ကံကောင်းအောင် လုပ်ယူနည်း (၁၄)
(ရှေးထုံးကိုလည်း မပယ်နဲ့)
ကံကောင်းအောင် လုပ်ယူချင်တဲ့လူတွေဟာ ရှေးလူကြီးသူမများ၊ ပုဂ္ဂိုလ်များရဲ့ ဆုံးမစာတွေကိုလည်း လိုက်နာ ကျင့်သုံးသင့်ပါတယ်။ အဲဒီလို လိုက်နာကျင့်သုံးဖို့ မလွယ်ဖူးဆိုပေမယ့် မလွယ်တဲ့အလုပ်ကို လုပ်နိုင်မှ အာဂလူ ဖြစ်မှာပါ။
တောင်ဖီလာဆရာတော်ရဲ့ ဆုံးမစာကို လိုက်နာကျင့်သုံးမယ်ဆိုရင် ကံကောင်းသူတယောက် ဖြစ်လာမှာ
သေချာပါတယ်။ ရှေးဟောင်းဆုံးမစာတွေဆိုတော့ တင်စားမှုတွေ ရှိပါတယ်။ တိုက်ရိုက်နားလည်မလည်နိုင်ဘူး။ သေသေချာချာ စဉ်းစားတွေးခေါ်တတ်မှ သိနားလည်ပြီး လိုက်နာနိုင်တာမျိုးတွေပေါ့။
တောင်ဖီလာဆရာတော်ကြီးရဲ့ ဆုံးမစာကိုကြည့်။
(၁) မီးပူးကိုရှောင်
(၂) လူလောင်ကိုရှဲ
(၃) သူရဲကိုပေါင်း
(၄) ဓားကောင်းကိုပြင်
(၅) မြင်းလျင်ကိုစီး
(၆) ခရီးဟောင်းကိုထွင်
(၇) သဘင်ကိုရှု
(၈) တန္တုကိုတိုက်
(၉) မကိုဋ်တနှုန်း ပန်းမွှေးကိုပန်
(၁၀) တံခွန်ကိုနှိပ်
(၁၁) အဆိပ်ကိုပြ
(၁၂) ကြက်မကို ပုံမှတ်—
ကျင့်ဝတ်အပြား ဆယ့်နှစ်ပါးကို မှတ်သားနာတော်မူလေလော့။
ဖြုန်းခနဲတော့ ဘာတွေရေထားမှန်း သိမှာမဟုတ်ပါဘူး။ ဒါပေမဲ့ သေသေချာချာ စေ့စေ့ငုငု
လေ့လာကြည့်ရင်တော့ နက်နဲတဲ့ ဆောင်ရန် ရှောင်ရန် အချက်အလက်တွေကို တွေ့ရမှာပါ။
မီးပူကိုရှောင်-ဆိုတဲ့ စကားဟာ သာမန်ရိုးရိုး ထင်းမီးတို့ ဘာတို့ မီးကိုပြောတာ မဟုတ်ပါဘူး။ မရှောင်တတ်ရင် လောင်မြိုက်တတ်တဲ့ ရတနာသုံးပါးကို တင်စားပြောတာ။ ဘုရား တရား သံဃာဆိုတဲ့ ရတနာသုံးပါးကို ရိုသေပူဇော်သူတွေဟာ အေးမြချမ်းသာကြပေမယ့် ရတနာသုံးပါးကို ထိပါးစော်ကားသူတွေဟာ မီးလောင်မြိုက်သလို ပူလောင်ကျွမ်းမြေ့တတ်တယ်ဆိုတာကို သတိပေးထားတာ။ ဒါကြောင့် မီးပူကိုရှောင်-လို့ ဆိုတာပါ။
လူလောင်ကိုရှဲ-ဆိုတဲ့ စာသားကတော့ ပူတတ်၊ လောင်တတ်တဲ့ အဝိဇ္ဇာ တဏှာကို ရှောင်ခိုင်းတာပါ။
သူရဲကိုပေါင်း-ဆိုတာကျတော့ သူရဲဆိုတာ ရဲရင့်သူကိုပြောတာ။ ရဲရင့်သူနဲ့ ပေါင်းခိုင်းတာ။ ဘယ်နေရာမှာ ရဲရင့်တာလဲ အလှူဒါနမှာ ရဲရင့်သူကို ပေါင်းခိုင်းတာ။ အလှူဒါန လုပ်ခိုင်းတာ။ လှူတဲ့နေရာမှာ ရဲရင့်ဖို့ တိုက်တွန်းတာ။
ဓားကောင်းကိုပြင်-ဆိုတာကတော့ ပညာဓားကို ပြောတာ။ ပညာဓားကို ထက်အောင်သွေးခိုင်းတာ။ ပညာရှာဖွေ ကြိုးပမ်းခိုင်းတာပါ။ ပညာကို အမြဲလိုက်စားခိုင်းတာပါ။
မြင်းလျင်ကိုစီး-ဆိုတာကတော့ အလှူဒါနပြုဖို့ပဲ ဖြစ်ဖြစ်၊ ကောင်းတဲ့ကုသိုလ်ရေး လုပ်ဖို့ပဲဖြစ်ဖြစ်၊ နှောင့်နှေးမနေဘဲ လျင်လျင်မြန်မြန် ပြုလုပ်ဖို့ တိုက်တွန်းတာပါ။
ခရီးဟောင်းကိုထွင်-ဆိုတာကတော့ ရှေးအစဉ်အဆက် လိုက်နာခဲ့ကြတဲ့ ထုံးဟောင်းဓမ္မသတ်ကို
လေးစားလိုက်နာဖို့ ဆိုလိုတာပါ။ ရှေးထုံးလည်း မပယ်နဲ့-ဆိုတဲ့စကားနဲ့ ဆင်ဆင်တူတာပါပဲ။
သဘင်ကိုရှု-ဆိုတာဟာ ပွတြွေ၊ စတိတ်ရှိုးတွေ ကြည့်ခိုင်းတာ မဟုတ်ပါဘူး။ တရားသဘင်မှာ ဝင်ထိုင်ခိုင်းတာပါ။ တရားဟောဓမ္မကထိကတွေ တရားဟောတဲ့သဘင်ကို ရှုခိုင်းတာ၊ နားထောင်ခိုင်းတာပါ။ တရားနာခိုင်းတာပါ။
တန္တုကိုတိုက်-ဆိုတာကလည်း ရှေးကလူကြီးသူမများ လုပ်ကိုင်လေ့ရှိတဲ့ ထုံးစံနည်းနာတွေကို ယူဖို့ရှိရင် ယူရမယ့်သဘောကို ပြောတာပါ။
ဥပမာ-ရှေးလူကြီးတွေပြောခဲ့တဲ့ ထုံးစံတွေရှိတယ်။ အကြီးအမားကနေ အသေးအဖွဲအထိ။ ဆိုပါတော့- မိဦး ဖဦး၊ ဆရာဦး၊ ခူး၍အလျင် မစားနဲ့-ဆိုတဲ့ ဆုံးမစကားလို ဘုရား၊ မိဘ၊ ဆရာသမားတို့ရဲ့ အဦးကို မစားရတာမျိုး၊ ရေနွေးသောက်တဲ့ခွက်နဲ့ ရေအေးမသောက်ရတာမျိုး၊ အိမ်ရှေ့တည့်တည့် တံတွေးမထွေးရတာမျိုး အစပေါ့။
မကိုဋ်တနှုန်း၊ ပန်းမွှေးကိုပန်-ဆိုတာက အမြင့်အမြတ်ကိစ္စကို ပြောတာပါ။ သရဏဂုံသုံးပါး
ဆောက်တည်တာကို မကိုဋ်ဆောင်းတယ်လို့ ပြောလိုတာ။ ငါးပါးဦလ ဆောက်တည်တာကို ပန်းမွှေးပန်တယ်လို့ ဆိုလိုတာ။
တံခွန်ကိုနှိပ်-ဆိုတာကတော့ ထောင်လွှားတဲ့မာနတံခွန်ကို မထူပါနဲ့လို့ ဆိုလိုတာပါ။
အဆိပ်ကိုပြ-ဆိုတာကတော့ ကိုယ်ပြုလုပ်မိတဲ့ အပြစ်တွေကို ထုတ်ဖော်ဝန်ခံတတ်တဲ့ အလေ့အကျင့်ကိုလုပ်ဖို့ တိုက်တွန်းတာပါ။ ခက်တာက လူဆိုတာ ကိုယ်ကသာ သူများအပြစ်ကို မြင်တတ်တာ၊ ပျစ်ပျစ်နှစ်နှစ် ဝေဖန်တာ၊ ကိုယ့်ကို အပြစ်ထောက်ပြ ဝေဖန်ရင်ကျတော့ တီကို ဆားနဲ့တို့သလို တွန့်ကုန်ကြရော။
ကြက်မကို ပုံမှတ်-ဆိုတာကတော့ အုပ်ချုပ်သူတွေဆိုရင်တော့ တိုင်းသူပြည်သား၊ အိမ်ထောင်သည်တွေဆိုရင်တော့ မိမိရဲ့ အိမ်သူအိမ်သားများကို ကြက်မကြီးက ကြက်သားအုပ်ကို စောင့်ရှောက်သလို စောင့်ရှောက်ကြရမယ်လို့ ဆိုတာပါ။
အခုပြောခဲ့တဲ့ အချက် ၁၂-ချက်ဟာ အမှန်တကယ် လိုပ်အပ်ချက်ပါပဲ။ ဒီအချက်အလက်တွေကို လိုက်နာကျင့်သုံးမယ်ဆိုရင် လောကကြီးထဲမှာ အဆင်ပြေပြေနေထိုင်နိုင်ပြီး ကံကောင်းလာနိုင်မှာ သေချာပါတယ်။
*****
(ကံကောင်းချင်ရင် စိတ်ဖြူစင်)
အိန္ဒိယပြည်က အမျိုးသားခေါင်းဆောင်ကြီး မဟတ္တမဂန္ဒီ ပြောခဲ့ဖူးတဲ့ စကားတခွန်းရှိပါတယ်။ အဲဒါက ဘာလဲဆိုတော့—
“စိတ်ဓာတ်ဖြူစင် သန့်ရှင်းနေရင် အခင်အခဲကြားထဲက အကူအညီ ရလာတာကို တွေ့ရပါတယ်။”
ဆိုတဲ့စကားပါပဲ။ ဒီစကားကို ခေါင်းဆောင်ကြီးဟာ သူ့ဘဝထဲက ရှာဖွေတွေ့ရှိခဲ့တာပါပဲ။ ဒါဟာ အမှန်ပါပဲ။ သူတပါးကို မနာလို မစ္ဆရိယစိတ် မရှိတဲ့လူမျိုး၊ စိတ်ကို ကြည်ကြည်လင်လင် ထားတတ်တဲ့လူမျိုးဟာ ဘယ်လောက်ပဲ အခက်အခဲတွေ့တွေ့ တချိန်မှာ မမျှော်လင့်ဘဲ အကူအညီရတတ်ပါတယ်။ ထွက်ပေါက် တွေ့တတ်ပါတယ်။
နောက်တခါ ပညာရှင် အီမာဆင်-က ဘာပြောဖူးသေးသလဲဆိုရင်-
“တကယ်လို့ တဦးတယောက်က သူ့ရဲ့ သန့်ရှင်းဖြူစင်တဲ့ အတွင်းစိတ်နဲ့ တနေရာရာမှာ အခိုင်အမာ ရပ်နေမယ်ဆိုရင် ကမ္ဘာလောကကြီးတခုလုံးက သူ့နောက်ကို လိုက်လာနိုင်တယ်”လို့ ဆိုပါတယ်။
ဒါကြောင့် စိတ်ဓာတ်ကို ဖြူစင်အောင်ထားဖို့ လိုပါတယ်။
ကျွန်တော်တို့ရဲ့ ဗုဒ္ဓဘုရားရှင် ကိုယ်တော်မြတ်ကြီးကလည်း ဒီသဘောကိုပဲ အမြဲဖော်ညွှန်းပါတယ်။
“စိတ္တေန နီယတေ လောကော-တဲ့။ စိတ်ဟာ လောကကြီးတခုလုံးကို ဆောင်နိုင်ပါသတဲ့။
ဒါကြောင့် လောကမှာ ကောင်းကောင်းမွန်မွန် အောင်မြင်ပျော်ရွှင် ချမ်းသာစွာနေချင်ရင် စိတ်ထားကို ဖြူစင်အောင် ထားဖို့ လိုပါတယ်။
“မကောင်းမှုရှောင်
ကောင်းမှုဆောင်
ဖြူအောင် စိတ်ကိုထား”
ဆိုတဲ့ဆောင်ပုဒ်ကို ရငထဲ အသည်းထဲမှာ အမြဲထားပြီး ကျင့်ကြံကြိုးကုတ်ဖို့ လိုပါတယ်။ မကောင်းမှုတွေကို မလုပ်ဘဲ ကုသိုလ်ကောင်းမှုကိုပဲ ရှာကြံလုပ်လေ့ရှိသူ၊ စိတ်ကို ဖြူဖြူစင်စင်ထားတဲ့လူဟာ ဘယ်မှာ ကံမကောင်းဘဲ နေနိုင်ပါ့မလဲ။
“ခင်ဗျားဟာ အတော်ကံကောင်းတဲ့ လူပဲ”လို့ အပြောခံချင်ရင် ခင်ဗျားဟာ စိတ်ထားအလွန်ကောင်းတဲ့လူ အရင်ဖြစ်ဖို့ လိုပါတယ်။
*****
(စိတ်ကိုဖြူစင်အောင် ဘယ်လိုလုပ်မလဲ)
ဟိန္ဒူဘာသာဝင်တို့ လိုက်နာကျင့်သုံးလေ့ရှိကြတဲ့ “သစ္စထပကာသကျမ်း”ထဲမှာ စိတ်ကိုဖြူစင်အောင် လုပ်နိုင်ဖို့ အခုလို ညွှန်ပြထားတာ လေ့လာဖူးပါတယ်။
“ရေဖြင့် ခန္ဓာကိုယ်၏ ဗဟိဒ္ဓအစိတ်အပိုင်းများ ဖြူစင်ကုန်၏။ အတတ်ပညာဖြင့် ခြိုးခြံကျင့်ဆောင်ခြင်းကြောင့် အတ္တဝိညာဉ်သည် ဖြူစင်၏။ အလုံးစုံတတ်သိခြင်း၊ နားလည်ခြင်းကြောင့် ဉာဏ်ပညာ(ဗုဒ္ဓိ)သည် ဖြူစင်၏။ သို့ဖြစ်ပါ၍ အစာမစားမီ ရေချိုးသင့်၏။
“အကြင်အခါ လူသည် အာနာပါနကို ဆောက်တည်၏။ ထိုသို့ ဆောက်တည်နေစဉ် ခဏ,ခဏ၌ မစင်ကြယ်ခြင်း ကုန်ခန်းလာပြီးလျှင် ဉာဏ်အလင်းကို ရလာပေသည်။ ဝိမုတ္တိ မရမချင်း သူ့ဝိညာဉ်ရှိ အသိဉာဏ်သည် အစဉ်အတိုင်း တိုးတက်မြဲ တိုးတက်နေ၏”
“မီးတွင်ဖုတ်သော ရွှေ-စသည့် ဓာတ်သတ္တုတို့၏ အညစ်အကြေးသည် စင်ကြယ်ဘိသကဲ့သို့ အာနာပါန ဆောက်တည်လျှင် စိတ်စသော ဣနြေ္ဒတို့၏ အညစ်အကြေးသည်လည်း စင်ကြယ်သွားကုန်၏။”
“လေကို တဖြည်းဖြည်း အတွင်းသို့ ရှူရှိုက်ကာ အပြင်သို့ထုတ်လျက် အောင့်နိုင်သမျှ အောင့်ထားရာ၏။ စိတ်ထဲတွင် ဥုံကို သရဇ္ဈာယ်ရာ၏”
“အကုသိုလ်ပြုရန် ဘယ်တော့မှ စိတ်မကူးရာ၊ ဘုရားဝတ်ပြုခြင်းကိစ္စကို ဆိတ်ငြိမ်သောနေရာ၌ တည်ကြည်သောစိတ်(ဧကဂ္ဂတာ)ဖြင့် ပြုရာသည်။”
“အိမ်ရာထောင်ပြီးသည့်နောက်၌လည်း ကာမဂုဏ်၌ မှောက်မှားသောအမှုကို မပြုပါမူကား ထိုသူ၏ အသက်ဝိညာဉ် (စိတ်)သည် သန်စွမ်းတိုးတက်ကာ အားလုံးသောဂုဏ်ကျက်သရေများ သက်ဝင်တည်နေရာသည်။”
အထက်ပါ စာပိုဒ်တွေကို ဖတ်ကြည့်ပြီး ခြုံယူဆင်ခြင်ကြည့်မယ်ဆိုရင် စိတ်ကို ဖြူစင်အောင် ထားနိုင်ဖို့အတွက် အာနာပါန-သတိကို ဆောက်တည်ပြီး ကာမဂုဏ်အာရုံတွေ နည်းနိုင်သမျှနည်းပါးအောင် လေ့ကျင့်ခြင်းဟာ စိတ်ကို ဖြူစင်အောင်လုပ်ယူနိုင်တဲ့ လမ်းစလို့ ဆိုရမှာပါ။
ကာမဂုဏ်အာရုံကိုလည်း နည်းနိုင်သမျှ နည်းပါးအောင် လေ့ကျင့်မယ်ဆိုရင် ဓမ္မပဒပါဠိတော် ဘိက္ခုဝဂ်မှာပါတဲ့ ကောင်း၏ရှစ်မျိုးကို ဂရုပြုလိုက်နာသင့်ပါတယ်။
(၁) မျက်စိ-လုံခြုံလျှင် ကောင်း၏
(၂) နား-လုံခြုံလျှင် ကောင်း၏
(၃) နှာခေါင်း-လုံခြုံလျှင် ကောင်း၏
(၄) လျှာ-လုံခြုံလျှင် ကောင်း၏
(၅) ကိုယ်-လုံခြုံလျှင် ကောင်း၏
(၆) နှုတ်-လုံခြုံလျှင် ကောင်း၏
(၇) စိတ်-လုံခြုံလျှင် ကောင်း၏
(၈) အကုန်-လုံခြုံလျှင် ကောင်း၏
ဇေယျတု သဗ္ဗမင်္ဂလံ
လင်းရောင်တင်
(ဂမ္ဘီရ ၂၀၀၄-၈)
နောင်တ ဆယ်မျိုး
၁။ အချိန်ရှိခိုက် ငယ်စဉ်က ပညာမသင်မိခဲ့လေခြင်း၊
၂။ ဥစ္စာမစုဆောင်းမိခဲ့လေခြင်း၊
၃။ သူတစ်ပါး၏ အချစ်ကို ဖျက်ဆီးမိခဲ့လေခြင်း၊
၎။ သူတစ်ပါးအသက်ကို သတ်မိခဲ့လေခြင်း၊
၅။ သူတစ်ပါးသားမယားကို ပြစ်မှားမိခဲ့လေခြင်း၊
၆။ ဥစ္စာပစ္စည်းရှိလျက် မလှူမိခဲ့လေခြင်း၊
၇။ ဆုံးမစကားကို နားမထောင်မိခဲ့လေခြင်း၊
၈။ မိဘကို မလုပ်ကျွေးမိခဲ့လေခြင်း၊
၉။ ပညာရှိထံနည်းခံ၍ မသင်ကြားမိခဲ့လေခြင်း၊
၁၀။ မြတ်သောအကျင့်ကို မကျင့်မိခဲ့လေခြင်း။
ဘ၀အားမာန်
လေထန်တိုင်းတာပွင့်ကြွေပါမူ
ဘယ်မှာပန်းများကျန်မည်နည်း။
လှိုင်းပုတ်တိုင်းသာကမ်းပြိုပါမူ
ဘယ်မှာမြေကြီးကျန်မည်နည်း။
ကျရှုံးတိုင်သာငိုရပါမူ
ဘယ်မှာမျက်ရည်ကျန်မည်နည်း။
အမှောင်တဝက်လင်းတဝက်သည်
တရက်တခါကြုံမြဲသာတည့်။
အရှုံးတလှည့်နိုင်တလှည့်မှာ
မျက်လှည့်ပမာတွေ့မြဲသာတည့်။
ဘဝသည်ကားတိုက်ပွဲများပင်
လှုပ်ရှားရသောလူ့ရွာတောဝယ်
လင်းသောမှောင်သောအောင်သောရှုံးသော
မုန်းသောချစ်သောသစ်သောဟောင်းသော
ကောင်းသောဆိုးသောညှိုးသောလန်းသော
ကြမ်းသောနုသောပူသောအေးသော
စောကြောစိတ်ဖြာမနေသာပေ
လဲရာကထကျရာကတက်
ပျက်ရာကဆောက်ရှေ့သို့လျှောက်ရွေ့
ရောက်ရာဘဝအားမာန်ပြရင်း
ရန်းရကန်ရမည်တကား။။။။။။။။။။။။။
ပုရွက်ဆိတ်ကလေးတစ်ကောင်အကြောင်းပါ..။ အဲ့ဒီပုရွက်ဆိတ်ကလေးက နွားတစ်ကောင်ရဲ့ မစင်ပုံတစ်ပုံထဲကိုပြုတ်ကျသွားတယ်..။ဒီတော့ ပုရွတ်ဆိတ်ဟာ မစင်ပုံပေါ်မှာလမ်းလျှောက်နေတယ်..။
ပုရွက်ဆိတ်မှာက ခြေထောက် (၁၀)ချောင်းရှိတယ်…။ဒါပေမယ့် မစင်ပုံပေါ်မှာ ခြေရာက ကိုးချောင်းပဲထင်နေတယ်..။
ပုရွက်ဆိတ်၇ဲ့ ခြေရာကဘာကြောင့် အရာ(၁၀)ခုမရှိဘဲ ဘာကြောင့် (၉)ခုပဲရှိနေရတာလဲ..။
အဖြေကတော့………
*******************************************************************
*******************************************************************
ပုရွက်ဆိတ်က အီးအနံ့ နံလွန်းလို့ ခြေထောက်တစ်ဖက်နဲ့ သူ့နှာခေါင်းကို ပိတ်ထားတာပါ..။ဒါကြောင့်ခြေထောက် (၉)ချောင်းပဲထင်နေရတာဖြစ်ပါတယ်ခင်ဗျာ..။
ထမင်းစားပြီးရှောင်ကြဉ်ရမည့် အချက် ၇ ချက်
မြန်မာလူမျိုးတို့၏ အဓိကအစားအစာမှာ ထမင်းဖြစ်ပြီး နေ့စဉ်ထမင်းစားနေကြသည်ဖြစ်ရာ ထမင်းစားပြီး
ရှောင်ကြဉ်သင့်သော အချက်(၇)ချက်ကို ကျန်းမာရေးအသိရှိစေရန် ဖော်ပြလိုက်ရပါသည်။
(၁) ဆေးလိပ်မသောက်ပါနှင့်။
ကျွမ်းကျင်သူများ၏ လေ့လာသုတေသနပြုချက်များအရ ထမင်းစားပြီး စီးကရက်တစ်လိပ်သောက်ခြင်းသည် စီးကရက်
ဆယ်လိပ်သောက်ခြင်းနဲ့ညီမျှပြီး ကင်ဆာရောဂါဖြစ်ပွားရန် အခွင့်လမ်းအများဆုံးဖြစ်ကြောင်း သိရှိရသည်။
(၂) သစ်သီးများကိုချက်ချင်း မစားပါနှင့်။
ထမင်းစားပြီးသစ်သီးများကို ချက်ချင်းစားခြင်းသည် အစာအိမ် လေခံစေသည်။ ထို့ကြောင့် သစ်သီးများ စားသုံးမည်ဆိုပါက
ထမင်းစားပြီး တစ်နာရီ(သို့) နှစ်နာရီအကြာနှင့် ထမင်းမစားမီ တစ်နာရီအလိုတွင်သာစားသုံးသင့်သည်။
(၃)လက်ဖက်ရည်မသောက်ပါနှင့်။
လက်ဖက်ရွက်တွင် အက်ဆစ်ပါဝင်မှုနှုန်းမြင့်မားပြီး ၄င်းသည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအိမ်ရှိပရိုတိန်းဓာတ်များကို မာကျောစေသည့်အတွတ်အစာချေရန်
အခက်ခဲဖြစ်စေသည်။
(၄) သင်၏ခါးပတ်ကို မဖြည်လိုက်ပါနှင့်။
ထမင်းစားပြီး ခါးပတ်ကိုဖြည်လိုက်ခြင်း(တစ်နည်းအနည်းငယ်လျှော့လိုက်ခြင်း)သည် ၀မ်းအတွင်းရှိ အူကိုခေါက်စေသည်။
(၅) ရေမချိုးပါနှင့်။
ထမင်းစားပြီးရေချိုးခြင်းသည် လက်များ၊ ခြေထောက်များနှင့် ခန္ဒာကိုယ်များသို့သွားသော သွေးပမာဏကို တိုးပွားစေပြီး အစာအိမ်တစ်ဝိုက်တွင်မှု သွေးပမာဏလျော့ကျသွားသည့်အတွက်
ကျွနိုပ်တို့အစာအိမ်ရှိ အစာချေစနစ်ကို အားနည်းသွားစေသည်။
(၆) လမ်းမလျှောက်ပါနှင့်။
လူအများကပြောနေကြသည်မှာ ထမ်းစားပြီးလမ်းလျှောက်ခြင်းသည် ခြေလမ်းပေါင်းတစ်ရာလမ်းလျှောက်ခြင်းနှင့်ညီမျှပြီး အသက်(၉၉) နှစ်အထိ အသက်ရှည်ရှည်နေရမည် ဖြစ်ကြောင်း ပြောဆိုကြသည်ကို ကြားဖူးပါသည်။
တစ်ကယ်တော့ ထိုသို့ပြုလိုပ်ခြင်းကြောင့် အစာချေစနစ်သည် ကျွန်ုပ်တို့စားသုံးလိုက်သော အစာအဟာရများကို စုပ်ယူရန် အခက်ခဲဖြစ်သွားပါသည်။
ထို့ကြောင့်ထမင်းစားပြီးလမ်းမလျှောက်ပါနှင့်။
(၇) ချက်ချင်းမအိပ်ပါနှင့်
ထမင်းစားပြီး ချက်ချင်းအိပ်လိုက်ခြင်းကြောင့် ကျွန်ုပ်တို့စားသုံးလိုက်သောအစာများသည် ကောင်းစွာအစာမကျေနိုင်တော့ပေ။
နှင်းပွင့်တစ်ပွင့်ဘယ်လောက်လေးသလဲ?
