချိန်သုံးနာရီ ကြာတိုင်း အသစ် လဲလှယ်ကာ အသုံးပြုသင့်ပါတယ်။
    - မိန်းမကိုယ် အတွင်းပိုင်းကို အလွန်အမင်း သန့်စင်ဆေးကြောတာ၊ ရနံပြင်းလွန်းတဲ့ ဆပ်ပြာနဲ့ အမြှပ်ထတဲ့ ရေချိုးဆပ်ပြာတွေ သုံးတာ ၊ စိတ်ဖိစိမှု များလွန်းတာနဲ့ sex partner အများကြီးရှိတာ စတဲ့ အချက်တွေကလည်း မိန်းမကိုယ်တစ်ဝိုက်က ပိုးမွှားတွေကို ဟန်ချက်မညီတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဒီအချက်တွေကို အထူးရှောင်ကြဉ်ဖို့ လိုပါတယ်။
    ခြေထောက်သန့်ရှင်းရေး
    ခြေထောက်သန့်ရှင်းရေး
    ခြေထောက်သန့်ရှင်းရေး
    ခေါင်းအစ ခြေအဆုံး သန့်ရှင်းလှပနေမှ မိန်းကလေးတစ်ယောက်ရဲ့ အလှတရားက ပြည့်စုံတယ်လို့ ဆိုကြပါတယ်။ မိန်းကလေးတွေ အနေနဲ့ ခြေထောက် သန့်ရှင်းရေးအတွက် ထိန်းသိမ်းသင့်တဲ့ နည်းလမ်းတွေ ရှိပါတယ်။
    - ရေချိုးတဲ့အခါမှာ ခြေထောက်ကို ကြေးချွတ် သန့်စင်ပေးပါ။ ခြေထောက်ကို ဆပ်ပြာတိုက်ကာ သန့်စင်ပေးပါ။
    - ခြေချောင်းတွေကြားပါမကျန် သန့်စင်ပြီး သေချာပြောင်အောင် သုတ်ပါ။
    - ခြေဆီအထွက်များရင် ခြေထောက်အနံ့ နံတတ်ပါတယ်။ ခြေထောက် အနံဆိုးကင်းအောင် ဆားခါး (Epsom Salt) ထည့်ထားတဲ့ ရေထဲမှာ ခြေထောက်ကို စိမ်ပေးပါ။ နာရီဝတ်ကြာမှ ခြေထောက်ကို သုတ်ပြီး လိုးရှင်း လိမ်းပေးပါ။
    - ရှူးဖိနပ်လို ထိပ်ပိတ်ဖိနပ်တွေ စီးတာကြောင့် ရှူးဖိနပ်ရော ခြေထောက်အနံ့ပါ နံတတ်ပါတယ်။ ဒါကြောင့် ရှူးဖိနပ်ကို တစ်ရက်စီးပြီးတိုင်း နောက်တစ်ရက်မှာ ခြောက်သွေ့အောင် လှန်းထားပေးပါ။ နေ့စဉ်စီးပါက ခြေထောက်အနံ့ဆိုး ထွက်အောင် ပိုမို လှုံ့ဆော်ပေးနိုင်ပါတယ်။
    ပျိုမေတိုင်း တစ်ကိုယ်ရေသန့်ရှင်းရေး ရောဂါကင်းကြပါစေ။
  11. ယောက်ျား-အင်္ဂါ အတိုင်းအတာကို လက်ဝါးက ပြနေသည်
    ယောက်ျားတွေရဲ့လက်မှာ လက်ညှိုးဟာ လက်သူကြွယ်ထက် တိုနေရင် သူ့ရဲ့ လိင်အင်္ဂါက ရှည်တဲ့ အမျိုးအစားဖြစ်တယ်လို့ တောင်ကိုရီးယား သုတေသီတွေက Asian Journal of Andrology မှာ ရေးလိုက်ပါတယ်။
    Incheon မှာရှိတဲ့ Gachon University Gil Hospital ဆေးရုံ၊ ဆီးလမ်းအထူးကုဌာနက Tae Beom Kim ကနေ ယောက်ျား ၁၄၄ ယောက်ကို မေ့ဆေးပေးပြီး လိင်အင်္ဂါအရှည်ကို တိုင်းတာကြည့်ပြီးမှ စမ်းသပ်ပြီးပြောတာ ဖြစ်ပါတယ်။ စမ်းသပ်ခံသူတွေရဲ့ ညာဘက်လက်ကိုသာ သုံးပါတယ်။ အရင်က စမ်းသပ်မှုတွေအရ ညာလက်ဟာ Testosterone ခေါ်တဲ့ ကျား-ဟော်မုန်းကို တုံ့ပြန်တာမှာ ပိုသိသာလို့ ဖြစ်ပါတယ်။ digit ratio လက်ချောင်း-အချိုး နည်းသူတွေဟာ လိင်အင်္ဂါ ပိုရှည်ပါသတဲ့။
  12. Friday, 17 June 2011 18:55
    hiv infection အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၃၄)
    January 03, 2011 5:40 PM
    AIDS နဲ့ ပါတ်သက်လို့ သိချင်တာပါ။ ဖို-မ ဆက်ဆံရာမှာ သုတ်နဲ့ သွေးက ကူးတာတော့ သိပါတယ်။ အကြမ်းဖျဉ်းပေါ့။ ဒါပေမဲ့ မရှင်းတာက ဘယ်လိုဘယ်ပုံ ဝင်ရောက်တယ်ဆိုတာပေါ့နော်။ အဲဒါ မရှင်းဘူး။ (၁) Oral Sex လုပ်ရာက ဘယ်လို ကူးတယ်။ (၂) Condom မသုံးရာက ဘယ်လိုကူးတယ်။ (၃) ဖို-မ ဆက်ဆံရင်းနဲ့ မရဲ့အရည်က Condom သုံးထားပေမယ့် ကိုယ့်ရဲ့ ဆီးစပ်ကို လာပေတဲ့အခါမျိုးမှာရော ကူးတတ်ပါလား။ (၄) Condom သုံးရင်းနဲ့ လိင်တံက ရှည်နေလို့ Condom တဝက်ဘဲ ကာမိတဲ့အတွက် Safe ဖြစ်ပါ့မလားဆရာ။ (၅) Condom က မပေါက်မပြဲပါဘူး။ သုံးတာလဲ Dulux ပါ။ အဲဒါ ကရော စိတ်ချရပါသလား။
    လိင်ဆက်ဆံတဲ့အခါ ထုံးစံ လိင်အင်္ဂါ-လိင်လမ်းကြောင်းတွေကိုသာမက Oral ပါးစပ် နဲ့ Anal စအိုတွေကိုပါ အသုံးပြုလာ ကြတယ်။ လိင်ဆက်ဆံဖက် တယောက်ယောက်မှာ HIV ပိုးရှိနေရင် ပိုးတွေဟာ အဖေါ်ရဲ့(ဗဂျိုင်းနား)၊ လိင်တံ၊ စအို၊ ပါးစပ် နဲ့ မျက်စိတွေကို ဖုံးထားတဲ့ Mucous membranes အဖုံးလွှာပါးတွေကနေ ဝင်နိုင်သလို Skin ရိုးရိုး အရေပြားမှာ အပေါက်-အပြဲရှိရင်၊ ဒါမှမဟုတ် ဆေးထိုးအပ် စတာနဲ့ ထိုးဖေါက်ရင် ကူးဝင်စေနိုင်တယ်။ နောက်ပြီး ပိုးရှိ မိခင်ကနေ သူ့ကလေးကို ကိုယ်ဝန်ဆောင်တုံး၊ မွေးဖွါးနေတုံးနဲ့ နို့တိုက်တုံးမှာလဲ ကူးစေတယ်။
    ရောဂါလက္ခဏာ ရှိရှိ-မရှိရှိ HIV ပိုးရှိနေသူတိုင်းရဲ့ သွေးထဲအပြင် Sexual secretions ခေါ်တဲ့ လိင်ဆက်ဆံချိန်မှာ ကျား-မ လိင်အင်္ဂါတွေကနေ ထွက်တဲ့အရည် မှန်သမျှထဲမှာလဲ ပိုးပါနေတယ်။ ပိုးကောင်ရေ အနည်း-အများတော့ ကွဲပြားတယ်။ ချမ်းသာတဲ့ တိုင်းပြည်တွေမှာ လိင်တကြိမ် ဆက်ဆံတိုင်း (မ-ကျား) ဆက်ဆံရာကနေ ကူးနိုင်တာ ဝ့ဝ၄%၊ (ကျား-မ) ဆက်ဆံရာကနေ ကူးနိုင်တာ ဝ့ဝ၈% ရှိတယ်။ စအိုသုံးနည်းဆိုရင် ၁့၇% ရှိတယ်။ မချမ်းသာတဲ့ တိုင်းပြည်တွေမှာ ဒိထက် ၅-၁ဝ ဆ ပိုပါတယ်။
    Anal intercourse without a condom (ကွန်ဒွမ်) မသုံးဘဲ စအိုကို လိင်ဆက်ဆံနည်းဟာ ကူးစက်မှုနှုန်း အများဆုံးလို့ သိထားပါတယ်။ အကြိမ်တိုင်းမှာ ၃%-၅% အထိ ရှိနိုင်တယ်လို့ နောက် သုတေသနတခုက ယူဆတယ်။ (ဗဂျိုင်းနား) နဲ့ ပါးစပ်နည်းတွေမှာ (ကွန်ဒွမ်) မသုံးဘဲ ဆက်ဆံတာထက် စအိုနည်းက ပိုဖြစ်တယ်။ ဘယ်အကြိမ်မှာ ကူးမလဲ ပြောဘို့ မသေခြာတာမို့ အမြဲတမ်း အကာအကွယ်ယူတာ အကောင်းဆုံးပါ။
    မကူးခြင်ရင် အရှင်းဆုံးက လိင်မဆက်ဆံဘဲ နေခြင်းဘဲ။ ပိုးရှိနေ-မနေ ၆ လ တခါ သွေးစစ်ပါ။ ပိုး မရှိရင် ဆက်ဆံနိုင်ပါပြီ။ ဘယ်တော့မဆို လိင်ဆက်ဆံမယ်ဆိုရင် Condom ကို အကြိမ်တိုင်းမှာ အသစ်တခု သုံးပါ။ လိင်တံ သန်မာစပြုတာနဲ့ လိင်လမ်းထဲ မသွင်းမီ၊ “ဘယ်အရည်နဲ့မှ မထိသေးခင်” လိင်တံကို Condom စွပ်ပါ။ (ကွန်ဒွမ်) ကို လိင်တံတခုလုံး မဖုံးမိရင် လွတ်နေတဲ့နေရာမှာ အနာ-အဆာ မရှိရင်တော့ မကူးပါ။
    ဆက်ဆံမိလို့ ဒါမှမဟုတ် သံသယရှိရင် ဆက်ဆံမှုပြုပြီးရင် ၆ ပါတ် အတွင်း HIV antibody test သွေးစစ်ပါ။ အမှန်ကတော့ ၆ လ ကြာမှ သေခြာပေါက် Positive ရှိတာ သိတာပါ။ HIV ပိုး ဝင်-မဝင် စမ်းတာကို ELISA နည်းခေါ်တယ်။ သွေးဖြစ်ဖြစ် တံတွေးဖြစ်ဖြစ် စစ်တာဟာ မိနစ် ၂ဝ သာကြာပါတယ်။ ELISA စမ်းလို့ HIV antibody တွေ့ရင် Western blot test နဲ့ သေခြာအောင်လုပ်တယ်။ Rapid antibody tests အမြန် စမ်းနည်းတွေ ပေါ်နေပါပြီ။
    ဒီကြားထဲမှာ ပိုးအဝင်ခံရပြီးသူ ၅ဝ% က တုပ်ကွေးနဲ့ တူတာတွေ ခံစားလာရတာ၊ ၁ လ ၂ လ ကြာနိုင်တယ်။ Stage of primary HIV infection အစဦးကူးတယ်လို့ ခေါ်တယ်။ ကိုယ်ပူ၊ အဆစ်တွေနာ၊ လည်ချောင်းနာ၊ လည်ပင်းအကြိတ်တွေ ရောင်-နာ နိုင်တယ်။ တချို့မှာ ဘာလို့ အဲလိုမဖြစ်သလဲဆိုတာ မပြောနိုင်သေးပါ။ အဲလိုလက္ခဏာ ခံစားရသူတွေ နောင်မှာ ဘာဆက်ဖြစ်မယ် ဆိုတာကိုလဲ အတတ် မပြောနိုင်ပါ။ ဒီအဆင့်မှာ Antibody testing လုပ်တော့လဲ တွေ့ခြင်မှ တွေ့မယ်။ Viral load test ဗိုင်းရပ်စ် အနည်း-အများဆိုတာ စစ်ရမယ်။ Billions of HIV particles (copies) သန်းထောင်နဲ့ချီလို့ ပွါးလာနေပါလိမ့်မယ်။ တပြိုင်နက်ထဲမှာ CD4 cells တွေ ကျလာနေမယ်။
    (ဗိုင်းရပ်စ်) တွေက သွေးထဲမှာသာမက တကိုယ်လုံးမှာ ရှိနေမယ်။ အထူးသဖြင့် Lymph nodes တက်စေ့၊ Brain ဦးနှောက် နဲ့ Genital secretions လိင်လမ်း-အရည်တွေထဲမှာပါ။ Vagina အမျိုးသမီး (ဗဂျိုင်းနား)၊ Rectum ကျား-မ စအို၊ Urethra ဆီးသွား-ပြွန်တွေကို ဖုံးထားတဲ့ အလွှာပါးတွေကနေ ဝင်လာစေနိုင်တယ်။ ဘယ်တော့ AIDS ဖြစ်မလဲ မပြောနိုင်ပါ။ တချို့ ၁ နှစ်၊ တချို့ အနှစ် ၂ဝ ကြာတယ်။ ပျမ်းမျှ ၈-၁ဝ နှစ်လို့ ပြောနိုင်တယ်။