ခိုတစ်ကောင်နဲ့ စာကလေးတစ်ကောင် စကားပြောနေကြတယ်။
ခို-“စာကလေးရေ… နှင်းတစ်ပွင့် ဘယ်လောက်လေးသလဲ? သိရင် ပြောပြပါလား?”ူ
စာကလေး-“အလေးချိန်မရှိတာထက် နည်းနည်းပိုလေးတယ်”
ခို-“ဘယ်လို! နားမလည်ဘူးဗျာ…”
စာကလေး- “ခင်ဗျားကို အဖြစ်အပျက်တစ်ခု ပြောပြမယ်။ တစ်ခါက သစ်ပင်ကြီးတစ်ပင်ပေါ်မှာ ကျွန်တော်နားနေတယ်။ အဲဒီတုန်းက နှင်းတွေကျနေတယ်။ တဖွဲဖွဲလေးပဲ မကြီးဘူး။ ကျွန်တော်လည်း နှင်းတွေကိုကြည့်ရင်း ဘာမှလုပ်စရာမရှိတာနဲ့ သစ်ကိုင်းတစ်ကိုင်းပေါ် ကျနေတဲ့နှင်းတွေကို ထိုင်ရေနေလိုက်တယ်။ တစ်ပွင့်… နှစ်ပွင့်…. နှင်းပွင့်ပေါင်း (၃၅၇၂၉၅၁)ပွင့်အထိ ဘာမှမထူးခြားခဲ့သေးဘူး။ ဒါပေမယ့် နှင်းပွင့်ပေါင်း (၃၅၇၂၉၅၂)ပွင့်မှာ သစ်ကိုင်းကြီး ရုတ်တရက်ကျိုးကျသွားတယ်”
တစ်ခါတလေမှာ မပြောပလောက်တဲ့ အာဃာတစိတ်နဲ့ အတွေးအခေါ်တချို့က နှင်းပွင့်နဲ့တူတယ်။ စစချင်းမှာ ဘာမှ မခံစားမိသလို ဘာမှမဖြစ်လောက်ဘူးလို့လည်း ထင်နိုင်တယ်။ ဒါပေမယ့် အချိန်ကြာလာတာနဲ့အမျှ တဖြည်းဖြည်းစုပုံများပြားလာပြီး မကောင်းမှုမှာလည်း အလေးချိန်ရှိကြောင်း တစ်နေ့နေ့ တစ်ချိန်ချိန်ကျမှ သင်သတိထားမိလာပါလိမ့်မယ်…….
သိထားသင့်တယ်ထင်လို့ပါ….
အသက်အရွယ် အရ
သူငယ်ချင်း နှစ်ယောက် ဆုံကြတဲ့ အချိန်မှာ ပထမ သူငယ်ချင်းက “အခုခေတ်
မိန်းကလေး တွေက အသက် အရွယ်ကို ခန့်မှန်းရ တော်တော် ခက်တယ်ကွ”လို့
ပြောလိုက်ပါတယ်။ အဲဒီ အခါမှာ ဒုတိယ သူငယ်ချင်းက“ဒါများကွာ အလွယ်လေးပါ။
သူတို့ကို ချီးမွမ်းကြည့်လိုက်တာနဲ့ ဘယ်အရွယ်လဲ ဆိုတာ ခွဲခြားလို့ ရတယ်။
နှစ်ဆယ်ဝန်းကျင် မိန်းကလေးသာ ဆိုရင် သေချာတာက ရှက်သွေးဖြာ သွားမယ်။
သုံးဆယ် ၀န်းကျင်ဆိုရင်တော့ မင်းက မဆိုးဘူးလို့ မှတ်ချက်ချမယ်။ အဲ
လေးဆယ်ဝန်းကျင် မိန်းမတစ်ယောက် ဖြစ်နေရင်တော့ မင်းသူ့ဆီက ဘာများ
လိုချင်နေတာပါလိမ့်လို့ သံသယ မျက်လုံးတွေနဲ့ ကြည့်လိမ့်မယ်”လို့
အတွေ့အကြုံ ကြွယ်ဝတဲ့ သူတစ်ယောက်လို ရှင်းပြပါတယ်။
မင်းမဟုတ်တဲ့ တခြားတစ်ယောက်
ကောင်လေးက သူမြတ်မြတ်နိုးနိုး ချစ်နေမိတဲ့ မမရဲ့ မျက်ဝန်းတွေကို
စူးစိုက်ကြည့်ရင်း “မမရယ် ကျွန်တော့် နှလုံးသားတွေ တစ်စစီကြွေ ကုန်ပါပြီ။
အဲဒီလိုဖြစ်အောင် မမ လုပ်ရက်တယ်ဗျာ။ ဘာလို့လဲ ဆိုရင် မနေ့က မမကို တခြား
ယောက်ျားတစ်ယောက်နဲ့ ကျွန်တော် တွေ့လိုက်ရတယ်လေ”လို့ ကြေကွဲ ဆို့နင့်စွာ
ပြောလိုက်ပါတယ်။ အဲဒီ အချိန်မှာ မမက ကောင်လေးအထင် မလွဲအောင် ကပျာကယာ
ဖြေရှင်းလိုက်ပုံက “အိုကွယ် ကလေးရယ်။ မင်းအထင် လွဲနေတာပါ။ အဲဒီလူက
မမခင်ပွန်းကွဲ့။ မမအတွက် မင်းမဟုတ်တဲ့ တခြားတစ်ယောက် ဆိုတာ လုံးဝ
မရှိပါဘူးကွယ်”တဲ့။
တိကျသူ
ကောင်မလေးက သူ့ချစ်သူ ကောင်လေးကို “မနေ့ညက ရှင့်နားမှာ ရှိနေတဲ့
ကောင်မလေးက ဘယ်သူလဲ”လို့ သံသယတွေ အပြည့်နဲ့ မေးလိုက်တဲ့ အခါ ကောင်လေးက
“ဘယ်အချိန်လောက်တုန်းက တွေ့လိုက်ရတဲ့ ကောင်မလေးလဲ ဆိုတာ အရင်
ပြောဦးမှပေါ့ကွ။ မင်းကလည်း တကယ်ပါပဲကွာ”လို့ ပြန်ပြောလိုက်ပါတယ်။
ဥာဏ်ကြီးရှင်
ကောင်လေး တစ်ယောက်က သူသဘော ကျနေတဲ့ ကောင်မလေး အနားကို ချဉ်းကပ်ပြီး “ဟေ့
မင်းကို ကြည့်ရတာ ဥာဏ်အမြော်အမြင် တော်တော်လေး ပြည့်စုံတဲ့ ပုံပဲကွ။
ကိုယ့်ကို လက်ထပ်ဖို့ စိတ်မ၀င်စားဘူးလား”လို့ စကားကမ်းလှမ်း
လိုက်တယ်ဆိုရင်ပဲ ကောင်မလေးက “တော်ပါရှင်၊ ကျွန်မက ရှင်ထင်ထားသလို
ဥာဏ်အမြော်အမြင် တော်တော်လေး ပြည့်စုံနေတာ မို့လို့ ရှင့်ကို လက်ထပ်ဖို့
ဘယ်လိုမှ မဖြစ်နိုင်ပါဘူး”လို့ တစ်ခါတည်း ပြတ်ပြတ်သားသား
ငြင်းလိုက်ပါတယ်။
စာကြမ်းပိုး
စာကြမ်းပိုး ကောင်လေးရဲ့ ချစ်သူ ကောင်မလေးက “မောင် ကျွန်မကို
စကားပြောဖို့ သတိရသေးရဲ့လား။ ဒီစာအုပ်ပုံတွေ ကြားမှာ နစ်နေတာနဲ့ ကျွန်မ
အသက် ရှိသေးတယ် ဆိုတာကို မေ့နေတယ် ထင်ပါရဲ့။ တစ်ခါတလေ ကျွန်မသာ
စာအုပ်တစ်အုပ် ဖြစ်သွားရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်သိလား။
အနည်းဆုံးတော့ မောင် ကျွန်မကို ဖတ်ကြည့်မှာပဲလေ”လို့ ညည်းတွား
ရေရွတ်လိုက်တယ်ဆိုရင်ပဲ စာကြမ်းပိုး ကောင်လေးက “အချစ်ရဲ့ စိတ်ကူးလေးက
မဆိုးဘူးလို့ ပြောရမယ်။ အချစ်သာ စာအုပ်တစ်အုပ် ဆိုရင် ပိုပြီး
စိတ်ဝင်စားစရာ ကောင်းတဲ့ စာအုပ်တွေနဲ့ စာကြည့်တိုက်မှာ နေ့တိုင်း
အလဲအလှယ် လုပ်ပြီး မောင်ဖတ်လို့ ရတာပေါ့”လို့ ပြန်ပြောလိုက်လေရဲ့။
လေးစားလောက်ပါတယ်
မိခင် ဖြစ်သူက “ငါ့သမီးရဲ့ ချစ်သူက ဘယ်လို လူစားမျိုးလဲကွယ်။ လေးစား
အားကိုးလောက်ရဲ့လား”လို့ မေးလိုက်တယ် ဆိုရင်ပဲ သမီးက မဆိုင်းမတွ
ဖြေလိုက်တာက “သိပ်သေချာတာပေါ့ မေမေရယ်။ သူ့အသက်က သုံးဆယ်၊ ဆေးလိပ်နဲ့
အရက်လည်း လုံးဝကင်းတယ်။ သူ့မှာ သိပ်တော်တဲ့ အိမ်ရှင်မ တစ်ယောက်ရယ်၊
သိပ်လိမ္မာတဲ့ ကလေး သုံးယောက်ရယ်လည်း ရှိသေးတယ်လေ”တဲ့။
အလွယ်ဆုံး နည်းလမ်း
ချိန်းထားတဲ့ နေရာကို နည်းနည်း နောက်ကျပြီးမှ ရောက်လာတဲ့ ချစ်သူ
ကောင်လေးက သူ့ကောင်မလေးကို “ကိုယ်အမုန်း ဆုံးက ဘာလဲသိလား။ ဘတ်စ်ကားပေါ်မှာ
နေရာလေး ရလို့ သက်သောင့်သက်သာ ထိုင်မယ်ကြံကာ ရှိသေး မိန်းကလေး တစ်ယောက်
ကိုယ့်ဘေးနားမှာ မတ်တတ် လာရပ်တာကိုပဲ”လို့ ပြောလိုက်တာမို့ ကောင်မလေးက
သူ့ချစ်သူကို စိတ်ဝင်တစားနဲ့“အဲဒီတော့ ”လို့ စကား ထောက်ပေးလိုက်တယ်။
ကောင်လေး ဆက်ပြောလိုက်တာက “အဲဒီ ကောင်မလေးကို မမြင်ရအောင် မျက်စိတွေ
မှိတ်ထားလိုက်တာပေါ့”တဲ့။
အရမ်းကောင်းတယ်ဗျ……………
ကဗျာတွေ့တော့………ကောင်မလေးကြွေလောက်တယ်………….
နည်းနည်းယူလိုက်ပြိနော်
တရုတ်ရုပ်သံလိုင်းဖြစ်တဲ့CCTVက အသက်(၇၆)နှစ် ရှိပြီဖြစ်တဲ့ တရုတ် ကျန်းမာရေး ပညာရှင် ပါမောက္ခ Wan Cheng Kuiနဲ့ အစီအစဉ် တစ်ခု တင်ဆက်သွားခဲ့တယ်။
အစီအစဉ်မှာ Wan Cheng Kuiက သူ့ရဲ့ကျန်းမာရေး၊ ပျော်ရွှင်ရေး၊ အသက်ရှည်ရေး လျှို့ဝှက်ချက်တွေကို ပြောသွားခဲ့တယ်။
(၁) ကျန်းမာဖို့အတွက် သင့်ကိုယ်ပေါ်မှာ မူတည်တယ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းရဲ့ သတ်မှတ်ချက်အရ လူတစ်ယောက်ရဲ့ အသက်ရှည်ရေးနဲ့ ကျန်းမာရေး ဟာ ၁၅%က မျိုးရိုးကြောင့်၊ ၁ဝ%က လူမှုပေါင်းသင်းရေးကြောင့်၊ ၈%က ရောဂါဘယကြောင့်၊ ၇%က ရာသီဥတုကြောင့်နဲ့ ၆ဝ%က ကိုယ့်ကိုယ်ပေါ်မှာ မူတည်တယ်လို့ ဆိုပါတယ်။
လူအများသိပြီးကြတဲ့အတိုင်း မနက်စာကို ကောင်းကောင်းစား၊ နေ့လယ်စာကို ဝအောင်စား၊ ညစားကိုလျော့စားလို့ ဆိုကြပေမယ့် အခုခေတ်မှာတော့ ဆန့်ကျင်ဖက်ဖြစ်နေပါတယ်။
အခုခေတ်လူတွေက မနက်စာကို ဖြစ်သလိုစား၊ နေ့လည်စာကို ကြုံရာစား၊ ညစားကို အဝအပြဲစား ကြတယ်။
ဒါဟာ ရောဂါရဲ့ရင်းမြစ်ဖြစ်တယ်။
မနက်စာဟာ အားဆေးနဲ့တူတယ်။ တစ်နေ့လုံးရဲ့အရေးပါတဲ့တစ်နပ်မို့ အာဟာရဖြစ်တာတွေ စားရပါတယ်။
မနက်ပိုင်းအာဟာရတွဲဖက်စာအဖြစ် ပဲနို့ရည်၊ ကွေကာအုပ်နဲ့ ပန်းသီးတွေကို တွဲစားနိုင်ပါတယ်။
အဓိကအစာမှာ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးပါရပါမယ်။
အခုခေတ်လူတွေက့ ၂ဝ% မနက်စာ မစားကြသလို ၅ဝ%-၆ဝ% က မနက်စာ မစားတတ်ကြဘူး။
မနက်စားအာဟာရအတွက် နေ့လယ်၊ ညနေစာတွေနဲ့ ပြန်အစားထိုးလို့ မရနိုင်ပါဘူး။
(၂) လောကမှာ မကောင်းဆုံးအကျင့်က ဆေးလိပ်သောက်တာပဲ
လောကမှာ မကောင်းတဲ့အကျင့်(၅)ခုရှိတယ်။ ပထမတစ်ခုက ဆေးလိပ်သောက်တာပဲဖြစ်တယ်။
တစ်သက်လုံး ဆေးလိပ်သောက်သူဟာ နှစ်(၂ဝ)-(၂၅) စောသေကြတယ်။ ဆေးလိပ်တစ်ခါ သောက်ရင် (၁၁)မိနစ် အသက်တိုတယ်။
ကျွန်တော်ဘာလို့ အရွယ်တင်နေသလဲ?