    Vaginal sex (ဗဂျိုင်းနား) ကို လိင်ဆက်ဆံခြင်း နဲ့ HIV
    လိင်မဆက်ဆံမီနဲ့ ဆက်ဆံနေတုံး ယောက်ျားကနေ Semen ခေါ်တဲ့ လိင်အင်္ဂါအရည်၊ အမျိုးသမီး ဗဂျိုင်းနားကလဲ Vaginal fluids အရည်တွေ ထွက်မယ်။ ပိုးရှိတဲ့ ယောက်ျားဟာ (ကွန်ဒွမ်) မသုံးဘဲ လိင်ဆက်ဆံရင် သူ့အရည်ထဲက ပိုးဟာ Vagina (ဗဂျိုင်းနား)၊ Cervix သားအိမ်အဝ နဲ့ Uterus သားအိမ်တွေရဲ့ အဖုံးလွှာတွေ ကနေတဆင့် ဝင်သွားစေနိုင်တယ်။ တကယ်လို့ အမျိုးသမီးမှာ အဲဒီ အနားတဝှိုက်မယ် အနာအဆာ-ရှတာ တခုခု ရှိနေရင် ကူးစေနိုင်တယ်။ ဝင်လာတာနဲ့ သွေးထဲ ရောက်သွားပြီ။ အနာအဆာ-ရှတာတွေက မျက်စိနဲ့ မြင်ကောင်းမှ မြင်ရမယ်။ အမျိုးသမီး ကိုယ်တိုင်ကလဲ သိခြင်မှ သိပါလိမ့်မယ်။
    အတူတူဘဲ အမျိုးသမီးမှာ HIV ရှိနေပြီး၊ Condom မပါဘဲ လိင်ဆက်ဆံရင် HIV ပိုးက ယောက်ျားရဲ့ Penis လိင်တံ၊ Foreskin ထိပ်ဖျား-အရေပြား၊ Urethra ဆီးပြွန်အဝတွေမှာ အနာအဆာ-ရှာတာ ရှိရင် ကူးနိုင်တယ်။ လိင်ဆက်ဆံနေတုံး သွေးနဲ့ ထိမိရင် ပိုဆိုးလိမ့်မယ်။ ဆိုပါစို့ ရာသီလာနေတာ။ ဒါ့အပြင် Sexually transmitted diseases (STDs) ခေါ်တဲ့ လိင်ကတဆင့် ကူးစက်ရောဂါ တခုခု ရှိနေရင် HIV ကူးစေဘို့ ပိုဖြစ်စေနိုင်ပါတယ်။ ကျား-လိင်တံအဖျား အရေပြား ဖုံးမနေတဲ့ ကွမ်းသီးခေါင်းက ပိုပြီး နူးညံ့လို့ လိင်ဆက်ဆံတဲ့အခါ ပွန်းရှလွယ်တယ်။ (ဗဂျိုင်းနား)၊ စအိုဘေးက အမွှေးနဲ့ ထိမိ၊ ပွတ်မိရင်းကနေ မမြင်ရတဲ့အနာ ဖြစ်လာစေနိုင်တယ်။
    Anal sex စအိုလမ်းသုံးပြီး လိင်ဆက်ဆံခြင်းနည်း နဲ့ HIV
    လက်ခံတာ တူပေမဲ့ စအိုလမ်းကနေ လိင်ဆက်ဆံခံရတာက (ဗဂျိုင်းနား) က လိင်ဆက်ခံရတာထက် ကူးစက်ခံရ နိုင်ခြေ ပိုများတယ်။ စအိုလမ်းသုံးရင် နှစ်ယောက်သားမှာ လက်ခံသူက ပိုဆိုးဝါးတယ်။ ဘာလို့လဲဆိုတော့ Lining of the anus စအိုလမ်း အဖုံးလွှာက Vagina (ဗဂျိုင်းနား) အလွှာထက် ညံ့လို့ဘဲ။ သွေးထွက် လွယ်သေးတယ်။ သွေးဆို ပိုဆိုးရော။ လက်ခံသူက ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် စအိုလမ်းကနေ ဆက်ဆံတော့ ဆောင်ရွက်ပေးသူဟာလဲ ကူးခံရနိုင်တာပါဘဲ။ နောက်ပြီး အစာလမ်းက ပိုးတွေနဲ့ သန်ကောင်တွေလဲ စအိုလမ်းကနေ လိင်ဆက်ဆံလို့ ကူးနိုင်တယ်။ လက်ချောင်းကို (ဗဂျိုင်းနား)၊ စအို လမ်းမှာ ထည့်တာဆိုရင်လဲ အနာအဆာ ရှိရင် ကူးမှာဘဲ။ ပါးစပ်နဲ့ ကိုက်တာကနေ ကူးတယ်ဆိုတာ ၂-၃ ယောက်လောက် တွေ့ဘူးထားတယ်။
    Woman-to-woman Sex မိန်းမချင်းဆက်ဆံတာ နဲ့ HIV
    Lesbians/Bisexual women “(လက်စ်ဘီယန်) နဲ့ အမျိုးသမီး” ဖြစ်ဖြစ် “နှစ်မျိုးလုံးအကျင့်ရှိတဲ့ အမျိုးသမီးနဲ့ တခြား အမျိုးသမီး” ဖြစ်ဖြစ် လိင်ဆက်ဆံတာမှာ ကူးနိုင်တဲ့အခွင့်အလမ်း နည်းပါးတာ တွေ့ရတယ်။ (သီအိုရီ) အရသာ ဖြစ်နိုင်ပြီး လက်တွေ့ဖြစ်တာ အတော်ရှားတယ်။ Theoretical risk ဆိုတာ စာတွက်တွက်ရင်တော့ ကူးနိုင်တယ်၊ လက်တွေ့ အထောက်အထား ကောင်းကောင်း မပြနိုင်သေးတာမျိုး ခေါ်တယ်။ Likely to happen “ဖြစ်နိုင်ပါတယ်” လောက်အထိ မဆိုးပါ။
    STDs လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ HIV
    HIV နဲ့ တခြား STDs တွေက အပြန်အလှန် သက်ရောက်နိုင်ကြတယ်။ HIV ရှိနေသူမှာ STDs ရှိနေရင် HIV ကူးစက်ဘို့ ပိုဖြစ်စေနိုင်တယ်။ STDs ရှိနေသူကိုလဲ HIV ဝင်လာဘို့ အခွင့်အလမ်း ပိုတယ်။ Syphilis ဆစ်ဖလစ် နဲ့ Herpes ရေယုံ ဆိုတာတွေက အနာတွေဖြစ်နေလို့ပါ။ အမျိုးသမီးတွေ အဖြူဆင်းစေတဲ့ Chlamydia ပိုး၊ ဆီးပူ-ညောင်းကျ ခေါ်တဲ့ Gonorrhea ဂနိုးရီးယားပိုးတွေက အနာတော့ မဟုတ်ပေမဲ့ လိင်လမ်းရဲ့ Immune response ရောဂါပြီးနိုင်စွမ်းကို တမျိုး သက်ရောက်စေတာမို့ ဖြစ်ရတယ်။
    Oral sex လိင်ဆက်ဆံတဲ့အခါ ပါးစပ်သုံးတာ နဲ့ HIV
    ပိုးရှိနေသူရဲ့ လိင်တံကို ပါးစပ်မှာ ထည့်သုံးရင်လဲ ကူးစေနိုင်တယ်။ အလားတူဘဲ အမျိုးသမီးရဲ့အရည်လဲ ပါးစပ်ထဲ ဝင်ရင် ဖြစ်ခြင်တယ်။ အခွင်အလမ်းတော့ မများပါ။ ပါးစပ်မှာ အနာအဆာရှိတာ၊ သွားဖုံးသွေးယိုတာမျိုးမှာ ကူးမယ်။ Deep or open-mouthed kissing နှုတ်ခမ်းခြင်း စုပ်တာနဲ့လဲ အခွင့်အလမ်း နည်းနည်းလေး ရှိသေးတယ်။ သွားရည်မှာ ပိုးအရေအတွက် နဲနဲတော့ ပါတယ်။ သွားရည်ကြောင့် မဟုတ်ဘဲ သွေးထွက်စရာရှိရင်သာ ဖြစ်ပါမယ်။ လိင်မဆက်ဆံမီ ထွက်တဲ့ ကျားအရည် Precum ထဲမှာ ပိုး ပါနေပေမဲ့ ကူးလောက်အောင် များ-မများဆိုတာ မသေခြာပါ။
    ပါးစပ်သုံးတာကနေ အကူးစက်နိုင်ဆုံး STD ဟာ Herpes ရေယုံပါ။ ၂ မျိုးရှိတယ်။ HSV type 1 နဲ့ HSV type 2 ဖြစ်တယ်။ Type 1 က ပါးစပ်တဝှိုက်မှာ Cold sores မနာတဲ့အနာ ပေါက်စေပြီး၊ Type 2 ကနေ Genital herpes လိင်လမ်း ရေယုံ ဖြစ်စေတယ်။ Human Papilloma Virus (HPV) ဆိုတာလဲ ပါးစပ်လမ်းကနေကူးပြီး Genital warts လိင်လမ်းကြွက်နို့ ပေါက်နိုင်တယ်။ ပါးစပ်လမ်းသုံးရင် (ဂနိုရီးယား) ပိုးက လည်ချောင်းမှာ ကူးလာစေ နိုင်ပြီး၊ လည်ချောင်းကနေ (ပါတနာ) ရဲ့ တခြားလိင်လမ်းတွေ ကူးမယ်။ လည်ချောင်းမှာ ဖြစ်တာကို ဆေးမကုဘဲ ၃ လနဲ့ ပျောက်စေနိုင်ပေမဲ့ ဒီပိုးဘဲ လိင်လမ်း ရောက်ရင် Antibiotics ဆေးမပေးဘဲ မပျောက်တော့ဘူး။ Chlamydia ပိုးလဲ ပါးစပ်သုံးလို့ လည်ချောင်းကို ကူးနိုင်တယ်။ နည်းတော့ နည်းပါတယ်။ Syphilis (ဆစ်ဖလစ်) ကလဲ ပါးစပ်သုံးတာမှာ အနာအဆာရှိရင် ကူးနိုင်တယ်။
    Hepatitis A, B, C အသဲရောင်ပိုးတွေ နဲ့ HIV
    အဖြစ်များလှတဲ့ Hepatitis A အသဲရောင်-အသားဝါ A virus ပိုး ဆိုတာက ရောဂါရှိသူရဲ့ မစင်မှာ ပါနေတယ်။ HIV လိုဘဲ လိင်ဆက်ဆံတုံး ပါးစပ်သုံးရင် ကူးနိုင်တယ်။ Hepatitis B ပိုးက Sexual fluids လိင်ဆက်ဆံရင် ထွက်တဲ့အရည်တွေနဲ့ သွေးမှာပါနေတယ်။ Hepatitis C ပိုးကတော့ သွေးမှာပါတယ်။ ပါးစပ်သုံးရင် အနာအဆာ ရှိမှသာ ကူးမယ်။ ပါးစပ်ကို သုံးတဲ့အခါ ပိုးရှိသူက လက်ခံသူ၊ ပြုလုပ်သူက ပိုကင်းသူဆိုရင် ပိုးပါတဲ့ Sexual fluid က ပိုးမရှိသေးသူရဲ့ ရာသီသွေး၊ ဒဏ်ရာ၊ ရောင်နေတဲ့ အနာထဲ ဝင်လာမှ ကူးမယ်။ ပုံမှန် ပါးစပ်-လည်ချောင်းကို ဖုံးနေတဲ့ အလွှာကတော့ ခံနိုင်ရည် ရှိပါတယ်။
    ပါးစပ် သုံးတဲ့အခါ ပိုးမရှိသူက လက်ခံသူ၊ ပြုလုပ်သူက ပိုးရှိသူဖြစ်အုံးတော့ ဖြစ်နိုင်ခြေ နည်းတယ်။ ဘာလို့လဲဆိုတော့ သွားရည်ထဲမှာ ပိုးပါနေပေမဲ့ အရေအတွက် နည်းလွန်းလို့ပါ။ ပိုးရှိတဲ့ ပြုလုပ်သူရဲ့ အနာ-ဒဏ်ရာက ထွက်တဲ့ သွေးက လက်ခံသူရဲ့ လိင်လမ်း-စအိုမှာလဲ အနာအဆာရှိလို့ ဝင်မှသာ ကူးစေမယ်။ ပါးစပ်လမ်း သုံးတယ်ဆိုတာ အများအားဖြင့် ပုံမှန်လိင်လမ်းကို ဆက်ဆံနေရင်း လုပ်ကြတာများလို့ ဘယ်လမ်းကြောင့် ကူးတာလဲ သိဘို့ခက်ခဲတယ်။
    ၂ဝဝ၁ စပိန်သုတေသနတခုအရ HIV ပိုးမရှိတဲ့ ကျား-မ ဆက်ဆံတာသာ ဝါသနာပါသူ ယောက်ျား ၁၃၅ ယောက်ဟာ ပိုးရှိသူ အမျိုးသမီးတယောက်နဲ့ အကြိမ်ပေါင်း ၁၉ဝဝဝ အကာကွယ်မဲ့ ပါးစပ်သုံးပြီး ဆက်ဆံကြတယ်။ HIV ကူးလာတာ မတွေ့ရပါ။ တောင်အာဖရိကမှာ ကျင်းပခဲ့တဲ့ စတုတ္ထအကြိမ်မြောက် International Oral AIDS Conference မယ် တင်ပြတာက ပါးစပ်သုံး လိင်ဆက်ဆံတာကနေ ကူးစက်နိုင်စွမ်း တကြိမ်ပြုတိုင်း 0.04% per contact ရှိတယ်လို့ ဆိုတယ်။
    HIV Q and A