ကျန်းမာနေသလဲဆိုတာ ကျွန်တော်တစ်သက်မှာ ဆေးလိပ်မသောက်ဖူးဘူး။
ကျွန်တော့်ရှေ့မှာ ဆေးလိပ်လာသောက်ရင် ဆောရီးပဲ တခြားနေရာမှာ သွားသောက်ပါ။
သင့်ကိုယ်သင် သေကြောင်းကြံလို့ရတယ်။ တခြားလူကိုတော့ သင်မသတ်ပါနဲ့။
မနက်ထလာတာနဲ့ ဆေးလိပ်သောက်တာ ပိုအန္တရာယ်ရှိတယ်။
ဆေးလိပ်သောက်သူတွေဟာ လေပြွန်နာ၊ အဆုတ်လေနာ၊ အဆုတ်အတွင်းနာ၊ အဆုတ်ကင်ဆာ စတဲ့ရောဂါတွေကို ရနိုင်ပါတယ်။
(၃) အာဟာရများရင်လည်း အဆိပ်ဖြစ်တယ်
နေ့တစ်နေ့တာရဲ့ အစားအစာတွေကက အရွက်စိမ်း (၈)အောင်စ သို့မဟုတ် (၅ဝဝ)ဂရမ်၊ အသီး (၂)လုံး၊ ဟင်းရွက်ဆီ (၃)ဇွန်း၊ (၂၅)ဂရမ်ထက်မပိုရ။ ထမင်း(၄)အောင်စ သို့မဟုတ် ပေါက်စီအသားလွတ်(၄)လုံးနဲ့ ပရိုတင်းအပြည့်အဝပါတဲ့ အစားအစာတွေဖြစ်တယ်။
တစ်နေ့ကို ရေ(၈)ခွက်သောက်ရတယ်။ ရေက လူတွေရဲ့အသက်ပဲ။ ဒါပေမဲ့ အခုခေတ်လူတွေက ရေအသောက်နည်းကြတယ်။ ဆာမှ သောက်ကြတယ်။ တကယ်ဆို ဆာမှသောက်တာမဟုတ်ဘဲ အားတာနဲ့သောက်နေရမယ်။ ရေအစား ရေနွေးကြမ်းရော ရသလားမေးရင် မရဘူး။ ကော်ဖီ၊ အချိုရည်၊ ဘီယာနဲ့အစားထိုးရင်ရော ရသလားမေးရင် မရဘူး။ ရေနွေးကြမ်းသောက်မယ်ဆိုရင်လည်း အခါးခြောက်နည်းရမယ်။ သေချာမှတ်ထားပါ…. ရေက လူတွေရဲ့အသက်ပါ။ (၄) လူတွေက အို၊ နာသေတာမဟုတ်ဘူး၊ စိတ်ကြောင့်သေတာ လူတွေ စိတ်မတိုဘဲနေနိုင်လား? လူဆိုတာ ခံစားချက်ရှိတဲ့သတ္တဝါတွေ။၊
ငိုမယ်၊ ရယ်မယ်၊ တိုမယ်၊ လွမ်းမယ်၊ ကြောက်မယ်၊ လန့်မယ်။ ပျော်ရင်ရယ်တယ်၊ မပျော်ရင် ငိုတယ်။ စိတ်တိုတဲ့အခါ နှစ်ခွန်းလောက်ဆဲလိုက်ရမှ … ဒါဟာ လူတွေရဲ့ခံစားချက်ဖြစ်တယ်။
တကယ်လို့ ခံစားချက်တစ်မျိုးပဲရှိရင် ဒီလူ မကျန်းမာတော့ဘူး။
ခံစားချက်ပြည့်ဝတဲ့ လူတွေက ဘာလုပ်ချင်ရင် ဘာလုပ်ကြတယ်။
ဒါပေမဲ့ တစ်ခုမှတ်ထားရမှာက အလွန်အကျွံမဖြစ်ရဘူး။
အလွန်အကျွံဖြစ်ခဲ့ရင်လည်း အချိန်မကြာရဘူး။ ခံစားချက်ကို ခပ်မြန်မြန်လေး ပြန်ထိန်းညှိရမယ်။
ဒါမှ ကျန်းမာတယ်။
ဘုရင့်ကျမ်းစာမှာ ရှင်းရှင်းလင်းလင်းရေးထားပြီးသားပါ။
“စိတ်တိုရင် အသဲကိုထိတယ်၊
ပျော်ရင် နှလုံးကိုထိတယ်၊
စိုးရိမ်ကြောင့်ကြရင် အဆုတ်ကို ထိတယ်၊
လွမ်းဆွေးရင် သရက်ရွက်ထိတယ်၊
ကြောက်ရင် ကျောက်ကပ်ကိုထိတယ်၊
စိတ်ကြောင့် ရောဂါရတယ်”။
တကယ်တမ်းပြောရရင် လူအများက အိုသေ၊ နာသေတာမဟုတ်ဘူး။
စိတ်ကြောင့်သေကြတယ်။
အကြီးအကဲမလုပ်ရလို့ စိတ်ကြောင့်သေသွားတယ်၊ ဆရာမလုပ်ရလို့ စိတ်ကြောင့်သေသွားတယ်၊ ပိုက်ဆံရှာမရလို့ စိတ်ကြောင့် သေသွားတယ်။
လူအိုတချို့ ကိစ္စသေးသေးမွှားမွှားနဲ့ စိတ်ညစ်၊ စိတ်တိုပြီးသေသွားတယ်။ ဒီလိုလူမျိုးတွေ တော်တော်များများ ကျွန်တော်ကြုံဖူးတယ်။
ဒါကြောင့် ကျွန်တော်ပြောချင်ပါတယ်။ “စိတ်တိုဒေါသထွက်လို့ရတယ်။ ဒါပေမဲ့ ထွက်တတ်ရတယ်။ ခံစားချက်ရဲ့ဓားစာခံတော့ မလုပ်ရဘူး။
ခံစားချက်ရဲ့အရှင်သခင်ပဲလုပ်ရမယ်။ ခံစားချက်ကို မောင်းနှင်သူဖြစ်ရမယ်၊ ခံစားချက်ရဲ့ အမောင်းနှင်ခံရသူတော့ မဟုတ်နဲ့”
(၅) လမ်းလျှောက်တာဟာ အကောင်းဆုံးအားကစားပါ
ဘယ်အရာမဆို အတိုင်းအတာတစ်ခုတော့ရှိတယ်။
စားတာလည်း အတိုင်းအတာ၊ အိပ်တာလည်း အတိုင်းအတာ၊ အားကစားလုပ်တာလဲ အတိုင်းအတာရှိတယ်။
အားကစားမလုပ်ရင် မကောင်းသလို လွန်လွန် ကျွံကျွံ လုပ်ရင်လည်း ရောဂါခုခံ နိုင်အားကို ကျဆင်းစေတယ်။
နေ့တိုင်း နာရီဝက်က တစ်နာရီထိ အားကစားလုပ်နိုင်တယ်။
လုပ်တဲ့နည်းကလည်း ရိုးရှင်းတဲ့နည်းကို အသုံးပြုလို့ရတယ်။
နာရီဝက်လောက် လမ်းလျှောက်ရုံပါပဲ။
ရိုးရှင်းပြီး ငွေကုန်ကြေးကျစရာလည်း မလိုဘူး။ အကျိုးလည်း အရမ်းရှိတယ်။
ဒါပေမဲ့ လမ်းလျှောက်ရာမှာ သတိပြုရမယ့်အချက်တွေရှိတယ်။
လူငယ်တွေက မြန်မြန်လျှောက်ရတယ်။
တစ်မိနစ်ကို ခြေလှမ်း(၁၃ဝ)ထိ၊ နှလုံးခုန်နှုန်း တစ်မိနစ်ကို (၁၂ဝ)ကြိမ်ထိ ခပ်မြန်မြန်လေးလျှောက်ရတယ်။
ဒါမှ နှလုံးကို လေ့ကျင့်ပေးရာရောက်တယ်။
တစ်မိနစ်ကို ခြေလှမ်း(၁၃ဝ)၊ နှလုံးခုန်နှုန်း(၁၂ဝ) ရောက်ဖို့က ခဏလေးနဲ့တော့ လုပ်လို့မရဘူး။
ခြေလှမ်းမှန်မှန် မြန်မြန်လှမ်းနိုင်မှရတယ်။
ဒါကို နှစ်ဝက်လောက် သင်လုပ်နိုင်ရင် သင့်နှလုံး၊ အဆုတ်ရဲ့အကျိုးကို ၃ဝ% က ၅ဝ%ထိ မြင့်တင်ပေးနိုင်ပါတယ်။
လူတစ်ယောက်ဟာ လူငယ်အရွယ်ကစ စံသတ်မှတ်ထားတဲ့ ခန္ဓာကိုယ်အလေးချိန်ကို ထိန်းထားရမယ်။
ကျွန်တော်ဆိုရင် အသက်(၃ဝ)ကတည်းက ဒီခန္ဓာအလေးချိန်ပဲ။
ဝလာပြီဆိုတာနဲ့ အလေးချိန်လျော့ဖို့က ခက်သွားပြီ။
အဓိက,က ပါးစပ်ကိုထိန်းမယ်၊ ခြေများများလှုပ်ရှားမယ်။
လူတွေက ပါးစပ်ကသာပြောတယ်။
ခြေကတော့ မလှုပ်ဘူး။
(၆) အရက်အလွန်အကျွံ တစ်ခါမူးရင် အသဲရောင်ရောဂါဖြစ်ဖို့ နီးပြီ
ကမ္ဘာကထုတ်ပြန်တဲ့ မကျန်းမာတဲ့နေထိုင်မှု(၆)မျိုးထဲမှာ –
(၁) ဆေးလိပ်သောက်တာ
(၂) အရက်သောက်တာပါတယ်။
အရက်ကို အလွန်အကျွံသောက်တာဖြစ်တယ်။
အရက်ကို နည်းနည်းသောက်ရင် ကောင်းကျိုးရှိနိုင်သေးတယ်။
ဥပမာ– နေ့တိုင်းအရက်ဖြူကို တစ်အောင်စသောက်မယ်၊
ဝိုင် အထူးသဖြင့် စပျစ်ဝိုင်နီကို ၂အောင်စသောက်မယ်၊
ဘီယာကို ၂၅ဝဂရမ် ဒါမှမဟုတ် ၅ဝဝဂရမ်လောက် သောက်နိုင်ပါတယ်။
အလွန်အကျွံသောက်တာက ခန္ဓာကိုယ်ကို ထိခိုက်စေတယ်။
အသဲ၊ ဦးနှောက်၊ နှလုံး စတဲ့ ကိုယ်အင်္ဂါတွေကို ထိခိုက်စေပါတယ်။
အရက်အလွန်အကျွံ တစ်ခါမူးရင် အသဲရောင်ရောဂါဖြစ်ဖို့ နီးပြီ။
ဒါကို မှတ်ထားပါ။ အရက်သောက်တာက အသဲကိုထိခိုက်စေတဲ့အပြင် မှတ်ဉာဏ်ကိုလည်း ကျဆင်းစေတယ်။
အရက်ကြောင့် ဦးနှောက်ဆဲလ်တွေ သေသွားလို့ဖြစ်တယ်။
တစ်နေ့ကို ၁အောင်စလောက်သောက်တာက လုံခြုံစိတ်ချရတဲ့ အနေအထားပါ။
(၇) မိသားစု မသင့်မြတ်ရင်လည်း ကျန်းမာရေးကို ထိခိုက်စေတယ်
လူတွေကိုရောဂါဖြစ်စေတဲ့နှုန်း ၇ဝ%က မိသားစုက လာတယ်လို့ တတ်ကျွမ်းသူအချို့က ဆိုပါတယ်။
ကင်ဆာ ရောဂါဖြစ်နှုန်း ၅ဝ%က မိသားစုကလို့ဆိုတယ်။
မိသားစုဟာ အရေးကြီးသလား မကြီးဘူးလား?
အိမ်မှာက “ရန်ပွဲအသေး နေ့တိုင်းရှိတယ်၊ ရန်ပွဲအကြီး တစ်ရက်ခြားရှိတယ်”ဆိုတာမျိုး မဖြစ်ပါစေနဲ့။
ရေသေအိုင်လိုလည်း မိသားစု အိုင်မဖြစ်စေနဲ့။
အငြင်းမပွား၊ စကားမပြောဘဲ လဝက်လောက် နေကြည့်ပါလား! ပျင်းရိ ခြောက်သွေ့ပြီး သေသွားနိုင်တယ်။
လင်မယားကွာရှင်းထားတဲ့လူ၊ အိမ်ထောင်ဖက်သေဆုံးသွားတဲ့လူတွေရဲ့ အသက်ဟာ ပိုတိုကြောင်း အစီအစဉ်မှာ ကျွန်တော်ကြည့်ခဲ့ရဖူးတယ်။
သိပ္ပံပညာမှာလည်း ဒါကိုအသိအမှတ်ပြုထားတယ်။
အထီးကျန်တာဟာ ဆင်းရဲတာထက် ပိုကြောက်ဖို့ ကောင်းတယ်။
အချင်းချင်းချစ်ကြတဲ့ လင်မယားတွေက အသက်ပိုရှည်တယ်။
တစ်ယောက်ထဲ ထီးထီးနေသူတွေက အသက်ပိုတိုပြီး ရောဂါပိုများတယ်။
ဒီလိုဆိုရင် သင့်မြတ်တဲ့ မိသားစုတစ်စုဖြစ်အောင် ဘယ်လိုလုပ်မလဲ? ဒါလည်း ပညာသား ပါပါတယ်။
သင့်မြတ်တဲ့မိသားစုဖြစ်ဖို့-
(၁) အသက်ကြီးသူကို လေးစားပါ၊
(၂) ကလေးတွေကို ပြုပြင်ထိန်းကျောင်းပါ၊
(၃) ယောက္ခမ_ချွေးမကြားကဆက်ဆံရေးကို ကောင်းမွန်အောင်လုပ်ပါ၊
(၄) လင်မယားအချင်းချင်း ချစ်ခင်နှစ်သက်ပါ.. ဒါဟာ အရေးအကြီးဆုံး အချက်ဖြစ်တယ်။
လင်မယားအချင်းချင်း ချစ်ခင်နှစ်သက်ဖို့ အချက်(၈)ချက်ကို လုပ်နိုင်ရပါမယ်။
အချင်းချင်းလေးစားမှု၊
အချင်းချင်း ချစ်ခင်မှု၊
အချင်းချင်းယုံကြည်မှု၊
အချင်းချင်း ရိုင်းပင်းမှု၊
အချင်းချင်းနှစ်သိမ့်မှု၊
အချင်းချင်းအားပေးမှု၊
အချင်းချင်း အလျော့ပေးမှု၊
အချင်းချင်း ခွင့်လွှတ်မှုတွေဖြစ်တယ်။
လူတိုင်းမှာ အကျင့်စရိုက်ကိုယ်စီရှိကြပါတယ်။
ဒါပေမဲ့ ကိုယ့်ကိုယ်ကိုအမြဲ အသိပေးရပါတယ်။
ထားလိုက်တော့… သူ(သူမ) ဝမ်းသာပျော်ရွှင်ရင် ပြီးတာပါပဲ။
ကိုယ်ချစ်တဲ့လူကို ငယ်ရွယ်စဉ်အချိန်အခါမှာ ချစ်ရုံတင်မက၊ သူ(သူမ) အိုမင်းသွားတဲ့အခါလည်း ချစ်မယ်၊ သူ(သူမ) ကျန်းမာတဲ့အခါလည်း ချစ်မယ်၊ မကျန်းမာတဲ့အခါ ပိုချစ်မယ်၊ သူ(သူမ)ရဲ့ ကောင်းကွက်ကို ချစ်ရုံတင်မက ဆိုးကွက်ကိုလည်း ချစ်ရပါမယ်။
ဒါဟာ ကျွန်တော့်ရဲ့ သတိပေးစကားပါ။
သေချာမှတ်ထားပေးပါ။
နေ့တိုင်းကျန်းမာတဲ့ဘဝကိုရဖို့ အချက်(၇)ချက်ကို လုပ်ရပါမယ်။
(၁) တစ်နေ့ထမင်းသုံးနပ် မှန်မှန်စားရပါမယ်
(၂) တစ်နေ့(၈)နာရီ မှန်မှန်အိပ်ရပါမယ်
(၃) တစ်နေ့ အားကစားနာရီဝက် မှန်မှန်လုပ်ရပါမယ်
(၄) စိတ်နှလုံးကျန်းမာဖို့ တစ်နေ့ နာရီဝက် ပြုံးရယ်ရပါမယ်
(၅) ဒါက ထူးခြားချက်ပါ။ နေ့တိုင်း အိမ်သာတက်ရပါမယ်။
လူတွေက အပေါ်ပေါက်အဝင်ခံပြီး အောက်ပေါက်က မထွက်ကြဘူး။
ဒါဟာ သဘာဝဖြစ်စဉ်ပါ။
အိမ်သာတက်ကိုတက်ရပါမယ်။
(၆)ကိုယ်ချစ်တဲ့လူနဲ့ ပေါင်းသင်းဆက်ဆံရေးသင့်မြတ်ရပါမယ်။
သူ(သူမ)နှစ်သက်တဲ့ စကားသုံးခွန်းကို ပြောပေးပါ။
ယောက္ခမနဲ့လည်း ဆက်ဆံရေးကောင်းမွန်ရပါမယ်။
(၇) အရက်၊ ဆေးလိပ် ဝေးဝေးရှောင်ရပါမယ်
(၈) ဦးနှောက်နဲ့ထမင်းစားပြီး ကျန်းမာရေးကိုထိန်းပါ
ကျန်းမာဖို့ နေ့တစ်နေ့တာကစရပါတယ်။
နေ့တိုင်းကျန်းမာမှ တစ်သက်ကျန်းမာနိုင်မှာပါ။
“စားနိုင်သောက်နိုင်တိုင်း မကျန်းမာဘူး၊ စားတတ်သောက်တာမှ ကျန်းမာတယ်။
လျှောက်စား လျှောက်သောက်ရင် ပိုဆိုးတယ်”၊
“ဗိုက်နဲ့အစားစားတာ ပြည့်ဝဖို့၊
ပါးစပ်နဲ့ အစားစားတာ အရသာခံဖို့၊
ဦးနှောက်နဲ့ အစားစာတာ ကျန်းမာဖို့”၊
“မနက်စာ ဘုရင်လိုစားပါ၊
နေ့လယ်စာ မှူးမတ်လိုစားပါ၊
ညစာ သူတောင်းစားလိုစားပါ”
ကျွန်တော့်ရဲ့ဒီစကားတွေကို မှတ်ထားပေးပါ။
(၉) ကန်စွန်းဥက ကမ္ဘာပေါ်မှာ အကောင်းဆုံး အစား အစာပါ
အသီးအရွက်စားနှုန်းက ၇ဝ%-၈ဝ% ရှိရပါမယ်။
အသားစားနှုန်းက ၂ဝ%- ၃ဝ%ရှိရပါမယ်။
ဒါကို မှတ်ထားပါ။ ဒါပေမဲ့ အခုခေတ်က ပြောင်းပြန်ဖြစ်နေတယ်။
ဒါကြောင့် ရောဂါပေါင်းစုံဖြစ်ကြရတယ်။
အဝလွန်ရောဂါ၊ ဆီးချိုရောဂါ၊ လေဖြတ်ရောဂါ။
အသီးအရွက်တွေမစားလို့ မရပါဘူး။
အခုခေတ်ကလေးတွေက ဟင်းသီးဟင်းရွက်တွေ မစားကြဘူး။
အသီးစားတာလည်း နည်းသွားတယ်။
တစ်နေ့ကို အသီး ၃,၄မျိုး၊ အရွက် ၄,၅မျိုး စားရပါမယ်။ ဒါတွေဟာ ကင်ဆာကို ကာကွယ်သလို နှလုံးကိုလည်း ကာကွယ်ပါတယ်။
ဒါဟာ ၂၁ ရာစုရဲ့အာဟာရအစာတွေပါ။
ကန်စွန်းဥကတော့ အကောင်းဆုံး အစားအစာပေါ့။
အရင်ဂျပန်က ကင်ဆာရောဂါအဖြစ်ဆုံး နိုင်ငံပါ။
ကင်ဆာရောဂါဖြစ်နှုန်း ကျအောင်ဆိုပြီး ဂျပန်လူမျိုးတွေက နည်းအမျိုးမျိုး တွေးတောခဲ့ကြတယ်။
ဒါပေမဲ့ အကျိုးမရှိခဲ့ဘူး။
နောက်တော့ သူတို့က အသီးအနှံ အမျိုး(၂ဝ)နဲ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။
အဲဒီအထဲမှာ ကန်စွန်းဥက အကောင်းဆုံး ဆိုတာကို တွေ့လိုက်တယ်။
ကန်စွန်းဥအစိမ်း၊ အကျက်က ကင်ဆာကိုကာကွယ်ပေးတယ်၊ နှလုံးကို ကာကွယ်ပေးတယ်၊ သွေးကြောကို ပျော့ပြောင်းစေတယ်၊ ဝမ်းပျော့စေတယ်။
တကယ်လို့ ကျန်းမာရေးက ၁ ဆိုရင် ကျန်တဲ့အရာတွေအားလုံးက သုညပါ။
ကောင်းတဲ့ကျန်းမာရေးက ၁ ဆိုရင် ကျန်တဲ့အလုပ်အကိုင်၊ စီးပွားရေး… စတာတွေက သုညဖြစ်တယ်။
ကျန်းမာရေးကောင်းရင် ကျန်းမာရေး(၁)နောက်မှာ တခြားအရာ(သုည)တွေ လိုက်လာလိမ့်မယ်။
ဒီလိုဆိုရင် ၁ဝဝ, ၁ဝဝဝ, ၁ဝဝဝဝ တွေနဲ့ ဆတိုးဖြစ်လာမှာဖြစ်တယ်။
ကျန်းမာတဲ့ ၁ကိုပိုင်ဆိုင်ထားရင် တခြားအရာတွေ နောက်ကလိုက်လာပါတယ်။
ဒီလိုဆိုရင် ပျော်ရွှင်ကျန်းမာတဲ့ဘဝကို သင်ပိုင်ဆိုင်နိုင်ပါပြီ
သက်ကြီးရွယ်အိုတွေကို ကြင်နာပါ
တိုင်းရင်းဆေးပညာမှာတော့ သလိပ်ဒေါသ၊ သည်းခြေဒေါသ၊ လေဒေါသ ဆိုပြီး ဒေါသ ၃-ပါးရှိပါတယ်။
(၁) မွေးကင်းစမှ အသက် ၁၂-နှစ်ထိကို သလိပ်ဒေါသ အရွယ်။
(၂) အသက် ၁၃-နှစ်မှ ၄၀-နှစ်အထိကို သည်းခြေဒေါသ အရွယ်။
(၃) အသက် ၄၀-ကျော်မှ ၇၀-၈၀ ပိုင်းကို လေဒေါသ အရွယ်-ရယ်လို့
ဒေါသ ၃-ပါးကို အရွယ် ၃-ပါးနဲ့ ပိုင်းခြားသတ်မှတ်လို့ ထားပါတယ်။
အသက် ၇၀-ကျော်လာပြီဆိုရင်တော့ လေဒေါသ ဦးစီးတဲ့အပိုင်း ဖြစ်လာတဲ့အတွက် သတိမေ့လျော့တတ်လာပါပြီ။ တရား အတော်ရင့်ကျက်သူမှမဟုတ်ရင် အတော်လှုပ်ခတ်တတ်ပါတယ်။ အိမ်သာတက်ပြီး ရေလောင်းခဲ့ဖို့ မေ့တယ်။ သူတပါးဖိနပ်ကို ကိုယ့်ဖိနပ်ထင်ပြီး မှားစီးလာတယ်။ အိပ်တဲ့အခါ ခေါင်းရင်းတံခါး ပိတ်အိပ်ဖို့ မေ့တယ်။ လှန်းထားတဲ့ပစ္စည်း ရုပ်သိမ်းဖို့ မေ့တတ်တယ်။ စကားဝိုင်းမှာ ကိုယ်နဲ့မသက်ဆိုင်ဘဲ ဝင်ဝင်ပြောတယ်။ ဟိုလိုလုပ်လိုက်ပါလား၊ ဒီလိုလုပ်သင့်တာပေါ့ စသဖြင့် မလိုအပ်ဘဲ ဆုံးဖြတ်ချက် ဝင်ချတတ်တာမျိုးလည်း ကြုံရပါမယ်။ ကြားသမျှအသံဟူသမျှကို ကိုယ်နဲ့ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ တုံ့ပြန်အသံပြုတတ်ပါတယ်။