    • လိင်ဆံရာသုံး အဝတ်အစားတွေကနေ ကူးသလား။ HIV ပိုးဟာ ကိုယ်ခန္ဓာအပြင် ရောက်ရင် ကြာကြာ မရှင်နိုင်ဘူး။ ဓါတ်ခွဲခမ်းမှာ စမ်းဘို့ လုပ်ရတာက ပိုးကောင်ရေ အများကြီးနဲ့ လုပ်ရတယ်။ သူတို့ကြိုက်တာမျိုး စီမံထားရင် လအထိ ထားနိုင်ပေမဲ့ ခြောက်သွေ့ သွားရင် ၉ဝ-၉၉% က နာရီပိုင်းနဲ့ သေသွားကြတာ တွေ့ရတယ်။ ဒါ့ကြောင့် ပိုးပါတဲ့ သွေးနဲ့ အရည်တွေဟာ ခြောက်သွေ့သွားရင် ကူးစရာလမ်း မရှိသလောက်ပါ။
    • သတိထားဘို့ လိုသေးတာက သွေးကိုစစ်တော့ ပိုးနည်းနည်းတွေ့ပေမဲ့ HIV တွေက Semen တို့ Vaginal fluids တွေမှာ များနေနိုင်တယ်။ ဒါ့ကြောင့် သွေးထဲမှာ Viral load မများပေမဲ့ အကာအကွယ်ယူဘို့ မမေ့ပါနဲ့။
    • HIV-negative ဆိုတာ ဘာလဲ။ သွေးစစ်ချိန်မှာ သူ့သွေးထဲမယ် HIV antibodies မတွေ့သူဖြစ်တယ်။ HIV လုံးဝ ကင်းနေတယ်လို့တော့ မပြောနိုင်သေးဘူး။ လွန်ခဲ့တဲ့ ၃-၆ လအတွင်း HIV ပိုးရှိသူနဲ့ အကာကွယ်မဲ့ လိင်ဆက်ဆံ ခဲ့ဘူးပေမဲ့ သူ့ကို မကူးခဲ့ဘူးလို့ မပြောနိုင်သေးဘူး။ AIDS ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူးလို့လဲ မပြောနိုင်ပါ။
    • HIV-positive ဆိုတာ ဘာလဲ။ တချိန်ကြရင် AIDS ဖြစ်စေနိုင်တဲ့ ဗိုင်းရပ်စ်ပိုး သွေးထဲမှာ ရှိနေပြီ။ ဒါပေမဲ့ AIDS ဖြစ်နေပြီလို့ ဆိုလိုတာတော့ မဟုတ်ဘူး။ မကြာခင် သေရတော့မယ်လို့လဲ မဟုတ်ပါ။ သူကနေ အကာအကွယ်မဲ့ လိင်ဆက်ဆံသူများကို ကူးစက်စေနိုင်ပြီ။ ကိုယ့်ကိုယ်ကို ဂရုစိုက်၊ အစာအာဟာရလဲ မျှတအောင်စား၊ ပုံမှန် ဆေးစစ်၊ သေခြာ ဆေးကုနေရင် အကြာကြီး အသက်ရှင်ပါမယ်။
    Dr. တင့်ဆွေ
    ၄-၁-၂ဝ၁၁
  13. အသက် (၁၀၀) ကျော်နေဖို့အတွက်…
    ၀၁။ စောစောအိပ်ယာထပါ။
    ၀၂။ အလွန်အကျူးမစားပါနှင့်။ ခန္ဓာကိုယ်ကို ၀န်ပိစေပါတယ်။
    ၀၃။ စိတ်မရွှင်မပျဖြစ်နေရင် အပန်းဖြေခရီးတစ်ခုကို စိတ်ကူးနဲ့ ဖြစ်ဖြစ် သွားကြည့်လိုက်ပါ။
    ၀၄။ အရက်သောက်ရင် သင့်တင့်ရုံသာ သောက်ပါ။
    ၀၅။ မိမိပတ်ဝန်းကျင်မှာ အမြဲပြောင်းလဲနေတာကို လက်ခံပါ။လိုက်လျောစွာနေတက်ပါ။
    ၀၆။ ပင်စင်ယူတော့မယ်ဆိုရင် မိမိဝါသနာပါ ထက်သန်တဲ့ အလုပ်တစ်ခု၇ှိပါစေ။
    ၀၇။ မိမိကံကြမ္မာကို မိမိထိန်းချုပ်နိုင်လေ ပိုပြီးကျန်းမာလေပါ။
    ၀၈။ ဆေးဝါးကိုနဲနိုင်သမျှ နည်းနည်းသာ မှီဝဲပါ။
    ၀၉။ နာမကျန်းဖြစ်မှာ၊ သေဆုံးမှာကို စိုးရိမ်သောက ဖြစ်မနေပါနှင့်။
    ၁၀။ အစားအသောက်ကို တိုးစားလိုက်၊ လျှော့စားလိုက် မလုပ်ပါနဲ့။
    ၁၁။ ဆေးလိပ်၊ ဆေးတံ မသောက်ပါနှင့်။
    ၁၂။ နှစ်သက် သဘောကျတဲ့ဝါသနာ တစ်ခု၇ှိနေရင် စိတ်တက်ကြွ ရှင်သန်နေပါမယ်။
    ၁၃။ သကြား၊ အချိုများတဲ့ အစားအသောက်ရှောင်ပါ။
    ၁၄။ အဆီ အစိမ့် များတဲ့ အစားအသောက်ရှောင်ပါ။
    ၁၅။ ထုပ်ပိုးပြုပြင်ထားသော အစားများရှောင်ပါ။
    ၁၆။ သစ်သီး၊ဟင်းသီးဟင်းရွက် အစိမ်းများများစားပါ။
    ၁၇။ ရေတွေ အရည်တွေ များများသောက်ပါ။
    ၁၈။ တစ်နေ့ ငှက်ပျောသီးတစ်လုံး စားဖြစ်အောင်စားပါ။ (ငှက်ပျောသီးက ပန်းသီးထက် ခန္ဓာကိုယ်အတွက်ပိုကောင်းပါတယ်)
    ၁၉။ တက်နိုင်သမျှ အသားစားတာလျှော့ပါ။
    ၂၀။ မိမိရင်ထဲ ခံစားရတဲ့ ဝေဒနာကို အရင်းနှီးဆုံးလူတွေထံ ရင်ဖွင့်ပါ။
    ၂၁။ မိမိ အချစ်ဆုံးသူကို အနည်းဆုံးတစ်နေ့တစ်ခါ ချစ်တယ် လို့ ဖွင့်ပြောပါ။
    (အမုန်းတရားတွေ ပြည့်နှက်နေတဲ့ ဆင်ခြင်ကင်းမဲ့သော ကမ္ဘာကြီးတွင် ချစ်မေတ္တာထားခြင်းသည် စိတ်ဖိစီးမှု့ကို သက်သာစေပါတယ်)
    ၂၂။ တစ်ပတ် အနည်းဆုံး (၃) ကြိမ်လောက် ကိုယ်လက်လေ့ကျင့်ခန်း (လမ်းလျှောက်၊ ရေကူး)လုပ်ပေးပါ။
    ၂၃။ တစ်ပတ်မှာ နေ့တစ်ဝက်လောက် မိမိစိတ်ချမ်းသာတာကို လုပ်လိုက်ပါ။
    ၂၄။ ဘ၀ကို ပျော်ရွှင်စရာစွန့်စားခန်းတစ်ခုလို သဘောထားခံစားပါ။
    ၂၅။ အဆိုးဆုံးကို ရင်ဆိုင်ဖို့ မကြောက်ပါနှင့်။
    (အဆိုးဆုံးကို သိ၇ှိလက်ခံလိုက်တာနဲ့ ကြောက်ရွံ့ တုန်လှုပ်စိတ်တွေ အတော်များများ ပျောက်ကွယ်သွားတာ အံ့သြဖွယ်တွေ့ ရမှာပါ)
    ၂၆။ ဘ၀ကို အလဟသ မဖြုန်းတီးပဲ မိမိ လုပ်ချင်တာတွေ အတွက်အချိန်ပေးပါ။
    ၂၇။ တယ်လီဖုန်းတွေက မိမိတို့ဘ၀ကို လွှမ်းမိုးခြယ်လှယ်နေတာ ခွင့်မပြုပါနဲ့။
    ၂၈။ မိမိစိတ်ကြိုက် ရေးချင်ရာ ရေးချင်ရာ ရေးနိုင်ဖို့ နေ့စဉ်မှတ်တမ်းစာအုပ်ထားပါ။
    ၂၉။ စိတ်ထိခိုက် ၀မ်းနည်းဒေါသ ဖြစ်နေတဲ့အခါ ကိုယ်လက်လှုပ်ရှားမှု့ တစ်ခုခု ပြုလုပ်ခြင်းဖြင့်စိတ်ဖြေဖျောက်ပါ။
    ၃၀။ ကြိုက်တဲ့ရုပ်ရှင်ကြည့်နေရလို့၊ ချစ်သူ မိတ်ဆွေတွေနဲ့ ညစာထွက်စားနေလို့၊ တစ်ခါတစ်ရံ အိပါရာဝင်နောက်ကျတာ ကျပါစေ။
    ၃၁။ နေအိမ်မှာ အလင်းရောင် အားကောင်းတဲ့ မီးလုံး၊မီးချောင်း ၇ှိပါစေ။
    ၃၂။ ကော်ဖီ လက်ဖက်ရည်ပြင်းပြင်း လျှော့သောက်ပါ။
    ၃၃။ မိမိကိုယ်ကို မိမိနှစ်သက်သလို ၀တ်စားဆင်ယင်ပါ။
    ၃၄။ ညနေတိုင်း မိမိနားထင်ကို လက်ထိပ်လေးနဲ့ နှိပါပေးပါ။
    ၃၅။ ငြီးငွေ့ မှု့ခံစားရရင် ရေနွေးနဲ့ ရေချိုးပါ။
    ၃၆။ T.V အစီအစဉ်ကိုေ၇ွးကြည့်ပါ။အကြာကြီး မကြည့်ပါနဲ့။
    ၃၇။ မိမိစွမ်းအားကို လျှော့ မတွက်ပါနဲ့။
    ၃၈။ အများသုံးရေချိုးခန်း၊ အိမ်သာတွေကို တက်နိုင်သမျှရှောင်ပါ။
    ၃၉။ မိမိခန္ဓာကိုယ်က အချက်ပေးတာကို နားထောင်လိုက်နာပါ။(ဆရာဝန်ကိုသာ အားကိုးပုံအပ်ခြင်းမပြုပါနဲ့)
    ၄၀။ လေကောင်းလေသန့် များများ ရှုပေးပါ။
    ပျော်ရွှင်ရေးအတွက်…
    ၀၁။ လက်ရှိ အချိန်ကာလကို ခံစားနေထိုင်တက်ပါ။
    ၀၂။ လှိုက်လှိုက်လှဲလှဲ ရယ်မောပါ။
    ၀၃။ မအိပ်ခင် စာကောင်းကောင်းလေးတွေ ဖတ်ပြီး အိပ်ရာဝင်ပါ။
    ၀၄။ ဂီတနားဆင်ပါ။
    ၀၅။ စိတ်ရောကိုယ်ပါ ကစဥ့်ကလျား မဖြစ်ပါစေနှင့်။
    ၀၆။ မလိုတာတွေ မလုပ်၊ မပြော၊ လက်မခံပဲ ငြင်းတက်ပါစေ။
    ၀၇။ စိတ်ညစ်စရာ ပြသနာတွေကိုဖြေ၇ှင်းဖို့ စရင်းလုပ်လိုက်ပါ။
    ၀၈။ တစ်ချိန်မှာ တစ်မျိုးပဲ အာရုံစိုက်ပါ။
    ၀၉။ လေကောင်းလေသန့်ရှုပါ။ ကိုယ်ကာယ လေ့ကျင့်ခန်းလုပ်ပါ။
    ၁၀။ မိမိချစ်သောခွေးလေးနှင့် လမ်းလျှောက်ထွက်ပါ။(တိရစ္ဆာန်လေးများကို ကြင်နာတက်ပါစေ)
    ၁၁။ ဘာသတင်းကိုမှ နားမစွင့်တဲ့နေ့၇ှိပါစေ။
    ၁၂။ လင်းလင်း၊ ၇ှင်းရှင်း သန့်သန့် မွှေးမွှေးနေတက်ပါ။
    ၁၃။ လုပ်ငန်းခွင်ကို ခေတ္တမေ့ထားတဲ့အခါရှိပါစေ။
    ၁၄။ တိတ်ဆိတ် အေးငြိမ်သော နေရာများသို့  သွားလည်ပါ။
    ၁၅။ လူမှု့ရေးလုပ်ငန်းများတွင် ပါဝင်ကူညီပါ။ လုပ်အားပေးပါ။
    ၁၆။ တစ်ယောက်တည်းနေတက်ပါစေ။
    ၁၇။ စိတ်ပါ လက်ပါ လမ်းလျှောက် လှုပ်၇ှားမှု့ပြုပါ။
    ၁၈။ ဘာသာတရားကိုင်းရှိုင်းပါ။
    ၁၉။ ရင်းနှီးချစ်ခင်သော ဆက်ဆံရေးသည် ရောင်ပြန်ဟပ်တက်တာ နားလည်ပါ။
    ၂၀။ အကောင်းမြင် မေတ္တာထားတက်ပါစေ။
  14. သက်ရှည်ကျန်းမာလိုလျှင်
    ၁။ နေ့စဉ် ဗီတာမင်စီ ၃၀၀-မီလီဂရမ်ခန့် စားသုံးလျှင် ၅ -ဒသမ ၅-နှစ် ပိုအသက်ရှည်မည်။
    ၂။ သွေးအတွင်းရှိ အဆီဓာတ်ကို ၂၀၀-အောက်တွင်ထိန်းထားနိုင်ပါက ၅-ဒသမ ၅-နှစ်။
    ၃။ အဆီပိုများကို နေ့စသ် ၃၀၀-ကယ်လိုရီအထိ ဖြုန်းပစ်နိုင်လျှင် ၂-သို့ဟုတ် ၃-နှစ်။
    ၄။ အပေါင်းအသင်း အဖွဲ့အစည်းများနှင့် လွတ်လပ်စွာ ဆက်ဆံလုပ်ကိုင်လျှင် ၄-ဒသမ ၅-နှစ်။
    ၅။ အိမ်တွင်နေစဉ် အငြိမ်မနေဘဲ သွားလာလှုပ်ရှားနေတတ်လျှင် ၂-ဒသမ ၅-လ။
    ၆။ တပတ်လျှင် နှစ်မိုင်ခန့် ပြေးလျှင် ၈-ဒသမ ၇-နှစ်။
    ၇။ ဆေးစစ်ခြင်းကို မှန်မှန်ပြုလုပ်လျှင် ၂-နှစ်မှ ၃-နှစ်။
    ၈။ ကားဖုန်းမဆက်လျှင် (ခေါ်ဆိုမှုတခုကို မပြုလုပ်လျှင် ၄၅-စက္ကန့် အသက်ပိုရှည်မည်။
    ၉။ အစာအိမ်ရောဂါကို ပျောက်ကင်းအောင်ကုသလျှင် ၂-ဒသမ ၃-နှစ်။
    ၁၀။ သားသမီးများကို ထိန်းကျောင်းအုပ်ချုပ်ရခြင်းမှ လွတ်ကင်းလျှင် ၄-နှစ်။
    ၁၁။ သွေးပေါင်ချိန် (အောက်သွေး) ကို ၉၀-အောက်တွင် ထိန်းထားနိုင်လျှင် ၅-နှစ်။
    ၁၂။ တပတ်လျှင် အသားသုံးကြိမ်ထက် ပို၍မစားလျှင် ၉-နှစ်။
    ၁၃။ ဘုရား၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်း၊ ဗလီတို့သို့ သွားလေ့ရှိလျှင် ၇-နှစ်မှ ၁၄-နှစ်။
    ၁၄။ ဆေးလိပ်မသောက်လျှင် ၅-နှစ်။
    ၁၅။ အခြားသူ၏ ဆေးလိပ်အေငွေ့ကို မရှူရှိုက်တတ်လျှင် ၁-နှစ်။
    ၁၆။ ကျေးလက်တောရွာများတွင် နေထိုင်လျှင် ၁-လမှ ၈-လ။
    ၁၇။ Fast Food အသင့်ချက်ပြုတ် စားသုံးရသော အစားအစာတို့ကို မစားသုံးတတ်လျှင် လာမည့် နှစ် ၂၀-အတွင်း သေဆုံးနိုင်မှုကို ၁၃-ရာခိုင်နှုန်းခန့် လျော့နည်းစေမည်။
    ၁၈။ မိမိကိုယ်ကို ယုံကြည်အားကိုးတတ်လျှင် ၂-နှစ်။
    ၁၉။ မိမိနှင့် သင့်တင့်သော ကိုယ်အလေးချိန် ထိန်းနိုင်လျှင် ၁-ဒသမ ၇-နှစ်။
    ၂၀။ လေးလံထိုင်းမှိုင်းမှုမရှိဘဲ အမြဲ သွက်လက်တက်ကြွတတ်လျှင် ၅-နှစ်မှ ၁၀-နှစ်။
    ၂၁။ မိမိမသိသည်ကို မေးမြန်းမှတ်သားတတ်လျှင် ၅-နှစ်အထက်။
    ၂၂။ မိမိအလုပ်ကို ငြီးငွေ့ခြင်းမရှိလျှင် ၂-ဒသမ ၆-နှစ်။
    ၂၃။ သင့်တင့်သော အားကစား လှုပ်ရှားလျှင် ၂၅-ရက်။
    ၂၄။ မွေးနေ့ပွဲ နှစ်စဉ်လုပ်လျှင် မွေးနေ့လုပ်ပြီးတိုင်း လပေါင်းများစွာ အသက်ပိုရှည်နိုင်မည်ဖြစ်ကြောင်း အမေရိကန်သုတေသီတို့က အဆိုပြုထားသည်။
  15. အိပ်စက်ချိန် မခြွေတာသင့်သည့် အကြောင်းရင်း(၁၀)ခု
    ကျန်းမာပျော်ရွှင်သော ဘ၀တစ်ခုကို တည်ဆောက်လိုသူများအနေနှင့်
    အိပ်ချိန်ပြည့်ပြည်၀၀ လိုအပ်ကြောင်း ပညာရှင်များက ဆိုသည်။ အိပ်ရေးမ၀သည့်
    အခြေအနေများသည် ကျန်းမာရေးအတွက် ဆိုးရွားသော အခြေအနေများ
    သက်ရောက်လာနိုင်ကြောင်း၊ မကြာခဏ အိပ်ရေးပျက်ခြင်းကြောင့် အာရုံကြော
    ထိခိုက်မှုများအပြင် အခြားသော ကျန်းမာရေးဆိုင်ရာ ပြဿနာများပါ
    တွေ့ကြုံရတတ်ပြီး လူ့သက်တမ်းကိုပါ ထိခိုက်လာစေနိုင်သည်ဟု သိရှိရသည်။
    အမေရိကန်တွင် လူဦးရေ သန်း(၅၀)မှ သန်း(၇၀)ကြားအထိသည် အိပ်ရေးမ၀မှုကြောင့်
    ကျန်းမာရေးနှင့် လူမှုရေးဆိုင်ရာ အဆင်မပြေမှုများ ကြုံတွေ့နေရသည်ဟု
    ဆရာဝန်များကဆိုသည်။
    သုတေသန ပြုလုပ်မှုများအရ အိပ်ရေးမ၀ခြင်းကြောင့် အဆိုးဘက်မှ ကြုံတွေ့ရသည့်
    အထင်ရှားဆုံး အခြေအနေ(၁၀)ခုမှာ အောက်ပါအတိုင်းဖြစ်သည်။
    ၁။ စစ်တမ်းများအရ တစ်ညတွင် (၇)နာရီ အောက်သာ အိပ်သောသူများ သည်
    ပို၍ဝလာနိုင်ကြောင်း သိရသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းကဆာလောင်စေသော
    ဟော်မုန်းများကို ပိုထွက်စေသောကြောင့် ဖြစ်သည်။
    ၂။ အိပ်နေစဉ်တွင်အသက်ရှူ ပုံမမှန် ကြသူများမှာ အဆီများသောအစားများကို
    ကြိုက်နှစ်သက်သူများဖြစ်ကြပြီး ယင်းတို့မှာ အများအားဖြင့်
    အမျိုးသမီးများဖြစ်ကြသည်။
    ၃။ အိပ်ချိန်နည်းပါးမှုသည် ဆီးချိုဖြစ်နှုန်းနှင့် တိုက်ရိုက်အချိုးကျကြောင်းသိ
    ရသည်။
    ၄။ တစ်ညတွင် (၅)နာရီအောက်သာအိပ်သော အမျိုးသမီးများ၏ (၄၅)ရာခိုင်နှုန်း
    မှာနှလုံးရောဂါ ပိုမိုဖြစ်ပွားတတ်ကြောင်း သိရသည်။
    ၅။ အဝလွန်သူများ၊အိပ်နေစဉ် အသက်ရှူပိတ်တတ်သူများမှာ
    သွေးတိုးရောဂါဖြစ်ပွါးနှုန်း သာမန်ထက် မြင့်မားကြောင်း သိရသည်။
    ၆။ ယဉ်မတော်တဆမှုများ၏ (၂၀)ရာခိုင်နှုန်း မှာ အိပ်ငိုက်သော
    ယဉ်မောင်းသူများကြောင့် ဖြစ်ပါသည်။
    ၇။ အိပ်ရေးမဝသော သက်ကြီးရွယ်အိုများတွင် ရုတ်တရတ် လဲကျမှုနှုန်း (၂)ဆမှ
    (၄.၅)ဆအထိ မြင့်တက်ကြောင်း သိရသည်။
    ၈။ အိပ်ရေးမဝသော လူငယ်များတွင် စိတ်ကျရောဂါ ဖြစ်ပွါးမှုနှုန်း ပိုမိုကြောင်းသိရသည်။
    ၉။ အိပ်ရေးမဝသော ကလေးများတွင် ADHDဟုခေါ်သည့် အာရုံစူးစိုက်မှုမရှိ၊
    ဂဏှာမငြိမ်ရောဂါ ပို၍ဖြစ်ပွားပါသည်။
    ၁၀။ တစ်ညတွင်(၅)နာရီအောက်သာ အိပ်သောသူများမှာ မည်သည့်အကြောင်းပြချက်မျှ
    မရှိဘဲနှင့် ယျေဘူယျအားဖြင့် အသက်တိုတတ်ကြောင်း သိရှိရသည်။
    အထက်ပါ အကြောင်းပြချက်များကြောင့် လူအများအနေနှင့် အိပ်ရေးပျက်ခံ
    အလုပ်လုပ်ခြင်းမျိုးကဲ့သို့ အပြုအမူများကို ရှောင်ကြဉ်သင့်ပြီး
    ကျန်းမာရေးနှင့် သင့်လျော်မည့် နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်ခြင်းမျိုး
    ပြုလုပ်သင့်ပါကြောင်း ဆရာဝန်များက အတိအလင်း နှိုးဆော်ထားကြောင်း သိရသည်။
  16. ဘီပိုး အကြောင်း သကိုသိသင့်တဲ့ အချက် ၁၀ ချက်
    ကာကွယ်ဆေးတော့ ရှိတယ်၊ ဒါပေမဲ့ ဒီပိုးကြောင့် ၃၀-၄၅ စက္ကန့်တိုင်း လူတယောက် သေဆုံးနေရတယ်။
    ပိုးရှိနေပမဲ့ ၃ ပုံ ၂ ပုံလောက်က ရှိနေမှန်း မသိဘူး။ ဒါ့ကြောင့် ပိုပြီးကြီးမာတဲ့ စိုးရိမ်စရာ ဖြစ်နေရတယ်။
    HBV က HIV ထက် ၁၀ ဆ ပိုပြီး အဖြစ်များနေတယ်။ HIV က အာဖရိက နဲ့ HPV က အာရှမှာ အများဆုံးဘဲ။
    HIV ထက် HPV က အဆ ၁၀၀ ပိုပြီး ကူစက်နိုင်တယ်။
    သေခြာဂရုစိုက် မကုသရင် ပိုးရှိနေသူထဲက ၂၅% ဟာ အသဲကင်ဆာ၊ အသဲအလုပ်မလုပ်တော့တာတွေ ဆက်ဖြစ်မယ်။
    Hepatitis C ဆိုတာက တခြား ဗိုင်းရပ်စ်ကြောင့် ကူးစက်တယ်။ သန်း ၁၈၀ မှာ ရှိနေတယ်။ ပျောက်အောင် လုပ်မရဘူး။ ကာကွယ်ဆေးလဲ မရှိသေးဘူး။
    HBV နဲ့ Hepatitis C နှစ်မျိုး ပေါင်းလိုက်ရင် ကမ္ဘာ့လူဦးရေ ၆ ဘီလီယံထဲက သန်းပေါင်း ၅၃၀ မှာဖြစ်နေတယ်။
    Hepatitis B infection ရှိနေတဲ့ ကိုယ်ဝန်ဆောင်ကနေ သူ့ဗိုက်ထဲက ကလေးဆီကို မွေးနေတုံးမှာ ကူးစေနိုင်တယ်။
    သူများတွေထက် ပိုဖြစ်လမ်းရှိသူတွေကတော့ တရားမ၀င် မူးယစ်ထိုးဆေးသုံးသူ၊ လိင်တူဆက်ဆံသူ၊ လိင်ဆက်ဆံဘက် အဖေါ်များသူ၊ ထောင်ကျနေသူ၊ ကျောက်ကပ် Haemodialysis လုပ်နေရသူ၊ Haemophiliacs ရောဂါရှိသူ၊ ဆးရုံ-ဆေးခန်းမှာ အလုပ်နေရသူများ၊ အရေပြား-ခန္ဓာကိုယ်မှာ ကွင်းတပ်-တက်တူထိုး အလှဆင်သူတွေ၊ ဖြစ်တယ်။
    Hepatitis B recombinant vaccine ကာကွယ်ဆေးက စိတ်ချရတယ်။ ထိရောက်ပါတယ်။ ၃ ခါထိုးပါ။
  17. ကိုယ်ဝန်တားဆေး
    အကာကွယ်မဲ့ လိင်ဆက်ဆံ
    ခဲံမိရင်ဖြစ်စေ၊ အဓမ္မ ပြုခံရတဲ့ သူတွေမှာလည်း နောက်ဆက်တွဲ
    ကိုယ်ဝန်မရရှိအောင် သောက်နိုင်ပါတယ်။
    မထင်မှတ်ခဲ့တဲ့ အဖြစ်အပျက်အတွက် စိတ်ချရအောင် သုံးရမယ်.ဆေးက
    Ecee2
    Plan B
    pill72
    ဆိုတဲ့ဆေးတွေ ကတော့ ဈေးကွက်မှာ ပိုအလွယ်တကူရနေပါပြီ။ အဲ့ဒီမှာ
    ဆေးနှစ်လုံးပါပါတယ်။ တစ်လုံးကို အကာကွယ်မဲ့ လိင်ဆက်ဆံပြီးနောက်
    နီးနိုင်သမျှနီးအောင် ချက်ချင်းသောက်ရမှာ ဖြစ်ပြီး နောက်တစ်လုံးကို ၁၂
    နာရီကြာရင်သောက်ရမှာ ဖြစ်ပါတယ်။ သောက်ရတာ အရမ်းလွယ်ပါတယ်။ ဆက်ဆံပြီး ၇၂
    နာရီအတွင်း သောက်နိုင်ပါတယ်။ နီးနိုင်သမျှနီးအောင် သောက်ရင်တော့
    အကောင်းဆုံးပါ။ ဒါနောက်ဆုံးပေါ်နည်းစနစ်ပါဘဲ။
    တစ်ခုသိထားရမှာ က ဒီဆေးဟာ ကိုဝန်ဖျက်ချတဲ့ဆေး
    မဟုတ်ဘူးဆိုတာပါဘဲ။
    ဒီဆေးရဲ့သဘောက သားဥမကြွေအောင် တားပေးလိုက်တာဖြစ်ပြီးတော့၊ မတော်တဆ ကြွေပြီးသွားလို့ sperm နဲ့တွေ့ပြီး