သတိနှင့်အထိန်းအကွပ် လျော့ပါးလာတဲ့ သဘောသဘာဝတရားမို့ သားသမီး၊ မိသားစုမှ သြော်…လေဒေါသ အရွယ်ကြောင့် ဒီလိုဖြစ်လာရတာပဲလို့ ခွင့်လွှတ်နားလည်ပေးနိုင်ရပါမယ်။
တချို့ အမေအိုတွေဆိုရင် စကားပြောရမယ့်သူ မရှိတဲ့အခါ TV သတင်းကြေငြာတဲ့ အသံကိုတောင် ခွန်းတုံ့မခံ အပြန်အလှန်ပြောနေတာ တွေ့ခဲ့ရဖူးပါတယ်။
အခုလိုဖြစ်ရတာတွေဟာ လူသားတိုင်း ကြုံတွေ့ရမယ့် အိုနာ-ဆိုတဲ့ ဝေဒနာတမျိုးပဲ ဖြစ်ပါတယ်။ တချို့က ရုပ်ခန္ဓာကိုပဲ ဂရုစိုက်တယ်။ ကုသပြုပြင်ကြတယ်။ စိတ်ပိုင်းဆိုင်ရာကိုတော့ ကုစားပြုပြင်ရကောင်းမှန်း မသိကြဘူး။ တချို့တော့လည်း နာမ်ပိုင်းဆိုင်ရာ ကျင့်ကြံအားထုတ်မှုကို အထူးဂရုစိုက်တယ်။ ရုပ်ခန္ဓာကိုတော့ ပြုပြင်ဖို့ လစ်ဟင်းနေတတ်ပါတယ်။ ရုပ်ခန္ဓာကိုယ်ကိုရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ မျှတစွာ ကုသခံယူဖို့ လိုအပ်ပါတယ်။
အသက်ကြီးလာတဲ့သူတွေမှာ ဝေဒနာရောဂါအပြင် အိုနာ-ပါ ခံစားနေရတဲ့အတွက် မိသားစု၊ သားသမီး၊ မိတ်သင်္ဂဟများမှ-
(၁) သူတို့ကို နားလည်ခွင့်လွှတ်ခြင်းနဲ့ ဆက်ဆံပေးပါ။
(၂) သူတို့ရဲ့ လိုအင်ဆန္ဒကို အမြဲဖြည့်ဆည်းပေးပါ။
(၃) သူတို့ကို အားပေးပါ၊ ကျေနပ်နှစ်သိမ့်မှု ပေးပါ။
(၄) သူတို့ကို ချစ်ပါ၊ ကြင်နာယုယပါ။
ကြင်နာယုယကြောင်း ပြသခြင်းကြောင့် ကျန်းမာပြီး အသက်ပိုရှည်ပါတယ်တဲ့။ ဘာကြောင့်လဲဆိုတော့ လူသားတွေရဲ့ သဘာဝကိုက သိပ်အချစ်ခံချင်ကြပါသတဲ့။ အဘိုးနဲ့အဘွား အမြဲဆိုလေ့ရှိတဲ့ သံပေါက်လေးတခုကတော့—
(၁) ထိုင်ထမူးဝေ၊ ဓာတ်လေးထွေ၊ စိတ်နေမကျပြီ။
(၂) သွားကျိုးဆံဖြူ၊ မေ့လျော့ထူ၊ ငယ်မူပျောက်ခဲ့ပြီ။
(၃) ရသာခြောက်ပါး၊ ထွေထွေစား၊ ချိုခါး မသိပြီ။
(၄) ကျင်ငယ် ကျင်ကြီး၊ သွားခါနီး၊ တားဆီးမနိုင်ပြီ။
(၅) ပါးစပ်ပါးနား၊ မျောက်အိုအလား၊ အများမချစ်ပြီ။
(၆) အရွယ်ရှုံ့ပိန်၊ စားမမြိန်၊ သေချိန်နီးခဲ့ပြီ။
ခန္ဓာအိမ်လည်း အိုပြီ၊ နေလည်း ညိုပြီလေ။ ဘဝလောကဓံများကို ရုန်းကန်ကျော်ဖြတ်ပြီး
မောပန်းနွမ်းနယ်နေပြီဖြစ်တဲ့ သက်ကြီးရွယ်အိုများကို ပြုစုစောင့်ရှောက် ကြင်နာယုယမှုလေးတွေပေးရင်း ကုသိုလ်ယူကြပါစို့။
ဆရာမဒေါ်စီစီ (ကောင်းမြတ်သစ္စာ ကုသခန်း)
မော်လူး
ကောက်နှုတ်တင်ပြသည်။
Posted by: mingala at 6.10.11 0 မှတ်ချက်ရေးပါ
Labels: လောက-ဗဟုသုတ
Wednesday, October 5, 2011
မိဘစိမ်ရေ မသင့်စေလို
ကျွန်းဦးဇမ္ဗူသပြေပင်ရှိရာ အရပ်ဆီကို ဖောင်စကြာနဲ့ လှည့်လည်တော်မူခဲ့တဲ့ မဏိစည်သူမင်းဟာ စိတ်ထဲကခံစားမိတဲ့အတိုင်း ဖောင်တော်ဦးမှာရပ်ပြီး ဟစ်ကြွေးတော်မူခဲ့သတဲ့။
ငါ၏ ဘေးလောင်းတော်၊ ဘိုးလောင်းတော်၊ ခမည်းတော်တို့အား ဤကျွန်းဦးဇမ္ဗူသပြေပင်ကို
မြင်စေချင်ပါဘိသည်-လို့ ဆိုပြီး ၄င်းဘေးလောင်းတော်၊ ဘိုးလောင်းတော်၊ ခမည်းတော်တို့ကို ရှုမြင်စေလို၍ စိတ်နှလုံးကြံစည်ရုံမျှနဲ့ မင်းကြီးရဲ့ မျက်စိတွေဟာ ရုတ်တရက် ကွယ်ခဲ့ရသတဲ့။ ဒီအခါမှာ ပညာရှိ၊ သမား၊ ဟူးရား စသည်တို့ဟာ အထူးထူးသော ဆေးဝါးများဖြင့် ကုသကြပါသော်လည်း ချမ်းသာရာမရခဲ့ရှာဘူး။ ဒီတော့ ပညာရှိမှူးမတ်တို့က—
အရှင်မင်းကြီး…အရှင်မင်းကြီး၏ စိတ်နှလုံးတော်သည် ရှေးဘေးလောင်းတော် ဘိုးလောင်းတော် ခမည်းတော်တို့နှင့်စပ်လျဉ်းပြီး အဘယ်ကဲ့သို့ ကြံစည်မိပါသလဲလို့ မေးလျှောက်ကြသတဲ့။ ဒီအခါမှာ မင်းတရားကြီးက မိမိစိတ်မှာ ကြံစည်မိခဲ့တဲ့အတိုင်း ပြောပြလိုက်သတဲ့။ ဒီတော့ ပညာရှိကြီးများက အရှင်မင်းကြီး…အရှင်ကိုယ်တော်၌ အခြားသောရောဂါကို မမြင်၊ ဤမကြံစည်အပ်သော အရာတို့ကို ကြံစည်မိ၍သာ မိဘဘိုးဘွားတို့ရဲ့ စိမ်ရေသင့်ခြင်း ဖြစ်ပေသည်။ ထို့ကြောင့် အပြစ်များ
ကြေပျောက်စေခြင်းငှါ ဘေးလောင်းတော် ဘိုးလောင်းတော် ခမည်းတော်တို့၏ ရုပ်ပုံတော်သဏ္ဌာန်ကို
ရွှေဖြင့်သွန်းလုပ်၍ ပေါက်ပေါက်၊ ဆန်၊ ပန်း တို့ဖြင့် ပူဇော်ကန်တော့ရပါမည်လို့ လျှောက်တင်ကြသတဲ့။
မင်းကြီးလည်း ပညာရှိတို့ရဲ့ စကားအတိုင်း အနောရထာမင်းစောအရုပ်၊ စောလူးမင်းအရုပ်၊ ကျန်စစ်သားမင်းအရုပ်တို့ကို ရွှေဖြင့်သွန်းလုပ်ပြီး ပေါက်ပေါက်၊ ဆန်၊ ပန်းတို့ဖြင့် ရှိခိုးပူဇော် ဖူးမြော်ဦးချတဲ့အခါမှာတော့ အနော်ရထာမင်းစောအရုပ်၊ ကျန်စစ်သားမင်းအရုပ်သာလျှင် မလဲဘဲ ကြံ့ကြံ့တည်နေခဲ့သတဲ့။ အခြားသောအရုပ်မှာတော့ ဦးချလိုက်တာနဲ့ တပြိုင်နက် လဲသွားသတဲ့။ ဒီအခါမှာ မင်းကြီးလည်း မျက်စိအလင်း ပြန်ရခဲ့သတဲ့။
ကဲ ..ကြည့်ကြစမ်း၊ မိမိကဲ့သို့ ရှုမြင်စေလိုတာကို စိတ်နှလုံး ကြံစည်မိရုံနဲ့ပဲ အခုလို စိမ်ရေသင့်ခဲ့ရတယ်ဆိုတော့ အခုခေတ်ကာလဟာ အလွန်မောဟထူပြောတဲ့ ကာလကြီးဖြစ်နေတော့ ဘိုးဘွားမိဘတွေကို မရိုသေခြင်း၊ သီလရှိသူ၊ ကျေးဇူးကြီးသူတို့ကို မရိုသေခြင်း၊ ကိုယ့်မင်းကိုယ့်ချင်း ပြုချင်တဲ့စိတ်တွေ များပြားကြတော့ အနာရောဂါ၊ ကြမ္မာဥပါဒ်၊ ကပ်အန္တရာယ်အမျိုးမျိုး ငြိတွယ်ထိပါးပြီး သက်ရှည်၍ ဘုန်းမကြီး၊ ဘုန်းကြီး၍ သက်မရှည် ဖြစ်ကြရတာပေါ့ကွယ်။ သံသရာမှာတော့ ဆိုဖွယ်ရာမရှိပြီပေါ့။ ပစ္စက္ခမျက်မှောက်ဘဝမှာပဲ ထင်ရှားတဲ့ သာဓကတွေ အများကြီးတွေ့နေကြရတာပဲ။ ဒါကြောင့်မို့ အမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့ ထိုစိမ်ရေမှ လွှတ်ကြရအောင် ဂါရဝတရားကို နှလုံးသွင်းပြီး သံဝေဂပြုနိုင်ကြပါစေလို့ ဆုတောင်းပါတယ်။
စိမ်ရေသင့်ခြင်းရဲ့ အကျိုးအပြစ်—
အကြင်သူသည် ဘိုးဘွားမိဘ ဆရာသမား အသက်အားဖြင့်ကြီးသူ သီလ၊ သမာဓိ၊ ပညာ စသော ကျေးဇူး
ကြီးသူတို့ကို ကိုယ်,နှုတ်,နှလုံးတို့ဖြင့် ပြစ်မှားကျူးလွန်အံ့၊ ထိုသူသည် မိဘ ဘိုးဘွား ဆရာသမား စသော ဂုဏ်ရှိသူတို့၏ စိမ်ရေသင့်တတ်၏။ ထိုစိမ်ရေသင့်သူကား-
၁။ ဆွံ့အတတ်ခြင်း။
၂။ အမွေး၊ အတောင် ညစ်ခြင်း။
၃။ ပိန်ကျုံ့ခြင်း။
၎။ သက်ရှည်၍ ဘုန်းမကြီးခြင်း။
၅။ ဘုန်းကြီး၍ သက်မရှည်ခြင်း။
၆။ ခွန်အား ဉာဏ်ပညာ ဆုတ်ယုတ်တတ်ခြင်း။
၇။ ချည့်နဲ့၊ ကျိုးကန်းတတ်ခြင်း…
စသော အပြစ်တို့ကို သံသရာဘဝ၌မဆိုသေး ဤပစ္စက္ခမျက်မှောက်ဘဝ၌ပင် ခံစားရတတ်၏။ ထိုအခါ ထိုသူကို သက်ကြီးရွယ်အို၊ ဘိုးဘွားမိဘတို့၏ စိမ်ရေသင့်ပြီဟူ၍မှတ်။
၁။ ဉာဏ်ကိုလွှာသုံးပါ။
၂။ အမျက်ဒေါသထွက်ခြင်းကို အမြဲရှောင်ကြဉ်ဖို့ လိုပါသည်။
၃။ ကောင်းမှုကုသိုလ်တွေ အမြဲအားထုတ်နေဖို့ လိုပါတယ်။
ကိုယ်မှု နှုတ်မှု စိတ်မှု သုံးမျိုးစလုံး ကောင်းမွန်စင်ကြယ်စေဖို့ အမြဲကြိုးပမ်းအားထုတ်ပါ။
၎။ ခင်ပွန်းကြီး ၁၀-ပါး မပြစ်မှားပါနဲ့။
ခင်ပွန်းကြီး ၁၀-ပါး
၁။ ဘုရား
၂။ ပစ္စေကဗုဒ္ဓါ
၃။ ရဟန္တာ
၎။ မြတ်စွာဘုရား၏ တပည့်ကြီး အဂ္ဂသာဝက
၅။ အမိ
၆။ အဘ
၇။ အလေးအမြတ်ပြုအပ်သော ဆရာ၊ အကျင့်သီလ သမာဓိနှင့် ပြည့်စုံ ဂုဏ်ကြီး၍ ရိုသေသင့်သူများ
၈။ လမ်းမှန်ကို ဖြောင့်မှန်စွာ သွန်သင်ပေးအပ်သောဆရာ
၉။ ပစ္စည်းလေးပါး ဒါယကာ (ပေးကမ်းဖူးသူ)
၁၀။ တရားဟောပုဂ္ဂိုလ်
ခင်ပွန်းကြီး ၁၀-ပါးကို ပူဇော်လျှင်
၁။ ကိုယ့်အရပ်ဒေသကနေ အရပ်တပါးကို သွားတဲ့အခါမှာ အစားအစာ မရှားပါဘူး။
၂။ ရောက်ရာအရပ်မှ အပူဇော်ခံရတယ်။
၃။ ရန်သူမျိုးငါးပါး မနှိပ်စက်နိုင်ဘူး။
၎။ မျက်နှာမြင်ရင် ချစ်ခင်စေတယ်။
၅။ လူပုံအလယ်မှာ ရဲရင့်စေတယ်။
၆။ ကိုယ့်ရဲ့ဂုဏ်သတင်း ပျံပလွင့်စေတယ်။
၇။ အခြံအရံ အမြဲမပြတ်ရှိတယ်။
၈။ ဆင်၊ မြင်း၊ ကျွဲ၊ နွား ပေါများပြီး သား၊ သီးနှံ မပျက်စီးဘူး။
(စီးပွားရေးကောင်းမယ်လို့ ဆိုလိုတာပါ)
၉။ မတော်တဆ တောင်ချောက်ကမ်းပါး ကျမယ်ဆိုရင် ဆောက်တည်ရာ ရနိုင်တယ်။
၁၀။ သားတွေ သမီးတွေနဲ့ အခြေအမြစ်ကြီးကျယ်နိုင်တယ်။
၅။ စကားအရာ အင်္ဂါ ၁၀-ပါး နားလည်ပါ။
၁။ ပြောချိန် ပြောခွင့်သင့်မှ ပြောဆိုရမယ်။
၂။ ဟုတ်မှန်တဲ့စကားကိုသာ ပြောရမယ်။
၃။ တရားနဲ့စပ်လျဉ်းတဲ့ စကားကိုပဲ ပြောရမယ်။
၎။ အကျိုးနဲ့စပ်လျဉ်းတဲ့ စကားကိုပဲ ပြောရမယ်။
၅။ ချစ်စဖွယ်စကားကိုသာ ပြောရမယ်။
၆။ ပြုံးရွှင်ခြင်းကို ရှေးဦးစွာပြုပြီးမှ ပြောဆိုရမယ်။
၇။ မပိုမလို ချင့်ချိန်ပြီးမှ ပြောရမယ်။
၈။ အဆောတလျင် မပြောဆိုရဘူး။
၉။ မြို့ကြီးသူ မြို့ကြီးသားတွေရဲ့ ဓလေ့ထုံးစံကို လိုက်ပြီး ပြောရမယ်။
၁၀။ သန့်ရှင်းသေချာတဲ့ အသံနဲ့ အက္ခရာ ဋ္ဌာန်ကရိုဏ်းကျနအောင် ပြောဆိုတတ်ရမယ်။
၆။ ဘုရားရှိခိုးပါ။
ဘုရားရှိခိုးလျှင်—
၁။ သူတပါးတို့ ရှိခိုးခံထိုက်ခြင်း။
၂။ စိတ်၏ ရဲရင့်တည်ကြည်ခြင်း။
၃။ သေသည်၏အခြားမဲ့၌ သုဂတိဘဝကိုရခြင်း။
၎။ နောင် ဘုရားနှင့် တွေ့သောအခါ သစ္စာလေးပါးကို သိလွယ်ခြင်း။
၅။ အမျိုးမြတ်ခြင်း။
၆။ သူတပါးတို့ အ၇ိုအသေပြုခံရခြင်း။
၇။ ချီးမွမ်းထိုက်သော ကိုယ်အင်္ဂါနှင့် ပြည့်စုံခြင်း။
၈။ အဆင်းကောင်းခြင်း။
၉။ ကိုယ်အနံ့မွှေးခြင်း။
၁၀။ ခံတွင်းနံ့ မွှေးခြင်း။
၁၁။ ကြီးကျယ်သော ဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၂။ နက်နဲသောဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၃။ ထက်သောဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၄။ လျင်မြန်သောဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၅။ ရွှင်သောဉာဏ်နှင့် ပြည့်စုံခြင်း။
၁၆။ ဆန်းကြယ်သောဉာဏ်ပညာနှင့် ပြည့်စုံခြင်း။
၁၇။ စကားကောင်းကို ဆိုနိုင်ခြင်း။
ဇေယျတု သဗ္ဗမင်္ဂလံ
လင်းရောင်တင်
(ဂမ္ဘီရ ၂၀၀၄-၇)
သင်ဟာ တောအုပ်တစ်ခုထဲကို လမ်းလျှောက်သွားနေတယ်။တစ်ယောက်တည်း သွားတာမဟုတ်ဘူး။ သင့်မှာ အဖော်ပါတယ်။ ဘယ်သူနဲ့ သွားနေတာလဲ။ ဘယ်သူနဲ့သွားချင်နေတာလဲ။
သင်ဟာ တောအုပ်ထဲကိုသွားနေတုန်း တိရစ္ဆာန်တစ်ကောင်နဲ့တွေ့တယ်ဆိုပါစို့။ သင်တွေ့တဲ့တိရစ္ဆာန်က ဘယ်လိုအကောင်မျိုးဖြစ်မလဲ။
အဲဒီတိရစ္ဆာန်နဲ့တွေ့တဲ့အခါသင့်ကို ဘယ်လိုမျိုး လုပ်မလဲလို့ထင်လဲ။
တောအုပ်ထဲကို သင်ဆက်သွားတယ်။ သွားရင်းသွားရင်း သင်အိပ်မက်ထဲက တောင့်တမျှော်လင့်ခဲ့ဖူးတဲ့ သင်နေချင်တဲ့ အိမ်ပုံစံမျိုးတွေ့ရတယ်။ အဲဒီ့အိမ်ဟာ ဘယ်လောက်ထိကြီးလဲ။
သင့်အိမ်မက်ထဲက တွေ့ရတဲ့အိမ်ဟာ ခြံစည်းရိုးခတ်ထားလား။အိမ်ထဲ ၀င်လိုက်တော့ ထမင်းစားခန်းတွေ့ရတယ်။ ထမင်းစားခန်းထဲမှာ စားပွဲတစ်လုံးတွေ့ရတယ်။စားပွဲပေါ်မှာ ဘာတွေရှိလဲ။
အိမ်ထဲ ဆက်ဝင်သွားရင်းနောက်ဖေးပေါက်ကနေ သင်ပြန်ထွက်လာခဲ့တယ်။ မြက်ခင်းပေါ်မှာခွက်တစ်လုံး ချထားတာ တွေ့ရတယ် ဆိုပါစို့၊ အဲဒီခွက်ဟာ ဘာနဲ့လုပ်ထားလဲ။
အဲဒီခွက်ကို သင်ဘာလုပ်မလဲလို့ စိတ်ကူးလဲ။
သင်ဟာ ချောင်းလေးတစ်ခုကိုထပ်တွေ့တယ်ဆိုပါစို့။ ဘယ်လိုချောင်းလေးလဲ၊ ဘယ်လောက်ကြီးလဲ၊ ရေစီးဘယ်လောက်သန်လဲ။
အဲဒီ့ချောင်းလေးကို သင်ဘယ်လိုကူးမလဲ။
အဖြေများ
သင်နဲ့တွဲလျှောက်တဲ့သူ၊ တွဲလျှောက်ချင်တဲ့သူဟာ သင့်ဘ၀မှာအရေးအကြီးဆုံးသူတစ်ယောက်ပဲဖြစ်ပါတယ်။
တိရစ္ဆာန်ရဲ့ အကြီး၊ အသေးပမာဏဟာ သင်ကြုံတွေ့နေရတဲ့ပြဿနာရဲ့ အတိမ်၊ အနက်ကိုညွှန်းဆိုပါတယ်။
တိရစ္ဆာန်နဲ့ ဘယ်လိုဆက်ဆံသလဲ၊ ဘယ်လိုပြုမူသလဲဆိုတာကပြဿနာအပေါ် ဘယ်လိုတုံ့ပြန်သလဲဆိုတာကို ညွှန်းပါတယ်။
သင့်ရဲ့အိမ်မက်ထဲကအိမ်ရဲ့အကြီး၊ အသေးပမာဏဟာ သင့်ရည်မှန်းချက်ရဲ့ အကြီး၊ အသေးကိုညွှန်းပါတယ်။
ခြံစည်းရိုးမခတ်ထားတာဟာ သင်ဟာ လူတွေနဲ့ပေါင်းသင်းဆက်ဆံတဲ့အခါ ပွင့်လင်းတတ်သူတစ်ဦး၊လူတိုင်းနဲ့ ဖော်ရွှေခင်မင်တတ်သူတစ်ဦးဖြစ်ကြောင်းညွှန်းဆိုပြီး
ခြံစည်းရိုးခတ်ထားတယ်ဆိုရင်တော့သင်ဟာ အလွယ်တကူနဲ့ ခင်မင်မိတ်ဆွေဖြစ်လွယ်တဲ့သူမဟုတ်ကြောင်းညွှန်းဆိုပါတယ်။
တကယ်လို့ သင့်အဖြေမှာ အစားအသောက်၊ လူတွေ၊ ပန်းတွေမပါခဲ့ဘူးဆိုရင် သင်ဟာ အခုအချိန်မှာ ပျော်ရွှင်မှုနည်းပါးနေတယ်လို့ဆိုရပါလိမ့်မယ်။
သင်ပြောလိုက်တဲ့ ဖန်ခွက်ရဲ့သတ္တုခံနိုင်ရည်စွမ်းအားဟာ သင်နံပါတ်တစ်ကဖြေခဲ့တဲ့ လူနဲ့ပတ်သက်ပြီး ဆက်ဆံရေးမှာ ခံနိုင်ရည်ဘယ်လောက်ရှိတယ်ဆိုတာကို ဖော်ပြနေပါတယ်။ ဥပမာ-ပလတ်စတစ်၊စာရွက်၊ ဖန်ခွက်၊ စာရွက်၊ ဖန်ခွက်အဲဒါ့တွေဟာ ခံနိုင်ရည်ရှိတဲ့ဟာတွေမဟုတ်ပါဘူး။ ပလတ်စတစ်နဲ့ သံသတ္ထုတို့ကတော့ ခံနိုင်ရည်ရှိတဲ့ဟာတွေ ဖြစ်ပါတယ်။
ဖန်ခွက်ကို ဘာလုပ်မလဲဆိုတာက နံပါတ်တစ်က သင့်ဘ၀ရဲ့အရေးအကြီးဆုံးပုဂ္ဂိုလ်နဲ့ပတ်သက်ပြီး ဘယ်လိုသဘောထားရှိတယ်ဆိုတာကို ညွှန်းနေပါတယ်။
သင့်ရဲ့ လိင်စိတ်ပမာဏကိုညွှန်းဆိုပါတယ်။
ဖြတ်ကူးတဲ့အခါမှာ ရေဘယ်လောက်စိုသလဲဆိုတဲ့အပေါ်မူတည်ပြီး သင့်ဘ၀မှာ လိင်စိတ်ဟာ ဘယ်လောက်အထိ အရေးပါတယ်ဆိုတာကို ညွှန်းဆိုပါတယ်။ပြုံးပျော်ရွှင်နိုင်ကြပါစေသား….