    zygote ဖြစ်ခဲ့ရင်လည်း သူ့ကို သားအိမ်နံရံမှာ တွယ်လို့ မရအောင်
    လုပ်လိုက်တာပါ။ zygote လေးဟာ သားအိမ်နံရံကိုတွယ်ပြီးမှ သန္ဓေသား
    အဖြစ်ကြီးထွားခွင့်ရမှာမို့လို့ပါ။ ဒီလို မဖြစ်အောင် ဒီဆေးက
    တားလိုက်ပါတယ်။ ဒါကြောင့် ဒီဆေးကို နီးနိုင်သမျှနီးအောင်
    သောက်လိုက်မယ်ဆိုရင် ဒီအတွက် စိတ်ချရမှာပါ။
    တစ်ခါ တစ်ရံသာ ကောင်းပါတယ်။ အမြဲစွဲသောက်တဲ့ ဆေး မဟုတ်ဘူး
    ဆိုတာကိုတော့ သတိပြုပါ။
    သိတိပြုရမယ့်တစ်ချက်က ဆေးသောက်ပြီးလို့ ၂ နာရီအတွင်း
    ပြို့အန်ပြီး ဆေးပြန်ထွက်ရင် အသစ်ပြန်သောက်ရပါမယ်။
  18. ကိုယ်ဝန် တားဆေး များက​ ​​ ဉာဏ်ရည်​ ထက်မြက်​စေ​နိုင် ဟု
    အပေါ်မှာမြင်တွေ့နေရတဲ့သင်္ကေတကတော့ အမျိုးသမီးနဲ့ အမျိုးသားရဲ့ လိင်ကို ဆိုလိုတဲ့ လိင်သင်္ကေတအမှတ်အသားဖြစ်ပါတယ်။ စက်ဝိုင်းပုံနဲ့ အပေါင်းလက္ခဏာပေါင်းစပ်ထားတဲ့ပုံက အမျိုးသမီးရဲ့ လိင်ကို ဖော်ပြတဲ့အမှတ်လက္ခဏာဖြစ်ပြီး၊ စက်ဝိုင်းပုံနဲ့ မြားပုံတွဲစပ်ထားတဲ့ပုံက အမျိုးသားကို ကိုယ်စားပြုတာဖြစ်ပါတယ်။
    ဟောဒီပုံလေးကတော့ လိင်တူချင်းချစ်တဲ့အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ လိင်အမှတ်အသားလက္ခဏာဖြစ်ပါတယ်။
    ဒီအမှတ်အသားလက္ခဏာကတော့ လိင်တူချင်းချစ်တဲ့ အမျိုးသားတွေကို ကိုယ်စားပြုတဲ့ လိင်အမှတ်အသားလက္ခဏာဖြစ်ပါတယ်။
    ဒီအမှတ်အသားလက္ခဏာကတော့ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကိုကြိုက်တဲ့ အမျိုးသားတွေကို ကိုယ်စားပြုတဲ့သင်္ကေတလို့ တချို့ကသတ်မှတ်ပါတယ်။ မှတ်ချက် (အသုံးပြုတာနည်းပါတယ်)
    ဒီအမှတ်အသားကတော့ လိင်တူလိင်ကွဲနှစ်မျိုးစလုံးကိုချစ်တဲ့ အမျိုးသမီးတွေကို ကိုယ်စားပြုလေ့ရှိတဲ့ သင်္ကေတလို့ တချို့ကသတ်မှတ်ထားပါတယ်။
    http://www.nhs.uk/Livewell/Contraception/PublishingImages/M860369-Oral_contraceptive_pills_377x171.jpg
    သန္ဓေ တားဆေးများကြောင့် ဦးခွံ အတွင်းရှိ ဦးနှောက် အစိတ်အပိုင်း တစ်ခု ဖြစ်သော Grey Matter​ များ ကြီးလာ လေ့ရှိပြီး အမျိုးသမီးများအား တွေးခေါ် မြော်မြင်မှု စွမ်းရည် မြင့်မား စေနိုင်ကြောင်း ဗြိတိန် အမျိုးသမီး ၃.၅ သန်းကျော်ကို လေ့လာခဲ့သည့် စစ်တမ်း အရ ဖော်ထုတ် နိုင်ခဲ့သည်။ ဦးနှောက်အား စွမ်းအင်မြင့် ပုံကြီးချဲ့ ကိရိယာများဖြင့် စောင့်ကြည့်ခဲ့ရာ သန္ဓေတားဆေး သုံးစွဲပြီးကာစ အခြေအနေတွင် အမျိုးသမီးများ၏ ဟိုမုန်း အပြောင်းအလဲ အခြေအနေကြောင့် Grey Matter ကို ၃ ရာခိုင်နှုန်းမျှ ကြီးထွား လာစေသည်ကို မြင်တွေ့ရကြောင်း ဆဲလဘက် တက္ကသိုလ်မှ ဒေါက်တာ ဘလင်ဒါပက်ဇာက ရှင်းပြခဲ့သည်။ အဆိုပါ အခြေအနေသည် အမျိုးသမီးများအား ပေါင်းသင်း ဆက်ဆံရေး ကဏ္ဍတွင် သွက်လက် ထူးချွန်စေသလို ဉာဏ်ရည် ဉာဏ်သွေးလည်း ထက်မြက် ကောင်းမွန်နေစေကြောင်း ဒေါက်တာပက်ဇာက ပြောကြားသွားသည်။
    Oestrogen သို့မဟုတ် Progesterone အမည်ရှိ သန္ဓေမရရန် ဟန့်တားသော ဓာတ်ပစ္စည်းများသည် အာရုံကြောများကိုလည်း သက်ရောက်လှုံ့ဆော်လေ့ရှိပြီး ယင်းက ဉာဏ်ရည်ထက်မြက်မှုကို ဖော်ဆောင်ပေးကြောင်း Dr Belinda Pletzerက ရှင်းလင်းပြောဆိုခဲ့သည်။
    လိင်အကြောင်းပြောရမည်ဆိုလျင် သဘာဝဖြစ်စဉ်အဖြစ်လက်မခံနိုင်ပဲ ရှက်ရွံ့စရာ အကြောင်းအရာတစ်ခုအဖြစ်သာ လက်ခံကြသည်၊ သို့သော် ပုထုဇဉ်လူသားများသည် ထိုအရာကိုရှောင်လွဲနိုင်သည့်လူဦးရေနှုန်းအလွန်နည်းပါးပါသည်။ ထို့ကြောင့် လူငယ်များမှာ လိင်ဆက်ဆံခြင်းနည်းလမ်းများ၊ အသုံးပြုသော ပစ္စည်းပစ္စယများကို အသုံးပြုရမှန်းမသိပဲ မိမိတို့အတွက် ကာကွယ်မှုမပါပဲ ဆက်ဆံမိသောအခါ ကမ္ဘာပေါ်တွင်နာမည်ကြီးနေသော အိပ်စ်အိုင်ဗွီ၊ အေအိုင်ဒီအက်ရောဂါများ အမှတ်မထင်ကူးစက် မှုများရှိလာသည်။
    http://medicalimages.allrefer.com/large/the-female-condom.jpg
    အမျိုးသမီးကွန်ဒုံ၏ အားသာချက်
    ၁။ အမျိုးသမီးကွန်ဒုံကို အချိန် ၈ နာရီကြာ အမျိုးသမီးအဂါင်္အတွင်းသို့ ကြိုတင်ထည့်သွင်းထားနိုင်သည်။
    ၂။ အမျိုးသမီးကွန်ဒုံသည် ပလက်စတစ်နဲ့ ပြုလုပ်ထားသောကြောင့်
    အပူဓါတ်ကိုထုပ်လုပ်ပေးသည်။ အပူဓါတ်ထုပ်လုပ်ပေးသောကြောင့် သဘာဝကျပီး
    စိတ်ခံစားမှုကိုပိုရစေသည်။
    ၃။ အမျိုးသမီးကွန်ဒုံသည် တင်းကြပ်မှုမရှိပေ။
    ၄။ အမျိုးသမီးကွန်ဒုံသည် အမျိုးသားကွန်ဒုံထက်ပိုပီး ခိုင်မာသည်။
    ၅။ အမျိုးသမီးကွန်ဒုံကို မည်သည့်ဆီမျိုးနှင့်မဆို တွဲသုံးနိုင်ပါသည်။
    အမျိုးသမီးကွန်ဒုံ၏ အားနည်းချက်
    ၁။ အမျိုးသမီးကွန်ဒုံသည် ပထမတစ်ကြိမ်တွင် ထည့်သွင်းရန်ခက်ခဲသည်။
    ၂။အမျိုးသမီးကွန်ဒုံသည် လိင်ဆက်ဆံ၇ာတွင် အသံမြည်နိုင်ပါသည်။
    ၃။ အမျိုးသမီးကွန်ဒုံသည် လိင်ဆက်ဆံရာတွင် ကောင်းကောင်းမထည့်ပါက လွဲချော်မှုရှိနိုင်သည်။
    ၄။ အမျိုးသမီးကွန်ဒုံသည် အမျိုးသားကွန်ဒုံနှင့်နှိုင်းယဉ်ပါက ဈေးပိုကြီးသည်။
  19. ဝစ်လစ်စား​​လစ် ဓာတ်ပုံများ​​ကို ကြည့်​​ရှုခြင်း​​သည်
    imagebam.com
    မိန်း​​က​​လေး​​များ​​၏ ဝစ်လစ်စား​​လစ် ဓာတ်ပုံများ​​ကို ကြည့်​​ရှုခြင်း​​သည် ဦး​​​နှောက်၏ စွမ်း​​​ဆောင်ရည်များ​​ကို တိုး​​မြှင့်​​​ပေး​​​ကြောင်း​​ သိရှိရသည်။
    သု​​တေသီများ​​က Page 3မှ လှပ​​သော Lacey, Keeley and Rhian တို့​​ကဲ့​​သို့​​ ​​မော်ဒယ်မိန်း​​က​​လေး​​များ​​၏ အဝတ်ဗလာ ဓာတ်ပုံများ​​ကို ပြသပြီး​​ စမ်း​​သပ်ချက်အရ ဦး​​​နှောက်၏ စွမ်း​​​ဆောင်ရည်ကို လှုံ့​​​ဆော်​​ပေါ်နိုင်​​ကြောင်း​​ ​​ဖော်ထုတ်နိုင်ခဲ့​​သည်။
    ဦး​​​နှောက်၏ လျှပ်စစ်ဇီဝ စီး​​ဆင်း​​မှုများ​​သည် လှပ၍ ကြည့်​​​ကောင်း​​​သော မိန်း​​က​​လေး​​၊​ ​​ယောက်ျား​​​လေး​​ ဓာတ်ပုံများ​​ကို မြင်ရသည့်​​အခါ ပိုမိုတုံ့​​ပြန်မှု မြန်လာတတ်​​ကြောင်း​​ သိရသည်။ အကယ်၍ ဓာတ်ပုံထဲတွင် ပါ​​သော မိန်း​​က​​လေး​​များ​​ကို ​​ရေကူး​​ဝတ်စုံနှင့်​​ပုံ၊​ သို့​​မဟုတ် အဝတ်အစား​​ အပြည့်​​အစုံနှင့်​​ပုံများ​​ဖြင့်​​ ပြသပါက ဦး​​​နှောက်၏ တုံ့​​ပြန်မှုသည် အဝတ်မပါ​​သော ပုံများ​​တွင် မြင်ရချိန်ထက် ၀.၂ စက္ကန့်​​ ​​နှောင့်​​​နှေး​​​နေတတ်​​ကြောင်း​​ ​​ဖော်ထုတ်နိုင်ခဲ့​​သည်။
    ဖင်လန်နိုင်ငံ တမ်ပီရီ တက္ကသိုလ်မှ ပ​​ရော်ဖက်ဆာ Jari Hietanen က “ကျွန်​​တော်တို့​​ရဲ့​​ အချက်အလက်​​တွေက အမြင်အာရုံရဲ့​​ နှိုး​​ဆွမှုဟာ ဦး​​​နှောက်ကို သက်​​ရောက်နိုင်တယ်ဆိုတာ ပထမဆုံး​​အကြိမ် လက်​​တွေ့​​ပြနိုင်ခဲ့​​ပါတယ်။ အထူး​​သဖြင့်​​ လိင်နဲ့​​ဆိုင်တဲ့​​ လှုံ့​​​ဆော်မှုဟာ ဦး​​​နှောက်ရဲ့​​ တွက်ချက်မှု မြန်နှုန်း​​ကို သိသိသာသာ ဆက်စပ်သွား​​တယ်ဆိုတာ မြင်ခဲ့​​ပါပြီ”ဟု ​​ပြောကြား​​သွား​​ခဲ့​​သည်။
  20. လိင်ဆက်ဆံ မှု မှာ ပါးစပ် နဲ့  လုပ်တာ ကို ရှောင်ကျဉ် ဖို့  အိုဟိုင်းယို
    ပြည်နယ် တက္ကသိုလ် ကင်ဆာနှင့် ကူး စက်ရောဂါ ပိုးမွှား များ လေ့လာမှု သုတေသန ဌာန က
    သတိပေး ချက် ကို Wall Streetဂျာနယ် မှာ ဖော်ပြ ထား ပါတယ်။
    ဒီတက္ကသိုလ် က ကင်ဆာ သု တေသန မှုး တစ်ဦး ဖြစ်သူ မော်ရာ ဂီလီဆင် က ပါးစပ် နဲ့  လိင်ဆက်
    ဆံ တာ ဟာ အမျိုးသား တွေ ထက် အမျိုးသမီး တွေ က ပိုပြီး ပြု မူတတ်ပြီး အစာရေမြို ကင်ဆာ