ပါးစပ်အကျယ်ဆုံးသူ
မျတ်လုံးအပြူးဆုံးသူ လက်သည်းအရှည်ဆုံးသူ
မြွေများအားမြိုပြသူ
Reference : Guinness World Records http://guinnessworld.blogspot.com/
လမ်းလယ်မှ 3D ပန်းချီကား
More pictures on Flickr and here
စက်ပစ္စည်းတွေ ဘယ်လိုအလုပ်လုပ်ကြသလဲ….
ပြင်ပလောကမှ Tom and Jerry….
Love has no language….
နေ၀င်ချိန်အလှ….
နဝတ်ရတ်ကိုးပါးနှင့်၎င်းတို့၏အစွမ်းသတ္တိများ
၁။ ပတ္တမြား -ဘုန်းတန်ခိုးကြီးခြင်း
Rubby being very powerful
၂။ မြ – အေးချမ်းခြင်း
Emerald – Pace
၃။ စိန် – ဂုဏ်ရောင်ထွန်းပြောင်ခြင်း
Diamond – Rising in dignity and fame
၎။ ကြောင် – သိဒ္ဒိပြီးခြင်း
Cat eye -Attaining power of comptation and perfection
၅။ နီလာ -မေတ္တာကြီးခြင်း
Sapphire -Having much affection and love
၆။ဂေါ်မိတ် -ခွန်အားပြည့်စုံခြင်း
Zitcon -Having much strength and force
၇။ဥသဖရား -ကျန်းမာခြင်း
Topaz -Health
၈။သန္တာ -အကြီးအကဲဖြစ်ခြင်း
Coral -Being a chief or governent
၉။ပုလဲ -ကျက်သရေပြည့်စုံခြင်း
Peral -Having pride of glorg and grace
“ကြက်ဥက စဖြစ်သလားလို့ အရင်က သံသယ ရှိခဲ့ကြပါတယ်။ဒါပေမဲ့ ကြက်က စဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သိပ္ပံနည်းကျ သက်သေပြနိုင်ပါပြီ”ဟု ရှက်ဖီးလ်တက္ကသိုလ်မှ ဒေါက်တာကောလင်းဖရီးမင်းန်က ဗြိတိသျှသတင်းစာ တစ်စောင်ဖြစ်သော မက်ထရိုသို့ ပြောကြားခဲ့သည်။
သုတေသန ပညာရှင်များသည် HECToR ဟု အမည်ရသည့် စူပါကွန်ပျူတာဖြင့် ယခင်ကတည်းက အခြားပညာရှင်များ တွေ့ရှိထားသည့် ဥဖန်တီးပေးနိုင်သော ပရိုတိန်းတစ်မျိုးကို ခွဲခြမ်းစိတ်ဖြာ လေ့လာခဲ့ကြခြင်းဖြစ်သည်။ ကြက်များက ဥ ဖန်တီးရန် လိုအပ်သော ဓာတ်သတ္တိများကို လေ့လာပြီးနောက် ယင်းဓာတ်သတ္တိများကို မည်သို့ပေါင်းစပ်လျှင် ဥဖြစ်လာမည်ဆိုခြင်းကို စူပါကွန်ပျူတာဖြင့် တွက်ချက်ခဲ့ကြသည်။
ကြက်မက ဥချရန် တစ်ရက်သာ အချိန်ကြာသော်လည်း ကွန်ပျူတာဖြင့် ယင်းဓာတ်ပစ္စည်းတို့ ပေါင်းစည်းပြီး ဥဖြစ်လာနိုင်ပုံကို လေ့လာခဲ့မှုမှာမူ ရက်သတ္တပတ်ပေါင်းများစွာ ကြာမြင့်ခဲ့သည်။ ယင်းလေ့လာမှုအရ ကြက်အတွင်းရှိ ပရိုတိန်းဓာတ်တစ်မျိုး၏ ဥခွံလွှာများ တည်ဆောက်ပုံကို နားလည်ခဲ့ရသည်ဟု ဆိုသည်။
ယခု တွေ့ရှိမှုအရ ဥခွံ တည်ဆောက်နိုင်သည့် ပရိုတိန်းမျိုးမရှိလျှင် ယင်းသို့သော ဥမျိုးများဖြစ်လာရန် မဖြစ်နိုင်ကြောင်း ကောက်ချက်ဆွဲခဲ့ကြသည်။ ယင်းပရိုတိန်းကိုလည်း ကြက်တို့၏ မမျိုးဥအိမ်တွင်းတွင်သာ တွေ့နိုင်ရာ ကြက်မရှိဘဲ ဥ ဖြစ်မလာနိုင်ကြောင်း သုံးသပ်ခဲ့ကြခြင်း ဖြစ်သည်။
Passport ပုံ အမြန်စီနည်း
လူတိုင်းအတွက် အသုံးဝင်မယ့် Passportပုံ စီနည်းကို ပြောပါမယ်။ Passportပုံ Sizeတွေကတော့
1″ x 1 ”
1.2″ x 1.5 ”
1″ x 1 .2″
1.5″ x 1.5 ”
1.25″ x 1.65 ”
1.5″ x 2 ”
2″ x 2 ” ပါ။
ဒီမှာတော့ Photoshop CS3ကို သုံးပြီး (1.5″ x 2″)ပုံကို (4″ x 6″) ဆိုဒ်ထဲစီနည်းကို ပြောပြပေးပါမယ်။
ဗိုလ်ချုပ်အောင်ဆန်းနှင့် အနုပညာ
၁၉၁၅။ ။ ဖေဖေါ်ဝါရီလ ၁၃ ရက်၊ ၁၂၇၆ တပေါင်းလဆန်း ၁ ရက် စနေနေ့တွင် မကွေးတိုင်း နတ်မောက်မြို့၌ဖွားမြင်သည်။ ဗေဒင်ဆရာက ဇာတာတွင် ထိန်လင်းဟု အမည်ရေးသောလည်း အကိုဖြစ်သူ အောင်သန်းနှင့်လိုက်ဖက်အောင် အောင်ဆန်းဟုခေါ်တွင်ခဲ့သည်။
၁၉၂၂။ ။ အသက် ၇ နှစ်တွင် နတ်မောက်မြို့ ဆရာတော် ဦးသောဘိတထံတွင် ကျောင်းနေခဲ့သည်။
၁၉၂၈။ ။ ရေနံချောင်းအမျိုးသားအထက်တန်းကျောငိးသို့ ပြောင်းနေခဲ့သည်။
၁၉၃၀။ ။ သတ္တမတန်းအောင်ကာ ဦးရွှေရိုးစကောလားရှစ်ရသည်။ တစ်လ ၁၀ဖြင့် သုံးနှစ်စာ စကောလားရှစ်ရခဲ့သည်။
၁၉၃၂။ ။ ရေနံချောင်း အမျိုးသားအထက်တန်းကျောင်းမှ အထက်တန်းအောင်ကာ ရန်ကုန်တက္တသိုလ်ရောက်သည်။
၁၉၃၄။ ။ ဥပစာတန်းအောင်သည် (စာမေးပွဲခုံအမှတ် ၂၃၁)။ တကသ အမှုဆောင်ရွေးကောက်ပွဲရှုံးနိမ့်ခဲ့သည်။
၁၉၃၅-၃၆။ ။ တကသအမှုဆောင်ရွေးကောက်ပွဲဝင်ရာ အရွေးခံရသည်။ အိုးမဝေမဂ္ဂဇင်း အယ်ဒီတာအဖြစ်ဆောင်ရွက်သည်။ ထိုသို့ ဆောင်ရွက်စဉ် အိုးဝေမဂ္ဂဇင်း၌ “ခွေးသရမ်းကြီးလွတ်နေသည်” (Hell Hound At Large) ဆောင်းပါးရေးသူကို ထုတ်ဖော်မပြောသဖြင့် တက္ကသိုလ်မှ ထုတ်ပယ်ခံရသည်။
၁၉၃၆။ ။ တကသ ဒုဥက္ကဌရွေးချယ်ခံရသည်။ ရန်ကုန်မြို့ ဂျူဘာလီဟောခန်းမ၌ ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ညီလာခံတွင် မိန့်ခွန်းပြောကြားသည်။
၁၉၃၇။ ။ အင်္ဂလိပ်စာပေ၊ ဥရောပရာဇ၀င်၊ နိုင်ငံရေးဗေဒ ဘာသာရပ်များဖြင့် ၀ိဇ္ဇာတန်း အောင်မြင်သည်။ ရန်ကုန်တက္ကသိုလ် ပဲခူးဆောင် သဟာရနှင့် စာဖတ်အသင်း ဥက္ကဌအဖြစ် ဆောင်ရွက်သည်။ ပဲခူးဆောင် အခန်းအမှတ် (၁၁၃)တွင် နေခဲ့သည်။
၁၉၃၇-၃၈။ ။ တကသဒဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဌအဖြစ်လည်း ဆောင်ရွက်သည်။
၁၉၃၈။ ။ ဥပဒေသင်ကြားနေရာမှ၎င်း၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂဥက္ကဌ နေရာမှ၎င်း နှုတ်ထွက်သည်။ အင်္ဂလိပ် ဘာသာဖြင့် ထုတ်ဝေသော နယူဘားမား သတင်းစာ အယ်ဒီတာအဖွဲ့တွင် ခေတ္တ၀င်ရောက် လုပ်ကိုင်သည်။ ပထမဦးဆုံး တက္ကသိုလ် ကျောင်းသား ကိုယ်စားလှယ် တက္ကသိုလ်ကောင်စီဝင်အဖြစ် တင်မြှောက်ခြင်းခံရသည်။ အောက်တိုဘာလတွင် သခင်ကိုယ်တော်မှိုင်း ဦးဆောင်သော တို့ဗမာအစည်းအရုံးသို့ ၀င်ရောက်သည်။
၁၉၃၈-၃၉။ ။ တကသဥက္ကဌအဖြစ် ဆောင်ရွက်သည်။
၁၉၃၉။ ။ ဇန်န၀ါရီလတွင် ရန်ကုန်အရေးတကြီး လုံခြုံရေးအက်ဥပဒေဖြင့် (၁၅)ရက် ဖမ်းဆီးထောင်ချခံရသည်။ ဖေဖော်ဝါရီ (၂၅)ရက်နေ့ သန်းခေါင်ကျော် ၂ နာရီခွဲတွင် ကျင်းပသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အသင်းအလုပ် အမှုဆောင် အစည်းအဝေးသို့ တက်ရောက်သည်။ ဖေဖော်ဝါရီလ ၂၆ ရက် ညနေ ၅နာရီတွင် ဗမာပြည် နန်းရင်းဝန်၊ မြို့မိမြို့ဖ အဖွဲ့ဝင်လူကြီးများနှင့် ကျောင်းသား ခေါင်းဆောင်များ (ကျောင်းသားသပိတ် အရေးနှင့် စပ်လျဉ်း၍) တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးသို့ တက်ရောက်သည်။ ဧပြီ ၆ ရက်မှ ၉ ရက် အထိ ကျင်းပသော မော်လမြိုင်ညီလာခံတွင် အတွင်းရေးမှုးအဖြစ် တာဝန်ခံ ဆောင်ရွက်သည်။ သြဂုတ်လ ၁၃ရက်နေ့တွင် ရန်ကုန်ရေကျော်ရပ် တို့ဗမာအစည်းအရုံး တည်နေရာ၌ သခင်ဆောင်ဆန်း၊ သခင်လှဖေ၊ ကိုသိန်းဖေ၊ ကိုဗဟိန်း၊ မစ္စတာဒတ္တားတို့သည် တို့ဗမာအစည်းအရုံး အတွင်းတွင် ကွန်မြူနစ်အဖွဲ့လေးတရပ် စတင်ဖွဲ့စည်းသည်။ သြဂုတ်လ ၁၅ ရက်နေ့တွင် ရန်ကုန်အရှေ့ပိုင်း ၄၉လမ်း အိမ်နံပါတ် ၁၈၈တွင် ဗမာပြည် ကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာတည်ထောင် ဖွဲ့စည်းပြီး သခင်အောင်ဆန်းက အထွေထွေ အတွင်းရေးမှုးအဖြစ် တာဝန်ယူခဲ့သည်။ စက်တင်ဘာ ၁ ရက်တွင် ဒေါက်တာဘမော်အိမ်၌ ကျင်းပသော အစည်းအဝေး၌ ထွက်ရပ်ဂိုဏ်း၏ အတွင်းရေးမှူးအဖြစ် တင်မြှောက်ခြင်း ခံရသည်။ နိုဝင်ဘာ ၁၈ ရက်ေ န့တွင် မြေအောက်တော်လှန်ရေး ဗဟိုအဖွဲ့ကို စတင်တည်ထောင်ကာ သခင်အောင်ဆန်းအား ပြည်ပခေါင်းဆောင်အဖြစ် တင်မြှောက်ကြသည်။ ၁၉၃၉ ဒီဇင်ဘာလမှ ၁၉၄၀ ဇန်န၀ါရီလ အတွင်း ဗမာတစ်ပြည်လုံးသို့ တရားလှည့်လည် ဟောပြောခဲ့သည်။
၁၉၄၂။ ။ ဇန်န၀ါရီ ၁ ရက်တွင် အင်္ဂလိပ်အစိုးရက သခင်အောင်ဆန်းကို ဘားမားလစ် (Burma List) ခေါ် အင်္ဂလိပ်အစိုးရ၏ ရန်သူတော် စာရင်းတွင် အမှတ်စဉ် ၂ အဖြစ် ကြေညာခဲ့သည်။ ဇူလိုင်လတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဗမာ့ကာကွယ်ရေး တပ်မတော် စစ်သေနာပတိအဖြစ် ဆောင်ရွက်သည်။ သြဂုတ်လ ၁ရက်တွင် ဘီအိုင်အေ ဗမာလွတ်လပ်ရေး တပ်မတော်မှ ဘီဒီအေ ဗမာ့ကာကွယ်ရေး တပ်မတော်အဖြစ်သို့ ပြောင်းလဲရာတွင် ဗိုလ်မှူးကြီးရာထူးဖြင့် ဘီဒီအေ တပ်မတော်၏ သေနာပတိ ဖြစ်လာသည်။ စက်တင်ဘာလ ၆ ရက်တွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်သည်။ လက်ထပ်ပွဲတွင် ဆေးရုံ ယခုစစ်ရုံးချုပ်ပေါ်၌ပင် ကျင်းပသည်။ နိုဝင်ဘာလ ၈ရက်တွင် မြို့တော်ခန်းမ၌ ကျင်းပသော ခေတ်သစ်ဆရာ ဖြစ်သင်တန်းတွင် သေနင်္ဂဗျူဟာ စစ်ပညာအကြောင်း ဟောပြောသည်။
၁၉၄၃။ ။ မတ်လတွင် ဗိုလ်ချုပ်ရာထူးသို့ တိုးမြှင့်ခြင်းခံရသည်။ မတ်လ ၁၇ရက်တွင် ဒေါက်တာဘမော်နှင့် အတူဂျပန်ပြည် တိုကျိုမြို့သို့ ဖိတ်ကြားခြင်းခံရပြီး ၁၉၄၃ မတ် ၂၂ ရက်တွင် ဂျပန်အင်ပါယာ၏ ဘွဲ့ထူးဂုဏ်ထူးတံဆိပ် (order of the risingsun) ဖြင့် ချီးမြှင့်ခံရသည်။ သြဂုတ်လ ၁ရက်တွင် ဗမာ့တပ်မတော် စစ်ဦးစီး သေနာပတိ ရာထူးအပြင် စစ်ဝန်ကြီးအဖြစ် ဆောင်ရွက်သည်။ ဂျပန်အစိုးရ၏ (First Class Order of The Sacred Treadsure) ချီးမြှင့်ခြင်း ခံရသည်။ အောက်တိုဘာ ၂ ရက်တွင် ဦးဝိစာရကြေးရုပ်နှင့် ကျောက်တိုင်ဖွင့်ပွဲတွင် မိန့်ခွန်းပြောကြားသည်။
၁၉၄၅။ ။ မတ်လ ၁၇ ရက်တွင် ရန်သူကို တိုက်ခိုက်ရန်အတွက် တပ်မတော်ကို ဦးဆောင်ပြီး စစ်မြေပြင် ထွက်ခဲ့သည်။ မတ်လ ၂၇ ရက်နေ့တွင် ဖက်စစ်ဂျပန်များကို စတင်တော်လှန်သည်။ မေလ ၆ ရက်တွင် ဗိုလ်ချုပ်စလင်းနှင့် ပထမဦးဆုံးအကြိမ် တွေ့ဆုံသည်။ ဇွန် ၂၀ ရက်တွင် အင်္ဂလိပ်စစ်သင်္ဘော ကမ်ဘာလင် (H.M.S Cumberland) ပေါ်၌ အခြား နိုင်ငံရေး ခေါင်းဆောင်များနှင့်အတူ ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် တွေ့ဆုံဆွေးနွေသည်။ သြဂုတ်လ ၁၉ ရက် နေသူရိန် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားသည်။ သြဂုတ်လ ၂၉ ရက် မြို့တော်ခန်းမ၌ ကျင်းပသည့် အရှေ့အနောက်အသင်း (East And West Association) တွင် အင်္ဂလိပ်ဘာသာဖြင့် ဟောပြောခဲ့သည်။ စက်တင်ဘာလ ၄ ရက်တွင် အရှေ့တောင်အာရှဆိုင်ရာ သေနာပတိ လော့မောင်ဘက်တန်နှင့် ဗမာ့တပ်မတော် ဆက်လက် တည်တံ့ရေးအတွက် ဆွေးနွေးရန် သခင်သန်းထွန်း၊ ဗိုလ်လင်္ကျာ၊ ဗိုလ်နေ၀င်း၊ ဦးဘဖေတို့နှင့်အတူ သီဟိုကျွန်း ဂန္ဓီမြို့သို့ သွားသည်။
၁၉၄၆။ ။ ဇန်န၀ါရီ ၂၀ရက်တွင် ရွှေတိဂုံအလယ် ပစ္စယံ၌ ကျင်းပသော နိုင်ငံလုံးဆိုင်ရာ ဖဆပလ ညီလာခံတွင် ဖဆပလ ဥက္ကဌအဖြစ် တင်မြောက်ခံရသည်။ မတ်လ ၄ ရက်တွင် သခင်မြ၊ ဟင်္သာတဦးမြ၊ ဦးအောင်စံဖေတို့နှင့်အတူ ရန်ကုန်မှ ရခိုင်သို့ ခရီးထွက်သည်။ မတ်လ ၆ ရက်တွင် တောင်ကုတ်ေ ရာက်သည်။ မတ်လ ၇ ရက်တွင် တောင်ကုတ်၌ တရားဟောသည်။ မတ်လ ၁၀ ရက်တွင် စစ်တွေကိုရောက်ပြီး၊ မတ်လ ၁၁ရက်နေ့၌ စစ်တွေမြို့တွင် တရားဟောသည်။ မတ်လ ၂၆ ရက်တွင် စထရင်း ဟော်တယ်၌ အိန္ဒိယခေါင်းဆောင် ပဏ္ဍစ်နေရူးနှင့် ၃နာရီကြာ ဆွေးနွေးသည်။ မေလ ၂၈ ရက် ညနေ၄ နာရီ အချိန်၌ ပြည်သူ့ရဲဘော်တပ်ဖွဲ့ အားလုံးကို လောင်းဝစ် လမ်းဌာနချုပ် အဖွဲ့တည်ရာ ဌာန၌ သြ၀ါဒမိန့်ခွန်း ပေးသည်။ စက်တင်ဘာ ၂၆ ရက်တွင် ဘုရင်ခံ၏ အမှူဆောင် ကောင်စီ၌ ဒုသဘာပတိ အဖြစ် ရာထူးလက်ခံပြီး အစိုးရအဖွဲ့ အသစ်ကိုဖွဲ့သည်။ နိုဝင်ဘာလ ၂ ရက် မြစ်ကြီးနားရှိ တိုင်းရင်းသား ကချင်စစ်တပ်ကို စစ်ဆေးသည်။ နိုဝင်ဘာလ ၁၄ ရက်မှ နိုဝင်ဘာလ ၃၀ ရက်နေ့အထိ အထက်ဗမာပြည်သို့ ခရီးထွက်သည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကယားပြည်နယ် လွယ်ကော်မြို့၌ ကျင်းပသည့် ကရင်အမျိုးအသား နှစ်သစ်ကူးပွဲတော်သို့ တက်ရောက်သည်။ ဒီဇင်ဘာလ ၂၄ ရက် နံနက်တွင် တောင်ကြီးမြို့ ညောင်ရွှေဟော၌ စော်ဘွားများနှင့် ပထမဆုံးအကြိမ်ဆွေးနွေးသည်။
မတ်လ ၂၁ စစ်ကိုင်းမြို့တွင် တရားဟောသည်။ မတ် ၂၃ ရက် ညောင်ဦးမြို့တွင် တရားဟောသည်။ မတ်လ ၂၄ ရက် မကွေးမြို့တွင် တရားဟောသည်။ မတ်လ ၂၅ ရက် တွင် နတ်မောက်မြို့တွင် တရားဟောသည်။ မတ်လ ၂၇ ရက် အာလံ (အောင်လံ) တွင် တရားဟောသည်။ ထိုနေ့တွင်ပင် ရန်ကုန် ပြန်ရောက်သည်။ ဧပြီလ ၁ ရက်တွင် လေယာဉ်ဖြင့် စစ်တွေသို့ ခရီးထွက်သည်။ ထိုညနေတွင် ရေတပ်မတော်မှ စစ်သင်္ဘောဖြင့် မြေပုံမြို့သို့ ခရီးဆက်သည်။ ဧပြီလ ၂ ရက်နေ့တွင် စစ်တွေမှ ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်လာသည်။ ဧပြီလ ၄ ရက်တွင် အုတ်တွင်း တောင်ငူ ပျဉ်းမနားမြို့များတွင် တရားဟောသည်။ ဧပြီလ ၅ ရက်တွင် ပျော်ဘွယ်၊ တပ်ကုန်း၊ ရမည်းသင်းမြို့များတွင် တရားဟောသည်။ ဧပြီလ ၉ ရက်နေ့ ညနေ ၆ နာရီတွင် ဇနီးဖြစ်သူ ဒေါ်ခင်ကြည်နှင့် အတူ မဲရုံများသို့ လိုက်လံစစ်ဆေးသည်။ ရွေးကောက်ပွဲ ကျင်းပရာတွင် ဗိုလ်ချုပ်ဦးဆောင်သော ဖဆပလ အဖွဲ့သည် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိသည်။ ဧပြီလ ၁၂ ရက်နေ့ နေလယ် ၂ နာရီတွင် ဗီယက်နမ် နိုင်ငံကိုယ်စားလှယ် ပါမောက္ခ ရန်ပင်လော့နှင့် တွေ့ဆုံသည်။ ဧပြီလ ၁၇ရက် နေ့လည် ၁ နာရီတွင် ကန်တော်ကြီးစောင်း အိုရီယန့်ကလပ်၌ ယိုးဒယား အစိုးရနှင့် ဗီယက်နမ်အစိုးရ ကိုယ်စားလှယ်တော်များ ဧည့်ခံပွဲ တက်ရောက်ပြီး မိန့်ခွန်းပြောကြားသည်။ ဧပြီလ ၁၈ ရက်နေ့တွင် နှစ်သစ်ကူး မိန့်ခွန်းပြောကြားသည်။ ဧပြီလ ၂၈ရက်နေ့ မန္တလေးသို့ လာသည်။
မေလ ၄ ရက်နေ့တွင် ဗိုလ်ချုပ်နေအိမ်၌ ဖဆပလ ကိုယ်စားလှယ်များ ဆိုရှယ်လစ် ကိုယ်စားလှယ်များ၊ ပရသဖ ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပြီး နယ်များတွင် ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်များ မသင့်တင့်သည့် ကိစ္စများဖြေရှင်းပေးသည်။ မေလ ၆ ရက်နေ့ည ၈နာရီတွင် ပြည်လမ်း ပဲခူးကလပ်၌ မျက်နှာဖြူ ကုန်သည်ကြီးများ နှင့် ဆွေးနွေးသည်။ မေလ ၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ပသျူးအစိုးရ ကိုယ်စားလှယ်များဖြစ်သည့် ဒေါက်တာ ဘဟာနုဒင်နှင့် မစ္စတာ ဂျာဇန်ဇူလေမန်တို့ကို လက်ဖက်ရည်ပွဲနှင့် ဧည့်ခံသည်။ မေလ ၁၀ရက်နေ့ ညနေ ၃နာရီအချိန်တွင် သတင်းစာဆရာများကို အရေးပေါ် အစည်းအဝေးခေါ်ယူပြီး ဦးဘဖေကို ၀န်ကြီးအဖွဲ့မှ ထုတ်ပယ်သည့်ကိစ္စနှင့် စပ်လျဉ်းပြီး ရှင်းလင်း တင်ပြသည်။ မေလ ၁၂ရက်နေ့ည ၈နာရီတွင် အမေရိကန် သံအမတ် မစ္စတာ ပက်ကာ၏ နေအိမ်တွင် ကျင်းပသည့် ညစာစားပွဲသို့ တက်ရောက်သည်။ မေလ ၁၇ ရက်နေ့တွင် ယိုးဒယားဘုရင်ရဲ့ ဆွေတော်မျိုးတော်ဖြစ်သော မင်းသမီး ချန်ဘောနှင့် သမီးတော အာစီ မင်းသမီးတို့ကို တာဝါလိန်းနေအိမ်၌ ညစာဖြင့် ဧည့်ခံကျွေးမွေးသည်။ မေလ ၁၉ ရက်နေ့တွင် ဖဆပလ ပဏာမ ညီလာခံ ကျင်းပသည်။ မေလ ၂၅ ရက်နေ့တွင် ဗြိတိသျှရေတပ်မှ စစ်သင်္ဘော H.M.S FALE (ယခုစစ်ရေယာဉ် မေယု) အား ရေတပ်လက်ထောက် ဗိုလ်ချုပ် မစ်ချယ်က လွဲပြောင်းပေးသည်ကို အဆိုပါ သင်္ဘောပေါ်၌ပင် လက်ခံသည်။ မေလ ၃၀ ရက်နေ့တွင် သတင်းစာ ကွန့်ဖရန့်ပြုလုပ်သည်။ ဇွန်လ ၁၆ရက်နေ့တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး၌ အခြေခံဥပဒေနှင့် ပတ်သတ်သည့် လမ်းညွှန်ပြဌာန်းချက်ကို တင်သွင်းသည်။ ဇူလိုင်လ ၇ ရက်နေ့တွင် ဗမာပြည်ရှိ အိန္ဒိယ ငဋိညာဉ်ခံ ၀န်ထမ်းများ (I.C.S) နှင့် တွေ့ဆုံ ဆွေးနွေးသည်။ ဇူလိုင်လ ၁၃ရက် တနင်္ဂနွေနေ့ မြို့တော်ခန်းမမှနေပြီး လူထုသို့ မိန့်ခွန်းပြောကြားသည်။ ထိုမိန့်ခွန်းသည် နောက်ဆုံး ပြောကြားခဲ့သော မိန့်ခွန်းဖြစ်သည်။ ဇူလိုင်လ ၁၉ ရက် စနေနေ့ နံနက် ၁၀ နာရီ ၃၇ မိနစ်အချိန်တွင် မသမာသူလူတစ်စု၏ လုပ်ကြံမှုကြောင့် ကျဆုံးခဲ့သည်။ကျွန်တော် တို့ မြန်မာ နိုင်ငံ အတွက် အလွန်ဝမ်းနည်းဖို့ ကောင်းပါတယ်ဗျာ။ကဲ ကျွန်တော့ WebSite လေးကို အစဉ် တစိုက်ဖတ်ရှုပေးသော စာဖတ်ပရိတ်သတ်များ အားလုံး ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။
အောင်ဆန်းဇာနည်
ဖေဖေါ်ဝါရီ ဆယ်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာ တစ်ဆယ်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး၊
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား၊
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
မွေးဖွားရာအချိန်နှင့် ဇာတိ
1) မခင်ညွှန့် (လယ်ဝန်ကတော်) ကွယ်လွန်
2) မ၀က် (အိပ်ထောင်မပြု) ကွယ်လွန်
3) မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်နဲ့ အတူလုပ်ကြံခံရ)
4) မရွှေမှန် (ငယ်စဉ်ကကွယ်လွန်)
5) မောင်နေအောင် (အမိန်တော်အရရှေ့နေ ကွယ်လွန်)
6) ခုနှစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်း ကွယ်လွန်)
7) ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ်) ကွယ်လွန်
8) ဗိုလ်ချုပ်အောင်ဆန်း တို့ဖြစ်ပါတယ်။
နိုင်ငံအတွက်လှုပ်ရှားခဲ့မှုများ
ဗမာ့ထွက်ရပ်ဂိုဏ်းကြီးကို ထူထောင်ရာမှာလည်း ပါဝင်ခဲ့ပြီး အဲဒီအဖွဲ့ကြီးက ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်းဖြစ်ပြီး ဗိုလ်ချုပ်က အဲဒီမဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးမှုး ဖြစ်လာခဲ့ပါတယ်။ မကြာခင်မှာပဲ ဗိုလ်ချုပ်က ပြည်သူ့တော်လှန်ရေးပါတီကို ထူထောင်ရာမှာ ပါဝင်ခဲ့ပါသေးတယ်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းမှာ အဲဒီအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လမှာတော့ အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့ပေမယ့် အစိုးရက ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တဲ့အတွက် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ရပြီး နောက်ဆုံးမှာတော့ နိုင်ငံရပ်ခြားကို ပြေးခဲ့ရပါတယ်။ စစချင်းမှာ ဗိုလ်ချုပ်ကတရုတ်ပြည်သို့သွားပြီး ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့ကိုအမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာသွားရန် တိုက်တွန်းခဲ့ပါတယ်။
၁၉၄၅ ခုနှစ် ဖေဖေါ်ဝါရီမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဂျပန်ကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ဖူမီမာရိုကိုနိုး အစိုးရဆီက လက်နက်နဲ့ ငွေကြေးထောက်ပံမယ်ဆိုတဲ့ ကတိရလာခဲ့ပါတယ်။ အဲ့ဒီနောက် စစ်သင်တန်းတက်ဖို့ ရဲဘော်သုံးကျိတ် အဖွဲ့ဝင်တွေနဲ့ ဂျပန်ပြည်ကို ခဏပြည်လည် ထွက်ခွာသွားခဲ့ပါတယ်။ ၁၉၄၂ ခုနှစ် မတ်လမှာ မြန်မာနိုင်ငံရဲ့မြို့တော် ရန်ကုန်ဟာ ဂျပန်တို့ လက်အောက်သို့ ကျရောက် သွားခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်နေ့မှာ ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေးကို ကြေညာပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ဗိုလ်ချုပ်ရဲ့တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမယ့် ဂျပန်တို့နဲ့ပူးပေါင်းမှုကတော့ ကြာကြာတော့မခံလိုက်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်များပြောတယ့် လွတ်လပ်ရေးဆိုတာကို သံသယဝင်လာတဲ့အပြင် ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေး ကိုလည်း မနှစ်မြို့ခဲ့ပါဘူး။ ဂျပန်တပ်များ မဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင် သတိပေးခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင်များဖြစ်တဲ့ သခင်သန်းထွန်း၊ သခင်စိုးတို့၏ အကူအညီနဲ့ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဘီအင်အေတပ်ကို ဦးဆောင်ပြီး ဂျပန်ကျူးကျော်သူများကို မဟာမိတ်တို့နဲ့ ပူးပေါင်းပြီး တိုက်ထုတ်ခဲ့ပါတော့တယ်။ ဒါကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် စစ်အစိုးရမှ တပ်မတော်နေ့လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်ုးရဲ့မိသားစု
ဗိုလ်ချုပ်မကွယ်လွန်ခင်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ တော်တော်များများကို ရေးသားခဲ့ပါတယ်။ ဗိုလ်ချုပ်ရေးသားခဲ့တဲ့ စာတွေကလည်း ဖတ်ရင် တိကျရှင်းလင်းပြီး ပေါ်ပေါ်လွင်လွင် ဖြစ်အောင် ရေးသားထားတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်က ‘တကမ္ဘာ လုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံ လိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီး ဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့ အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာ ဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ လို့ ပြောကြားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ အနိုင်မခံဆိုတဲ့ ကဗျာကိုလည်း ၁၉၃၆ ခုနှစ် အိုးဝေမဂ္ဂဇင်းရဲ့ အတွဲ ၆ အမှတ် ၁ တွင် ရေးသား ခဲ့ပါ သေးတယ်။
ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓါတ်ကို ဖန်တီးပေးသည် နတ်သိကြားတို့အား ငါ ကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ခုပ်တွင်းသိုပ
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒါဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်
ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အားမတုန်လှုပ်သည်ကိုတွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ့ရအံ့။
သုဂတိသို့ သွားရာတံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကားဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း။
ဒီတစ်ခါတော့ သူငယ်ချင်းတွေ နည်းပညာချည်း ဖတ်နေရတာ ပျင်းနေမှာ စိုးလို့ကျွန်တော်က အသစ်အဆန်းလေး အနေနဲ့ စက္ကူလေးတွေကို ဖြတ်ညှပ်ကပ်လေး လုပ်ပြီး မိမိတို့စိတ်တိုင်းကျ ပုံဖော်ကြည့်ကြအောင်လို့ ကျွန်တော်က နမူနာဓာတ်ပုံလေးတွေ တစ်ချို့ တင်ပေးထားပါတယ်ဗျာ။
ကြိုးစားလျက်……..!
(Yekyawphyo)
ဒါကိုဖတ်ပြီးမှ အလုပ်သွားလျှောက်ပါ (သို့) အင်တာဗျူးဝင်ပါ
(၁) လာလျှောက်တဲ့သူတွေက အခုမှကွန်ပျူတာ သင်တန်းကဆင်းလာပြီး ရုံးလုပ်ငန်းကို ဦးတည်ပြီး လာလျှောက်တာ။ ဒါကြောင့် ကျွမ်းကျင်အဆင့် မဟုတ်ကြဘူး။
(၂) သိရမှာက အခုမှ ကွန်ပျူတာသင်တန်းဆင်းတာမို့ မကျွမ်းကျင်တာကို အလုပ်ရှင်ဘက်ကသိတယ်။ ဒါကခွင့်လွှတ်လို့ရတယ်။ အလုပ်ထဲရောက်မှ တွဲခေါ်ဆွဲခေါ်လို့ရတယ်။ ခက်တာကလာလျှောက်တဲ့သူဟာ Neat မဖြစ်တာပဲ။ စလာကတည်းက ဘာမှမမေးရသေးဘူး။ ဆရာ စာတွေက နည်းနည်းမေ့နေပြီဆိုတာတို့၊ တခါတလေ တောင်ပြော၊ မြောက်ပြော၊ ခြုံပြောရရင် Confident မဖြစ်ဘူးပေါ့ဗျာ။ ချွေးပြန်နေတာပေါ့။ ဒါတွေကို သတိထား။
(၃) အဓိက လိုချင်တာ အခြေခံကောင်းဖို့ပဲ။ အင်တာဗျူးလုပ်တဲ့သူက ဒီအချိန်မှာကြည့်တာက ဒီလူကို အလုပ်ခန့်လိုက်ရင် ဒီလူဟာ သင်ပေးရင်တတ်ပါ့မလား။ အလုပ်မှာ လိုက်နိုင်ပါ့မလား။ ဆွဲတင်ရင် ရပါ့မလား။ ဒါကိုကြည့်နေတာ။
(၄) ကားတော့မောင်းတတ်တယ်။ ဂီယာတော့ မထိုးတတ်ဘူး ဆိုသလိုမလုပ်နဲ့။ သူကဒီလို ဂီယာထိုးပေး၊ ဂီယာပြောင်းပေး၊ သူကတော့စတီယာတိုင်ကိုင်ပြီးမောင်းမယ်။ ဒါမျိုးကို ကားမောင်းတတ်တယ် ဘယ်ခေါ်ပါ့မလဲ။ ကားမှာ ဂီယာက အဓိကပဲ။ အဲ့ဒီလိုပဲ။ စာတော့ ရိုက်တတ်တယ်။ ဒါပေမယ့် ဟိုဟာတွေပေါ်လာ ဒီဟာတွေပေါ်လာ မလုပ်တတ်တော့ဘူး။ အဲ့ဒီမှာ ချွေးပြန်တာ။ ဒီမေးခွန်းကို ကြည့်ထားတာ။ မေးခွန်းလှည့်လိုက်တော့ မဖြေတတ်တော့ဘူး။ အဲ့သလိုမျိုး။ အဲ့ဒီမှာတင် အလုပ်မရကြဘူး ဖြစ်တာပါ။
(၅) ဒီတော့ အခုဒီစာအုပ်ရဲ့အပိုင်း(၁)မှာ ကွန်ပျူတာနှင့် ပတ်သက်တဲ့ အခြေခံအကြောင်းတရားတွေ သင်ပေးမှာ ဖြစ်ပါတယ်။ ဘာပဲလုပ်လုပ် အခြေခံပိုင်အောင်လုပ်ပါ။ ကျွမ်းကျင်မှုဆိုတာ ရင်းနှီးဖန်များလာရင် ဖြစ်လာပါလိမ့်မယ်။ အဓိကက အခြေခံပိုင်ဖို့ပါပဲ။ ဒါကြောင့် ကွန်ပျူတာကို မကျွမ်းကျင် မရင်းနှီးသေးသူများ အခုမှ ကွန်ပျူတာဖြင့် ပထမဦးဆုံး အလုပ်ဝင်မည့်သူများ၊ ကွန်ပျူတာ အခြေခံကောင်းလိုသူများ ယခု အပိုင်း(၁) သင်ခန်းစာကို မမှိတ်မသုန် ဖတ်ပါလေတော့။
ဒါအရေးကြီးဆုံးပဲ
အထူးမှာကြားချင်တာကတော့ ကွန်ပျူတာဖြင့်ပထမဦးဆုံး အလုပ်ဝင်တဲ့သူများ ခင်ဗျား – သင်တို့ရဲ့ လုပ်ငန်းမှာလုပ်ရမယ့် သုံးရမယ့် ကွန်ပျူတာ Software တွေဟာ သင်တန်းက သင်ပေးတဲ့ Software တွေ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ ဒါအရမ်းကို အရေးကြီးပါတယ်။
ကွန်ပျူတာသင်တန်းတွေမှာ ပုံမှန်အားဖြင့်
(၁) Windows Operating System
(ကွန်ပျူတာ ဖွင့်တတ် ပိတ်တတ်၊ Software တွေထဲ ဝင်တတ် ထွက်တတ်အောင်)
(၂) Microsoft Word (ရုံးစာတွေ ရိုက်တတ်အောင်)
(၃) Microsoft Excel (ရုံးကစာရင်းဇယားတွေ ဆွဲတတ်အောင်) စသည်ဖြင့် Course တွေဖွဲ့စည်းပြီး သင်ကြပါတယ်။
အဲ့သလို သင်တန်းလာတတ်တဲ့နေရာမှာ သင်တန်းသားတွေဟာ သင်ခန်းစာကို ကောင်းစွာ မမှတ်တတ် ကြပါဘူး။ ဒါကို ဆရာဘက်ကလည်း ဗွေယူလို့ မရပါဘူး။ ကျွန်တော်ကတော့ (ပြောရရင် ကိုယ့်ကိုကိုယ် ဖော် မသူတော် ဖြစ်တော့မယ်) စာသင်ရင် ကျွန်တော့်ကို ဘယ်လိုပဲ ဝေဖန်ပါစေ နလပိန်းတုံးကအစ နားလည်အောင် ‘ကကြီးရေက’ က စသင်တယ်။ ဥပမာ ဒီနေ့သင်မှာကတော့ Microsoft Word ဖြစ်ပါတယ်။ Microsoft Word ဆိုတာကတော့ကနေ အစချီပြီးပြောရရင် ဒီ Microsoft Word အသုံးပြုပုံကို မသင်ခင်မှာ Microsoft Word ဆိုတာ အဖြူကြီးလား၊ အမဲကြီးလား သဲကွဲအောင် ကျောင်းသားကို ပြောရတယ်။ မဟုတ်လို့ကတော့ သင်တန်းသားဟာ သင်ခန်းစာကို လုပ်တတ်လား။ လုပ်တတ်တယ်။ ဒါပေမယ့် ဘာကို ဦးတည် သင်သွားမှန်း မသိလိုက်ဘူး။ အဲ့ဒါ Point ပဲ။ အဲ့ဒီမှာ ကျောင်းသားဟာ အခြေခံ အားနည်းသွားပြီ။ လေ့လာတယ်ဆိုတာဘဝမှာ ဘယ်တော့မှ မပြီးဆုံးဘူး။ ဒါပေမယ့် အဲ့ဒီသင်တန်းသားဟာ အခြေခံ အားနည်းသွားတာကြောင့် Future Studies ဆက်လုပ်ဖို့ ခက်သွားတယ်။ သူ့ဘဝဟာ ရုံးစာရေးဘဝနှင့်ပဲ ပြီးသွားလိမ့်မယ်။ (နောက်ပြောရရင် အင်းလေ ဒီလိုလူမျိုးလည်းရှိဦးမှပေါ့) မှန်ပါတယ်။ ဒါပေမယ့် အဲ့ဒီထဲမှာ ကိုယ်မပါစေနဲ့ပေါ့။ မပါချင်ဘူးဆိုရင် သေချာဆက်ပြီး ဖတ်ကြည့်ပါဦး။