    လည်ချောင်း ကင် ဆာ နဲ့  သားအိမ် ကင်ဆာ ရရှိ မှု တွေ မှာ လည်း အမျိုးသမီး တွေ က အဖြစ်
    အများ ဆုံး လို့  မော်ရာ ဂီလီဆင် က ပြောပါတယ်။
    အနောက်တိုင်း ယဉ်ကျေးမှု မှာ နှုတ်ခမ်းချင်း တေ့ နမ်းစုတ် ခြင်း အလေ့အထ ရှိတာ ကြောင့်
    ကူးစက် ရောဂါ ပြန့် ပွား ဖို့  က ပို လွယ်တယ် လို့  တက္ကသိုလ် က လေ့လာ ချက် မှာ ဖော်ပြထား
    ပါတယ်။
    ပါးစပ် နဲ့  လိင်ဆက် ဆံ မှု ဟာ သမရိုးကျ လိင်ဆက်ဆံ မှု ထက် ပေါ်ပြူလာ ပို ဖြစ်လာတာ ဟာ
    မိန်းကလေး တွေ အတွက် တစ်ချိန် မှာ ကင်ဆာ ရဲ့  သားကောင် ဖြစ်သွား နိုင် ကြောင်း ကို မိုင်
    ယာမီ ကင်ဆာ ရောဂါ လေ့လာ ရေး ဌာန က လည်း သတင်း ထုတ် ပြန် ထား ပါတယ်။
    ပြီးခဲ့တဲ့ ဆယ်စု နှစ် တွေ အတွင်း မှာ လည်ချောင်း ကင်ဆာ ရောဂါ ဖြစ်ရင် ဆေးလိပ် နဲ့  တခြား
    ရောဂါ ပိုးမွှား တွေ ကြောင့် လို့  လက်ခံ ထား ကြ ပေမယ့် ဆေးလိပ် လည်း သောက် ၊ ပါးစပ်
    နဲ့ လည်း ကာမ ဆက်ဆံ တဲ့ သူ တွေ ထဲ က လည်ချောင်း ကင်ဆာ ရောဂါ ခံစား နေရာသူ
    တွေ ကို လေ့လာကြည့် တဲ့ အခါ ၈၀ ရာခိုင်နှုန်းက အစာသွင်း လမ်းကြောင်း ကနေ လိင်ဆက်
    ဆံ လို့  ရရှိ တာ ဆို တဲ့ ရလာဒ် ထွက် ပေါ်လာ ပါတယ်။
    New England Journal of Medicine က တွေ့ ရှိ ချက် အရ အသက် ၂၀ ကျော် ကနေ ၃၀
    ကျော် အရွယ် တွေ ဟာ ပါးစပ် နဲ့  လိင်ဆက် ဆံတာ ကို ပို သဘောကျ ပြီး ဥရောပ သူ တွေ က
    အမေရိကန် သူ တွေ ထက် ဒါကို ပို သဘော ကျတယ်။ လည် ချောင်း ကင်ဆာ ဖြစ်ပွား မှု မှာ
    လည်း ဥရောပ မမ တွေ က ပို များ တယ် လို့  သုတေသနအစီရင် ခံစာ မှာ ဖော်ပြထား ပါတယ်။
    ကျန်းမာ ရေး ကောင်းသူ တစ်ယောက် ရဲ့  ကိုယ်တွင်း က ထွက် ရှိလာ တဲ့ အရည် ဟာ ပြဿနာ
    မဟုတ် ပေမယ့် ဒါ ထွက် ရှိလာမယ့် နေရာ တစ်ဝိုက် မှာ မသန့် ရှင်း မှု တွေ ရှိ နေရင် ပါးစပ်ကို
    ချက်ခြင်း ကူးစက် တတ်တယ် လို့  မော်ရာ ဂီလီဆင် က ထောက်ပြ ပါတယ်။
    အမေရိကန် နဲ့  ဥရောပ က အထက်တန်း ကျောင်း တွေ မှာ ပါးစပ် နဲ့  လိင်ဆက်ဆံ တာ ကို ရှောင်
    ရှား ဖို့  လိင်ပိုင်း ဆိုင်ရာ ပညာပေး အစီအစဉ် တွေ က နေ ဆော် သြပေး မယ့် အောင်မြင်မှု မရရှိ
    ပါဘူး ။
    သူ ရဲ့  ရည်စား နဲ့  လိင်ဆက် ဆံ ချင်ပေမယ့် ကိုယ်ဝန် ရှိလာ မှာ ကြောက်တဲ့ အတွက် ပါးစပ်နဲ့ 
    ပဲ သူက နှစ်သိမ့်  မှု ပေး ခဲ့ ရတယ်။ သူ ဟာ အခု တော့ သိပ်မစိုးရ သေးတဲ့ ခံတွင်း ကင်ဆာ
    ရောဂါ သည် တစ်ယောက် ဖြစ်နေပါပြီ။
  21. ဆေးနှင့် တွဲဖက် မစားသုံးသင့်သော အစာမျာ&a
    စားလိုက်တဲ့ အစားအသောက်က ကိုယ်သောက်တဲ့ ဆေးပေါ်ကို နည်း ၃ မျိုးနှင့် သက်ရောက်နိုင်ပါတယ်။
    1. အချို့အစားအသောက်က အစာလမ်းကြောင်းက ဆေးစုပ်ယူမှုကို ဟန့်တားပါတယ်။ ဒါကြောင့် ဆေးအာနိသင် လျော့တာ ဖြစ်နိုင်ပါတယ်။
    2. အချို့အစားအသောက်က ဆေးကို ကိုယ်ခန္ဓာက ချေဖျက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ပုံမှန်အတိုင်း ဆေးသောက်ပေမဲ့ ဆေးအာနိသင် ပိုများတာမျိုး ဖြစ်နိုင်ပါတယ်။
    3. အချို့အစားအသောက်ကတော့ တခြားဆေးတစ်ခုခုရဲ့ အာနိသင်နဲ့ သွားတူနေတတ်ပါတယ်။
    ဥပမာများ
    1. Grape-fruit juice increase amount of drugs your body absorbed
    Grape fruit juice က ဆေးတွေကို ကိုယ်ခန္ဓာက ချေဖျက်တာကို နှောင့်ယှက်ပါတယ်။ Cholesterol ကျဖို့ သောက်တဲ့ဆေး၊ နှလုံးရောဂါအတွက်ဆေး၊ immune system နဲ့ဆိုင်တဲ့ဆေးတွေကို ခန္ဓာကိုယ်က ပုံမှန်ချေဖျက်တာကို နှောင့်ယှက်ပါတယ်။ ဒါကြောင့် juice သောက်တဲ့ ပမာဏကို မူတည်ပြီး ပုံမှန် ဆေးသောက်ပေမဲ့ ဆေးအာနိသင် နဂိုရှိသင့်တဲ့ ပမာဏထက် 2-3 ဆ ထိတောင် သွေးထဲမှာ ပိုများနေတတ်ပါတယ်။ ဆေးပမာဏများလေလေ ဆေးရဲ့ ကောင်းတဲ့အာနိသင်ထက် ဆိုးကျိုးအာနိသင်က ပိုများဖို့ များနေပါတယ်။ ဒါကြောင့် Grape fruit juice နဲ့ ဆေး တွဲမသောက်သင့်ပါ။
    2. Acidic Juices should not be taken together with certain Antibiotics
    Orange juice, Tomato juice စတဲ့ Citrus juices အမျိုးအစားတွေကတော့ antibiotics လို့ခေါ်တဲ့ ပိုးသတ်ဆေး၊ ပဋိဇီဝဆေးတွေကို ကိုယ်ခန္ဓာက စုပ်ယူတဲ့နေရာမှာ နှောင့်ယှက်ပါတယ်။ ဒါကြောင့် Orange Juice နဲ့ ပိုးသတ်ဆေးများနဲ့ တွဲမသောက်သင့်ပါ။
    3. Vitamin K rich foods contribute to blood clotting. Vit K rich foods should be limited when taking blood thinners
    အစိမ်းရောင်ရှိတဲ့ ဟင်းသီးဟင်းရွက် (ပန်းဂေါ်ဖီ၊ ဂေါ်ဖီထုပ်၊ ကညွန့်၊…) စတာတွေမှာ Vitamin K ဓာတ်အများကြီးပါပါတယ်။ Vitamin K ဟာ Blood clotting လုပ်ငန်းစဉ်အတွက် လိုအပ်ပါတယ်။ Vit K များတာက သွေးကြဲဆေးသောက်နေတဲ့ သူများအတွက် အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။
    4. Dairy products block iron absorption
    နို့နှင့် နို့ထွက်ပစ္စည်းတွေကတော့ သံဓာတ် စုပ်ယူမှုကို နှောင့်ယှက်ပါတယ်။ သံဓာတ်အားဆေး သောက်နေရသူတွေ၊ သံဓာတ်ချို့တဲ့ သွေးအားနည်းသူတွေ အတွက် နို့နဲ့နို့ထွက် ပစ္စည်းများ သောက်ရာမှာ သတိထားသင့်ပါတယ်။
    5. Fibers
    Fibers တွေကတော့ stomach emptying အချိန်ကို ပြောင်းလဲစေပြီး ဆေးတွေ စုပ်ယူမှုကို ပြောင်းလဲစေပါတယ်။ ဒါပေမဲ့ ဆေးတိုင်းနဲ့ Fibers တွဲမစားနဲ့လို့ ပြောတာမဟုတ်ပါဘူး။ နှလုံးဆေး Digitalis, Penicillin စတဲ့ဆေးအချို့နဲ့တော့ တွဲဖက် မစားသုံးသင့်ပါဘူး။
    6. Caffeine
    Coffee, Cola စတဲ့ ကာဖင်းပါတဲ့ အစားအသောက်တွေက ပန်းနာရင်ကျပ်ဆေးတွေရဲ့ အာနိသင်နဲ့ သွားတူပါတယ်။ ဒါကြောင့် asthma ဆေးတွေ ဖြစ်တဲ့ theophylline စတာတွေ သောက်နေရင် caffeine မသောက်သင့်ပါဘူး။ နောက် ကာဖင်းဓာတ်က လူကို နိုးကြားစေတဲ့အတွက် သူ့နဲ့ဆန့်ကျင်ဘက်နေရာမှာသုံးတဲ့ ဆေးနဲ့ တွဲမသုံးသင့်ပါဘူး။
    7. Alcohol & wine
    Wine နဲ့ cheese တွဲသောက်ခြင်းက စိတ်ဓာတ်ကျရာမှာ သုံးတဲ့ Anti-depressant ဆေးရဲ့ မကောင်းတဲ့ အာနိသင်ကို ပိုဆိုးပြီး အသက်အန္တာရယ် ရှိနိုင်ပါတယ်။ MAO Inhibitor လို့ခေါ်ပါတယ်။ နောက် အရက် က အသည်းကို ထိခိုက်ပါတယ်။ ဆေးအများစုက အသည်းမှာ ချေဖျက်၊ ပြုပြင်ရတာ ဖြစ်တဲ့အတွက် အရက်သောက်တာနဲ့ ဆေးအာနိသင်ကို ပြောင်းလဲစေတာ ပတ်သတ်မှု ရှိပါတယ်။
    8. Water
    ရေကတော့ ဘာအာနိသင်မှ မပြောင်းစေတဲ့ အရာဖြစ်ပါတယ်။ ဘယ်အစာနဲ့ ဘယ်ဆေးတွဲမသောက်သင့်ဘူး သံသယရှိလို့က ရေနဲ့သာ တွဲသောက်ပါ။ ရေနဲ့ ဆေးကို သောက်တာ အကောင်းဆုံးပါ။ လိမ္မော်ရေ၊ စပျစ်ဖျော်ရည်၊ ကော်ဖီ၊ လဖက်ရည်တို့နဲ့ တွဲသောက်တာထက် အများကြီး ပိုကောင်းပါတယ်။ များသောအားဖြင့် ဆေးအာနိသင်ကိုလဲ​ မနှောင့်ယှက်ပါဘူး။
  22. တစ်နေကုန် ပင်ပန်းနွမ်းနယ် နေပါသလား။*
    တစ်နေ့ ထက် တစ်နေ့ အားအင် ချည့်နဲ့ကာ စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်နေ
    ပါသလား။ မကြာခဏ သမ်းဝေကာ ငိုက်မျည်း နေတတ် ပါသလား။
    ပင်ပန်း နုံးချည့် ရခြင်း အကြောင်းရင်းကို ရှာကာ အမြဲ သွက်လက် အားအင်
    ပြည့်စေနိုင်မယ့် နည်းလမ်း ၁၅ မျိုးကို ဖော်ပြလိုက်ပါတယ်။
    ၁။ ပင်ပန်းရခြင်း အကြောင်းရင်း ရှာပါ သင့်ရဲ့ အားအင်တွေ ပြန်ပြည့်ဖို့ ပထမဆုံး