နောက်တစ်ခုက ကျွန်တော်က သင်္ဘောသားမို့ပါ။ သင်္ဘောပေါ်မှာ Marine Program တွေသုံးဖို့ ကွန်ပျူတာ ဘာတက်ရမှန်း မသိဘူး။ ဒါမျိုး။ နောက်တစ်ခါ ကျွန်တော်က Musicတွေ ဖန်တီးမှာ ကွန်ပျူတာအခြေခံ တတ်မယ်။ ဒါပေမယ့် စာရိုက်တာတွေ၊ စာရင်းဆွဲတာတို့က ကျွန်တော်နှင့်မှ မဆိုင်ဘဲ စသဖြင့် ကြုံတွေ့ရပါတယ်။ မည်သို့ပင် ဖြစ်စေကာမူ ကွန်ပျူတာ အခြေခံမှာတော့ စာရိုက်တာ၊ စာရင်းဆွဲတာ ပါစမြဲပါပဲ။ ဒါကဒီလိုဗျ။ ဒီ စာရိုက်တာ၊ စာရင်းဆွဲတာကို သင်နေရင်း သင့်ကို ကွန်ပျုတာနှင့် ကျွမ်းဝင်အောင် လုပ်သွားတာ။ ဒါကို လူတွေက သတိမထားမိကြဘူး။ စာရိုက်ဆိုရိုက်တာပဲ။ လေ့ကျင့်ခန်းလုပ်ဆို လုပ်တာပဲ။ အချိန်တန် သင်တန်းလည်းဆင်းရော အဓိကကျတဲ့အချက်တွေ မလေ့လာမိတဲ့သူဟာ ကွန်ပျူတာကိုင်တွယ်ခြင်း ဝေးလာတာနှင့်အမျှ ကွန်ပျူတာကို ကြောက်လာတတ်ပါတယ်။
ဒါကြောင့် ခုနက ပြောခဲ့ပြီးတဲ့အတိုင်း ကွန်ပျူတာ သင်တန်းဆင်းပြီး အလုပ်ဝင်ရင် လုပ်ငန်းခွင်မှာ သုံးရမယ့် Software ဟာ သင်တန်းမှာ သင်ခဲ့ရတဲ့ Software ဖြစ်ချင်မှဖြစ်မယ်။ ကိစ္စမရှိဘူး။ ကွန်ပျူတာသင်ခဲ့တုန်းက အဓိက Point တွေသိခဲ့ရင် လုပ်ငန်းခွင်မှာ ဘယ် Software ပဲသုံးသုံး သူဟာပြပေးလိုက်တာနှင့်ကို လုပ်တတ်သွားမယ်။ တနည်းအားဖြင့် ကိုယ်လုပ်ရမယ့် အလုပ်မှာသုံးတဲ့ Software ဟာ အခုသင်တန်းမှာ သင်တဲ့ Word တို့ Excel တို့ မဟုတ်လည်း ကိစ္စမရှိဘူး။ အဲ့ဒီဟာက Software မဟုတ်ဘူး။ ကွန်ပျူတာရဲ့အခြေခံကို ရသွားဖို့။ ဒါသိပ်အရေးကြီးတယ်။ ဥပမာ- Auto CAD ဒါကျတော့ Specialized ဖြစ်သွားပြီး Auto CAD ကို လာသင်တာ။ ဒီ Auto CAD ကြီးကို ရကိုရသွားရမှာ။ နောက် Photoshop ဒါလည်း Specialized ပဲ။ Photoshop သင်တန်းလာတက်တယ်။ Photoshop ကို ရကိုရသွားရမယ်။ ခုမှ ကွန်ပျူတာစတက်တယ်။ အခြေခံကျတော့ သူကဘာရယ်လို့ ဦးတည်သေးတာ မဟုတ်သေးဘူး။
ဟုတ်ကဲ့ခင်ဗျာ။ ကျွန်တော် မရှင်းလို့မေးပါရစေ။ Word ဆိုတာ စာရိုက်တာ၊ Excel ဆိုတာ စာရင်းဆွဲတာ ဒါဦးတည်တာပဲ မဟုတ်လား။ ဒီလိုဗျ။ တကယ်တမ်းကျတော့ ကွန်ပျူတာနှင့် စာရိုက်တယ်၊ စာရင်းဆွဲတယ်ဆိုတာ သိပ်ကြီးကျယ်တဲ့ ကိစ္စမဟုတ်ဘူးဗျ။ ဒီမှာသာ သင်တန်းတွေ ဘာတွေနဲ့ ဖြစ်နေတာ။ နောက်ဆို စာရိုက်တာ၊ စာရင်းဆွဲတာတို့ဆိုတာ ကျောင်းသားဘဝထဲက လုပ်တတ်လာကြတော့မှာ။ ဒီတော့ကား ဒီနေ့ခေတ်မှာ ကွန်ပျူတာ စာရိုက်၊ စာရင်းဆွဲသင်တန်းတက်ပြီး အလုပ်ဝင်တဲ့ကိစ္စက သိပ်ထူးဆန်းတဲ့ကိစ္စ မဟုတ်ဘူး။ ဘယ်သူပဲဖြစ်ဖြစ် ကွန်ပျူတာတတ်ကို တတ်ရတော့မှာ။ ကိုယ်က ကွန်ပျူတာသမားမို့ ဆွဲပြောတာ မဟုတ်ဘူး။ ဒီတော့ကား ကိုယ်က ကွန်ပျူတာ အခြေခံတက်တယ်ဆိုတာ အခြေခံကို ရကိုရသွားမယ်။ ဘိုလိုပြောရင် Concept ပေါ့ဗျာ။ မဟုတ်ဘဲ သင်တန်းကပေးတဲ့ လေ့ကျင့်ခန်းလောက် လုပ်တတ်ရုံဆို သင်ဟာ အခြေခံမခိုင်ဘူး။ လုပ်ငန်းရောက်တော့ Word, Excelတို့နှင့် မတွေ့ရဘဲ-
(၁) ကွန်ပျူတာဈေးရောင်းစနစ် (POS – Point of Sale)
(၂) အရောင်းသွင်းစနစ် (Daily Sale Data Input)
(၃) ကုန်လက်ကျန်ထိန်းချုပ်ခြင်း (Stock/Inventory Control System)
ပြောရင်တော့ အများကြီးပေါ့ဗျာ။ အဲ့သလို System/Software တွေနှင့်တွေ့တဲ့အခါကျ ကျွန်တော်၊ ကျွန်မတို့ ဒါတွေကို သင်တန်းမှာ မသင်ခဲ့ရလို့ မဖြစ်နဲ့။ ဒါမျိုးက ဘယ်သင်တန်းမှ မသင်ဘူး။ ဒါပေမယ့် သင်ဟာ ကွန်ပျူတာ အခြေခံရထားပြီးသားဆို အဆင်ပြေပြီ။ သူတို့ လုပ်ငန်းထဲရောက်မှ သင့်ကို Training ပြန်ပေးလိမ့်မယ်။ နိဂုံးချုပ် မှာကြားချင်တာကတော့ စာရိုက်တတ်ရုံ၊ စာရင်းဆွဲတတ်ရုံတင်မကဘဲ ကွန်ပျူတာရဲ့အခြေခံ သဘောသဘာဝကို နားလည်ဖို့ အဓိကကျကြောင်း ပြောကြားလိုပါတယ်။
ဒီသင်ခန်းစာကတော့ ကွန်ပျူတာ၏ အခြေခံ အကြောင်းတရားများကို ပြောပြပေးမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် ကွန်ပျူတာ အခြေခံသင်တန်းတက်ထားပြီးတဲ့သူတစ်ယောက်ဟာ သူဟာ ဘာတွေကိုတော့ဖြင့် မဖြစ်မနေ သိထားရမယ်ဆိုတဲ့ အကြောင်းတွေကို ပြောပြထားတာ ဖြစ်ပါတယ်။ အလုပ်လျှောက်ဖို့၊ အင်တာဗျူး ဝင်ဖို့ဆိုတဲ့သူများဟာ ဒီသင်ခန်းစာမှာရှိတဲ့အကြောင်းတရားများကို လေ့လာပြီးမှ သွားစေချင်ပါတယ်။ ဆိုလိုတာက အခုဒီသင်ခန်းစာမှာ ပြောပြထားတဲ့ အကြောင်းအရာတွေကို မလုပ်နိုင်မချင်း အလုပ်သွားမလျှောက်နဲ့ဦး။ အင်တာဗျူး မဝင်နဲ့ဦး။ ကိုယ့်ဘက်က ပိုင်ပြီဆိုမှ အလုပ်လျှောက်တော့ လုပ်ငန်းခွင်မှာ အမှားနည်းတာပေါ့။ ဒါမှ မဟုတ်လည်း အလုပ်လျှောက်ဆဲမှာ မရခင်စပ်ကြား အခုပြောပြမယ့် အရည်အချင်းတွေကို ကျွမ်းကျင်အောင် လုပ်ထားပေါ့။ နောက်ပြီး အခုခေတ်လူငယ်တွေဟာ ကွန်ပျူတာအခြေခံသင်တန်းသွားသာ တက်တာ။ တက်ပြီးသွားရင် ကိုယ့်ဆီမှာ ဘာတွေကျန်ခဲ့ရမယ်ဆိုတာ မသိဘူး။ သင်တန်းဆိုတာကတော့ အားလုံးစေတနာအပြည့်နှင့် သင်ကြတာပဲ။ ဘယ်သင်တန်း ဘယ်ဆရာမဆို ဆရာစိတ်ရှိကြတာပေါ့။ ဒါပေသိ ကျောင်းသားက Learning လုပ်တတ်ရတယ်။ မဟုတ်ရင် တနည်းအားဖြင့် သင်ခန်းစာထဲက ဘယ်အချက်ကတော့ဖြင့် တရေးနိုးထမေး လည်း သိရမယ်။ ဘယ်အချက်ကတော့ဖြင့် များများလေ့ကျင့်ရမယ်။ ဘယ်အချက်ကတော့ဖြင့် ဗဟုသုတ မှတ်ထားရမယ်။ ဒါမျိုးဆွဲ မထုတ်တတ်ရင် သင်တန်းတက်ပြီး ဟိုဟာကျ နည်းနည်းရတယ်။ ဒီဟာကျ နည်းနည်းရတယ်။ ခြုံကြည့်ရင် သူက စပ်ဆက်မှုမရှိဘူး။ ဒီတော့ကား ကျွန်တော်က ကြားက ဝင်စေ့စပ်ပေးတဲ့သဘော။
အောက်ပါ ကြယ် ၅ လုံးပါ အချက် (၉) ချက်တွေကိုတော့ဖြင့် ရကိုရထားရမယ်။ ဒီတော့ လိုအပ်တာ တွေလည်း ဒီမှာ သင်ထားပေးမယ်။ ကျန်တာက ကိုယ့်ဘာသာကိုယ် Tick လုပ်ထား။ အခုပြောတဲ့အချက်ထဲက ငါကတော့ဖြင့် ဘယ်အပိုင်းကို ရသွားပြီ။ ဘယ်အပိုင်းကိုတော့ဖြင့် စတင် လေ့ကျင့်တော့မယ်။ ဒါမိုး အဲ့လေ။ ဒါမျိုးဖြစ်ရမယ်။ မဟုတ်ရင် အလုပ်ရှင်နှင့် ဝန်ထမ်းကြား အလုပ်က မတွင်ကျယ်ဘူး။ ကိုယ်ကလည်း ကိုယ်လုပ်ရမယ့်အလုပ်မှာ ကျွမ်းကျင်တော့ လုပ်ငန်းခွင်မှာ ပျော်လာလိမ့်မယ်။ အဓိက က လုပ်အားခပိုက်ဆံရရုံနှင့် မပြီးသေးဘူး။ အလုပ်မှာ ပျော်ဖို့လိုသေး တယ်။
အားလုံးအတွက် အဆင်ပြေကြပါစေ
Website ဆိုတာ ဘာလဲ ?
Website ဆိုတာ နည်းပညာပိုင်းအရ ဖန်တီးတည်ဆောက်ထားတဲ့ Internet ပေါ်က နေရာလေးတစ်ခု ဖြစ်ပါ တယ်။ Web Page တွေ ပေါင်းစပ်စုစည်း ထားတာကို Website လို့ခေါ်ပါတယ်။ Website တွေကိုဝင်ရောက် ကြည့်ရှုနိုင်ဖို့အတွက် Internet Connection သာ လိုအပ်ပါတယ်။ ယခုအချိန်မှာ Internet သုံးစွဲသူ အရေ အတွက်ဟာ တစ်နေ့တခြား တိုးပွားလာနေပါတယ်။ Website တစ်ခုဟာ ဘာနဲ့တူသလဲ ဆိုရင် ကုန်ပစ္စည်း ထုတ်လုပ်တဲ့ လုပ်ငန်းတွေအတွက် Show Room တစ်ခုပမာ၊ ကုန်ပစ္စည်း ရောင်းချတဲ့ သူတွေအတွက် ဆိုင် ခန်းတစ်ခုပမာ၊ ဘဏ်လုပ်ငန်းများအတွက် Branch တစ်ခုပမာနှင့် အခြားသော လုပ်ငန်းများအတွက် ရုံးခန်း၊ Reception တစ်ခုပမာ ၂၄နာရီ၊ ပိတ်ရက်မရှိ ဆောင်ရွက်ပေးနေမှာ ဖြစ်ပါတယ်။
Internet ဆိုတာ ဘာလဲ ?
Internet ဆိုတာဘာလဲဆိုတော့ ကမ္ဘာပေါ်မှာရှိတဲ့ ကွန်ပျူတာတွေအားလုံးကို နည်းပညာအရ ချိတ်ဆက် ထားခြင်းဖြစ်ပါတယ်။ Internet Connection ရှိတယ် ဆိုတာကတော့ မိမိရဲ့ ကိုယ်ပိုင် Computer ကို ၎င်း Computer တွေနဲ့ ချိတ်ဆက်ထားခြင်းသာဖြစ်ပါတယ်။ Internet Connection သာ ရှိထားပြီဆိုရင် သင် ၀င်ရောက်ကြည့်ရှုချင်တဲ့ Website ရဲ့ Domain Name ဖြင့် ၀င်ရောက်အသုံးပြုနိုင် မှာဖြစ်ပါတယ်။
Domain Name ဆိုတာ ဘာလဲ ?
Domain Name ဆိုတာက ကမ္ဘာပေါ်မှာရှိတဲ့ (တစ်နည်းအားဖြင့် Internetပေါ်က) Website တွေရဲ့ ကိုယ်ပိုင် နာမည်လိပ်စာတွေပါ။ တစ်ခုနဲ့တစ်ခု မတူညီရအောင် နည်းပညာပိုင်းအရ ဖန်တီးထားသလို၊ ရှိပြီးသား Domain Name ဖြင့်လည်း Website အသစ်တစ်ခု ဖန်တီးယူလို့မရပါဘူး။ ဥပမာ http://www.google.com ဖြင့် သင် Website တင်ချင်လို့ မရသလိုပါပဲ။ Google က အပိုင်ဝယ်ထားလို့ ဖြစ်ပါတယ်။ ဒါကြောင့် သင့်ကိုယ်ပိုင် Website အတွက် ကိုယ်ပိုင် Domain Name ဟာ အမှန်တကယ် အရေးပါအရာရောက်လှပါတယ်။
ဘာကြောင့် Website တစ်ခု ရှိထားသင့်သလဲ ?
ဘာကြောင့်လုပ်သင့်သလဲဆိုတော့ စီးပွားရေးရှုထောင့်ကပဲကြည့်ကြည့်၊ နည်းပညာရှုထောင့်ကပဲကြည့်ကြည့် အကျိုးအမြတ်တွေ ရယူနိုင်လို့ပါပဲ။ ကမ္ဘာပေါ်မှာ Internet Website သန်းပေါင်း တစ်ရာကျော်ရှိနေခြင်းဟာ ၎င်းတို့အတွက် သေချာတဲ့အကျိုးအမြတ် တစ်စုံတစ်ရာရှိနေခြင်းကို ဖော်ပြနေ ခြင်းပဲဖြစ်ပါတယ်။ ကိုယ်ပိုင် Website ရှိတဲ့လုပ်ငန်းဟာ မရှိတဲ့ လုပ်ငန်းထက် တစ်ပန်းအသာရတာ အမှန်ပါပဲ။ တကယ်လို့များ သင့်ပြိုင် ဘက်တွေက Website ရှိပြီး သင့်လုပ်ငန်းမှာကျတော့ Website မရှိသေးဘူးဆိုရင် သင်ဘာလုပ် မလဲ။ ဒါဟာ ကိုယ်ပိုင် Website တစ်ခု ဘာကြောင့်ပြုလုပ်သင့်သလဲ ဆိုတာပါပဲ။
ဘာလို့ Internet Website တွေ ခေတ်စားလာရတာလဲ ?
Website တစ်ခုဟာ Customer တွေအတွက် ၀င်ရထွက်ရ လွယ်ကူသလို ကုန်ပစ္စည်းနဲ့ ပတ်သက်တာတွေ၊ လိုချင်တဲ့ သတင်းအချက်အလက်တွေကို စိတ်လွတ်လက်လွတ် ရှာဖွေကြည့်ရှုနိုင်တဲ့အတွက်ပဲဖြစ်ပါတယ်။ သွားရလာရတာမရှိတော့တဲ့အတွက် ကုန်ကျစရိတ် သက်သာတယ်။ လူတွေနဲ့ ပြောဆိုဆက်ဆံရတွေ မရှိ တော့တဲ့အတွက် စိတ်အလိုမကျတာတွေ မရှိတော့ဘူး။ လိုချင်တဲ့ သတင်းအချက်အလက်တွေကို ရယူနိုင် တယ် (Website ပေါ်မှာရှိတဲ့ သတင်းအချက်အလက်တွေကတော့ တိကျဖို့လိုအပ်ပါတယ်)။
Website တွေ ဘာဖြစ်လို့ မအောင်မြင်ကြတာလဲ ?
Website တစ်ခု ဘာလို့ ကျရှုံးရသလဲဆိုတော့ အဓိကအကြောင်းအရာကတော့ တစ်ခုပဲရှိတယ်။ သတင်း အချက်အလက်တွေကို တိတိကျကျ မရယူနိုင် တဲ့အတွက်ပဲဖြစ်ပါတယ်။ ဘာကြောင့် အဲသည်လိုဖြစ်ရသလဲ ဆိုတော့ Website ရဲ့ ပိုင်ရှင်တွေကိုယ်တိုင်က Website တစ်ခုကို သူတို့ရဲ့ အခြား Show Room၊ ဆိုင်ခန်း၊ ရုံးခန်းတစ်ခု အဖြစ် အမှန်တကယ် မရှုမြင်ထားလို့ပဲဖြစ်ပါတယ်။ တစ်ခါလုပ်ပြီး ပစ်ထားတဲ့ Website နဲ့ အမြဲ တမ်းဆန်းသစ်နေတဲ့ Website ဘယ်ဟာက Customer တွေကို အထောက်အကူ ဖြစ်စေမလဲ? အခြားကျရှုံး ရတဲ့အကြောင်းကတော့ Customer တွေ နားလည်ရလွယ်ကူအောင် မလုပ်ထားတာ၊ Use-to မဖြစ်တာပါပဲ။
Website တစ်ခုမှာ Information ပြည့်စုံတာနဲ့ Design သေသပ်လှပတာနဲ့ ဘယ်အရာက ပိုအရေးပါလဲ…?
သတင်းအချက်အလက် တိကျတာနဲ့ ဒီဇိုင်းအပြင်အဆင်ကောင်းတာ ဘယ်ဟာက ပိုပြီး အရေးပါသလဲဆိုတော့ သတင်းအချက်အလက် တိကျတာက ပိုအရေးပါ အရာရောက်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အကျအန ပြင်ဆင်ထားပြီး ဆက်ဆံရေးမကောင်းတဲ့၊ အရောင်းအ၀ယ် မလုပ်တတ်တဲ့၊ ဆက်ဆံရေးမပြေပြစ်တဲ့ Show Room၊ ရုံးခန်းတစ်ခုလိုပါပဲ။ အပြင်အဆင်က အရေးပါသလို၊ သတင်းအချက်အလက် တိကျသေချာဖို့ ပိုပြီး တော့ အရေးပါလိုအပ်ပါတယ်။ နှစ်ချက်စလုံးကို ပြီးပြည့်စုံအောင် ဆောင်ရွက်ထားနိုင်ဖို့ လိုအပ်ပါတယ်။
သင့် Website ရဲ့ Address ကို သင့် Customer တွေ ဘယ်လိုသိနိုင်မလဲ ?
သင့် Website ရဲ့ Address (Domain Name)ကို Customer တွေသိရှိစေဖို့အတွက် သင့်ရဲ့လိပ်စာကဒ်၊ ဆိုင်းဘုတ်တွေ အပါအ၀င် ကြော်ငြာတွေ၊ လက်ကမ်းစာစောင်တွေ၊ Voucher တွေ၊ ကုန်ပစ္စည်းတွေမှာ ထည့်ထားနိုင်ပါတယ်။ Customer တွေနဲ့ ရင်းနှီးနိုင်သမျှ ရင်းနှီးလာအောင် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ Search Engine တွေမှာ ရှာတွေ့နိုင်အောင် စီစဉ်ထားဖို့ပဲ ဖြစ်ပါတယ်။
သင့် Website ကို ဘယ်လိုဖန်တီးထားသင့်သလဲ ?
သင့်ရဲ့ Website ကို Show Room ဒါမှမဟုတ် ရုံးခန်းလို့ သင်သဘောထားမယ်ဆိုရင် သင့် Website ရဲ့ အပြင်အဆင်၊ နေရာချထားမှုတွေ ဘယ်လောက်အရေးပါသလဲဆိုတာ သင်နားလည်ပါလိမ့်မယ်။ ဒါကြောင့် အရောင်ရွေးချယ်မှုကအစ သတင်းအချက်အလက်တွေ အားလုံးကို စနစ်တကျ အစီအစဉ်ကျနစွာနှင့် မှန်ကန်တိကျစွာ ဖော်ပြပေးထားရမှာဖြစ်ပါတယ်။ Customer တွေ အလွယ်တကူ နားလည်လွယ်အောင် ဖန်တီးထားရမှာဖြစ်ပါတယ်။ ပြင်ပလောကမှာ Show Room၊ ဆိုင်ခန်းတစ်ခု တည်ဆောက်ပြီးသွားရင် ၀န်ထမ်းရေးရာကအစ နေ့စဉ်နှင့်အမျှ ထိန်းသိမ်းပြုပြင်စရာတွေ အများကြီးရှိပေမယ့် Website တစ်ခုမှာတော့ အဲဒီလောက် မလိုအပ်တော့ပါဘူး။ အရေးအကြီးဆုံးတစ်ချက်ကတော့ ပုံမှန် Update လုပ်သွားဖို့ပါပဲ။ သင့် Website အပေါ် Customer တွေက စိတ်ဝင်စားမယ့်အပြင် ယုံကြည်စိတ်ချလာမှာ ဖြစ်ပါတယ်။
Website တစ်ခု ဘယ်လိုတင်လို့ရလဲ? Website တင်တယ်ဆို ဘာလဲ ?
ကိုယ့်ရဲ့ Website ကို ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ Internet User တွေ ကြည့်ရှုနိုင်ဖို့အတွက် Web Server တွေဆီမှာ Host လုပ်ရပါတယ်။ တစ်နည်းအားဖြင့် နေရာယူရပါတယ်။ အဲဒီလိုနေရာယူဖို့အတွက် Web Hosting Service ပေးတဲ့ Company၊ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ဝယ်ယူနိုင်ပါတယ်။ Web Hosting Service ပေးနေတဲ့ အများစုကတော့ Domain Name ၀ယ်ယူတာ (Registration လုပ်တာ)၊ ဒီဇိုင်းချပေးတာ၊ Website ဖန်တီးပေးတာအပါအ၀င် Web Hosting Service ကိုပါ တစ်ပါတည်း လုပ်ဆောင်ပေးကြပါတယ်။ ဒါကြောင့် ကိုယ်ပိုင် Website တစ်ခု တင်ချင်တယ်၊ လုပ်ချင်တယ်ဆိုရင် နည်းပညာပိုင်းအရ တတ်ကျွမ်းစရာမလိုဘဲ သင့်တင့်မျှတတဲ့ ကုန်ကျစရိတ်နဲ့ အဆင်ပြေစေမှာ ဖြစ်ပါတယ်။ မိမိဘက်က လုပ်ဆောင်ရမယ့် တစ်ခုတည်းသော အရာက သတင်းအချက်အလက်တွေ မှန်ကန်တိကျဖို့၊ အစီအစဉ်တကျဖြစ်ဖို့နဲ့ ပုံမှန် Up-to-date ဖြစ်နေဖို့ပဲ ဖြစ်ပါတယ်။
အားလုံး အဆင်ပြေချောမွေ့စွာ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ဆွဲတဲ့ပုံတွေက လက်ရာပြောင်မြောက် လွန်းပါတယ်။
Source – Fredo of DeviantArt for Images
This post from Myanmar Youth Media Club
ခန္ဓာကိုယ်အခြေပြုဖြစ်စဉ်ဖန်တီးမှုများ (၈ ဒီဇင်ဘာ ၂၀၁၁)
၁။ Richard Martel (French Canadian performance artist & scholar)
အမှိုက်သိမ်း ခေါင်းလောင်းလေးတစ်လုံး ကို တီးတယ်။ အိတ်တစ်လုံးထဲက ဒန်အိုးဖုံးတစ်လုံး ထုတ်လာပြီး ရှေ့ကို ခြေလှမ်းမှန်မှန်နဲ့လျှောက်လာတယ်။ ဒန်အိုးဖုံးကို ကြမ်းပြင်ပေါ်ချတယ်။ အိတ်ရှိရာကို ပြန်သွားတယ်။ ခေါင်းလောင်းလေးကိုတီးတယ်။ အမှိုက်တွေကို လက်ခုတ်ထဲထည့်ပြီး အသေအချာ သယ်လာတယ်။ ဒန်အိုးဖုံးပေါ်မှာ သပ်သပ်ရပ်ရပ် ချတယ်။ ပြီးတော့ လက်ညိုးတစ်ချောင်းထောင်ပြီး တစ်နေရာကို ညွှန်ပြရင်း ရပ်နေတယ်။ ပြန်သွားတယ်။ အမှိုက်သိမ်းခေါင်းလောင်းကို တီးတယ်။ နောက်ထပ် ဒန်အိုးဖုံးတစ်လုံးနဲ့ အဲဒီ ဖြစ်စဉ်ကို ပြန်လုပ်တယ်။ လက်ညိုးထိုးတဲ့ ဦးတည်ရာကို အကြိမ်တိုင်းမှာ ပြောင်းတယ်။ အထက်စောင်းစောင်းဆီ အောက်စူးစူးဆီ အမှိုက်တွေတည့်တည့်ဆီ စသည်ဖြင့်။ ဒီလိုနဲ့ ဒန်အိုးဖုံး လေးခုတိတိမှာ အမှိုက်တွေ တန်းစီ နေရာချလို့ပြီးပြီ။ နောက်ဆုံဒန်အိုးဖုံး တစ်ခုကို အလယ်မှာ ချထားလိုက်တယ်။ ဒီတစ်ခါ သူ့အိတ်ထဲက အရာတစ်ခုကို မထုတ်ခင် အ၀ါရောင် ရာဘာလက်အိတ်တစ်စုံကို ကျကျနန စွပ်တယ်။ ဆွဲထုတ်လိုက်တာက ရွှေရောင် ပြောင်းတိုသေနတ် တစ်လက်။ သေနတ်ကို လက်နှစ်ဖက်နဲ့ အုပ်မိုးဆုပ်ကိုင် မြှောက်ချီတယ်။ အလယ်က ဒန်အိုးဖုံးဆီကို ခြေတစ်လှမ်းချင်း လှမ်းလျှောက်ပြီး သေနတ်ကို ထည့်လိုက်တယ်။ သေနတ်ရှိရာကို လက်ညိုးညွှန်လိုက်ပြန်တယ်။ အဲဒီနောက် အရပ်လေးမျက်နှာကနေ လေးကြိမ်တိုင်တိုင် ဒူးထောက် လက်နှစ်ဘက်ကို ဖြန့်ကားပြီး ရွှေရောင်သေနတ်ကို အရိုအသေ ပြုလိုက်တယ်။ ပြီးတော့ အမှိုက်ထည့်ထားတဲ့ ဒန်အိုးဖုံးလေးခုကို သေနတ်ရဲ့ လေးဘက် လေးတန်မှာ နေရာရွှေ့ ချထားလိုက်တဲ့အခါ ပြကွက်ပြီးဆုံးပါပြီ။
၂။ မသော်တာ၊ မြတ်ခိုင်ဇင်၊ ပီတိ
အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ထားတဲ့ ကလေးမလေး တစ်ယောက်ဟာ ထီးအဖြူတစ်လက်ကို လက်တစ်ဘက်က ဇောက်ထိုး ကိုင်ဆောင်းထားတယ်။ မျက်လုံးနှစ်ဘက်ဟာ အ၀တ်တစ်စနဲ့ ပိတ်ဖုံးခံနေရပြီး အဖြူရောင် အိတ်တစ်လုံးကိုလည်း လွယ်ထားတယ်။ သူ့ရှေ့ဘက် ခပ်လှမ်းလှမ်းမှာတော့ ထည့်စရာ (ရေစစ်) တစ်ခု ကို လက်နှစ်ဘက် ဆန့်တန်းပြီး တည့်တည့်မတ်မတ်ကိုင်ကာ မတ်တတ်ရပ်နေသူ မိန်းကလေးတစ်ဦး။ တတိယမြောက် အမျိုးသမီးတစ်ဦးကတာ့ သစ်သားကုလားထိုင်တစ်လုံးကို ကြိုးကြီးကြီးတွေနဲ့ သူမရဲ့ နောက်ကျောကို ပူးချည်ထားတယ်။ လက်ထဲမှာတော့ အိတ်ကြီး တစ်လုံးကို ကိုင်ပြီး လူတွေကြားကို သွားလာလှည့်လည်နေတယ်။ အဲဒီအမျိုးသမီးရဲ့ ချဉ်းကပ်ခြင်းကို ခံရသူတွေဟာ အိတ်ကြီးထဲမှာ ပါလာတဲ့ ပလတ်စတစ်ဘောလုံး သေးသေးလေးတွေကို နှိုက်ယူပြီး အဖြူရောင်ဝတ်စုံနဲ့ ကောင်မလေးရဲ့ လက်ထဲကို သွားထည့်ပေးကြရတယ်။ ကလေးမလေးက ဘောလုံးရတဲ့အခါ သူ့ရှေ့မှာ မတ်တတ်ရပ်နေတဲ့ မိန်းကလေးရဲ့ ရေစစ်ခွက်ထဲကို ၀င်အောင် မှန်းပြီး လှမ်းပေါက်တယ်။ ဘောလုံးတွေက ဘေးကိုချော်သွားတာ များတယ်။ ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက် ဘောလုံးတွေ တစ်လုံးပြီး တစ်လုံး ပေးကြတာကို ကလေးမလေးက ပေါက်ရင်းနဲ့ နောက်ဆုံး တစ်လုံးသာ အိတ်ထဲမှာ ကျန်တယ်။ ဒီတော့ အိတ်ကြီးကိုင်ထားတဲ့ အမျိုးသမီးက ကလေးမလေးရဲ့ မျက်လုံးစည်းကို ဖွင့်ပေးလိုက်တယ်။ နောက်ဆုံးဘောလုံးကို လက်ထဲထည့်ပေးလိုက်တယ်။ အမြင်အာရုံထင်ရှားသွားတဲ့ ကလေးမဟာ သူ့လက်ထဲက နောက်ဆုံးဘောလုံးနဲ့ ရေစစ်ထဲဝင်အောင် ပေါက်မလို့ အသေအချာ ချိန်တယ် ရွယ်တယ်။ နောက်ဆုံးအချိန်မှာတော့ ဘောလုံးကို မပစ်ပေါက်တော့ပဲ သူလွယ်ထားတဲ့ အဖြူရောင် အိတ်ထဲကိုပဲ ထည့်လိုက်တော့တယ်။
၃။ ငြိမ်းချမ်းစု
ဗုဒ္ဓဘာသာ ဘုရားရှိခိုး ဂီတသံက ပျံ့လွင့်နေတယ်။ သရုပ်ဖော်ပြသူဟာ ပရိသတ်ထဲမှာ ထိုင်နေတယ်။ တီးလုံးသံ မှိန်လာပြီး သူဟာ အိတ်တစ်လုံးထဲက စက္ကူလေယာဉ်ပျံတွေကို လေထဲကို လွှတ်ရင်း ရှေ့ကို လျှောက်လှမ်းလာတယ်။ စက္ကူလေယာဉ်ပျံ တွေ ဆက်လွှတ်တယ်။ နောက်တော့ စက္ကူလေယာဉ် တစ်စီးကို နံရံပေါ်မှာတင်ပြီး အတောင်ပံတစ်ဘက်စီပေါ်မှာ ဆော့ပင်တစ်ချောင်းနဲ့ ရေးခြစ်လိုက်တယ်။ ရေးလိုက်တဲ့ စာလုံးကတော့ FREEDOM တဲ့။ အဲဒီ FREEDOM လို့ အတောင်ပံတွေပေါ်မှာ ရေးထားတဲ့ စက္ကူလေယာဉ်ကို ကိုင်ပြီး အားကုန်လွှဲ လွှတ်လိုက်ပြန်တယ်။ လေယာဉ် ကျသွားတဲ့ အနီးအနားကလူတွေက တစ်ခါ ပြန်လွှတ်ကြတယ်။ အဲဒီလို လေယာဉ်ကို ဟိုဘက်ဒီဘက် လွှတ်နေကြတုန်းမှာပဲ သူဟာ ညာဘက် လက်ချောင်းတွေကို တိပ်တွေနဲ့ ပတ်ချည်လိုက်တယ်။ တိပ်ကြိုးနဲ့ ပတ်ထားတဲ့သူ့လက်ချောင်းတွေရဲ့ ထိပ်မှာတော့ ကဒ်ထူပြားနဲ့ လုပ်ထားတဲ့ လက်ညိုးထိုးနေတဲ့ပုံစံ လက်အတုတစ်ခုကို တပ်ဆင်လိုက်တယ်။ ဗြုန်းဆို သူက အသံနက်ကြီးနဲ့ ထအော်လိုက်တယ်။ “ဘာမှတ်နေလဲ၊ ငါရှာနေတာ……” လက်ညိုးအတုကြီး ကို နေရာအနှံ့ ထိုးနေရင်း ပြောနေရင်း အဲဒီမှာ ပြကွက်ကို အဆုံးသတ်ပါတယ်။။
၎။ သင်တန်းသားတစ်ဦး (အမည် မမှတ်မိ)
တိုက်ပုံအနက်နဲ့ ပုဆိုးဝတ်ထားတဲ့ သူဟာ ခြေတစ်ပေါင်ကျိုးနဲ့ မြင်ကွင်းထဲ ၀င်ရောက်လာတယ်။ အဲဒီအနေအထားမှာပဲ စီးထားတဲ့ ကတ္တီပါဖိနပ်ကို တစ်ဖက်တစ်ချက်မှာ ချွတ်လိုက်တယ်။ ခြေကိုကားပြီး မတ်မတ်ရပ်တယ်။ တိုက်ပုံအင်္ကျီကို ကြယ်သီးမဖြုတ်ပဲ လက်ကိုလျှိုပြီး အထဲသွင်းလိုက်တယ်။ တိုက်ပုံအင်္ကျီရင်ဘတ် ကြယ်သီးလွတ်နေတဲ့ နေရာကနေ လက်ဖမိုးနှစ်ဘက်ကို ပြန်ထုတ်လာတယ်။ လက်အိတ် အဖြူရောင် စွပ်လိုက်တယ်။ လက်တွေရဲ့ အနေအထားကို လက်အုပ်ချီ၊ လက်တစ်ချောင်းပေါ် လက်တစ်ချောင်းဆုပ်ကိုင်၊ လက်သီးဆုပ် စသည်ဖြင့် အမျိုးမျိုး တဖြည်းဖြည်းနဲ့ ပြောင်းပြနေတယ်။ အကြာကြီး လက်သရုပ်ဖော်မှု ပြီးတဲ့အခါမှာတော့ လက်နှစ်ချောင်းကို ကို အင်္ကျီအောက်ကပဲ တိုက်ပုံအင်္ကျီလက် ထဲ ပြန်ထည့်လိုက်တယ်။ ၀တ်ထားတဲ့ ပုဆိုးကို အောက်နားစကနေ လှမ်းမတယ်။ ပုဆိုးကို အကုန်ဆွဲ ခေါင်းမြီးခြုံကာ တစ်ပတ်ကျွမ်း လှိမ့်ချလိုက်တဲ့အခါ ဖန်တီးမှုပြကွက်ဟာ အဆုံးသတ်ပါတယ်။
၅။ ဉာဏ်လင်းထက်
လူတွေရဲ့ လက်တွေကို သန့်စင်ဆေးရည်နဲ့ လိုက်ဖြန်းပေးတယ်။ လက်ချင်းတွဲပြီး လူတန်းကြီး နှစ်ထပ် လုပ်ခိုင်းတယ်။ လူတန်းကြီးရှေ့ မြက်ခင်းပြင်ပေါ်မှာ လှေခါးတစ်စင်းကို ထောင်ပြီး လှေခါးထစ်တွေ အဆုံးကို တက်ပါတယ်။ လက်ထဲမှာတော့ ရေကရားတစ်ခုကို ကိုင်ထားတယ်။ ပန်းပွင့်တွေကို လှေခါးပေါ်ကနေ ကြဲချလိုက်တယ်။ ရေကရားကို လှေခါးအမြင့်ကနေ ကိုင်မြှောက်ပြီး တစ်စက်ချင်း ဖြည်းဖြည်းသွန်းချပါတယ်။ ရေကရားကိုလောင်းနေစဉ် ဆုတောင်းတေးသံတစ်ခု နောက်ခံဂီတအဖြစ် ပေါ်လာခဲ့တယ်။ ရေစက်ချမှုပြီးဆုံးချိန်မှာ ပရိသတ်ကြီးကို လက်တွဲဖြုတ်နိုင်ကြပါပြီ လို့ ကြေညာလိုက်ပြီး သူ့ရဲ့ဖန်တီးမှု ကို နိဂုံးချုပ်ပါတယ်။
၆။ ရဲဝင်းစော
စစချင်းတော့ ကုလားထိုင်တစ်လုံးပေါ်မှာ သူ ထိုင်နေတယ်။ နောက်တော့ ကုလားထိုင်ပေါ်က ဆင်းပြီး ဘေးမှာ ထိုင်လိုက်တယ်။ ကုလားထိုင်ကို ဘေးဘက်လှည့်လိုက်တယ်။ သူလည်း ဘေးလှည့်ထိုင်တယ်။ ကုလားထိုင်ကို တစောင်းလှဲချလိုက်တယ်။ သူလည်း ကိုယ်တစောင်း လှဲချလိုက်တယ်။ ကုလားထိုင်ကို ပက်လက်လှန် ထောင်လိုက်တယ်။ သူလည်း ပက်လက်လှန်လိုက်တယ်။ ကုလားထိုင်ကို နောက်ကျောခိုင်းလိုက်တယ်။ သူလည်း နောက်ကျောခိုင်း ထိုင်လိုက်တယ်။ ကုလားထိုင်ကို မှောက်လိုက်တယ်။ သူလည်း မှောက်ချလိုက်တယ်။ ကုလားထိုင်ကို ရှေ့ဘက်ပြန်လှည့်ပြီး ချလိုက်တယ်။ သူလည်း ကုလားထိုင်နောက်ကနေ အဲဒီပုံစံအတိုင်း လိုက်ထိုင်လိုက်တယ်။ နောက်ဆုံးတော့ ကုလားထိုင်ကို သူ့ပေါင်ပေါ်ကို ယူတင်လိုက်ပါတော့တယ်။
၇။ ကိုစန်းဦး
စားပွဲပေါ်ကို ဖရဲသီးတစ်လုံးနဲ့ သင်္ဘောသီးတစ်လုံး ယူလာတယ်။ အမျိုးသမီးတစ်ယောက်ကို ဖိတ်ခေါ်တယ်။ ဖရဲသီးကို ချီးမြှင့်လိုက်တယ်။ စားပွဲကိုကျောခိုင်းပြီး ပရိသတ်ဘက် မျက်နှာမူထားတဲ့ ကုလားထိုင်တစ်လုံးပေါ်မှာ အမျိုးသမီးကို ဖရဲသီးကို ကိုင်ပြီး ထိုင်ခိုင်းလိုက်တယ်။ နောက်ထပ် အမျိုးသားတစ်ယောက်ကို ဖိတ်ခေါ်တယ်။ သဘောင်္သီးကို ပေးလိုက်တယ်။ နောက်ထပ် ကုလားထိုင်တစ်လုံး ပေါ်မှာ အဲဒီသင်္ဘောသီးကို ကိုင်ပြီး သူ့ကို ထိုင်ခိုင်းလိုက်ပြန်တယ်။ ခဏကြာတော့ သရုပ်ပြသူဟာ သင်္ဘောသီးကို ပြန်တောင်းတယ်။ လူကိုတော့ သူ့နေရာမှာပဲ ထိုင်ခိုင်းထားတယ်။ စားပွဲပေါ်မှာ ဓားတစ်ချောင်းနဲ့ သင်္ဘောသီးရဲ့ ထိပ်ဝကို လှီးဖြတ်လိုက်တယ်။ ဇွန်းတစ်ချောင်းနဲ့ အထဲက အသားတွေကိုခြစ်ယူပြီး ပန်းကန်ထဲကို ထည့်တယ်။ ဖရဲသီးကို လည်း ပြန်ယူပြီး ထိပ်ဝလှီးဖြတ် အသားခြစ်ယူတယ်။ နောက်တော့ သင်္ဘောသီးအသားတွေကို ဖရဲသီးထဲ အစာသွတ်တယ်။ ဖရဲသီး အသားတွေကို သင်္ဘောသီးထဲ အစာသွတ်တယ်။ အကျွင်းအကျန်တွေ အစအနတွေကို အားရပါးရ ပါးစပ်ထဲ ထည့်စားပြီး ရှင်းလိုက်တယ်။ ဘာမှမကျန်တော့တဲ့အခါ အသီးတွေကို လှီးဖြတ်ထားတဲ့ ထိပ်ဝတွေကိုပြန်ကပ်ပြီး စတက်ပလာနဲ့ နှိပ်ပိတ်လိုက်တယ်။ နောက်ဆုံးမှာတော့ ဖရဲသီးအစာသွပ်ထားတဲ့ သင်္ဘောသီးကို အမျိုးသားကို ပြန်ပေး သဘောင်္သီးအစာသွပ်ထားတဲ့ ဖရဲသီးကို အမျိုသမီးကို ပြန်ပေးလိုက်ပါတယ်။
၈။ အုန်းခိုင်ဇင်
မြက်ခင်းပြင်ပေါ်မှာ အိတ်တစ်လုံးထဲက အရာတွေကို ကြဲဖြန့်ချလိုက်တယ်။ တစ်ခါသုံး ဗူးခွံတွေ ပလတ်စတစ်ခွံတွေ၊ ပိန်ရှုံ့နေတဲ့ သံဗူးခွံတွေ၊ ဘောလ်ပင် ခဲတံ စာရေးကိရိယာ အပျက်တွေ။ သစ်ရွက်တွေ၊ ဂျင်းဘောင်းဘီ အင်္ကျီ အစုတ်အပြတ်တွေ။ စာရွက်လွတ်တွေပေါ်မှာ ဆော့ပင်ရောင်စုံနဲ့ စာကြောင်းတွေ ရေးခြစ်လိုက်တယ်။ White is blank. Green is illusion. Blue is pain. စသည်ဖြင့်။ ရောင်စုံစက္ကူတွေကို ဟိုဟိုဒီ ကြဲချလိုက်ပြန်တယ်။ ၀ါးအုပ်ဆောင်းတစ်ခုကို ယူလာပြီး ကွင်းပြင်ရဲ့အလယ် တစ်နေရာမှာ ချလိုက်တယ်။ စောစောက ရေးခြစ်ထားတဲ့ စာရွက်တွေကို အုပ်ဆောင်းပေါ်မှာ ပတ်ပတ်လည် စီရီခင်းလိုက်တယ်။ တိုင်ငါးတိုင်ကို အုပ်ဆောင်း ပတ်ပတ်လည်မှာ စိုက်လိုက်တယ်။ အုပ်ဆောင်းရဲ့ အလယ်က အပေါက်ထဲကို ကောက်ရိုးခြောက်စည်းတွေကို ထိုးထည့်လိုက်တယ်။ ပြီးတော့ ပန်းစည်းတစ်စည်းထဲက ရောင်စုံပန်းငါးပွင့်ကို ယူလာတယ်။ တိုင်တွေကြားမှာ ပန်းတွေကို တစ်ပွင့်စီ ဆင်ယင်လိုက်တယ်။ ကျန်တဲ့ပန်းတွေကို ပွင့်ဖတ်တွေခြွေပြီး ကြဲဖြန့်လိုက်ပြန်တယ်။ အသင့်ရေးထားတဲ့ စာတစ်ပိုဒ်ကို ရွတ်ဖတ်ခြင်းဖြင့် ပြကွက်ကို အဆုံးသတ်ပါတယ်။ “သံသရာလည်နေတဲ့ သံသရာစက်ဝိုင်းရဲ့ နှောင်ဖွဲ့ခြင်းနဲ့ အာရုံတွေရဲ့ တားမြစ်ထိန်းချုပ်မှုကို ခံစားကြတယ်။ ကြွေလွင့်ကြ၊ လှုပ်ရှားကြ၊ လှပကြ၊ စကြ၀ဠာခွင်ထဲမှာ တစ်စုံတစ်ယောက်ရဲ့ ………………………….”.
ပြည်လမ်း Institut Francais de Birmanie မှာ ၂၀၁၁ ဒီဇင်ဘာ ၈ ရက် ညနေက ကျင်းပခဲ့တဲ့ Body Temporary လို့ အမည်ရတဲ့ performance ဖန်တီးမှုတွေမှာ တွေ့မြင်ခဲ့ရတာတွေကို သိုလှောင်ထားခဲ့တဲ့ အာရုံထဲက ဆွဲခေါ်ပြီး အနီးစပ်ဆုံး စာစီကုံးလိုက်ပါတယ်။ အနုပညာရှင်တွေက ဘာတွေကို ဖန်တီးပြချင်ခဲ့သလဲ ဆိုတာ ရှာဖွေ တွေ့ရှိ သုံးသပ် ခံစားစရာများ ဖြစ်ခဲ့ရင် ကိုယ်တိုင် ဆက်လက် တွေးတောကြစေဖို့ပါ။
မညီမျှနိုင်တဲ့အခြေအနေကြောင့်လား