    လုပ်ရမှာက သင့် စားသောက် နေထိုင်ပုံက သင့်ရဲ့ အားအင်တွေကို ဘယ်လို ဆုတ်ယုတ်
    နေစေသလဲ ဆိုတာကို သုံးသပ်ဖို့ ပါပဲ။ ရေသောက် နည်းပြီး ရေဓာတ် ခြောက်ခန်း
    နေသလား၊ အရက်သောက် များနေသလား၊ အစာ လျှော့စားလွန်း နေသလား၊ အချိုကဲတဲ့ အစားတွေ
    များများ စားလို့ သွေးထဲ သကြားဓာတ် များနေသလား၊ အိပ်ရေး မ၀ဘူးလား စသဖြင့်
    ပင်ပန်းစေနိုင်တဲ့ အကြောင်းရင်းတွေကို ရှာကြည့်ပါ။ စိတ်ဖိစီးမှု နဲ့ ပူပင်
    စိုးရိမ်မှုတွေ ကြောင့်လည်း အားလျော့ စေနိုင်ပါတယ်။ ဖြစ်နိုင်ခြေ ရှိတဲ့
    အကြောင်းရင်း တွေကို ဖော်ထုတ်နိုင်ဖို့ အတွက် ကိုယ်ရဲ့ စားသောက် နေထိုင်ပုံကို
    ဂရုပြုမိဖို့ လိုပါတယ်။
    ၂။ သံဓာတ် လိုအပ်ပါတယ် အမျိုးသမီး အများစု ပင်ပန်းရခြင်း အကြောင်းရင်းက သံဓာတ်
    ချိုတဲ့လို့ ပါပဲ။ ဓမ္မတာ ရာသီသွေး ဆင်းခြင်းကြောင့် သွေးထဲ အောက်ဆီဂျင်
    သယ်ဆောင်ပေးတဲ့ ဟေမိုဂလိုဘင် ပရိုတင်း ပမာဏ လျော့နည်းတတ် ပါတယ်။ ဓမ္မတာ
    ရာသီသွေးဆင်း များခြင်းကြောင့် ဖြူဖပ်ဖြူရော် ဖြစ်ခြင်း၊ အသက်ရှူ မ၀ခြင်း၊
    လက်သည်း ခြေသည်း အရောင်ဖျော့ခြင်း၊ နုံးချည့်ခြင်းတို့ ဖြစ်တတ် ပါတယ်။
    ဒါကြောင့် ကုန်ဆုံးသွားတဲ့ သံဓာတ်ကို ပြန်ဖြည့်တင်း ပေးဖို့ အတွက်
    အမျိုးသမီးတိုင်း သံဓာတ် အားဖြည့်ဆေး သောက်ပေးသင့် ပါတယ်။ သံဓာတ် ကြွယ်ဝတဲ့
    အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်၊ အနီရောင် အသားတို့ကို စားပေးသင့် ပါတယ်။
    ဖောလစ်အက်စစ် နဲ့ ဗီတာမင်ဘီ ၁၂ ချို့တဲ့ရင်လည်း သွေးအားနည်းတတ် ပါတယ်။
    ၃။ အိပ်ရေးဝဖို့ အရေးကြီးပါတယ် ကျွန်မတို့ အများစုဟာ အိပ်ချိန် အလုံအလောက်
    မအိပ်တတ်ကြ ပါဘူး။ တစ်ညကို အိပ်ချိန် ခုနစ်နာရီ မှ ရှစ်နာရီကြား ရှိပါက
    ကျန်းမာရေး နဲ့ ညီညွတ် ပါတယ်။ တစ်ညကို ငါးနာရီ နဲ့ ခြောက်နာရီ သာ အိပ်ချိန်
    ရှိသူတွေက တစ်ပတ်လုံးနဲ့ ယှဉ်ပါက နှစ်ညစာ လောက် အိပ်ချိန် လွတ်သွားတယ်လို့
    ပြောနိုင်ပါတယ်။ တစ်ညကို သူများထက် အိပ်ချိန် နှစ်နာရီ လောက် လျော့ရင် တစ်ပတ်
    ပြည့်တဲ့ အခါ အိပ်ချိန် ၁၄ နာရီ လျော့တာကြောင့် နှစ်ညစာ အိပ်ချိန်
    လျော့တယ်လို့ ပြောရတာပဲ ဖြစ်ပါတယ်။ အိပ်မပျော်ရခြင်း အများစုက
    စိတ်ဖိစီးမှုကြောင့် ပါ။ ဒါကြောင့် စိတ်ဖိစီးမှု တတ်နိုင်သမျှ လျှော့ပြီး
    အိပ်ရေး ၀အောင် အိပ်ပါ။ အိပ်ရေးဝ မှ အားအင် ပြည့်မှာပါ။
    ၄။ ကာလရှည် မောပန်းပါက သတိထားပါ တစ်လကျော် ကြာတဲ့ အထိ အမြဲ ပင်ပန်းနေပါက
    ဆရာဝန်ထံ ပြသ စစ်ဆေးခံသင့် ပါတယ်။ သွေးအားနည်းခြင်း၊ စိတ်ဓာတ်ကျခြင်း၊
    ရောဂါပိုးဝင်ခြင်း တို့ကြောင့် ဖြစ်နိုင်တာမို့ အထူးသဖြင့် ကိုယ်အလေးချိန်
    လျော့ကျခြင်း နဲ့ ရာသီသွေးဆင်းမှု များခြင်းစတဲ့ လက္ခဏာတို့ နဲ့ တွဲဖြစ်ပါက
    ဆေးခန်းပြသင့် နေပါပြီ။ သွေးဆုံးတဲ့ အရွယ်ရှိ အမျိုးသမီးတွေလည်း ကာလရှည်
    မောပန်း တတ်ကြ ပါတယ်။ အဲဒါတွေကြောင့် မဟုတ်ဘူး ဆိုရင် အိမ်နဲ့ အလုပ်မှာ
    ဂက်စ်ထွက် ရှိနိုင်တဲ့ အရာတွေ တပ်ဆင်ထားလား သတိထား ကြည့်ပါ။
    ကာဗွန်မိုနောက်ဆိုက် ဓာတ်ငွေ့တွေဟာ အောက်ဆီဂျင် ရရှိမှုကို လျော့နည်း
    စေနိုင်သလို ကြာလာပါက အသက် အန္တရာယ်တောင် ရှိနေပါတယ်။
    ၅။ Coenzyme Q10 လိုပါတယ် ဓာတ်တိုး ဆန့်ကျင် ပစ္စည်း Coenzyme Q10 က ခန္ဓာကိုယ်
    ဆဲလ်အတွင်း အားအင်လွှင့်ထုတ်ရာမှာ အရေးကြီးသလို နှလုံးရောဂါကိုလည်း ကာကွယ်ပေး
    ပါတယ်။ အသက်ကြီး လာတာနဲ့ အမျှ Coenzyme Q10 လျော့နည်း တတ်လို့ ကြွယ်ဝတဲ့
    အစာတွေ ဖြစ်တဲ့ ဆဲလ်မွန်ငါး၊ ငါးသေတ္တာ၊ အမဲသား၊ ဟင်းနုနယ် နဲ့ မြေပဲတွေ
    စားပေးပါ။ Coenzyme Q10 ပါတဲ့ အားဆေး သောက်ပေးပါ။
    ၆။ စီရိုတိုနင် ပမာဏများအောင် လုပ်ပါ စီရိုတိုနင်ဆိုတာ ဦးနှောက် စိတ်ခံစားမှု
    ကောင်းစေနိုင်တဲ့ ဓာတ်တစ်ခုပါ။ 5HTP (5hydroxytryptophan)အားဆေးက ခန္ဓာကိုယ်ကနေ
    စီရိုတိုနင်ဓာတ် ထွက်ရှိ စေတာကြောင့် စိတ်ပျော်ရွှင် စေကာ စိတ်ဓာတ်ကျမှုကို
    လျော့နည်းစေ ပါတယ်။ ဒါ့အပြင် အိပ်ကောင်းခြင်း အိပ်ပျော်စေကာ အိပ်ရေး ၀စေနိုင်
    ပါတယ်။
    ၇။ ခန္ဓာကိုယ်ရဲ့ သဘာဝ စည်းချက်ကြောင့် လည်း ဖြစ်နိုင်ပါတယ် ရုံးမှာ ကျတော့
    မတရား ပင်ပန်းပြီး အိမ်ရောက်လို့ ရှိရင် အားအင် ပြည့်ဝနေတာမျိုး ကြုံဖူးကြ
    မှာပါ။ အကြောင်းပြချက် တစ်ခု ကတော့ ခန္ဓာကိုယ်ရဲ့ သဘာဝ စည်းချက် ကြောင့်ပါ။
    သုတေသန ပညာရှင်တို့ရဲ့ လေ့လာချက် အရ ခန္ဓာကိုယ် ဇီဝ နာရီဟာ နေ့လယ် နှစ်နာရီ
    အပူချိန်ဟာ ထမင်းစားပြီး နောက် လျော့ကျတတ် သလို ညဘက် ၇နာရီလောက် မှာလည်း
    လျော့ကျတတ် ပါတယ်။ ခန္ဓာကိုယ် အပူချိန် လျော့ကျခြင်းက မယ်လတိုနင် ဟော်မုန်းကို
    ထွက်ရှိစေ ပါတယ်။ အဲဒီ ဟော်မုန်းက ဦးနှောက်ကို အိပ်ချိန်နား နီးပြီ
    ဖြစ်ကြောင်း သတင်း ပေးပို့ ပါတယ်။
    ၈။ သိုင်းရွိုက် ရောဂါ ရှိလား ရှာကြည့်ပါ သိုင်းရွိုက် ဂလင်းတွေဟာ
    ခန္ဓာကိုယ်ကနေ အားအင်တွေကို ဘယ်လောက် မြန်မြန် လောင်ကျွမ်း စေပြီး ပရိုတင်းတွေ
    ဖြစ်စေနိုင်သလဲ ဆိုတာကို ထိန်းချုပ်ပေး ပါတယ်။ အလုပ် သိပ် မလုပ်နိုင်တဲ့
    သိုင်းရွိုက်ဂလင်း အခြေအနေ (Hypothyroidism) ဖြစ်ပါက လူကို ပင်ပန်းစေ သလို
    ခန္ဓာကိုယ် အလေးချိန်ကိုလည်း တိုးစေပါတယ်။ ဒါ့အပြင် အသားအရေ ခြောက်သွေ့ကာ
    အအေးဒဏ်ကို မခံနိုင် ဖြစ်တတ် ပါတယ်။ ဒီရောဂါ ဖြစ်ပါက အရေးကြီးတာကြောင့်
    ဆရာဝန်နဲ့ ပြသသင့် ပါတယ်။ အချိန်မီ မကုသပါက ပိုပြီး မောပန်းစေကာ အသံ
    အောလာခြင်း၊ မျက်နှာ ပုံပြောင်းလာခြင်း မျက်ခုံးမွေး နဲ့ မျက်တောင်ကျွတ်ခြင်း
    ကိုလည်း ဖြစ်တတ် ပါတယ်။
    ၉။ ကဖင်းဓာတ်က လန်းဆန်း စေနိုင်ပါတယ် ကဖင်းဓာတ် ပါရှိတဲ့ ကော်ဖီ၊
    လက်ဖက်ရည်တို့ဟာ ခဏတာ သာ အားပြည့် လန်းဆန်း စေနိုင်ပေမယ့် နောက် ခဏအကြာမှာ
    အားပြန်လျော့ သွားစေခြင်းကြောင့် သိပ် အများကြီး မသောက်သင့်ဘူး လို့ ဆိုပါတယ်။
    ဒါပေမဲ့ တစ်နေ့ကို တစ်ခွက် ကနေ သုံးခွက်အထိ သောက်ပေးလို့ ရပါတယ်။ အဲဒီထက်
    များသွားရင်သာ မကောင်းတာပါ။ ကဖင်းဓာတ် သောက်တာ များလွန်းပါက အသွက်လွန်ခြင်း၊
    ခြေချောင်း လက်ချောင်း တုန်ခြင်း၊ ကယောင်ချောက်ချား ဖြစ်ခြင်းတို့
    ဖြစ်တတ်ပါတယ်။ ဗီတာမင်ဘီကိုပါ လျော့နည်း စေကာ ပင်ပန်းခြင်း၊ ကာလရှည်ကြာ
    အားလျော့ခြင်းတို့လည်း ဖြစ်တတ်ပါတယ်။
    ၁၀။ သဘာဝ ဆေးမြစ်တွေရဲ့ အစွမ်းကိုလည်း မေ့မထားပါနဲ့ ရွှေရောင် အမြစ်လို့ ခေါ်တဲ့
    Rhodiola သဘာဝ ဆေးဖက်ဝင် အမြစ်ဟာ အားအင် ပြည့်ဖြိုး လန်းဆန်း စေကာ အာရုံ
    စူးစိုက်မှု အားကောင်းပြီး နွမ်းနယ်မှုကို ပပျောက်စေ ပါတယ်။ ဒါပေမဲ့ ကာလရှည်
    သုံးစွဲလို့တော့ မသင့်တော်ပါဘူး။ ကယောင်ချောက်ချား ဖြစ်စေနိုင်တာ ကြောင့်ပါ။
    ၁၁။ အိပ်စက်ခြင်း ပြဿနာကြောင့်လည်း ဖြစ်နိုင်ပါတယ် အိပ်စက်ခြင်း ပြဿနာ တစ်ခု
    ဖြစ်တဲ့ အိပ်နေရင်း မကြာခဏ အသက်ရှူ ရပ်တတ်တဲ့ ရောဂါကြောင့်လည်း ပင်ပန်းတတ်
    ပါတယ်။ အဲလို အသက်ရှူ ရပ်သွားတိုင်း နိုးလာတတ် ပေမယ့် သင့်ကိုယ်သင်တော့ သတိ
    မထားမိပါဘူး။ သင့်မှာများ အဲလို ဖြစ်နေသလား၊ သံသယ ရှိနေရင် ဒါမှမဟုတ် သင့်
    အိမ်ထောင်ဖက်က သတိထားမိ နေရင် ဆေးခန်း ပြသင့် ပါတယ်။
    ၁၂။ ကိုယ်လက်လှုပ်ရှား များများလုပ်ပါ အားအင် ပြည့်ဖြိုး စွမ်းအင် တိုးစေနိုင်
    ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု ပြုခြင်းဖြင့် အသက်ကို ပိုပြီး ပြင်းပြင်းရှူ
    လာသလို ခန္ဓာကိုယ်ထဲ အောက်ဆီဂျင် များများ ရောက်ကာ သွေးလည်ပတ်မှူ ကောင်းစေတာ
    ကြောင့်ပါ။ ဒါကြောင့် မနက်စောစော အိမ်ပြင် ထွက်ကာ လေကောင်းလေသန့် ရှူရင်း
    လေ့ကျင့်ခန်း လုပ်ပေးပါ။
    ၁၃။ ကာဗိုဟိုက်ဒရိတ် အကြောင်း သိဖို့လည်း လိုပါတယ် ကာဗိုဟိုက်ဒရိတ်က အားများ
    စေနိုင်ပေမယ့် အမြန်ထွက်တဲ့ High GI အမျိုးအစားနဲ့ အနှေးထွက်တဲ့ Low GI
    အမျိုးအစား ဆိုပြီး နှစ်မျိုး ရှိပါတယ်။ အမြန် ထွက်တဲ့ ကာဗိုဟိုက်ဒရိတ်က
    သကြားနဲ့ အမြှုပ်ပါတဲ့၊ ဂက်စ်ပါတဲ့ အချိုရည်တွေမှာ တွေ့ရပြီး အဲဒီ
    အစားအသောက်တွေ စားသောက်ပြီး ခါစ တစ်ခဏမှာ လန်းဆန်း တက်ကြွကာ နောက် ခဏနေ
    ပင်ပန်း သွားတတ် ပါတယ်။ ဒါပေမဲ့ အနှေးထွက်တဲ့ ကာဗိုဟိုက်ဒရိတ် ကတော့
    ကောက်ပဲသီးနှံ၊ ပဲအမျိုးမျိုး နဲ့ စေးကပ်တဲ့ ဟင်းသီးဟင်းရွက်တွေ မှာ တွေ့ရကာ
    အားအင် အမြဲ ပြည့်စေပါတယ်။ ဂျင်ဆင်း ဆေးမြစ်ကလည်း စိတ်ဖိစီးမှုကို သက်သာကာ
    အားပြည့်စေ ပါတယ်။
    ၁၄။ နေ့လယ်မှာ အိပ်မငိုက်ပါနဲ့ နေ့လယ်နေ့ခင်း ပင်ပန်းလို့ တစ်ရေးတမော မှေးတာက
    အားပြည့်စေ ပေမယ့် အဲလို ခဏ အိပ်လိုက်လို့ ညဘက် အိပ်မပျော် ဖြစ်ရင်တော့
    မကောင်းပါဘူး။ ဒါကြောင့် နေ့လယ်မှာ အိပ်မငိုက်အောင် နေ့လယ်စာ ထဲမှာ
    အမြန်ထွက်တဲ့ ကာဗိုဟိုက်ဒရိတ် High GI စာတွေနဲ့ အယ်လ်ကိုဟောကို ရှောင်ပါ။
    အိပ်ချင်စိတ် ပေါက်လာရင် ဟိုနားဒီနား လမ်းထ လျှောက်လိုက်ပါ။ ဒါမှမဟုတ် စားပွဲ
    ရှင်းလိုက်ပါ။ ပြီးတော့ ညဘက်မှာလည်း အချိန်မှန် အိပ်ကာ အချိန်မှန် ထပါ။
    အိပ်ခါနီး စိတ်ဖိစီးမှု များစေမယ့် ကိစ္စတွေ မတွေးပါနဲ့။
    ၁၅။ အားအင် ပြည့်ဝစေမယ့် နည်းတချို့ * လမ်း အမြန်လျှောက်ပါ။ အလုပ် လုပ်ရင်း
    အိပ်ငိုက်နေပါ သလား။ အောက်ပါ တို့ကို လုပ်ကြည့်ပါ။ ကိုယ်လက်လှုပ်ရှား
    လိုက်ခြင်းဖြင့် ပင်ပန်းမှု ပျောက်ကာ လန်းဆန်း လာပါ လိမ့်မယ်။ * ရေသောက်
    လိုက်ပါ။ ရေအေးအေးလေး တစ်ခွက် သောက်ရင် လန်းဆန်းသလို လက်ဖက်စိမ်း ရေနွေးကြမ်း
    သောက်လိုက်ရင်လည်း စိတ် ကြည်လင် သွားပါ လိမ့်မယ်။
    * ပြတင်းပေါက် ဖွင့်လိုက်ပါ။ လေကောင်းလေသန့် ရှူလိုက်ခြင်းဖြင့် လန်းဆန်း
    တက်ကြွ လာပါ လိမ့်မယ်။
    * သံပရာ ရနံ့ကို ရှူရှိုက်ခြင်း ကလည်း စိတ်ကြည်လင် လန်းဆန်း စေနိုင် ပါတယ်။
    * ဗီတာမင် B12 အားဆေး သုံးဆောင်ပါ။ ကျန်းမာရေး အတွက် ကောင်းသလို ပင်ပန်း
    နွမ်းလျခြင်းကိုလည်း ပျောက်စေ ပါတယ်။
  23. ကိုယ်လက်လှုပ်ရှားမှုပြုလုပ်သင့်သောအကြောင်းရင်း(၁၀)ချက်
    ၁၊ဘာသာစကားကျွမ်းကျင်မှုတိုးတက်လာခြင်း၊ ကိုယ်လက်လှုပ်ရှားမှုအနည်းငယ်မျှ ပြုကျင့်ရုံနဲ့ ဦးနှောက်မှတ်ဥာဏ်ကိုပိုကောင်းစေနိုင်ပါသည်၊
    ၂၊နာကျင်ကိုက်ခဲမှုသက်သာစေခြင်း၊ အနားယူခြင်းကဒူး၊ ပခုံး၊ ကျောနဲ့လည်ကုပ်တို့ကို နာကျင်ကိုက်ခဲမှုကို သက်သာစေဖို့ အကောင်းဆုံးနည်းလမ်း မဟုတ်သေးပါဘူး။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ပါက မလုပ်သူတွေထက်ကြွက်သားနာကျင်မှု ၂၅ ရာခိုင်နှုန်း သက်သာတာကိုတွေ့ရပါတယ်။ လှုပ်လှုပ်ရှားရှား နေခြင်းဟာ ကြွက်သားတွေကိုပျော့ပျောင်း စေနိုင်သလို နာကျင်မှုတွေကိုလည်း လျော့နည်းစေနိုင်ပါတယ်။
    ၃၊အလုပ်မှာပိုပျော်ရွှင်စေခြင်း။
    လှုပ်လှုပ်ရှားရှားနေခြင်းဖြင့် သင့်ရဲ့လုပ်နိုင်စွမ်းရည်ကို ပိုတိုးတက်လာနိုင်ပါတယ်။လေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့်လည်း ပိုပြီးရှင်းရှင်းလင်းလင်း တွေးလာတတ်သလို အလုပ်ပိုပြီးပါတယ်။
    လေ့ကျင့်ခန်းမှန်မှန် လုပ်ခြင်းဖြင့် ခန္ဒာကိုယ် ပိုမိုလှပကြော့ရှင်း စေနိုင်ပါတယ်။ ကိုယ်လုံးကိုယ်ပေါက် လှပချင်ရင်တော့ နေ့တိုင်းမိနစ် ၂၀ ခန့်လမ်းလျှောက်ပေးပါ။
    ၅၊ သွားဖုံးကျန်းမာစေခြင်း၊
    သွးတိုက်ခြင်းကတစ်ခုတည်းသောနည်းလမ်းမဟုတ်တော့ပါ။ အသက်ကြီးလာတာနဲ့အမျှ ပိုပြီးဖြစ်တတ် လာတဲ့ သွားဖုံးရောင်ရောဂါ ( periodontitis ) ဖြစ်နိုင်ချေကို လေ့ကျင့်ခန်းလုပ်ခြင်းက လျော့ချပေးနိုင်ကြောင်ါ် လေ့လာချက်တွေအရ တွေ့ရှိရပါတယ်။ သွေးထဲမှာဖြစ်ပေါ်စေနိုင်တဲ့ c-reactive protein ပမာဏကိုလျှော့ချ ပေးတာကြောင့်ဖြစ်ပါတယ်။
    ၆၊အအေးမိရောဂါမှ ကာကွယ်နိုင်ခြင်း။
    လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းက ဇီဝရုပ်ဖြစ်ပျက်မှုနှုန်းကို မြန်စေရုံမျှမက ကိုယ်ခံအားကိုလည်းကောင်းစေတာကြောင့် တော်ရုံတန်ရုံ ရောဂါပိုးတွေကို တိုက်ဖျက်ကာကွယ်နိုင်ပါတယ်။
    ၇၊ ကောင်းမွန်စွာအိပ်ပျော်စေနိုင်ခြင်း။
    လေ့ကျင့်ခန်းမှန်မှန်ပြုလုပ်ခြင်းက အိပ်ကောင်းခြင်းနဲ့ လည်းအိပ်ပျော်စေနိုင်ပါတယ်။ညညအိပ်မပျော်တဲ့သူတွေအနေနဲ့ တစ်ရက်ကို အနည်းဆုံးနာရီဝက်လောက်လေ့ကျင့်ခန်းလုပ်ပေးပါ။ ညနေးပိုင်းမှာလေ့ကျင့်ခန်းပေါ့ပေါ့ပါးပါးလုပ်ခြင်းကအိပ်စက်ခြင်းကိုမနှောက်ယှက်သည့်အပြင် ပိုပြီးတော့တောင်အိပ်ပျော် စေပါတယ်။
    ၈၊လေပွသက်သာစေခြင်း။
    ရင်ပြည့်ရင်ကယ်ဖြစ်နေပါက ကိုယ်လက်လှုပ်ရှားမှု အနည်းငယ်ပြုလုပ်ပေးပါ။ လေတွေကိုဖယ်ရှားပေးပြီး ရင်ချောင်လာစေပါမယ်။ လေပွသက်သာတဲ့အထိလမ်းလျှောက်ပေးပါ။
    ၉၊အမြင်ကြည်စေခြင်း။
    လေ့ကျင့်ခန်းလုပ်ခြင်းက နှလုံးအတွက်ကောင်းစေသလို မျက်လုံးအတွက်လည်းကောင်းစေပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မှန်မှန်ပြုလုပ်ခြင်းက အသက်ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ မျက်စိမှုန်ရောဂါတစ်မျိုး ( macular degeneration ) ဖြစ်နိုင်ချေ ၇၀ ရာခိုင်နှုန်းကို လျော့ချပေးပါတယ်။
    ၁၀၊အပင်ပန်းခံနိုင်စေခြင်း။
    ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် မောပန်းနွမ်းနယ်မှုကို တိုက်ဖျက်နိုင်တဲ့ ဦးနှောက် ဓာတုဓာတ်ပစ္စည်းဖြစ်တဲ့ norepinephrine နဲ့ dopamine ဟော်မုန်းဓာတ်တွေကိုလျော့ကျစေနိုင်ပြီး စိတ်ခံစားမှုကောင်းစေနိုင်တဲ့ serotonin ဟော်မုန်းတွေကိုများစေပါတယ်။
    သူငယ်ချင်းများအားလုံး လေ့ကျင့်ခန်းကို ပုံမှန်လုပ်စေခြင်ပါတယ်လို့ တိုက်တွန်းခြင်ပါတယ်နော်။
  24. ၀ါးတူအသုံးပြုခြင်းနှင့် ကျန်းမာရေးဆိုးကျိုးများ
    01.jpg
    02.jpg
    03.jpg
    04.jpg
    05.jpg
    06.jpg
    07.jpg
    09.jpg
    12.jpg
    13.jpg
    14.jpg
    15.jpg
    16.jpg
    ကိုယ်ပိုင် “တူ” ကို အသုံးပြုခြင်းက
ပြောချင်တဲ့စကားလေးတွေ
Fill in your details below or click an icon to log in:
WordPress.com Logo
You are commenting using your WordPress.com account. Log Out / Change )
Twitter picture
You are commenting using your Twitter account. Log Out / Change )
Facebook photo
You are commenting using your Facebook account. Log Out / Change )
Google+ photo
You are commenting using your Google+ account. Log Out / Change )
Connecting to %s